တ႐ုတ္သမၼတ ျမန္မာခရီးစဥ္အေပၚ အေမရိကန္ CSIS အျမင္

CSIS ရဲ႕အႀကီးတန္းသုေတသီ Murray Hiebert (CSIS Southeast Asia Program)

(Zawgyi / Unicode)

တရုတ္သမၼတ Xi ရဲ႕ပထမဆံုးအႀကိမ္ ျမန္မာႏိုင္ငံခရီးစဥ္ဟာ ႏွစ္ႏိုင္ငံဆက္ဆံေရးအရင္ကထက္ ပိုၿပီးနက္ရႈိင္းခိုင္မာလာေစဖို႔ျဖစ္တယ္လို႔ အေမရိကန္အေျခစိုက္ တရုတ္ေရးရာကြ်မ္းက်င္သူတဦးက ဗီြအိုေအကိုေျပာပါတယ္။

ဇန္န၀ါရီလ ၁၇ ရက္ေန႔မွာ စတင္မယ့္ ႏွစ္ရက္ၾကာ ျမန္မာႏိုင္ငံခရီးစဥ္နဲ႔ ပတ္သက္လို႔ဗီြအိုေအ တရုတ္ဌာနက Liyuan Lu ကေန အေမရိကန္ျပည္ေထာင္စု ၀ါရွင္တန္ဒီစီအေျခစိုက္ မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရးအဖဲြ႔ CSIS ရဲ႕အႀကီးတန္းသုေတသီ Murray Hiebert ကိို အီးေမးလ္ကေန ေမးျမန္းထားပါတယ္။ မအင္ၾကင္းႏိုင္က အျပည့္အစံုကို ေျပာျပမွာပါ။

ေမး။ ။ သမၼတ Xi နဲ႔ တရုတ္အစိုးရဘက္က ျမန္မာခရီးစဥ္အေပၚ ဘယ္လို အက်ဳိးရလဒ္ေတြရဖို႔ ေမွ်ာ္လင့္ပါသလဲ။

ေျဖ။ ။ ဒီခရီးစဥ္ကေန ႏွစ္ႏိုင္ငံၾကားဆက္ဆံေရး ပိုၿပီး နက္ရႈိင္းလာေစဖို႔ သမၼတ Xi အေနနဲ႔ လုပ္ေဆာင္မယ္လို႔ က်ေနာ္ထင္ပါတယ္။ Xi အေနနဲ႔ ၂၀၀၉ခုႏွစ္မွာ ပါတီေခါင္းေဆာင္နဲ႔ သမၼတျဖစ္လာၿပီးေနာက္ ျမန္မာႏိုင္ငံကို ပထမဆံုးအႀကိမ္သြားတဲ့ ခရီးစဥ္ျဖစ္ပါတယ္။ ၂၀၀၉ခုႏွစ္ေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ ျပဳျပင္ေျပာင္းလဲေရးေတြျဖစ္လာခဲ့တဲ့ေနရာမွာ ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ေပးတာ၊ သတင္းမီဒီယာလြတ္လပ္ခြင့္ ပိုၿပီးရလာေအာင္ ဖန္တီးေပးတာ၊ စီးပြားေရး ဖြင့္ေပးလိုက္တာ၊ အေမရိကန္နဲ႔ဆက္ဆံေရး ပိုနီးကပ္လာတာ အျပင္ တရုတ္ဘက္က အေရးႀကီးဆံုး ဦးစားေပးျဖစ္တဲ့ ျမစ္ဆံုဆည္ ေရကာတာ စီမံကိန္းကို ရပ္ဆိုင္းလိုက္တာ စတဲ့ ျဖစ္စဥ္ေတြ ေပၚေပါက္ခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၇ ခုႏွစ္မွာ ျမန္မာဘက္က ရိုဟင္ဂ်ာမြတ္စလင္ တသန္းနီးပါးေလာက္ကို အတင္းအက်ပ္ေမာင္းထုတ္ခဲ့တဲ့အတြက္ အေမရိကန္နဲ႔ ဆက္ဆံေရး က်ဆင္းလာခဲ့ၿပီးေနာက္မွာ တရုတ္အတြက္ ျမန္မာနဲ႔ဆက္ဆံေရး ခိုင္မာအားေကာင္း လာေအာင္ ျပန္ၿပီးတည္ေဆာက္ဖို႔ အေထာက္အကူျပဳခဲ့ပါတယ္။

