အတိုင္ပင္ခံပုဂၢိဳလ္ကို သမၼတ Trump ဖိတ္ၾကားမႈ ျမန္မာသံအမတ္ႀကီး အတည္ျပဳ

၂၀၁၇ ခုႏွစ္က ဖိလစ္ပုိင္တြင္က်င္းပသည့္ အေမရိကန္-အာဆီယံ ထိပ္သီီးစည္းေဝးပြဲတြင္ ေတြ႔ရသည့္ အေမရိကန္သမၼတ Donald Trump ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္။ (ႏုိဝင္ဘာ ၁၃၊ ၂၀၁၇)
(Zawgyi / Unicode)

ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အေမရိကန္ကို လာေရာက္ဖို႔ သမၼတ Donald Trump ရဲ႕ ဖိတ္ၾကားခ်က္ကို ပို႔ေဆာင္ထားၿပီးျဖစ္ေၾကာင္း အေမရိကန္ႏုိင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးက အတည္ျပဳ ေျပာဆိုပါတယ္။ လူသားအရင္းအျမစ္ ဖြံ႔ၿဖိဳးေရးကိစၥကို အဓိကထား ေဆြးေႏြးမယ့္ အေမရိကန္-အာဆီယံ အထူး ထိပ္သီးေဆြးေႏြးပြဲကေန ျမန္မာႏုိင္ငံအေနနဲ႔ ဘာေတြ ေမွ်ာ္လင့္ႏုိင္ပါသလဲ၊ အျပည့္အစုံကုိ မသိဂႌထုိက္ စုစည္းတင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ က်င္းပဖို႔ရွိတဲ့ အေမရိကန္-အာဆီယံ အထူး ထိပ္သီးအစည္းအေ၀းကို တက္ေရာက္ဖို႔ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို အေမရိကန္သမၼတ Donald Trump က ဖိတ္ၾကားထားပါတယ္။ ဒီဖိတ္ၾကားခ်က္ကိုေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ေနျပည္ေတာ္ကို ပို႔ထားၿပီျဖစ္ေၾကာင္း အေမရိကန္ႏုိင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းက ဗီြအိုေအကို အတည္ျပဳ ေျပာဆိုပါတယ္။

“အေမရိကန္သမၼတ Trump ကေနၿပီးေတာ့ အာဆီယံေခါင္းေဆာင္ေတြကုိ ဖိတ္ၾကားထားတဲ့ ကိစၥကေတာ့ ၿပီးခဲ့တဲ့ႏွစ္ ႏုိဝင္ဘာလက ဘန္ေကာက္မွာ က်င္းပတဲ့ အာဆီယံ ထိပ္သီးစည္းေဝးပြဲမွာ သူ႔ရဲ႕ကုိယ္စားတက္တဲ့ အမ်ဳိးသားလုံၿခဳံေရးအရာရွိ Robert O’Brien ကေနၿပီးေတာ့ အာဆီယံေခါင္းေဆာင္ေတြကုိ သူက ဖိတ္ၾကားထားတဲ့ ဖိတ္စာနဲ႔ ပတ္သက္တဲ့ကိစၥ ျဖစ္ပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး က်ေနာ္တုိ႔ ဝါရွင္တန္မွာ အေျခစုိက္တဲ့ အာဆီယံ သံအမတ္ေတြကုိလည္း အိမ္ျဖဴေတာ္အရာရွိေတြက က်ေနာ္တို႔ကို ၉ ရက္ေန႔တုန္းက ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ သူတုိ႔ အေမရိကန္ဘက္က အေလးထားတယ္။ အာဆီယံဘက္ကေနၿပီးေတာ့ တုံ႔ျပန္မႈကုိ ေစာင့္ေမွ်ာ္ေနပါတယ္ ဆုိၿပီးေတာ့ ေျပာပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ကေတာ့ ေနျပည္ေတာ္ကို သတင္းပုိ႔ၿပီးၿပီ။ ေနျပည္ေတာ္က ျပန္ၾကားခ်က္ကုိ က်ေနာ္တုိ႔ ေစာင့္ေနပါတယ္။”

အေမရိကန္န႔ဲ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအသင္း အာဆီယံၾကား က်င္းပမယ့္ အထူး ထိပ္သီးေဆြးေႏြးပြဲမွာေတာ့ လူသားအရင္းအျမစ္ ဖြံ႔ၿဖိဳးေရးကို အဓိကထား ေဆြးေႏြးမွာ ျဖစ္တယ္လို႔လည္း အေမရိကန္ႏုိင္ငံဆုိင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းက ေျပာပါတယ္။

