ကင္ဆာေရာဂါနဲ႔ ပတ္သက္ၿပီး ကိုယ္သိထားေတြက မွန္ေနလား၊ မွားေနလား

(Zawgyi)⤵⤵⤵
ကင္ဆာနဲ႔ပတ္သက္တဲ့အယူအဆ အမွားမ်ား ။ ။

ကင္ဆာ ဆိုတဲ့ စကားလုံးကို စိမ္းတဲ့သူရွိမယ္မထင္ပါဘူး။ ကင္ဆာဆိုတာ ကုသလို႔ အရွင္းမေပ်ာက္တဲ့ လူ႔အသက္ေတြေႂကြေအာင္ ေခြၽေနတဲ့ ေၾကာက္စရာ ေကာင္းလွတဲ့ ေရာဂါတစ္ခုလို႔ အၾကမ္းဖ်င္း ေလာက္သာသိထားၾကပါတယ္။ ကင္ဆာကို လူတိုင္းၾကားဖူးသလို သူနဲ႔ ပတ္သက္ၿပီးေတာ့ အမွတ္မွားေနတဲ့ တစ္ခ်ိဳ႕အရာေတြလည္း ရွိေနပါတယ္။ ဒီေဆာင္းပါးေလးထဲမွာေတာ့ ကင္ဆာနဲ႔ပတ္သက္တဲ့ တစ္ခ်ိဳ႕လြဲေနတဲ့ အယူေလးေတြအေၾကာင္း ရွင္းျပခ်င္ပါတယ္။ ။

ကင္ဆာက ကူးစက္ေရာဂါ တစ္ခုပါ ။ ။

ကင္ဆာကို အရပ္ေခၚ အေနနဲ႔ ျမစ္ပြားနာလို႔ ေခၚၾကပါတယ္။ နာမည္အတိုင္း ပြားတတ္တယ္ဆိုေပမယ့္ လူတစ္ေယာက္ကေန ေနာက္တစ္ေယာက္ဆီကို မဟုတ္ပါဘူး။ ကိုယ္တြင္းကလီစာေတြ အခ်င္းခ်င္းဆီကို ကင္ဆာဆဲလ္ေတြ ပ်ံ႕တတ္တာကို ေျပာတာပါ။

မိသားစုမ်ိဳး႐ိုးထဲမွာ ကင္ဆာရွိၿပီဆိုတာနဲ႔ ကိုယ္က က်ိန္းေသကင္ဆာျဖစ္ေတာ့မွာပဲ။ ဘာမွ မတတ္ႏိုင္ဘူး။

ကင္ဆာတိုင္းက မ်ိဳး႐ိုးလိုက္တတ္တာ မဟုတ္ပါဘူး။ တစ္ခ်ိဳ႕မ်ိဳး႐ိုးမလိုက္တဲ့ ကင္ဆာေတြလည္း ရွိပါတယ္။

ဒီထဲကမွ ရင္သားကင္ဆာ၊ သားဥအိမ္ကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ အူမႀကီးကင္ဆာ တို႔ကေတာ့ နာမည္ႀကီးတဲ့ မ်ိဳး႐ိုးလိုက္တဲ့ ကင္ဆာေတြပါ။ ကိုယ့္မ်ိဳး႐ိုးထဲ ကင္ဆာတစ္ေယာက္ရွိခဲ့ရင္ ကိုယ့္ဘက္က ႀကိဳသတိထားလို႔ရသြားတဲ့အတြက္ ဆရာဝန္ဆီမွာ ပုံမွန္ေဆးစစ္ဖို႔ မေမ့ပါနဲ႔။ ကင္ဆာဆိုတာ ေစာေစာသိေလ ေစာေစာကုသႏိုင္ေလ ပိုေကာင္းတဲ့ အရာပါ။

ကင္ဆာက ႀကိဳတင္ကာကြယ္လို႔မရဘူး ။ ။

ဒီဟာက မွားေနတဲ့ အရာတစ္ခုပါ။ ကင္ဆာ ေတာ္ေတာ္မ်ားမ်ားက မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္လို႔ရပါတယ္။ ကိုယ္ရဲ႕ စားေသာက္မႈပုံစံ၊ ေနထိုင္မႈပုံစံေတြကို ေသခ်ာသတိထားဆင္ျခင္လိုက္ရင္ ကင္ဆာ ၁၀ ခုမွာ ၆ ခုေလာက္က မျဖစ္ႏိုင္ေတာ့ပါဘူး။

