ယူကရိန္းေလယာဥ္ပ်က္က်မႈအတြက္ တာဝန္ရွိသူမ်ားအား အျပစ္ေပးမည္ဟု အီရန္ကတိျပဳ

(Zawgyi)⤵⤵⤵
ကိဗ္ ၊ ဇန္နဝါရီ ၁၃ ရက္(ဆင္ဟြာ)

အီရန္ႏိုင္ငံသမၼတဟန္ဆန္႐ိုဟန္နီက ယူကရိန္းေလယာဥ္ပစ္ခ်ခံရမႈအေပၚ ေတာင္းပန္ေၾကာင္း ႏွင့္ ယင္းေၾကကြဲဖြယ္ ျဖစ္ရပ္အတြက္ တာဝန္ရွိသူ တစ္ဦးခ်င္းအား အေရးယူ အျပစ္ေပးသြားမည္ျဖစ္ေၾကာင္းကတိျပဳခဲ့သည္ဟု ယူကရိန္းႏိုင္ငံ သမၼတ၏ သတင္းျပန္ၾကားေရးအဖြဲ႕က ဇန္နဝါရီ ၁၁ ရက္ မြန္းလြဲပိုင္းတြင္ ထုတ္ျပန္ေၾကာညာခဲ့သည္။

အီရန္ႏိုင္ငံသမၼတ ႏွင့္ ေဆြးေႏြးခဲ့ၿပီးေနာက္တြင္ ယူကရိန္းသမၼတ Volodymyr Zelensky က ၎၏ တြစ္တာလူမႈကြန္ရက္ေပၚမွတစ္ဆင့္ “လမ္းေၾကာင္းမွန္ေပၚပ်ံသန္းေနရင္း ေလယာဥ္ပစ္ခ်ခံရတာကို အီရန္ဘက္က အသိအမွတ္ျပဳတယ္” ဟု ေရးသားေဖာ္ျပခဲ့သည္။“ ေသဆုံးသူေတြရဲ႕႐ုပ္အေလာင္း ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာကို အတည္ျပဳႏိုင္ေအာင္ ခ်က္ခ်င္းလုပ္ဖို႔ နဲ႔ သူတို႔ကို ယူကရိန္းႏိုင္ငံ ျပန္ပို႔ဖို႔ က်ေနာ္ တိုက္တြန္းပါတယ္” ဟု Zelensky က ဆိုသည္။ “ က်ဴးလြန္ခဲ့သူေတြက တာဝန္ယူရမွာပါ။ ေရွ႕ဆက္ဉပေဒေၾကာင္းအရ နဲ႔ နည္းပညာေၾကာင္းအရ ပူးေပါင္းေဆာင္႐ြက္မႈလုပ္သြားဖို႔ ေမွ်ာ္လင့္ပါတယ္ ” ဟု ၎က ဆက္ေျပာၾကားခဲ့သည္။

အီရန္ႏိုင္ငံသမၼတက ေလယာဥ္ပ်က္က်မႈျဖစ္စဥ္တြင္ ပါဝင္လုပ္ေဆာင္ခဲ့သည့္ လူတစ္ဦးတစ္ေယာက္ခ်င္းစီတိုင္း တာဝန္ခံရမည္ျဖစ္ေၾကာင္း ႏွင့္ ယူကရိန္ႏိုင္ငံမွ ကြၽမ္းက်င္ပညာရွင္မ်ားအေနျဖင့္ ဉပေဒေၾကာင္းအရ ႏွင့္ နည္းပညာပိုင္းအရ ထိေရာက္ေသာပူးေပါင္းေဆာင္႐ြက္မႈအတြက္ လိုအပ္ေသာ ေထာက္ပံ့ကူညီမႈအားလုံးကို ရရွိေစမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ေသဆုံးသြားသည့္ ယူကရိန္းႏိုင္ငံသားမ်ား၏ ႐ုပ္အေလာင္းမ်ားကို ျဖစ္ႏိုင္သမွ် ေစာလွ်င္စြာ ေနရပ္တိုင္းျပည္ျပန္ပို႔ႏိုင္ရန္ ၎အမိန႔္ေပးထားေၾကာင္း ႐ိုဟန္နီက ဆိုသည္။႐ိုဟန္နီက ယူကရိန္းေလယာဥ္ပ်က္က်မႈသည္ လူသားအမွားေၾကာင့္ ရည္႐ြယ္ခ်က္မရွိဘဲ အီရန္လက္နက္ကိုင္တပ္ဖြဲ႕၏ ဒုံးက်ည္ျဖင့္ ပစ္ခ်ခံခဲ့ရျခင္းျဖစ္ေၾကာင္း ဇန္နဝါရီ ၁၁ ရက္တြင္ ေျပာၾကားခဲ့သည္။ခရီးသည္ ၁၆၇ ဦး ႏွင့္ ေလယာဥ္အမႈထမ္း ကိုးဦး လိုက္ပါလာေသာ ယူကရိန္းေလေၾကာင္းလိုင္းပိုင္ ဘိုးရင္း ၇၃၇ ေလယာဥ္သည္ ဇန္နဝါရီ ၈ ရက္က အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕ မွ ယူကရိန္းႏိုင္ငံ ကိဗ္ၿမိဳ႕သို႔ ဦးတည္ပ်ံတက္စဥ္ ပ်က္က်ခဲ့ၿပီး ေလယာဥ္ေပၚလိုက္ပါလာသူအားလုံး အသက္ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
ယူကရိန်းလေယာဉ်ပျက်ကျမှုအတွက် တာဝန်ရှိသူများအား အပြစ်ပေးမည်ဟု အီရန်ကတိပြု

