ရွမ္းေျမာက္ တ႐ုတ္-ျမန္မာကုန္သြယ္ေရးလမ္းေပၚ ပစ္ခတ္မႈျဖစ္ပြား

မႏၱေလး၊ လားရိႈးနဲ႔ မူဆယ္ ျပည္ေထာင္စုလမ္းမၾကီး

(Zawgyi / Unicode)

မၾကာမီရက္ေတြအတြင္းမွာ ျမန္မာႏိုင္ငံကို တရုတ္ႏိုင္ငံသမၼတ လာေရာက္ဖုိ႔ ရိွေနသလို တရုတ္အစိုးရရဲ့ အာရွေရးရာအထူးကိုယ္စားလွယ္က တရုတ္နယ္စပ္ေဒသက တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြနဲ႔ ၿငိမ္းခ်မ္းေရး၊ နယ္စပ္တည္ၿငိမ္ေရး ကိစၥရပ္ေတြ ေဆြးေႏြးေနခ်ိန္ ဒီရက္ပိုင္းအတြင္း နယ္စပ္ကုန္သြယ္ေရးလမ္းမေပၚမွာ ကားမီးရိႈ႔တာေတြနဲ႔ ပစ္ခတ္တာေတြ ျဖစ္ေပၚေနပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

အစိုးရနဲ႔ လက္နက္ကုိင္အဖဲြ႔ေတြအၾကား ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးေနၿပီး ကာလအေတာ္ၾကာ ၿငိမ္သက္ေနခဲ့ရာက ဒီရက္ပိုင္းအတြင္းမွာ တရုတ္-ျမန္မာနယ္စပ္ကုန္သြယ္ေရးလမ္းျဖစ္တဲ့ မႏၱေလး၊ လားရိႈးနဲ႔ မူဆယ္ ျပည္ေထာင္စုလမ္းမၾကီးေပၚမွာ မတည္မၿငိမ္တာေတြ ျပန္လည္ ျဖစ္ပြားလာေနတာပါ။

ကြတ္ခိုင္နဲ႔ မူဆယ္အၾကားမွာ လတ္တေလာ လားရိႈး-မူဆယ္လမ္းပိုင္းအတြင္းမွာလက္နက္ကိုင္အဖဲြ႔ေတြက ကုန္တင္ကားေတြတားဆီးၿပီး ႏွစ္စဥ္ေၾကးေကာက္ယူတာ၊ ကားမီးရႈိ႔တာေတြေၾကာင့္ သတိနဲ႔ သြားလာေနရေၾကာင္း ဒီလမ္းခရီးကို သြားလာေနတဲ႔ ယာဥ္ေမာင္း တစ္ဦးက အခုလုိ ေျပာပါတယ္။

“ သူတို႔ ဆက္ေၾကးေတြ ႏွစ္စဥ္ေၾကးေပါ့။ ကားေတြ အဲလုိ ဖမ္းေနတယ္လုိ႔ေတာ့ ေျပာသံၾကားတာပဲ။ က်ေနာ္တုိ႔ ဂိတ္က ကားတစ္စီးေတာင္ ပါသြားေသးတယ္။ လြန္ခဲ့တဲ့ ၃ရက္ေလာက္ကေပါ့။ မေန႔က မနက္ပိုင္းကေတာင္ သူတုိ႔ ဖမ္းတဲ့ေနရာမွာ ၇စီးေလာက္ ေနာက္ထပ္ ဖမ္းထားတာကို ေတြ႔တယ္တဲ့။ မေန႔ညက ကားတစ္စီးမီးရိႈ႔တယ္လုိ႔ေတာ့ ၾကားတယ္ဗ်။ ဖမ္းတာက ဘယ္ေနရာမွာလဲ ဆုိေတာ့ ၿဗံဳးေတာင္လုိ႔ ေခၚတာေပါ့။ ၿဗံဳးေတာင္ အေပၚေလးမွာေပါ့။ နမ့္ဖတ္ကာနဲ႔ မုိင္းယုၾကားေပါ့။”