ကင္ဆာျဖစ္တာနဲ႔ ေသရေတာ့မွာပဲ။ ။

ကင္ဆာတိုင္းက ကုသလို႔ အရွင္းမေပ်ာက္ဘူးဆိုတာ မဟုတ္ပါဘူး။ ကင္ဆာသုေတသီမ်ားရဲ႕ ေျပာၾကားခ်က္အရ ကင္ဆာျဖစ္လို႔ကုသၿပီး ေနာက္ ၅ ႏွစ္အထိ ကင္ဆာဆဲလ္ေတြ မေတြ႕ရေတာ့ဘူးဆိုရင္ အဲ့ဒီကင္ဆာက ကုသလို႔ေပ်ာက္သြားၿပီလို႔ ဆိုႏိုင္ပါတယ္။ ရင္သားကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ၊ အေရျပားကင္ဆာ၊ သိုင္း႐ြိဳက္ဂလင္းကင္ဆာနဲ႔ ေဝွးေစ့ကင္ဆာတို႔ဟာ ေစာေစာသိေလ ေစာေစာကုသေလ အရွင္းေပ်ာက္ေလျဖစ္တဲ့ ကင္ဆာေတြပါ။

ကင္ဆာေဆးသြင္းတာက ကင္ဆာထက္ေတာင္ လူေတြကို ခံရခက္တဲ့ ေဝဒနာေတြေပးၿပီး ပိုက္ဆံလည္း ပိုကုန္ေစတာေၾကာင့္ ကင္ဆာျဖစ္ရင္ မကုေတာ့တာပဲ ေကာင္းတယ္။

ကင္ဆာကို ကုသတဲ့လမ္းေတြျဖစ္တဲ့ ကင္ဆာေဆးသြင္းတာ၊ ဓါတ္ေရာင္ျခည္ကင္တာေတြက ေဘးထြက္ဆိုးက်ိဳးေတြအေနနဲ႔ လူနာေတြကို ဆိုး႐ြားစြာ ပ်ိဳ႕အန္တာ၊ ဆံပင္ကြၽတ္ေစတာ၊ အစားမဝင္တာေတြကို ျဖစ္ေစတာမွန္ပါတယ္။ ဒါေပမယ့္ ကင္ဆာကို ကုသတဲ့နည္းတိုင္းက ကင္ဆာဆဲလ္ေတြကိုပဲ အဓိကပစ္မွတ္ထားတာမဟုတ္ပါဘူး။ ကုသမႈရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြ သက္သာေစဖို႔ပါ ထည့္သြင္းကုသေပးထားတာပါ။ ဒီေတာ့ ကုသနည္းႏွစ္မ်ိဳးလုံးကို ေသခ်ာခံယူတဲ့ လူနာေတြအေနနဲ႔ ကင္ဆာေၾကာင့္ ျဖစ္တဲ့ေဝဒနာခံစားရတာေတြလည္း နည္းမွာျဖစ္တဲ့အျပင္ ေဘးထြက္ဆိုးက်ိဳးေတြကိုလည္း သိပ္မခံစားရေတာ့တာေၾကာင့္ သက္တမ္းေစ့ ေနႏိုင္သြားမွာ ျဖစ္ပါတယ္။ ကင္ဆာျဖစ္ၿပီး သက္တမ္းေစ့ေနခ်င္ရင္ေတာ့ ကုသမႈေတြ ခံယူသင့္ပါတယ္။

အသားစနမူနာယူရင္ ခြဲစိတ္လိုက္ရင္ ကင္ဆာကို ဆြလိုက္သလိုျဖစ္ၿပီး ကင္ဆာေတြ ျပန႔္ကုန္တယ္ ။ ။

ဒီဟာက ေတာ္ေတာ္လြဲမွားေနတဲ့ အရာတစ္ခုပါ။ ကင္ဆာေတြ ေနရာတစ္ခုကေန တစ္ခုကို ျပန႔္ဖို႔အတြက္ လမ္းေၾကာင္း ၂ ခုရွိပါတယ္။ ျပန္ရည္ေၾကာစနစ္လို႔ေခၚတဲ့ lymphatic system နဲ႔ ေသြးလည္ပတ္မႈကေနတစ္ဆင့္ ျပန႔္ႏိုင္တာပါ။ ခြဲစိတ္မႈေၾကာင့္ ကိုယ္တြင္းမွာ ကင္ဆာဆဲလ္ေတြ ပ်ံ႕ကုန္တယ္ဆိုတာ အင္မတန္မွ ျဖစ္ခဲ့တဲ့အရာတစ္ခုပါ။

