သိႏၷီၿမိဳ႕နယ္ရွိ ေက်ာက္လိုဏ္ဂူတစ္ခုအတြင္းမွ ဒုံးသီး၊ ခဲယမ္းနဲ႔ ဆက္စပ္ပစၥည္းေတြ ေတြ႕ရွိ

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ဇန္နဝါရီ ၁၇

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သိႏၷီၿမိဳ႕နယ္၊ နမ့္ခိုက္ေက်း႐ြာအနီးမွာ ဒုံးသီး၊ ခဲယမ္းနဲ႔ ဆက္စပ္ပစၥည္း‌ေတြကို ဇန္နဝါရီလ ၁၅ရက္က ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း တပ္မေတာ္က ယေန႔ ဇန္နဝါရီလ ၁၇ ရက္မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

လုံၿခဳံေရးနဲ႔ နယ္ေျမစိုးမိုးေရး လုပ္ငန္းေတြေဆာင္႐ြက္ေနတဲ့ တပ္ဖြဲ႕ဝင္ေတြက ဇန္နဝါရီ ၁၅ ရက္ ညေနပိုင္းမွာ နမ့္ခိုက္ေက်း႐ြာရဲ႕ အေနာက္ေတာင္ဘက္၊ မီတာ ၄၀၀၀ ခန္႔အကြာကို ေရာက္ရွိတဲ့အခ်ိန္မွာ ၅ ေပပတ္လည္ရွိ ေက်ာက္လိုဏ္ဂူတစ္ခုကို ဝင္ေရာက္ရွာေဖြၾကည့္ရာမွ လိုဏ္ဂူအတြင္းမွ ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ တပ္မေတာ္ရဲ႕သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဆိုပါလိုဏ္ဂူအတြင္းမွ ၁၀၇ မမ ေအာက္ခံ သုံးေခ်ာင္းေထာက္ ပစ္စင္ တစ္ခု၊ ၁၀၇ မမဒုံးသီး ၆ လုံး၊ ၁၀၇ မမ ဒုံးသီးယမ္းေတာင့္ ၁၂ ေတာင့္၊ ၁၀၇ မမ အေဝးထိန္း ရီမု ၁ ခု၊ ၁၀၇ မမ ဒုံးသီးထိပ္ဖူး ၂၂ လုံး၊ RPG ဒုံးသီး ၁၀၈ လုံး၊ RPG ဒုံးသီးယမ္းေတာင့္ ၁၀၈ ေတာင့္၊ ၄၀ မမဗုံးသီး ၂၉၉ လုံး၊ ၆၀ မမဗုံးသီး ၁၂ လုံးနဲ႔ ၆၀ မမ ဗုံးသီးယမ္းထုပ္ ၆၀ ထုပ္တို႔ျဖစ္တယ္လို႔လည္း အဲဒီထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အဲဒီ သိမ္းဆည္းရမိခဲယမ္းေတြနဲ႔ ဆက္စပ္ပစၥည္းေတြကို လုပ္ထုံးလုပ္နည္းနဲ႔အညီ ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔လည္း တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
သိန္နီမြို့နယ်ရှိ ကျောက်လိုဏ်ဂူတစ်ခုအတွင်းမှ ဒုံးသီး၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့ရှိ

တောင်ကြီး၊ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်ခိုက်ကျေးရွာအနီးမှာ ဒုံးသီး၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်း‌တွေကို ဇန်နဝါရီလ ၁၅ရက်က တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က ယနေ့ ဇန်နဝါရီလ ၁၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေး လုပ်ငန်းတွေဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းမှာ နမ့်ခိုက်ကျေးရွာရဲ့ အနောက်တောင်ဘက်၊ မီတာ ၄၀၀၀ ခန့်အကွာကို ရောက်ရှိတဲ့အချိန်မှာ ၅ ပေပတ်လည်ရှိ ကျောက်လိုဏ်ဂူတစ်ခုကို ဝင်ရောက်ရှာဖွေကြည့်ရာမှ လိုဏ်ဂူအတွင်းမှ တွေ့ရှိခဲ့တာဖြစ်တယ်လို့ တပ်မတော်ရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါလိုဏ်ဂူအတွင်းမှ ၁၀၇ မမ အောက်ခံ သုံးချောင်းထောက် ပစ်စင် တစ်ခု၊ ၁၀၇ မမဒုံးသီး ၆ လုံး၊ ၁၀၇ မမ ဒုံးသီးယမ်းတောင့် ၁၂ တောင့်၊ ၁၀၇ မမ အဝေးထိန်း ရီမု ၁ ခု၊ ၁၀၇ မမ ဒုံးသီးထိပ်ဖူး ၂၂ လုံး၊ RPG ဒုံးသီး ၁၀၈ လုံး၊ RPG ဒုံးသီးယမ်းတောင့် ၁၀၈ တောင့်၊ ၄၀ မမဗုံးသီး ၂၉၉ လုံး၊ ၆၀ မမဗုံးသီး ၁၂ လုံးနဲ့ ၆၀ မမ ဗုံးသီးယမ်းထုပ် ၆၀ ထုပ်တို့ဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီ သိမ်းဆည်းရမိခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
သိႏၷီၿမိဳ႕နယ္ရွိ ေက်ာက္လိုဏ္ဂူတစ္ခုအတြင္းမွ ဒုံးသီး၊ ခဲယမ္းနဲ႔ ဆက္စပ္ပစၥည္းေတြ ေတြ႕ရွိ သိႏၷီၿမိဳ႕နယ္ရွိ ေက်ာက္လိုဏ္ဂူတစ္ခုအတြင္းမွ ဒုံးသီး၊ ခဲယမ္းနဲ႔ ဆက္စပ္ပစၥည္းေတြ ေတြ႕ရွိ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.