ေမး။ ။ အခုတရုတ္သမၼတရဲ႕ခရီးစဥ္မွာ အိႏၵိယသမုဒၵရာကုိ ေပါက္ဖို႔ ေနာက္ေက်ာတံခါးဖြင့္ဖို႔ နီးေနၿပီလို႔ တခ်ဳိ႕ အကဲခတ္ေတြယံုၾကည္ေနပါတယ္။ ဒါေၾကာင့္ ဒီခရီးစဥ္ကေန အိႏၵိယသမုဒၵရာ ေဒသကို ျပန္ၿပီး ပံုေဖၚႏိုင္တယ္လို႔လည္း သူတို႔ကျမင္ၾကပါတယ္။ ဒီအေပၚမွာ အျမင္သေဘာထား ဘယ္လိုရွိပါသလဲ။

ေျဖ။ ။ ျမန္မာကိုျဖတ္ၿပီး အိႏၵိယ သမုဒၵရာထိေရာက္တဲ့ လမ္းေၾကာင္းေဖာက္ဖို႔ တရုတ္က ႏွစ္ေပါင္းမ်ားစြာကတည္းက ႀကိဳးစားေနခဲ့တာပါ။ အရင္အစိုးရလက္ထက္က အေမရိကန္ေဒၚလာ ၇ ဘီလီယံကုန္က်မယ့္ ဧရာမ ေက်ာက္ျဖဴေရနက္စီမံကိန္းႀကီးကို တရုတ္နဲ႔ တည္ေဆာက္ဖို႔ နားလည္မႈစာခြ်န္လႊာလက္မွတ္ေရး ထိုးခဲ့တာပါ။ ဒါေပမယ့္ ၂၀၁၈ခုႏွစ္ေနာက္ပိုင္းမွာ

အဲဒီေလာက္ အကုန္အက်မ်ားမယ့္ စီမံကိန္းကို ျမန္မာဘက္ကေနာက္ဆုတ္ခဲ့ပါတယ္။ ေဒၚလာ ၁ ဘီလီယံေက်ာ္ေက်ာ္ေလာက္ပဲ ကုန္က်မယ့္ စီမံကိန္းအျဖစ္ ေလ်ာ့ခ်ဖို႔ တရုတ္ဘက္က လိုက္ေလ်ာ သေဘာတူခဲ့သလို၊ ျမန္မာဘက္ကပါ၀င္မယ့္ ကုန္က်စရိတ္ပမာဏကိုလည္း ေလ်ာ့ခ်ဖို႔ သေဘာတူညီခဲ့ၾကပါတယ္။ ဒီေက်ာက္ျဖဴေရနက္စီမံကိန္း အေကာင္အထည္ေဖၚတည္ေဆာက္မႈဟာ ဆက္လက္ေႏွးေကြးေနဆဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျမန္မာအတြက္ ဒီဆိပ္ကမ္းအသံုးျပဳမႈ အကန္႔အသတ္ရွိေနပါတယ္။ တိုင္းျပည္တြင္း စက္မႈလုပ္ငန္းအမ်ားဆံုးရွိတဲ့ေနရာအနီးမွာ တည္ရွိေနတဲ့ ရန္ကုန္ဆိပ္ကမ္းကေနတဆင့္ ႏိုင္ငံရဲ႕ အမ်ားဆံုးထုတ္ကုန္၊ သြင္းကုန္လုပ္ငန္းေတြကို လုပ္ေဆာင္တာျဖစ္ပါတယ္။

