ထိုင္းမွာကယ္တင္ခဲ့တဲ့ လူကုန္ကူးခံရသူ ၁၈၀၀ ေက်ာ္မွာ ျမန္မာႏိုင္ငံသားအမ်ားစုပါဝင္

(Zawgyi)⤵⤵⤵
 ၂ဝ၁၉ ခုႏွစ္အတြင္း ထိုင္းႏိုင္ငံမွာ ျမန္မာႏိုင္ငံသား အမ်ားစု ပါဝင္တဲ့ လူကုန္ကူးခံရသူ ၁၈ဝ၇ ဦး ကို ကယ္တင္ခဲ့ရၿပီး၊ လူကုန္ကူးခံရသူေတြကို လိုအပ္တဲ့ အကူအညီေပးႏိုင္တဲ့ အေျခအေနနဲ႔ ပက္သက္လို႔ စိုးရိမ္ပူပန္ေၾကာင္း လူ႔အခြင့္အေရးအဖြဲ႕ေတြက ေျပာပါတယ္။
ထိုင္းအစိုးရကထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြအရ ၂၀၁၅ ခုႏွစ္မွာ လူကုန္ကူးခံရသူ ၉၈၂ ဦး နဲ႔ ၂၀၁၈ ခုႏွစ္မွာ ၆၆၂ ဦးသာ ရွိခဲ့ၿပီး၊ ၂၀၁၉ မွာ စံခ်ိန္တင္ ျမင့္တက္လာတာျဖစ္တယ္လို႔ ႐ိုက္တာသတင္းက ေဖာ္ျပပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း လူကုန္ကူးခံရသူေတြရဲ႕ ၆၀ ရာခိုင္ႏႈန္းဟာ အမ်ိဳးသမီးေတြျဖစ္ၿပီး၊ အားလုံးရဲ႕ ေလးပုံ သုံးပုံ နီးပါးဟာ မေလးရွားႏိုင္ငံကို ဆက္လက္ထြက္ခြာၾကမယ့္ ျမန္မာႏိုင္ငံသားေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။

အခုလို လူကုန္ကူးခံရသူ အေရအတြက္ စံခ်ိန္တင္ တိုးပြားလာတဲ့အတြက္ အစိုးရက ဖြင့္လွစ္ထားတဲ့ လူကုန္ကူးခံရသူေတြအတြက္ ခိုလႈံေရးေဂဟာ ကိုးခု နဲ႔ ဥပေဒေရးရာ အကူအညီေပးေနသူေတြ အေပၚမွာ ဖိအားေတြ မ်ားလာႏိုင္တယ္လို႔ တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။

ကုလသမဂၢရဲ႕ စာရင္းေတြအရ ထိုင္းႏိုင္ငံမွာ ေ႐ႊ႕ေျပာင္းလုပ္သား ၄.၉ သန္း ရွိေနၿပီး ထိုင္းလုပ္သား ဦးေရ စုစုေပါင္းရဲ႕ ၁၀ ရာခိုင္ႏႈန္း ရွိပါတယ္။ အမ်ားစုဟာ အိမ္နီးခ်င္း ျမန္မာ၊ ကေမာၻဒီးယားနဲ႔ ဗီယက္နမ္ ႏိုင္ငံေတြက ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
-----------
(Unicode)⤵⤵⤵
ထိုင်းမှာကယ်တင်ခဲ့တဲ့ လူကုန်ကူးခံရသူ ၁၈၀၀ ကျော်မှာ မြန်မာနိုင်ငံသားအများစုပါဝင်

 ၂ဝ၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အများစု ပါဝင်တဲ့ လူကုန်ကူးခံရသူ ၁၈ဝ၇ ဦး ကို ကယ်တင်ခဲ့ရပြီး၊ လူကုန်ကူးခံရသူတွေကို လိုအပ်တဲ့ အကူအညီပေးနိုင်တဲ့ အခြေအနေနဲ့ ပက်သက်လို့ စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ထိုင်းအစိုးရကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၅ ခုနှစ်မှာ လူကုန်ကူးခံရသူ ၉၈၂ ဦး နဲ့ ၂၀၁၈ ခုနှစ်မှာ ၆၆၂ ဦးသာ ရှိခဲ့ပြီး၊ ၂၀၁၉ မှာ စံချိန်တင် မြင့်တက်လာတာဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

၂၀၁၉ ခုနှစ်အတွင်း လူကုန်ကူးခံရသူတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး၊ အားလုံးရဲ့ လေးပုံ သုံးပုံ နီးပါးဟာ မလေးရှားနိုင်ငံကို ဆက်လက်ထွက်ခွာကြမယ့် မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို လူကုန်ကူးခံရသူ အရေအတွက် စံချိန်တင် တိုးပွားလာတဲ့အတွက် အစိုးရက ဖွင့်လှစ်ထားတဲ့ လူကုန်ကူးခံရသူတွေအတွက် ခိုလှုံရေးဂေဟာ ကိုးခု နဲ့ ဥပဒေရေးရာ အကူအညီပေးနေသူတွေ အပေါ်မှာ ဖိအားတွေ များလာနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား ၄.၉ သန်း ရှိနေပြီး ထိုင်းလုပ်သား ဦးရေ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း ရှိပါတယ်။ အများစုဟာ အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေက ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ထိုင္းမွာကယ္တင္ခဲ့တဲ့ လူကုန္ကူးခံရသူ ၁၈၀၀ ေက်ာ္မွာ ျမန္မာႏိုင္ငံသားအမ်ားစုပါဝင္ ထိုင္းမွာကယ္တင္ခဲ့တဲ့ လူကုန္ကူးခံရသူ ၁၈၀၀ ေက်ာ္မွာ ျမန္မာႏိုင္ငံသားအမ်ားစုပါဝင္ Reviewed by THITHTOOLWIN on 10:03 Rating: 5
Powered by Blogger.