ဘယ္လက္နက္ကိုင္အဖဲြ႔က ဖမ္းဆီးတယ္ဆုိတာ အတိအက် ထုတ္ေဖာ္ေျပာဆုိတာေတာ့ မရိွပါဘူး။

မူဆယ္ၿမိဳ႔နယ္က ရဲအရာရိွတစ္ဦးကလည္း ဒီကေန႔ လားရိႈး-မူဆယ္ ျပည္ေထာင္စုလမ္းမၾကီး အေျခအေနကို အခုလုိ ေျပာပါတယ္။

“ လမ္းပိုင္းအေျခအေနက မေန႔က ကားတစ္စီးမီးရိႈ႔ခံရေတာ့ အေျခအေနမေကာင္းဘူး။ အသြားအလာေတြကေတာ့ သြားေတာ့ သြားတာေပါ့။ ဒါေပမဲ့ ေစာင့္ၿပီးသြားရတာေပါ့။ ကြတ္ခုိင္နဲ႔ က်ေနာ္တုိ႔ မူဆယ္အၾကားမွာ သိပ္မေကာင္းဘူး။”

ကားမီးရိႈခံရတာကေတာ့ ၁၂ရက္ေန႔ ည၉နာရီ၀န္းက်င္ေလာက္က ျဖစ္ပါတယ္။

ဒီသတင္းနဲ႔ ပတ္သက္ၿပီး ဒီေဒသမွာ အဓိက လႈပ္ရွားေနတဲ့ TNLA ေခၚ တအန္း(ပေလာင္)တပ္ဖဲြ႔ကို ေမးျမန္းဖို႔ ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းေခၚဆုိလုိ႔ မရခဲ့ပါဘူး။

၁၂ရက္ေန႔ မနက္ပိုင္းကလည္း ေက်ာက္မဲၿမိဳ႔နယ္အတြင္းမွာ ကြ်ဲ၊ႏြားတင္ ယာဥ္တစ္စီးအပစ္ခံရတာေၾကာင့္ တစ္ေယာက္ေသဆံုးရေၾကာင္း ေက်ာက္မဲရဲစခန္းက တာ၀န္ရိွသူတစ္ဦးက ေျပာပါတယ္။

“ သီေပါနဲ႔ ေက်ာက္မဲၾကားမွာပါ။ မေန႔က ဒါ၆နာရီေလာက္ေပါ့။ ၆နာရီေလာက္မွာ ႏြားကားတစ္စီးပစ္ခံရတယ္ဆို လို႔ က်ေနာ္တို႔ သြားၾကည့္ၾကေတာ့ အဲဒီမွာ တစ္ေယာက္ေသသြားတာေပါ့။ စပယ္ယာေသသြားတာေပါ့။”

တပ္မေတာ္ပိုင္ ျမ၀တီသတင္းစာမွာေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႔နယ္ ေခ်ာင္းေခ်ာက္ ေက်းရြာ အနီးမွာ ႏြားအေကာင္ ၂၀တင္ေဆာင္လာတဲ့ ၁၂ဘီးကားကို ေဘး ဘယ္၊ညာက လိုက္ပါလာတဲ့ ဆိုင္ကယ္၂စီးေပၚက ေသာင္းက်န္းသူ ၄ဦးက ပစ္ခတ္ခဲ့ေၾကာင္း၊ ကားဟာ၀ဲဘက္ေဘးရိွ သစ္ပင္တုိက္ၿပီး ရပ္တန္႔ခဲ့ရာမွာ ကားေပၚပါသူ ယာဥ္ေနာက္လုိက္တစ္ဦး ေသနတ္ထိမွန္ၿပီး အခင္းျဖစ္ပြားရာမွာ ေသဆံုးေၾကာင္း၊ ယာဥ္ေမာင္း တစ္ဦးနဲ႔ က်န္ယာဥ္ေနာက္လုိက္ ၂ဦးကေတာ့ ထိခုိက္ဒဏ္ရာ မရရိွေၾကာင္းနဲ႔ ပစ္ခတ္သူကို စိစစ္ေနဆဲျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီပစ္ခတ္မႈျဖစ္ပြားရာေနရာဟာ TNLA ေခၚ တအန္း(ပေလာင္)အဖဲြ႔နဲ႔ရွမ္းလက္နက္ကိုင္အဖဲြ႔ေတြ လႈပ္ရွားတဲ့ေနရာလည္း ျဖစ္ပါတယ္။ အရင္ကလည္း ကြ်ဲႏြားတင္ကားေတြကို ပစ္ခတ္တာေတြ ရိွေပမဲ့ ဘယ္သူလက္ခ်က္ျဖစ္တယ္ဆုိတာေတာ့ ထုတ္ေဖာ္ႏိုင္တာမရိွခဲ့ပါဘူး။