ကင္ဆာျဖစ္ေနတဲ့သူေတြ သၾကားမစားသင့္ဘူး။ သၾကားက ကင္ဆာကို ပိုပ်ံ႕ေစတယ္ ။

ေလ့လာခ်က္ေတြအရ ကင္ဆာဆဲလ္ေတြက ပုံမွန္ဆဲလ္ေတြထက္ သၾကားကိုပိုစုပ္ယူတာ မွန္ေပမယ့္ ဒီလိုစုပ္ယူတာေၾကာင့္ ကင္ဆာပိုဆိုးလာတယ္ဆိုတာေတာ့ မရွိပါဘူး။ သၾကားမစားဘဲ ေနလိုက္ရင္ ကင္ဆာဆဲလ္ေတြ က်ဳံ႕သြားမယ္ဆိုတာလည္း မဟုတ္ပါဘူး။

တိုင္းရင္းေဆးေတြ သစ္ျမစ္သစ္ဖုေတြကသာ ကင္ဆာကိုႏိုင္တာ ။ ။

တစ္ခ်ိဳ႕ရွိပါတယ္။ ကင္ဆာအဖုေလးတစ္လုံး ျဖစ္လာၿပီဆိုတာနဲ႔ သစ္႐ြက္ေတြနဲ႔ အုံတာမ်ိဳးေတြ ။ ဒါေတြက ကင္ဆာကို တိုက္႐ိုက္ႀကီးဆိုးသြားေစတာ မဟုတ္ေပမယ့္ အုံထားတဲ့ေနရာမွာ ေခြၽးအိုက္ၿပီး ပိုးမႊားေတြ ေပါက္ေနတာ၊ ကိုယ္သုံးတဲ့သစ္႐ြက္က မသန႔္တာမ်ိဳးေတြေၾကာင့္ အနာေတြ ျဖစ္ၿပီး ကင္ဆာကို ပိုဆိုးသြားေစတတ္တာမ်ိဳးပါ။

ဒါေတြကေတာ့ ကင္ဆာနဲ႔ ပတ္သက္ၿပီး လြဲမွားေနတဲ့ အယူအဆေတြပဲျဖစ္ပါတယ္။ ကိုယ့္ရဲ႕ လြဲမွားေနတဲ့ အယူေလးတစ္ခ်က္ေၾကာင့္ ဆိုးဝါးတဲ့ အရာေတြ ျဖစ္လာႏိုင္တာေၾကာင့္ မသိလိုက္ဘူး မျဖစ္ရေလေအာင္ ဒီေဆာင္းပါးေလးကို လူတိုင္း ဖတ္ၾကည့္ေစခ်င္ပါတယ္။ ။

ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------
(Unicode)⤵⤵⤵
ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး ကိုယ်သိထားတွေက မှန်နေလား၊ မှားနေလား

ကင်ဆာနဲ့ပတ်သက်တဲ့အယူအဆ အမှားများ ။ ။

ကင်ဆာ ဆိုတဲ့ စကားလုံးကို စိမ်းတဲ့သူရှိမယ်မထင်ပါဘူး။ ကင်ဆာဆိုတာ ကုသလို့ အရှင်းမပျောက်တဲ့ လူ့အသက်တွေကြွေအောင် ချွေနေတဲ့ ကြောက်စရာ ကောင်းလှတဲ့ ရောဂါတစ်ခုလို့ အကြမ်းဖျင်း လောက်သာသိထားကြပါတယ်။ ကင်ဆာကို လူတိုင်းကြားဖူးသလို သူနဲ့ ပတ်သက်ပြီးတော့ အမှတ်မှားနေတဲ့ တစ်ချို့အရာတွေလည်း ရှိနေပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကင်ဆာနဲ့ပတ်သက်တဲ့ တစ်ချို့လွဲနေတဲ့ အယူလေးတွေအကြောင်း ရှင်းပြချင်ပါတယ်။ ။