ေမး။ ။ တရုတ္ရဲ႕ BRI ခါးပတ္လမ္း စီမံကိန္းမွာ ျမန္မာက ဘယ္လိုအေရးပါေနသလဲ။

ေျဖ။ ။ တရုတ္ရဲ႕ BRI ခါးပတ္လမ္းစီမံကိန္းမွာ ျမန္မာအတြက္ ႀကီးမားတဲ့ အေျခခံအေဆာက္အဦး စီမံကိန္းေတြရွိခဲ့ပါတယ္။ အဲဒီမွာ တရုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းကေန ျမန္မာအထိ ေဖာက္မယ့္ ေမာ္ေတာ္ကားလမ္း၊ မီးရထားလမ္းေတြနဲ႔ ဆိပ္ကမ္းတည္ေဆာက္ေရး စတာေတြပါ၀င္ပါတယ္။ ဒါေပမယ့္ ဒီစီမံကိန္းေတြကို ခြင့္ျပဳတဲ့ေနရာမွာလည္း ျမန္မာဘက္က ေႏွးေကြးေနပါတယ္။ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္း ပမာဏ ေလ်ာ့ခ်ဖို႔ ျမန္မာက သေဘာတူညီခဲ့ၿပီး ျဖစ္သလို၊ တရုတ္-ျမန္မာ စီးပြားေရးစႀကၤန္လမ္း သေဘာတူညီခ်က္အရ မႏၱေလး-ရန္ကုန္ ကေန အိမ္နီးခ်င္း ထိုင္းႏိုင္ငံထိေဖာက္မယ့္ စီမံကိန္းကိုလည္း ျမန္မာက သေဘာတူခဲ့ပါတယ္။ ဒါေပမယ္လို႔ ထပ္ၿပီးေျပာရမယ္ဆိုရင္ ဒီစီမံကိန္းအားလံုး အေကာင္အထည္ေဖၚဖို႔ ျမန္မာအစိုးရ ေႏွးေကြးေနပါတယ္။

ေမး။ ။ အခု တရုတ္သမၼတ ခရီးစဥ္ကေန ျမန္မာအေနနဲ႔ ဘာေမွ်ာ္လင့္လို႕ရမလဲ။ အေၾကြးေထာင္ေခ်ာက္ထဲ နစ္မယ့္ကိစၥအေပၚ စိုးရိမ္မႈတစံုတရာေရာရွိပါလား။

ေျဖ။ ။ ျမန္မာႏိုင္ငံ အႏွံ႔အျပား ဆက္သြယ္ေရးအတြက္ ကားလမ္းနဲ႕ ရထားလမ္းေတြကို တရုတ္ဘက္ကတည္ေဆာက္ေပးဖို႔ ျမန္မာက လိုလားပါတယ္။ ဒါေပမဲ့ တရုတ္ဆီက ေခ်းေငြအေျမာက္အမ်ားယူရမွာကို ျမန္မာအစိုးရဘက္က ၀န္ေလးေနတာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ တရုတ္ဆီက ေခ်းေငြယူတဲ့ေနရာမွာ အတိုးႏႈန္းက ၄% ၀န္းက်င္ရွိေနၿပီး အေၾကြးကို ေငြမာနဲ႔ မၾကာခဏ ျပန္ဆပ္ရတာျဖစ္ပါတယ္။ ေနာက္ၿပီး တရုတ္က ေထာင္နဲ႔ခ်ီ အလုပ္သမားေတြေခၚလာၿပီး လုပ္ကိုင္တာမ်ဳိးကိုလည္း ျမန္မာဘက္က မလိုလားပါဘူ။

ေမး။ ။ အခု တရုတ္သမၼတ Xi ရဲ႕ခရီးစဥ္နဲ႔ပတ္သက္လို႔ အျခားႏိုင္ငံဘက္က တရား၀င္ မေၾကညာေသးတာ ဘာေၾကာင့္လို႔ ထင္ပါသလဲ။

ေျဖ။ ။ ၀မ္းနည္းပါတယ္။ ဒီေမးခြန္းအတြက္ က်ေနာ္မွာ ေကာင္းတဲ့အေျဖမရွိပါဘူး။

ဗီြအိုေအ တရုတ္ဌာနေမးျမန္းခ်က္ေတြကို ၀ါရွင္တန္ဒီစီအေျခစိုက္ မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရးအဖဲြ႔ CSIS ရဲ႕အႀကီးတန္းသုေတသီ Murray Hiebert က အီးေမးလ္ကေန ေျဖဆိုသြားတာပါ။

..............

တရုတ်သမ္မတ မြန်မာခရီးစဉ်အပေါ် အမေရိကန် CSIS အမြင်

(Unicode)

တရုတ်သမ္မတ Xi ရဲ့ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေးအရင်ကထက် ပိုပြီးနက်ရှိုင်းခိုင်မာလာစေဖို့ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် တရုတ်ရေးရာကျွမ်းကျင်သူတဦးက ဗွီအိုအေကိုပြောပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့မှာ စတင်မယ့် နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ဗွီအိုအေ တရုတ်ဌာနက Liyuan Lu ကနေ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ CSIS ရဲ့အကြီးတန်းသုတေသီ Murray Hiebert ကို အီးမေးလ်ကနေ မေးမြန်းထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

မေး။ ။ သမ္မတ Xi နဲ့ တရုတ်အစိုးရဘက်က မြန်မာခရီးစဉ်အပေါ် ဘယ်လို အကျိုးရလဒ်တွေရဖို့ မျှော်လင့်ပါသလဲ။