အီရန်နိုင်ငံက မှားယွင်းပစ်ချလိုက်သည့် ယူကရိန်းလေယာဉ်အပျက်အစီးပုံအား ရှင်းလင်းစဉ်(ဆင်ဟွာ)

    ကိဗ် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံသမ္မတဟန်ဆန်ရိုဟန်နီက ယူကရိန်းလေယာဉ်ပစ်ချခံရမှုအပေါ် တောင်းပန်ကြောင်း နှင့် ယင်းကြေကွဲဖွယ် ဖြစ်ရပ်အတွက် တာဝန်ရှိသူ တစ်ဦးချင်းအား အရေးယူ အပြစ်ပေးသွားမည်ဖြစ်ကြောင်းကတိပြုခဲ့သည်ဟု ယူကရိန်းနိုင်ငံ သမ္မတ၏ သတင်းပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ကြောညာခဲ့သည်။

အီရန်နိုင်ငံသမ္မတ နှင့် ဆွေးနွေးခဲ့ပြီးနောက်တွင် ယူကရိန်းသမ္မတ Volodymyr Zelensky က ၎င်း၏ တွစ်တာလူမှုကွန်ရက်ပေါ်မှတစ်ဆင့် “လမ်းကြောင်းမှန်ပေါ်ပျံသန်းနေရင်း လေယာဉ်ပစ်ချခံရတာကို အီရန်ဘက်က အသိအမှတ်ပြုတယ်” ဟု ရေးသားဖော်ပြခဲ့သည်။“ သေဆုံးသူတွေရဲ့ရုပ်အလောင်း ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်အောင် ချက်ချင်းလုပ်ဖို့ နဲ့ သူတို့ကို ယူကရိန်းနိုင်ငံ ပြန်ပို့ဖို့ ကျနော် တိုက်တွန်းပါတယ်” ဟု Zelensky က ဆိုသည်။ “ ကျူးလွန်ခဲ့သူတွေက တာဝန်ယူရမှာပါ။ ရှေ့ဆက်ဉပဒေကြောင်းအရ နဲ့ နည်းပညာကြောင်းအရ ပူးပေါင်းဆောင်ရွက်မှုလုပ်သွားဖို့ မျှော်လင့်ပါတယ် ” ဟု ၎င်းက ဆက်ပြောကြားခဲ့သည်။

အီရန်နိုင်ငံသမ္မတက လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် ပါဝင်လုပ်ဆောင်ခဲ့သည့် လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း တာဝန်ခံရမည်ဖြစ်ကြောင်း နှင့် ယူကရိန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များအနေဖြင့် ဉပဒေကြောင်းအရ နှင့် နည်းပညာပိုင်းအရ ထိရောက်သောပူးပေါင်းဆောင်ရွက်မှုအတွက် လိုအပ်သော ထောက်ပံ့ကူညီမှုအားလုံးကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သေဆုံးသွားသည့် ယူကရိန်းနိုင်ငံသားများ၏ ရုပ်အလောင်းများကို ဖြစ်နိုင်သမျှ စောလျှင်စွာ နေရပ်တိုင်းပြည်ပြန်ပို့နိုင်ရန် ၎င်းအမိန့်ပေးထားကြောင်း ရိုဟန်နီက ဆိုသည်။ရိုဟန်နီက ယူကရိန်းလေယာဉ်ပျက်ကျမှုသည် လူသားအမှားကြောင့် ရည်ရွယ်ချက်မရှိဘဲ အီရန်လက်နက်ကိုင်တပ်ဖွဲ့၏ ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ခရီးသည် ၁၆၇ ဦး နှင့် လေယာဉ်အမှုထမ်း ကိုးဦး လိုက်ပါလာသော ယူကရိန်းလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ လေယာဉ်သည် ဇန်နဝါရီ ၈ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့ မှ ယူကရိန်းနိုင်ငံ ကိဗ်မြို့သို့ ဦးတည်ပျံတက်စဉ် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ယူကရိန္းေလယာဥ္ပ်က္က်မႈအတြက္ တာဝန္ရွိသူမ်ားအား အျပစ္ေပးမည္ဟု အီရန္ကတိျပဳ ယူကရိန္းေလယာဥ္ပ်က္က်မႈအတြက္ တာဝန္ရွိသူမ်ားအား အျပစ္ေပးမည္ဟု အီရန္ကတိျပဳ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.