ကင်ဆာက ကူးစက်ရောဂါ တစ်ခုပါ ။ ။

ကင်ဆာကို အရပ်ခေါ် အနေနဲ့ မြစ်ပွားနာလို့ ခေါ်ကြပါတယ်။ နာမည်အတိုင်း ပွားတတ်တယ်ဆိုပေမယ့် လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို မဟုတ်ပါဘူး။ ကိုယ်တွင်းကလီစာတွေ အချင်းချင်းဆီကို ကင်ဆာဆဲလ်တွေ ပျံ့တတ်တာကို ပြောတာပါ။

မိသားစုမျိုးရိုးထဲမှာ ကင်ဆာရှိပြီဆိုတာနဲ့ ကိုယ်က ကျိန်းသေကင်ဆာဖြစ်တော့မှာပဲ။ ဘာမှ မတတ်နိုင်ဘူး။

ကင်ဆာတိုင်းက မျိုးရိုးလိုက်တတ်တာ မဟုတ်ပါဘူး။ တစ်ချို့မျိုးရိုးမလိုက်တဲ့ ကင်ဆာတွေလည်း ရှိပါတယ်။

ဒီထဲကမှ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ အူမကြီးကင်ဆာ တို့ကတော့ နာမည်ကြီးတဲ့ မျိုးရိုးလိုက်တဲ့ ကင်ဆာတွေပါ။ ကိုယ့်မျိုးရိုးထဲ ကင်ဆာတစ်ယောက်ရှိခဲ့ရင် ကိုယ့်ဘက်က ကြိုသတိထားလို့ရသွားတဲ့အတွက် ဆရာဝန်ဆီမှာ ပုံမှန်ဆေးစစ်ဖို့ မမေ့ပါနဲ့။ ကင်ဆာဆိုတာ စောစောသိလေ စောစောကုသနိုင်လေ ပိုကောင်းတဲ့ အရာပါ။

ကင်ဆာက ကြိုတင်ကာကွယ်လို့မရဘူး ။ ။

ဒီဟာက မှားနေတဲ့ အရာတစ်ခုပါ။ ကင်ဆာ တော်တော်များများက မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရပါတယ်။ ကိုယ်ရဲ့ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေကို သေချာသတိထားဆင်ခြင်လိုက်ရင် ကင်ဆာ ၁၀ ခုမှာ ၆ ခုလောက်က မဖြစ်နိုင်တော့ပါဘူး။

ကင်ဆာဖြစ်တာနဲ့ သေရတော့မှာပဲ။ ။

ကင်ဆာတိုင်းက ကုသလို့ အရှင်းမပျောက်ဘူးဆိုတာ မဟုတ်ပါဘူး။ ကင်ဆာသုတေသီများရဲ့ ပြောကြားချက်အရ ကင်ဆာဖြစ်လို့ကုသပြီး နောက် ၅ နှစ်အထိ ကင်ဆာဆဲလ်တွေ မတွေ့ရတော့ဘူးဆိုရင် အဲ့ဒီကင်ဆာက ကုသလို့ပျောက်သွားပြီလို့ ဆိုနိုင်ပါတယ်။ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ သိုင်းရွိုက်ဂလင်းကင်ဆာနဲ့ ဝှေးစေ့ကင်ဆာတို့ဟာ စောစောသိလေ စောစောကုသလေ အရှင်းပျောက်လေဖြစ်တဲ့ ကင်ဆာတွေပါ။

ကင်ဆာဆေးသွင်းတာက ကင်ဆာထက်တောင် လူတွေကို ခံရခက်တဲ့ ဝေဒနာတွေပေးပြီး ပိုက်ဆံလည်း ပိုကုန်စေတာကြောင့် ကင်ဆာဖြစ်ရင် မကုတော့တာပဲ ကောင်းတယ်။

ကင်ဆာကို ကုသတဲ့လမ်းတွေဖြစ်တဲ့ ကင်ဆာဆေးသွင်းတာ၊ ဓါတ်ရောင်ခြည်ကင်တာတွေက ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ လူနာတွေကို ဆိုးရွားစွာ ပျို့အန်တာ၊ ဆံပင်ကျွတ်စေတာ၊ အစားမဝင်တာတွေကို ဖြစ်စေတာမှန်ပါတယ်။ ဒါပေမယ့် ကင်ဆာကို ကုသတဲ့နည်းတိုင်းက ကင်ဆာဆဲလ်တွေကိုပဲ အဓိကပစ်မှတ်ထားတာမဟုတ်ပါဘူး။ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ သက်သာစေဖို့ပါ ထည့်သွင်းကုသပေးထားတာပါ။ ဒီတော့ ကုသနည်းနှစ်မျိုးလုံးကို သေချာခံယူတဲ့ လူနာတွေအနေနဲ့ ကင်ဆာကြောင့် ဖြစ်တဲ့ဝေဒနာခံစားရတာတွေလည်း နည်းမှာဖြစ်တဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သိပ်မခံစားရတော့တာကြောင့် သက်တမ်းစေ့ နေနိုင်သွားမှာ ဖြစ်ပါတယ်။ ကင်ဆာဖြစ်ပြီး သက်တမ်းစေ့နေချင်ရင်တော့ ကုသမှုတွေ ခံယူသင့်ပါတယ်။