ဒီလ ၇ရက္ကေန ၁၀ရက္အတြင္းမွာေတာ့ တရုတ္အစိုးရရဲ့ အာရွေရးရာ အထူးကိုယ္စားလွယ္ မစၥတာ ဆြန္ေကာ့ရွန္ဟာ UWSA ၀၊ NDAA မုိင္းလား၊ KIA ကခ်င္နဲ႔ AA ရခိုင္ လက္နက္ကိုင္အဖဲြ႔က ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုၿပီး ၿငိမ္းခ်မ္းေရး၊ နယ္စပ္တည္ၿငိမ္ေရး ကိစၥရပ္ေတြ ေဆြးေႏြးခဲ့ပါတယ္။

....................

ရှမ်းမြောက် တရုတ်-မြန်မာကုန်သွယ်ရေးလမ်းပေါ် ပစ်ခတ်မှုဖြစ်ပွား

(Unicode)

မကြာမီရက်တွေအတွင်းမှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံသမ္မတ လာရောက်ဖို့ ရှိနေသလို တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ်က တရုတ်နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေး ကိစ္စရပ်တွေ ဆွေးနွေးနေချိန် ဒီရက်ပိုင်းအတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်မှာ ကားမီးရှို့တာတွေနဲ့ ပစ်ခတ်တာတွေ ဖြစ်ပေါ်နေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေပြီး ကာလအတော်ကြာ ငြိမ်သက်နေခဲ့ရာက ဒီရက်ပိုင်းအတွင်းမှာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ မန္တလေး၊ လားရှိုးနဲ့ မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မတည်မငြိမ်တာတွေ ပြန်လည် ဖြစ်ပွားလာနေတာပါ။

ကွတ်ခိုင်နဲ့ မူဆယ်အကြားမှာလတ်တလော လားရှိုး-မူဆယ်လမ်းပိုင်းအတွင်းမှာလက်နက်ကိုင်အဖွဲ့တွေက ကုန်တင်ကားတွေတားဆီးပြီး နှစ်စဉ်ကြေးကောက်ယူတာ၊ ကားမီးရှို့တာတွေကြောင့် သတိနဲ့ သွားလာနေရကြောင်း ဒီလမ်းခရီးကို သွားလာနေတဲ့ ယာဉ်မောင်း တစ်ဦးက အခုလို ပြောပါတယ်။

“ သူတို့ ဆက်ကြေးတွေ နှစ်စဉ်ကြေးပေါ့။ ကားတွေ အဲလို ဖမ်းနေတယ်လို့တော့ ပြောသံကြားတာပဲ။ ကျနော်တို့ ဂိတ်က ကားတစ်စီးတောင် ပါသွားသေးတယ်။ လွန်ခဲ့တဲ့ ၃ရက်လောက်ကပေါ့။ မနေ့က မနက်ပိုင်းကတောင် သူတို့ ဖမ်းတဲ့နေရာမှာ ၇စီးလောက် နောက်ထပ် ဖမ်းထားတာကို တွေ့တယ်တဲ့။ မနေ့ညက ကားတစ်စီးမီးရှို့တယ်လို့တော့ ကြားတယ်ဗျ။ ဖမ်းတာက ဘယ်နေရာမှာလဲ ဆိုတော့ ဗြုံးတောင်လို့ ခေါ်တာပေါ့။ ဗြုံးတောင် အပေါ်လေးမှာပေါ့။ နမ့်ဖတ်ကာနဲ့ မိုင်းယုကြားပေါ့။”

ဘယ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးတယ်ဆိုတာ အတိအကျ ထုတ်ဖော်ပြောဆိုတာတော့ မရှိပါဘူး။

မူဆယ်မြို့နယ်က ရဲအရာရှိတစ်ဦးကလည်း ဒီကနေ့ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး အခြေအနေကို အခုလို ပြောပါတယ်။