“က်ေနာ္တုိ႔ကုိ အိမ္ျဖဴေတာ္က ရွင္းျပခဲ့စဥ္တုန္းကေတာ့ အခုႏွစ္လာမယ့္ US-ASEAN Special Summit ရဲ႕ သူ အဓိက ေဆြးေႏြးမယ့္ကိစၥက Human Development ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ေျပာတာျဖစ္ပါတယ္တဲ့။ ဆုိလိုတာကေတာ့ အေမရိကန္ႏုိင္ငံဆုိရင္ လူသားအရင္းအျမစ္ ဖြံ႔ၿဖဳိးတုိးတက္မႈအတြက္ သူတို႔ အင္မတန္ အေလးထားတယ္ဆုိတဲ့ဟာကုိ ေျပာမွာ ျဖစ္ပါတယ္။”

ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး Scot Marciel က ဇန္န၀ါရီလ ၇ ရက္ေန႔က ရန္ကုန္တကၠသိုလ္ ႏုိင္ငံတကာဆက္ဆံေရး ဌာနမွာ အေမရိကန္-ျမန္မာ ဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး အထူးေဟာေျပာခ်က္မွာေတာ့ အေမရိကန္ဘက္က ျမန္မာႏုိင္ငံအေပၚ အကူအညီေတြ ထပ္တိုးေပးမယ့္ အေၾကာင္း အခုလို ထည့္သြင္း ေျပာဆိုသြားပါတယ္။

“ျမန္မာႏုိင္ငံအတြက္ အကူအညီ အေထာက္အပံ့ေတြ သိသိသာသာ တိုးျမႇင့္ထားတဲ့ အသံုးစရိတ္သစ္ကို ၿပီးခဲ့တဲ့လတုန္းကပဲ သမၼတ လက္မွတ္ေရးထိုးခဲ့ပါတယ္။ ဒါေၾကာင့္လည္း အခုဆိုရင္ တျခား အေရွ႕အာရွ၊ အေရွ႕နဲ႔ ေတာင္အာရွႏုိင္ငံေတြထဲမွာ ျမန္မာႏုိင္ငံကို အကူအညီေတြ ပိုၿပီး ေပးႏုိင္မွာ ျဖစ္ပါတယ္။ အသစ္ေထာက္ပံ့ ကူညီတဲ့ ရန္ပံုေငြမွာဆိုရင္ လက္ရွိ အစီအစဥ္ေတြကို ဆက္ၿပီး ေဆာင္ရြက္မယ့္အျပင္ ပညာေရးက႑အတြက္ပါ တိုးခ်ဲ႕ေနပါတယ္။ မၾကာေသးခင္ကပဲ Lincoln ပညာသင္ဆု အစီအစဥ္လို႔ ေခၚတဲ့ အစီအစဥ္သစ္ကို စတင္ခဲ့ၿပီး ျမန္မာေက်ာင္းသား ၁၀၀ ကို အေမရိကန္ ျပည္ေထာင္စုမွာ မဟာဘြဲ႔သင္ၾကားဖို႔ ေစလႊတ္မွာ ျဖစ္ပါတယ္။ လူ ၁၀၀ ကို ပညာသင္စရိတ္ အျပည့္အ၀ က်ခံမွာ ျဖစ္ပါတယ္။ ေနာက္ၿပီး ဒီမွာ အဂၤလိပ္စာ လာၿပီး သင္ေပးဖို႔အတြက္ အေမရိကန္ကေန Peace Corps အဖြဲ႔၀င္ ၄၀ ဒါမွမဟုတ္ ၄၅ ေယာက္ပါမယ့္ အဖြဲ႔တခု ဒီလထဲမွာပဲ ေရာက္လာဖို႔ရွိပါတယ္။”

လက္ရွိမွာေတာ့ ျမန္မာႏုိင္ငံတြင္းက ၿမိဳ႕တခ်ိဳ႕မွာ အဂၤလိပ္စာ သင္ၾကားေပးေနတဲ့ အေမရိကန္ Peace Corps အဖြဲ႔၀င္ ၇၀ ေက်ာ္ ရွိေနၿပီး ဒီအစီအစဥ္က ႏွစ္ႏုိင္ငံစလံုးအတြက္ အက်ိဳးရွိေစတယ္လို႔လည္း သံအမတ္ႀကီးက ေျပာဆိုထားပါတယ္။ ဒါ႔အျပင္ ျမန္မာႏုိင္ငံတြင္းမွာ တာ၀န္သိ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္ဖို႔ အေမရိကန္ကုမၸဏီေတြကို အစိုးရက ဆက္ၿပီး တိုက္တြန္း အားေပးေနေၾကာင္းလည္း သံအမတ္ႀကီး Marciel က ရန္ကုန္တကၠသိုလ္ ႏုိင္ငံတကာဆက္ဆံေရးဌာန အထူးေဟာေျပာခ်က္မွာ ထည့္သြင္း ေျပာဆိုသြားပါတယ္။ အေမရိကန္ႏုိင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းကေတာ့ အေမရိကန္ရဲ႕ အကူအညီကို ႀကိဳဆိုေၾကာင္း ေျပာပါတယ္။