အသားစနမူနာယူရင် ခွဲစိတ်လိုက်ရင် ကင်ဆာကို ဆွလိုက်သလိုဖြစ်ပြီး ကင်ဆာတွေ ပြန့်ကုန်တယ် ။ ။

ဒီဟာက တော်တော်လွဲမှားနေတဲ့ အရာတစ်ခုပါ။ ကင်ဆာတွေ နေရာတစ်ခုကနေ တစ်ခုကို ပြန့်ဖို့အတွက် လမ်းကြောင်း ၂ ခုရှိပါတယ်။ ပြန်ရည်ကြောစနစ်လို့ခေါ်တဲ့ lymphatic system နဲ့ သွေးလည်ပတ်မှုကနေတစ်ဆင့် ပြန့်နိုင်တာပါ။ ခွဲစိတ်မှုကြောင့် ကိုယ်တွင်းမှာ ကင်ဆာဆဲလ်တွေ ပျံ့ကုန်တယ်ဆိုတာ အင်မတန်မှ ဖြစ်ခဲ့တဲ့အရာတစ်ခုပါ။

ကင်ဆာဖြစ်နေတဲ့သူတွေ သကြားမစားသင့်ဘူး။ သကြားက ကင်ဆာကို ပိုပျံ့စေတယ် ။

လေ့လာချက်တွေအရ ကင်ဆာဆဲလ်တွေက ပုံမှန်ဆဲလ်တွေထက် သကြားကိုပိုစုပ်ယူတာ မှန်ပေမယ့် ဒီလိုစုပ်ယူတာကြောင့် ကင်ဆာပိုဆိုးလာတယ်ဆိုတာတော့ မရှိပါဘူး။ သကြားမစားဘဲ နေလိုက်ရင် ကင်ဆာဆဲလ်တွေ ကျုံ့သွားမယ်ဆိုတာလည်း မဟုတ်ပါဘူး။

တိုင်းရင်းဆေးတွေ သစ်မြစ်သစ်ဖုတွေကသာ ကင်ဆာကိုနိုင်တာ ။ ။

တစ်ချို့ရှိပါတယ်။ ကင်ဆာအဖုလေးတစ်လုံး ဖြစ်လာပြီဆိုတာနဲ့ သစ်ရွက်တွေနဲ့ အုံတာမျိုးတွေ ။ ဒါတွေက ကင်ဆာကို တိုက်ရိုက်ကြီးဆိုးသွားစေတာ မဟုတ်ပေမယ့် အုံထားတဲ့နေရာမှာ ချွေးအိုက်ပြီး ပိုးမွှားတွေ ပေါက်နေတာ၊ ကိုယ်သုံးတဲ့သစ်ရွက်က မသန့်တာမျိုးတွေကြောင့် အနာတွေ ဖြစ်ပြီး ကင်ဆာကို ပိုဆိုးသွားစေတတ်တာမျိုးပါ။

ဒါတွေကတော့ ကင်ဆာနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ လွဲမှားနေတဲ့ အယူလေးတစ်ချက်ကြောင့် ဆိုးဝါးတဲ့ အရာတွေ ဖြစ်လာနိုင်တာကြောင့် မသိလိုက်ဘူး မဖြစ်ရလေအောင် ဒီဆောင်းပါးလေးကို လူတိုင်း ဖတ်ကြည့်စေချင်ပါတယ်။ ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကင္ဆာေရာဂါနဲ႔ ပတ္သက္ၿပီး ကိုယ္သိထားေတြက မွန္ေနလား၊ မွားေနလား ကင္ဆာေရာဂါနဲ႔ ပတ္သက္ၿပီး ကိုယ္သိထားေတြက မွန္ေနလား၊ မွားေနလား Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.