“ လမ်းပိုင်းအခြေအနေက မနေ့က ကားတစ်စီးမီးရှို့ခံရတော့ အခြေအနေမကောင်းဘူး။ အသွားအလာတွေကတော့ သွားတော့ သွားတာပေါ့။ ဒါပေမဲ့ စောင့်ပြီးသွားရတာပေါ့။ ကွတ်ခိုင်နဲ့ ကျနော်တို့ မူဆယ်အကြားမှာ သိပ်မကောင်းဘူး။”

ကားမီးရှိုခံရတာကတော့ ၁၂ရက်နေ့ ည၉နာရီဝန်းကျင်လောက်က ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဒီဒေသမှာ အဓိက လှုပ်ရှားနေတဲ့ TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့ကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

၁၂ရက်နေ့ မနက်ပိုင်းကလည်း ကျောက်မဲမြို့နယ်အတွင်းမှာ ကျွဲ၊နွားတင် ယာဉ်တစ်စီးအပစ်ခံရတာကြောင့် တစ်ယောက်သေဆုံးရကြောင်း ကျောက်မဲရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ သီပေါနဲ့ ကျောက်မဲကြားမှာပါ။ မနေ့က ဒါ၆နာရီလောက်ပေါ့။ ၆နာရီလောက်မှာ နွားကားတစ်စီးပစ်ခံရတယ်ဆို လို့ ကျနော်တို့ သွားကြည့်ကြတော့ အဲဒီမှာ တစ်ယောက်သေသွားတာပေါ့။ စပယ်ယာသေသွားတာပေါ့။”

တပ်မတော်ပိုင် မြဝတီသတင်းစာမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ချောင်းချောက် ကျေးရွာ အနီးမှာ နွားအကောင် ၂၀တင်ဆောင်လာတဲ့ ၁၂ဘီးကားကို ဘေး ဘယ်၊ညာက လိုက်ပါလာတဲ့ ဆိုင်ကယ်၂စီးပေါ်က သောင်းကျန်းသူ ၄ဦးက ပစ်ခတ်ခဲ့ကြောင်း၊ ကားဟာဝဲဘက်ဘေးရှိ သစ်ပင်တိုက်ပြီး ရပ်တန့်ခဲ့ရာမှာ ကားပေါ်ပါသူ ယာဉ်နောက်လိုက်တစ်ဦး သေနတ်ထိမှန်ပြီး အခင်းဖြစ်ပွားရာမှာ သေဆုံးကြောင်း၊ ယာဉ်မောင်း တစ်ဦးနဲ့ ကျန်ယာဉ်နောက်လိုက် ၂ဦးကတော့ ထိခိုက်ဒဏ်ရာ မရရှိကြောင်းနဲ့ ပစ်ခတ်သူကို စိစစ်နေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီပစ်ခတ်မှုဖြစ်ပွားရာနေရာဟာ TNLA ခေါ် တအန်း(ပလောင်)အဖွဲ့နဲ့ရှမ်းလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့နေရာလည်း ဖြစ်ပါတယ်။ အရင်ကလည်း ကျွဲနွားတင်ကားတွေကို ပစ်ခတ်တာတွေ ရှိပေမဲ့ ဘယ်သူလက်ချက်ဖြစ်တယ်ဆိုတာတော့ ထုတ်ဖော်နိုင်တာမရှိခဲ့ပါဘူး။

ဒီလ ၇ရက်ကနေ ၁၀ရက်အတွင်းမှာတော့ တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်ဟာ UWSA ဝ၊ NDAA မိုင်းလား၊ KIA ကချင်နဲ့ AA ရခိုင် လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။

 ကိုမိုးေဇာ္/VOA (Burmese)
https://burmese.voanews.com
ရွမ္းေျမာက္ တ႐ုတ္-ျမန္မာကုန္သြယ္ေရးလမ္းေပၚ ပစ္ခတ္မႈျဖစ္ပြား ရွမ္းေျမာက္ တ႐ုတ္-ျမန္မာကုန္သြယ္ေရးလမ္းေပၚ ပစ္ခတ္မႈျဖစ္ပြား Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.