“ျမန္မာႏုိင္ငံကေတာ့ အေမရိကန္ျပည္ေထာင္စုဟာဆုိရင္ အေရးႀကီးတဲ့ႏုိင္ငံ ျဖစ္တယ္။ ျမန္မာႏုိင္ငံရဲ႕ ဖြံ႔ၿဖဳိးတုိးတက္မႈ၊ ဒီမုိကေရစီ ဖြံ႔ၿဖဳိးတုိးတက္မႈမွာလည္း အေမရိကန္ႏုိင္ငံက အမ်ားႀကီး က်ေနာ္တုိ႔ကုိ ေထာက္ပံ့ေပးႏုိင္တယ္လို႔ က်ေနာ္ ယူဆပါတယ္။”

အေမရိကန္သမၼတ Donald Trump က အာဆီယံ ထိပ္သီးညီလာခံကို ၂၀၁၈ ခုႏွစ္နဲ႔ ၂၀၁၉ ခုႏွစ္မွာ မတက္ေရာက္ခဲ့ဘဲ အခု ၂၀၂၀ မွာ အေမရိကန္-အာဆီယံ အထူး ထိပ္သီးအစည္းအေ၀းကို ပထမ ေလးလတာအတြင္း က်င္းပဖို႔ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္က သူ႔ရဲ႕ လံုၿခံဳေရးအႀကံေပး ပုဂၢိဳလ္ကေနတဆင့္ ဖိတ္ၾကားခဲ့တာ ျဖစ္ပါတယ္။

-----------------------------------

(Unicode)

အတိုင်ပင်ခံပုဂ္ဂိုလ်ကို သမ္မတ Trump ဖိတ်ကြားမှု မြန်မာသံအမတ်ကြီး အတည်ပြု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကို လာရောက်ဖို့ သမ္မတ Donald Trump ရဲ့ ဖိတ်ကြားချက်ကို ပို့ဆောင်ထားပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အတည်ပြု ပြောဆိုပါတယ်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စကို အဓိကထား ဆွေးနွေးမယ့် အမေရိကန်-အာဆီယံ အထူး ထိပ်သီးဆွေးနွေးပွဲကနေ မြန်မာနိုင်ငံအနေနဲ့ ဘာတွေ မျှော်လင့်နိုင်ပါသလဲ၊ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကျင်းပဖို့ရှိတဲ့ အမေရိကန်-အာဆီယံ အထူး ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်သမ္မတ Donald Trump က ဖိတ်ကြားထားပါတယ်။ ဒီဖိတ်ကြားချက်ကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ နေပြည်တော်ကို ပို့ထားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

“အမေရိကန်သမ္မတ Trump ကနေပြီးတော့ အာဆီယံခေါင်းဆောင်တွေကို ဖိတ်ကြားထားတဲ့ ကိစ္စကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဘန်ကောက်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ သူ့ရဲ့ကိုယ်စားတက်တဲ့ အမျိုးသားလုံခြုံရေးအရာရှိ Robert O’Brien ကနေပြီးတော့ အာဆီယံခေါင်းဆောင်တွေကို သူက ဖိတ်ကြားထားတဲ့ ဖိတ်စာနဲ့ ပတ်သက်တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ဝါရှင်တန်မှာ အခြေစိုက်တဲ့ အာဆီယံ သံအမတ်တွေကိုလည်း အိမ်ဖြူတော်အရာရှိတွေက ကျနော်တို့ကို ၉ ရက်နေ့တုန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ အမေရိကန်ဘက်က အလေးထားတယ်။ အာဆီယံဘက်ကနေပြီးတော့ တုံ့ပြန်မှုကို စောင့်မျှော်နေပါတယ် ဆိုပြီးတော့ ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ကတော့ နေပြည်တော်ကို သတင်းပို့ပြီးပြီ။ နေပြည်တော်က ပြန်ကြားချက်ကို ကျနော်တို့ စောင့်နေပါတယ်။”

အမေရိကန်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကြား ကျင်းပမယ့် အထူး ထိပ်သီးဆွေးနွေးပွဲမှာတော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကို အဓိကထား ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ပြောပါတယ်။