ဖြေ။ ။ ဒီခရီးစဉ်ကနေ နှစ်နိုင်ငံကြားဆက်ဆံရေး ပိုပြီး နက်ရှိုင်းလာစေဖို့ သမ္မတ Xi အနေနဲ့ လုပ်ဆောင်မယ်လို့ ကျနော်ထင်ပါတယ်။ Xi အနေနဲ့ ၂၀၀၉ခုနှစ်မှာ ပါတီခေါင်းဆောင်နဲ့ သမ္မတဖြစ်လာပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်သွားတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေဖြစ်လာခဲ့တဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ သတင်းမီဒီယာလွတ်လပ်ခွင့် ပိုပြီးရလာအောင် ဖန်တီးပေးတာ၊ စီးပွားရေး ဖွင့်ပေးလိုက်တာ၊ အမေရိကန်နဲ့ဆက်ဆံရေး ပိုနီးကပ်လာတာ အပြင် တရုတ်ဘက်က အရေးကြီးဆုံး ဦးစားပေးဖြစ်တဲ့ မြစ်ဆုံဆည် ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းလိုက်တာ စတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်မှာ မြန်မာဘက်က ရိုဟင်ဂျာမွတ်စလင် တသန်းနီးပါးလောက်ကို အတင်းအကျပ်မောင်းထုတ်ခဲ့တဲ့အတွက် အမေရိကန်နဲ့ ဆက်ဆံရေး ကျဆင်းလာခဲ့ပြီးနောက်မှာ တရုတ်အတွက် မြန်မာနဲ့ဆက်ဆံရေး ခိုင်မာအားကောင်း လာအောင် ပြန်ပြီးတည်ဆောက်ဖို့ အထောက်အကူပြုခဲ့ပါတယ်။

မေး။ ။ အခုတရုတ်သမ္မတရဲ့ခရီးစဉ်မှာ အိန္ဒိယသမုဒ္ဒရာကို ပေါက်ဖို့ နောက်ကျောတံခါးဖွင့်ဖို့ နီးနေပြီလို့ တချို့ အကဲခတ်တွေယုံကြည်နေပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ကနေ အိန္ဒိယသမုဒ္ဒရာ ဒေသကို ပြန်ပြီး ပုံဖေါ်နိုင်တယ်လို့လည်း သူတို့ကမြင်ကြပါတယ်။ ဒီအပေါ်မှာ အမြင်သဘောထား ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ မြန်မာကိုဖြတ်ပြီး အိန္ဒိယ သမုဒ္ဒရာထိရောက်တဲ့ လမ်းကြောင်းဖောက်ဖို့ တရုတ်က နှစ်ပေါင်းများစွာကတည်းက ကြိုးစားနေခဲ့တာပါ။ အရင်အစိုးရလက်ထက်က အမေရိကန်ဒေါ်လာ ၇ ဘီလီယံကုန်ကျမယ့် ဧရာမ ကျောက်ဖြူရေနက်စီမံကိန်းကြီးကို တရုတ်နဲ့ တည်ဆောက်ဖို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးခဲ့တာပါ။ ဒါပေမယ့် ၂၀၁၈ခုနှစ်နောက်ပိုင်းမှာ

အဲဒီလောက် အကုန်အကျများမယ့် စီမံကိန်းကို မြန်မာဘက်ကနောက်ဆုတ်ခဲ့ပါတယ်။ ဒေါ်လာ ၁ ဘီလီယံကျော်ကျော်လောက်ပဲ ကုန်ကျမယ့် စီမံကိန်းအဖြစ် လျော့ချဖို့ တရုတ်ဘက်က လိုက်လျော သဘောတူခဲ့သလို၊ မြန်မာဘက်ကပါဝင်မယ့် ကုန်ကျစရိတ်ပမာဏကိုလည်း လျော့ချဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီကျောက်ဖြူရေနက်စီမံကိန်း အကောင်အထည်ဖေါ်တည်ဆောက်မှုဟာ ဆက်လက်နှေးကွေးနေဆဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာအတွက် ဒီဆိပ်ကမ်းအသုံးပြုမှု အကန့်အသတ်ရှိနေပါတယ်။ တိုင်းပြည်တွင်း စက်မှုလုပ်ငန်းအများဆုံးရှိတဲ့နေရာအနီးမှာ တည်ရှိနေတဲ့ ရန်ကုန်ဆိပ်ကမ်းကနေတဆင့် နိုင်ငံရဲ့ အများဆုံးထုတ်ကုန်၊ သွင်းကုန်လုပ်ငန်းတွေကို လုပ်ဆောင်တာဖြစ်ပါတယ်။

