မူဆယ္ၿမိဳ႕နယ္ တြင္ ကားတစီး မီးေလာင္

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၁၃၊၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ တြင္ ယမန္ေန႔ (ဇန္နဝါရီ ၁၂) ည ၈နာရီခြဲေက်ာ္၌ ၁၂ဘီးကား တစီး မီးေလာင္ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ မူဆယ္ၿမိဳ႕ ႏွင့္ ၁၂မုိင္ကြာေဝးသည့္ ေမာ္ေတာင္းက်းရြာ ႏွင့္ တာလံုေက်းရြာ ၾကားတြင္ မႏၱေလးသို႔ဆင္းသည့္ ၁၂ဘီးကားတစီး မီး႐ိႈ႕ခံရၿပီး ကားမီးေလာင္သည္ဟု မူဆယ္ေဒသခံမ်ား ေျပာျပခ်က္ အရသိရသည္။

“ ကားမီးမ႐ႈိ႕ခံရခ်ိန္မွာ ေသနတ္သံ ၂ခ်က္ ၾကားရတယ္။ ေသနတ္သံၾကားရၿပီး ေတာ့ ကားမီးေလာင္ေတာ့တာပဲ။ မီး႐ႈိ႕ခံရတဲ့ ကားက မူဆယ္ကေန မႏၱေလး ကို ဆင္းမယ့္ကားပါ။ ကားေပၚမွာေတာ့ အိမ္ေဆာက္ပစၥည္းေတြ ပါပါတယ္” ဟု ကားမီးရႈိ႕ ခံရသည့္ အနီးပတ္ဝန္းက်င္တြင္ေနထိုင္သူ စိုင္းေရႊေမာင္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

ယမန္ေန႔ ကားမီး႐ႈိ႕ခံရသည့္ေနရသည္ တုိင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႔ က မၾကာခဏ ဆက္ေၾကးလာေရာက္ေကာက္ခံသည့္ေနရာျဖစ္ေၾကာင္းလည္း စိုင္းေရႊေမာင္က ေျပာသည္။

“ အဲ့ေနရာက ကခ်င္ လက္နက္ကိုင္ အဖြဲ႔ မၾကာခဏ ဆက္ေၾကးလာေကာက္တယ္။ ဒီလ ၇ရက္ေန႔ကလည္း ကုန္တင္ကား ၄စီး၊ ၁၁ရက္ေန႔က ကုန္ကား ၅စီး ဆက္ေၾကးေပးရတယ္။ မေန႔က ညိွတာမရလုိ႔ ေနမယ္” ဟု စိုင္းေရႊေမာင္ က ေျပာသည္။

အဆုိပါ ဆက္ေၾကးေကာက္ရာတြင္ ၁၂ဘီးကားတစီးလွ်င္ သိန္း ၆၀ ေပးေဆာင္ရၿပီး၊ ၂၂ဘီးကားျဖစ္ပါက သိန္း ၂၀၀ ေပးေဆာင္ရေၾကာင္းလည္း ကားသမားမ်ားေျပာျပခ်က္ အရ သိရသည္။

ယမန္ေန႔ မီး႐ႈိ႔ခံရသည့္ ၁၂ဘီးကားသည္ က်ပ္သိန္း ၈၀၀ တန္ဖိုး ရွိိၿပီး၊ တင္ေဆာင္လာသည့္ ကုန္ပစၥည္းတန္ဖိုးသည္ က်ပ္သိန္း ၅၀၀ အထက္ရွိေၾကာင္း လည္း ကားသမား အသိုင္းအဝန္းက ေျပာၾကားသည္။

လက္ရွိမွာ မည္သည့္ လက္နက္ကိုင္ တပ္ဖြဲ႔ လက္ခ်က္ေၾကာင့္ မီးေလာင္သည္ကို အေသးစိတ္မသိရေသးေပ။

“ဟိုေန႔က ၂၂ဘီးကား သိန္း ၂၀၀ ဆက္ေၾကးေပးရတယ္။ က်ေနာ္တုိ႔ ကားသမားေတြ ကခ်င္ လက္နက္ကိုင္ ေတြဆီ ေငြသြားေဆာင္ရတယ္။ သြားမေဆာင္ရန္ လည္း မျဖစ္သင့္တာျဖစ္မွာ ေၾကာက္ရတယ္” ဟု မူဆယ္-မႏၱေလး ကုန္ကားေမာင္းသည့္ ကိုရဲ က ေျပာသည္။

ထုိကားမီး႐ႈိ႕ခံရသည့္ ကိစၥႏွင့္ ပတ္သက္ၿပီး ကခ်င္ လြတ္ေျမာက္ေရး တပ္မေတာ္ (KIA) ကို သွ်မ္းသံေတာ္ဆင့္ မွ ဆက္သြယ္ေမးျမန္းေသာ္လည္း မရခဲ့ေပ။

