ယာဥ္မေတာ္တဆမႈေၾကာင့္ ကိုရင္ငယ္အား တိုက္မိကာ ေသဆုံးမႈျဖစ္ပြား

(Zawgyi)⤵⤵⤵
တာခ်ီလိတ္ ဇန္နဝါရီ ၁၃

ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ၊ ေဆးခမ္း ရပ္ကြက္ ၊ ဝမ္ေဟာင္႐ြာ ဘုန္းႀကီေက်ာင္း အနီးတြင္ ဇန္နဝါရီ ၁၂ ရက္ ည ၈ နာရီခြဲ အခ်ိန္၌ ယာဥ္ မေတာ္တဆမႈ ျဖစ္ပြားကာ လမ္းျဖတ္ကူးသည့္ ကိုရင္အား ဝင္ေရာက္တိုက္မိ၍ ကိုရင္မွာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ တာခ်ီလိတ္ၿမိဳ႕ ၊ ေဆခမ္း ရပ္ကြက္ ၊ ဝမ္ေဟာင္႐ြာ ဘုန္းႀကီးေက်ာင္း ေရွ႕ တြင္ ဇန္နဝါရီ ၁၂ ရက္ ည ၈ နာရီခြဲ အခ်ိန္၌ ယာဥ္ မေတာ္တဆမႈ ျဖစ္ပြားေၾကာင္း သတင္းအရ သက္ဆိုင္ရာ ဌာနဆိုင္ရာမ်ား ပါဝင္သည့္ သက္ေသမ်ားျဖင့္ သြားေရာက္ ၾကည့္ရႈ စစ္ေဆးရာ တာခ်ီလိတ္ - က်ိဳင္းတုံ သြား လမ္းဆုံ မီးပြိဳင့္ ဘက္မွ ေလယာဥ္ကြင္းသို႔သြားသည့္ လမ္းဆုံ ဘက္သို႔ ေမာ္ေတာ္ယာဥ္ တစ္စီး (စုံစမ္းဆဲ) မွာ အခင္းျဖစ္ေနရာ အေရာက္တြင္ လမ္းမႀကီးကို လမ္းျဖတ္ကူးသည့္ ကိုရင္ (ရွင္နာလထက္) ၊ လူ အမည္ အိုက္ရင္ ၊ အသက္ ၁၂ ႏွစ္ ၊ ျမတ္ဘုရား ေက်ာင္းတိုက္ ၊ ေဆခမ္း ရပ္ကြက္ ေနသူအား ဝင္ေရာက္တိုက္မိခဲ့ရာ ေမာ္ေတာ္ယာဥ္မွာ ရပ္တန႔္ျခင္း မရွိဘဲ ေမာင္းႏွင္ ထြက္ေျပးသြားခဲ့ေၾကာင္း သိရၿပီး ယာဥ္တိုက္ခံရေသာ ကိုရင္ တြင္ ဝဲ/ ယာ ဦးေခါင္း ဂ်ိဳေဇာင္း ဖူးေယာင္ ၊ ႏွာေခါင္း ေသြထြက္ ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ ေနရာတြင္ ေသဆုံးေနသည္ကို စစ္ေဆး ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

သို႔ျဖစ္ပါ၍ ေမာ္ေတာ္ယာဥ္အား မဆင္မျခင္ အရွိန္ျပင္းစြာ ေမာင္းႏွင္၍ လမ္းျဖတ္ကူးသူအား ဒဏ္ရာမ်ားရရွိ ေသဆုံးသည္အထိ တိုက္မိ ထြက္ေျပး တိမ္းေရွာင္သြားသူအား ၿမိဳ႕မ ရဲစခန္းက အမႈဖြင့္ ေဆာင္႐ြက္ထားရွိေၾကာင္း သိရသည္။

ယာေဆး(ျပန္/ဆက္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
-------------
(Unicode)⤵⤵⤵
ယာဉ်မတော်တဆမှုကြောင့် ကိုရင်ငယ်အား တိုက်မိကာ သေဆုံးမှုဖြစ်ပွား

တာချီလိတ် ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ၊ ဆေးခမ်း ရပ်ကွက် ၊ ဝမ်ဟောင်ရွာ ဘုန်းကြီကျောင်း အနီးတွင် ဇန်နဝါရီ ၁၂ ရက် ည ၈ နာရီခွဲ အချိန်၌ ယာဉ် မတော်တဆမှု ဖြစ်ပွားကာ လမ်းဖြတ်ကူးသည့် ကိုရင်အား ဝင်ရောက်တိုက်မိ၍ ကိုရင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ၊ ဆေခမ်း ရပ်ကွက် ၊ ဝမ်ဟောင်ရွာ ဘုန်းကြီးကျောင်း ရှေ့ တွင် ဇန်နဝါရီ ၁၂ ရက် ည ၈ နာရီခွဲ အချိန်၌ ယာဉ် မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့် သက်သေများဖြင့် သွားရောက် ကြည့်ရှု စစ်ဆေးရာ တာချီလိတ် - ကျိုင်းတုံ သွား လမ်းဆုံ မီးပွိုင့် ဘက်မှ လေယာဉ်ကွင်းသို့သွားသည့် လမ်းဆုံ ဘက်သို့ မော်တော်ယာဉ် တစ်စီး (စုံစမ်းဆဲ) မှာ အခင်းဖြစ်နေရာ အရောက်တွင် လမ်းမကြီးကို လမ်းဖြတ်ကူးသည့် ကိုရင် (ရှင်နာလထက်) ၊ လူ အမည် အိုက်ရင် ၊ အသက် ၁၂ နှစ် ၊ မြတ်ဘုရား ကျောင်းတိုက် ၊ ဆေခမ်း ရပ်ကွက် နေသူအား ဝင်ရောက်တိုက်မိခဲ့ရာ မော်တော်ယာဉ်မှာ ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရပြီး ယာဉ်တိုက်ခံရသော ကိုရင် တွင် ဝဲ/ ယာ ဦးခေါင်း ဂျိုဇောင်း ဖူးယောင် ၊ နှာခေါင်း သွေထွက် ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရကြောင်း သိရသည်။

သို့ဖြစ်ပါ၍ မော်တော်ယာဉ်အား မဆင်မခြင် အရှိန်ပြင်းစွာ မောင်းနှင်၍ လမ်းဖြတ်ကူးသူအား ဒဏ်ရာများရရှိ သေဆုံးသည်အထိ တိုက်မိ ထွက်ပြေး တိမ်းရှောင်သွားသူအား မြို့မ ရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဥ္မေတာ္တဆမႈေၾကာင့္ ကိုရင္ငယ္အား တိုက္မိကာ ေသဆုံးမႈျဖစ္ပြား ယာဥ္မေတာ္တဆမႈေၾကာင့္ ကိုရင္ငယ္အား တိုက္မိကာ ေသဆုံးမႈျဖစ္ပြား Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.