“ကျနော်တို့ကို အိမ်ဖြူတော်က ရှင်းပြခဲ့စဉ်တုန်းကတော့ အခုနှစ်လာမယ့် US-ASEAN Special Summit ရဲ့ သူ အဓိက ဆွေးနွေးမယ့်ကိစ္စက Human Development ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောတာဖြစ်ပါတယ်တဲ့။ ဆိုလိုတာကတော့ အမေရိကန်နိုင်ငံဆိုရင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် သူတို့ အင်မတန် အလေးထားတယ်ဆိုတဲ့ဟာကို ပြောမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က ဇန်နဝါရီလ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ဌာနမှာ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အထူးဟောပြောချက်မှာတော့ အမေရိကန်ဘက်က မြန်မာနိုင်ငံအပေါ် အကူအညီတွေ ထပ်တိုးပေးမယ့် အကြောင်း အခုလို ထည့်သွင်း ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံအတွက် အကူအညီ အထောက်အပံ့တွေ သိသိသာသာ တိုးမြှင့်ထားတဲ့ အသုံးစရိတ်သစ်ကို ပြီးခဲ့တဲ့လတုန်းကပဲ သမ္မတ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါကြောင့်လည်း အခုဆိုရင် တခြား အရှေ့အာရှ၊ အရှေ့နဲ့ တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို အကူအညီတွေ ပိုပြီး ပေးနိုင်မှာ ဖြစ်ပါတယ်။ အသစ်ထောက်ပံ့ ကူညီတဲ့ ရန်ပုံငွေမှာဆိုရင် လက်ရှိ အစီအစဉ်တွေကို ဆက်ပြီး ဆောင်ရွက်မယ့်အပြင် ပညာရေးကဏ္ဍအတွက်ပါ တိုးချဲ့နေပါတယ်။ မကြာသေးခင်ကပဲ Lincoln ပညာသင်ဆု အစီအစဉ်လို့ ခေါ်တဲ့ အစီအစဉ်သစ်ကို စတင်ခဲ့ပြီး မြန်မာကျောင်းသား ၁၀၀ ကို အမေရိကန် ပြည်ထောင်စုမှာ မဟာဘွဲ့သင်ကြားဖို့ စေလွှတ်မှာ ဖြစ်ပါတယ်။ လူ ၁၀၀ ကို ပညာသင်စရိတ် အပြည့်အ၀ ကျခံမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီမှာ အင်္ဂလိပ်စာ လာပြီး သင်ပေးဖို့အတွက် အမေရိကန်ကနေ Peace Corps အဖွဲ့ဝင် ၄၀ ဒါမှမဟုတ် ၄၅ ယောက်ပါမယ့် အဖွဲ့တခု ဒီလထဲမှာပဲ ရောက်လာဖို့ရှိပါတယ်။”

လက်ရှိမှာတော့ မြန်မာနိုင်ငံတွင်းက မြို့တချို့မှာ အင်္ဂလိပ်စာ သင်ကြားပေးနေတဲ့ အမေရိကန် Peace Corps အဖွဲ့ဝင် ၇၀ ကျော် ရှိနေပြီး ဒီအစီအစဉ်က နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေတယ်လို့လည်း သံအမတ်ကြီးက ပြောဆိုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အမေရိကန်ကုမ္ပဏီတွေကို အစိုးရက ဆက်ပြီး တိုက်တွန်း အားပေးနေကြောင်းလည်း သံအမတ်ကြီး Marciel က ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန အထူးဟောပြောချက်မှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကတော့ အမေရိကန်ရဲ့ အကူအညီကို ကြိုဆိုကြောင်း ပြောပါတယ်။

“မြန်မာနိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုဟာဆိုရင် အရေးကြီးတဲ့နိုင်ငံ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း အမေရိကန်နိုင်ငံက အများကြီး ကျနော်တို့ကို ထောက်ပံ့ပေးနိုင်တယ်လို့ ကျနော် ယူဆပါတယ်။”

အမေရိကန်သမ္မတ Donald Trump က အာဆီယံ ထိပ်သီးညီလာခံကို ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်မှာ မတက်ရောက်ခဲ့ဘဲ အခု ၂၀၂၀ မှာ အမေရိကန်-အာဆီယံ အထူး ထိပ်သီးအစည်းအဝေးကို ပထမ လေးလတာအတွင်း ကျင်းပဖို့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က သူ့ရဲ့ လုံခြုံရေးအကြံပေး ပုဂ္ဂိုလ်ကနေတဆင့် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

မသိဂႌထုိက္/VOA (Burmese)
https://burmese.voanews.com
အတိုင္ပင္ခံပုဂၢိဳလ္ကို သမၼတ Trump ဖိတ္ၾကားမႈ ျမန္မာသံအမတ္ႀကီး အတည္ျပဳ အတိုင္ပင္ခံပုဂၢိဳလ္ကို သမၼတ Trump ဖိတ္ၾကားမႈ ျမန္မာသံအမတ္ႀကီး အတည္ျပဳ Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.