တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းေစ်းအေနာက္ဖက္မွာ အမ်ိဳးသမီးတစ္ဦးကို အမ်ိဳးသားသုံးဦး အဓမၼေခၚေဆာင္မႈျဖစ္ပြါး

(Zawgyi)⤵⤵⤵
တာခ်ီလိတ္၊ ဇန္နဝါရီ ၁၇

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၊ ဖန္မင္ေက်း႐ြာအုပ္စု၊ မယ္ယန္း႐ြာ၊ မယ္ယန္းေစ်းအေနာက္ဖက္မွာ ေနထိုင္တဲ့ အသက္ (၄၀)ႏွစ္အ႐ြယ္ အမ်ိဳးသမီး (၁)ဦးကို ဒီကေန႔ ဇန္နဝါရီလ (၁၇)ရက္ေန႔ နံနက္ပိုင္းက အမည္မသိ အမ်ိဳးသား (၃)ဦးက အတင္းအဓမၼဆြဲေခၚသြားတယ္လို႔ သိရပါတယ္။

" ၿမိဳ႕နယ္မႉးရယ္၊ နယ္ထိန္းရဲတပ္ဖြဲ႕ဝင္ေတြ သြားၿပီး လိုက္စုံစမ္းေနပါတယ္။ အခုအထိေတာ့ ျပန္မေရာက္ေသးပါဘူး " လို႔ ခ႐ိုင္ရဲတပ္ဖြဲ႕႐ုံးမွ ဒုရဲမႉး ေအာင္ဆန္းဦး က ေ႐ႊႀတိဂံေဒသ သတင္းဌာန ကိုေျပာျပပါတယ္။

အဆိုပါျဖစ္စဥ္မွာ ဒီကေန႔ နံနက္(၇)နာရီခြဲက ဖန္မင္ေက်း႐ြာအုပ္စု၊ မယ္ယန္း႐ြာ၊ မယ္ယန္းေဈးအေနာက္ဖက္မွာ ေနထိုင္တဲ့ ေဒၚအီခက္(၄၀)ႏွစ္က ေနအိမ္ၿခံဝန္းအတြင္း မီးဖိုေခ်ာင္မွာ ဟင္းခ်က္ေနစဥ္ ဦးထုတ္ေဆာင္းထားၿပီး မ်က္ႏွာကို ႏွာေခါင္းစည္းမ်ားစည္းထားၾကတဲ့ အမည္မသိ လူငယ္အမ်ိဳးသား(၃)ဦးမွာ ကေရာင္းအမ်ိဳးအစား ေမာ္ေတာ္ယာဥ္နဲ႔ အိမ္ေရွ႕ကိုေရာက္ရွိၿပီး ရွမ္းဘာသာျဖင့္ ေဒၚအီခတ္ ကို သူေဌးနဲ႔ေတြ႕ဆုံရန္လို႔ေျပာၿပီး အတင္းအဓမၼေခၚေဆာင္သြားတယ္လို႔ သိရပါတယ္။

အခု အတင္းအဓမၼဆြဲေခၚသြားသူမ်ားနဲ႔ ေဒၚအီခတ္ကို အျမန္ဆုံးေတြ႕ရွိႏိုင္ဖို႔ ရဲတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

သတင္း-ဇင္လတ္(ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
တာချီလိတ်မြို့ မယ်ယန်းဈေးအနောက်ဖက်မှာ အမျိုးသမီးတစ်ဦးကို အမျိုးသားသုံးဦး အဓမ္မခေါ်ဆောင်မှုဖြစ်ပွါး

တာချီလိတ်၊ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းရွာ၊ မယ်ယန်းဈေးအနောက်ဖက်မှာ နေထိုင်တဲ့ အသက် (၄၀)နှစ်အရွယ် အမျိုးသမီး (၁)ဦးကို ဒီကနေ့ ဇန်နဝါရီလ (၁၇)ရက်နေ့ နံနက်ပိုင်းက အမည်မသိ အမျိုးသား (၃)ဦးက အတင်းအဓမ္မဆွဲခေါ်သွားတယ်လို့ သိရပါတယ်။

" မြို့နယ်မှူးရယ်၊ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ သွားပြီး လိုက်စုံစမ်းနေပါတယ်။ အခုအထိတော့ ပြန်မရောက်သေးပါဘူး " လို့ ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူး အောင်ဆန်းဦး က ရွှေတြိဂံဒေသ သတင်းဌာန ကိုပြောပြပါတယ်။

အဆိုပါဖြစ်စဉ်မှာ ဒီကနေ့ နံနက်(၇)နာရီခွဲက ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းရွာ၊ မယ်ယန်းဈေးအနောက်ဖက်မှာ နေထိုင်တဲ့ ဒေါ်အီခက်(၄၀)နှစ်က နေအိမ်ခြံဝန်းအတွင်း မီးဖိုချောင်မှာ ဟင်းချက်နေစဉ် ဦးထုတ်ဆောင်းထားပြီး မျက်နှာကို နှာခေါင်းစည်းများစည်းထားကြတဲ့ အမည်မသိ လူငယ်အမျိုးသား(၃)ဦးမှာ ကရောင်းအမျိုးအစား မော်တော်ယာဉ်နဲ့ အိမ်ရှေ့ကိုရောက်ရှိပြီး ရှမ်းဘာသာဖြင့် ဒေါ်အီခတ် ကို သူဌေးနဲ့တွေ့ဆုံရန်လို့ပြောပြီး အတင်းအဓမ္မခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အခု အတင်းအဓမ္မဆွဲခေါ်သွားသူများနဲ့ ဒေါ်အီခတ်ကို အမြန်ဆုံးတွေ့ရှိနိုင်ဖို့ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း-ဇင်လတ်(ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းေစ်းအေနာက္ဖက္မွာ အမ်ိဳးသမီးတစ္ဦးကို အမ်ိဳးသားသုံးဦး အဓမၼေခၚေဆာင္မႈျဖစ္ပြါး တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းေစ်းအေနာက္ဖက္မွာ အမ်ိဳးသမီးတစ္ဦးကို အမ်ိဳးသားသုံးဦး အဓမၼေခၚေဆာင္မႈျဖစ္ပြါး Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.