ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕၌ မီးေလာင္မႈေၾကာင့္ လူႏွစ္ဦး ေသဆုံး

(Zawgyi)⤵⤵⤵
    ရန္ကုန္ ၊ ဇန္နဝါရီ ၁၃ ရက္(ဆင္ဟြာ)

ခ်င္းျပည္နယ္ ထန္တလန္ ၿမိဳ႕၌ ဇန္နဝါရီ ၁၂ ရက္က ျဖစ္ပြားခဲ့ေသာ မီးေလာင္မႈ အတြင္း လူႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာန၏ ထုတ္ျပန္မႈ အရ သိရသည္။

ထန္တလန္ၿမိဳ႕၊ (၁)ရပ္ကြက္ေန ဦးခြၽန္လန္၏ ေနအိမ္ မီးဖို မီးႂကြင္းမီးက်န္မွတစ္ဆင့္ မီးစတင္ေလာင္ကြၽမ္းခဲ့ရာ သြပ္မိုး/ပ်ဥ္ခင္း/ပ်ဥ္ကာ ေနအိမ္ သုံးလုံး ၊ ၂၀၀ KVA ထရန္စေဖာ္မာ ၁ လုံး မီးကူးစက္ေလာင္ကြၽမ္းခဲ့ေၾကာင္း ၊ အဆိုပါ မီးေလာင္မႈေၾကာင့္ ဦးခြၽန္လန္ ႏွင့္ ၎၏ေျမးျဖစ္သူတို႔မွာ ခႏၶာကိုယ္မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ၿပီး အမ်ိဳးသမီး ႏွစ္ဦးမွာ မီးေလာင္ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။အဆိုပါ မီးေလာင္မႈအား ထန္တလန္ၿမိဳ႕မ ရဲစခန္းက ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ/ ျပင္းထန္ နာက်င္ေစမႈ/မီးေပါ့ဆမႈ တို႔ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
ချင်းပြည်နယ် ထန်တလန်မြို့၌ မီးလောင်မှုကြောင့် လူနှစ်ဦး သေဆုံး

ထန်တလန် မြို့၌ မီးလောင်မှု ဖြစ်စဉ်အား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် ထန်တလန် မြို့၌ ဇန်နဝါရီ ၁၂ ရက်က ဖြစ်ပွားခဲ့သော မီးလောင်မှု အတွင်း လူနှစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထန်တလန်မြို့၊ (၁)ရပ်ကွက်နေ ဦးချွန်လန်၏ နေအိမ် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး/ပျဉ်ခင်း/ပျဉ်ကာ နေအိမ် သုံးလုံး ၊ ၂၀၀ KVA ထရန်စဖော်မာ ၁ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ၊ အဆိုပါ မီးလောင်မှုကြောင့် ဦးချွန်လန် နှင့် ၎င်း၏မြေးဖြစ်သူတို့မှာ ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး အမျိုးသမီး နှစ်ဦးမှာ မီးလောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ မီးလောင်မှုအား ထန်တလန်မြို့မ ရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန် နာကျင်စေမှု/မီးပေါ့ဆမှု တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕၌ မီးေလာင္မႈေၾကာင့္ လူႏွစ္ဦး ေသဆုံး ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕၌ မီးေလာင္မႈေၾကာင့္ လူႏွစ္ဦး ေသဆုံး Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.