သွ်မ္းျပည္ ေျမာက္ပို္ငး ကြတ္ခုိင္ၿမိဳ႕နယ္ နမ့္ကြက္ေက်းရြာ အနီးတြင္ ယမန္ႏွစ္ စက္တင္ဘာ တြင္ ကုန္တင္ကား ၇ စီး မီးရိႈ႔ခံ ခဲ့ရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
(Unicode)⤵⤵⤵
မူဆယ်မြို့နယ် တွင် ကားတစီး မီးလောင်

ဇန်နဝါရီ ၁၃၊၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် တွင် ယမန်နေ့ (ဇန်နဝါရီ ၁၂) ည ၈နာရီခွဲကျော်၌ ၁၂ဘီးကား တစီး မီးလောင်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူဆယ်မြို့ နှင့် ၁၂မိုင်ကွာဝေးသည့် မော်တောင်းကျးရွာ နှင့် တာလုံကျေးရွာ ကြားတွင် မန္တလေးသို့ဆင်းသည့် ၁၂ဘီးကားတစီး မီးရှို့ခံရပြီး ကားမီးလောင်သည်ဟု မူဆယ်ဒေသခံများ ပြောပြချက် အရသိရသည်။

“ ကားမီးမရှို့ခံရချိန်မှာ သေနတ်သံ ၂ချက် ကြားရတယ်။ သေနတ်သံကြားရပြီး တော့ ကားမီးလောင်တော့တာပဲ။ မီးရှို့ခံရတဲ့ ကားက မူဆယ်ကနေ မန္တလေး ကို ဆင်းမယ့်ကားပါ။ ကားပေါ်မှာတော့ အိမ်ဆောက်ပစ္စည်းတွေ ပါပါတယ်” ဟု ကားမီးရှို့ ခံရသည့် အနီးပတ်ဝန်းကျင်တွင်နေထိုင်သူ စိုင်းရွှေမောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယမန်နေ့ ကားမီးရှို့ခံရသည့်နေရသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ က မကြာခဏ ဆက်ကြေးလာရောက်ကောက်ခံသည့်နေရာဖြစ်ကြောင်းလည်း စိုင်းရွှေမောင်က ပြောသည်။

“ အဲ့နေရာက ကချင် လက်နက်ကိုင် အဖွဲ့ မကြာခဏ ဆက်ကြေးလာကောက်တယ်။ ဒီလ ၇ရက်နေ့ကလည်း ကုန်တင်ကား ၄စီး၊ ၁၁ရက်နေ့က ကုန်ကား ၅စီး ဆက်ကြေးပေးရတယ်။ မနေ့က ညှိတာမရလို့ နေမယ်” ဟု စိုင်းရွှေမောင် က ပြောသည်။

အဆိုပါ ဆက်ကြေးကောက်ရာတွင် ၁၂ဘီးကားတစီးလျှင် သိန်း ၆၀ ပေးဆောင်ရပြီး၊ ၂၂ဘီးကားဖြစ်ပါက သိန်း ၂၀၀ ပေးဆောင်ရကြောင်းလည်း ကားသမားများပြောပြချက် အရ သိရသည်။

ယမန်နေ့ မီးရှို့ခံရသည့် ၁၂ဘီးကားသည် ကျပ်သိန်း ၈၀၀ တန်ဖိုး ရှိပြီး၊ တင်ဆောင်လာသည့် ကုန်ပစ္စည်းတန်ဖိုးသည် ကျပ်သိန်း ၅၀၀ အထက်ရှိကြောင်း လည်း ကားသမား အသိုင်းအဝန်းက ပြောကြားသည်။

လက်ရှိမှာ မည်သည့် လက်နက်ကိုင် တပ်ဖွဲ့ လက်ချက်ကြောင့် မီးလောင်သည်ကို အသေးစိတ်မသိရသေးပေ။

“ဟိုနေ့က ၂၂ဘီးကား သိန်း ၂၀၀ ဆက်ကြေးပေးရတယ်။ ကျနော်တို့ ကားသမားတွေ ကချင် လက်နက်ကိုင် တွေဆီ ငွေသွားဆောင်ရတယ်။ သွားမဆောင်ရန် လည်း မဖြစ်သင့်တာဖြစ်မှာ ကြောက်ရတယ်” ဟု မူဆယ်-မန္တလေး ကုန်ကားမောင်းသည့် ကိုရဲ က ပြောသည်။

ထိုကားမီးရှို့ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပေ။

သျှမ်းပြည် မြောက်ပိုငး ကွတ်ခိုင်မြို့နယ် နမ့်ကွက်ကျေးရွာ အနီးတွင် ယမန်နှစ် စက်တင်ဘာ တွင် ကုန်တင်ကား ၇ စီး မီးရှို့ခံ ခဲ့ရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
မူဆယ္ၿမိဳ႕နယ္ တြင္ ကားတစီး မီးေလာင္ မူဆယ္ၿမိဳ႕နယ္ တြင္ ကားတစီး မီးေလာင္ Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.