မေး။ ။ တရုတ်ရဲ့ BRI ခါးပတ်လမ်း စီမံကိန်းမှာ မြန်မာက ဘယ်လိုအရေးပါနေသလဲ။

ဖြေ။ ။ တရုတ်ရဲ့ BRI ခါးပတ်လမ်းစီမံကိန်းမှာ မြန်မာအတွက် ကြီးမားတဲ့ အခြေခံအဆောက်အဦး စီမံကိန်းတွေရှိခဲ့ပါတယ်။ အဲဒီမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကနေ မြန်မာအထိ ဖောက်မယ့် မော်တော်ကားလမ်း၊ မီးရထားလမ်းတွေနဲ့ ဆိပ်ကမ်းတည်ဆောက်ရေး စတာတွေပါဝင်ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းတွေကို ခွင့်ပြုတဲ့နေရာမှာလည်း မြန်မာဘက်က နှေးကွေးနေပါတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ပမာဏ လျော့ချဖို့ မြန်မာက သဘောတူညီခဲ့ပြီး ဖြစ်သလို၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း သဘောတူညီချက်အရ မန္တလေး-ရန်ကုန် ကနေ အိမ်နီးချင်း ထိုင်းနိုင်ငံထိဖောက်မယ့် စီမံကိန်းကိုလည်း မြန်မာက သဘောတူခဲ့ပါတယ်။ ဒါပေမယ်လို့ ထပ်ပြီးပြောရမယ်ဆိုရင် ဒီစီမံကိန်းအားလုံး အကောင်အထည်ဖေါ်ဖို့ မြန်မာအစိုးရ နှေးကွေးနေပါတယ်။

မေး။ ။ အခု တရုတ်သမ္မတ ခရီးစဉ်ကနေ မြန်မာအနေနဲ့ ဘာမျှော်လင့်လို့ရမလဲ။ အကြွေးထောင်ချောက်ထဲ နစ်မယ့်ကိစ္စအပေါ် စိုးရိမ်မှုတစုံတရာရောရှိပါလား။

ဖြေ။ ။ မြန်မာနိုင်ငံ အနှံ့အပြား ဆက်သွယ်ရေးအတွက် ကားလမ်းနဲ့ ရထားလမ်းတွေကို တရုတ်ဘက်ကတည်ဆောက်ပေးဖို့ မြန်မာက လိုလားပါတယ်။ ဒါပေမဲ့ တရုတ်ဆီက ချေးငွေအမြောက်အများယူရမှာကို မြန်မာအစိုးရဘက်က ဝန်လေးနေတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တရုတ်ဆီက ချေးငွေယူတဲ့နေရာမှာ အတိုးနှုန်းက ၄% ဝန်းကျင်ရှိနေပြီး အကြွေးကို ငွေမာနဲ့ မကြာခဏ ပြန်ဆပ်ရတာဖြစ်ပါတယ်။ နောက်ပြီး တရုတ်က ထောင်နဲ့ချီ အလုပ်သမားတွေခေါ်လာပြီး လုပ်ကိုင်တာမျိုးကိုလည်း မြန်မာဘက်က မလိုလားပါဘူ။

မေး။ ။ အခု တရုတ်သမ္မတ Xi ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ အခြားနိုင်ငံဘက်က တရားဝင် မကြေညာသေးတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ ဝမ်းနည်းပါတယ်။ ဒီမေးခွန်းအတွက် ကျနော်မှာ ကောင်းတဲ့အဖြေမရှိပါဘူး။

ဗွီအိုအေ တရုတ်ဌာနမေးမြန်းချက်တွေကို ဝါရှင်တန်ဒီစီအခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ CSIS ရဲ့အကြီးတန်းသုတေသီ Murray Hiebert က အီးမေးလ်ကနေ ဖြေဆိုသွားတာပါ။

အင္ၾကင္းႏုုိင္/VOA (Burmese)
https://burmese.voanews.com
တ႐ုတ္သမၼတ ျမန္မာခရီးစဥ္အေပၚ အေမရိကန္ CSIS အျမင္ တ႐ုတ္သမၼတ ျမန္မာခရီးစဥ္အေပၚ အေမရိကန္ CSIS အျမင္ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.