ဘူးသီးေတာင္ေပါက္ကြဲမႈ ၁၀ႏွစ္ ဝန္းက်င္ ကေလးငယ္ ေလးဦးေသဆုံး

၈ ႏွစ္အ႐ြယ္ႏွစ္ဦးနဲ႔ ၁၀ ႏွစ္အ႐ြယ္ ကေလး၆ ဦးဒဏ္ရာရ
(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၇ ရက္ မနက္ ၁၀ နာရီခြဲခန႔္က ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းက ထိပ္ထူးေပါက္ ေက်း႐ြာအနီး လက္နက္ႀကီးက်ည္တစ္လုံး ေပါက္ကြဲခဲ့တာေၾကာင့္ ကေလးငယ္ ၉ ဦးနဲ႔ လူငယ္တစ္ဦး ထိခိုက္ဒဏ္ရရွိခဲ့ၿပီး အဲ့ဒီထဲက ၄ ဦးဟာ ေသဆုံးသြားခဲ့တယ္လို႔ ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

ေသဆုံးသြားတဲ့သူေလးဦးမွာ အသက္ ၈ ႏွစ္အ႐ြယ္ႏွစ္ဦးနဲ႔ ၁၀ ႏွစ္အ႐ြယ္ႏွစ္ဦးျဖစ္ၿပီး၊ ဒဏ္ရာရရွိသူ ၆ ဦးထဲမွာ အသက္ ၇ ႏွစ္အ႐ြယ္တစ္ဦး၊ ၈ ႏွစ္အ႐ြယ္ ႏွစ္ဦး၊ ၁၈ ႏွစ္အ႐ြယ္ ႏွစ္ဦးနဲ႔ ၂၅ ႏွစ္အ႐ြယ္တစ္ဦးတို႔ျဖစ္ၾကၿပီး ထိပ္ထူးေပါက္ေက်း႐ြာက ၉ ဦးနဲ႔ ေနာက္ထပ္တစ္႐ြာက တစ္ဦးတို႔ပါဝင္တယ္လို႔ ေက်း႐ြာတာဝန္ခံကေျပာပါတယ္။

အဲ့ဒီထိပ္ထူးေပါက္ေက်း႐ြာဟာ ေက်ာက္ရံေက်း႐ြာအုပ္စုအတြင္းက ေက်း႐ြာတစ္႐ြာျဖစ္ပါတယ္။ ေသဆုံးသူ ေလးဦးနဲ႔ ဒဏ္ရာရသူ ေျခာက္ဦးရွိခဲ့တယ္လို႔ ႐ြာသားေတြရဲ႕သတင္းေပးပို႔ခ်က္အရ သိရေၾကာင္းနဲ႔ အဲ့ဒီဘက္မွာ တိုက္ပြဲျဖစ္ပြား ခဲ့တာမရွိဘူးလို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊက ေျပာပါတယ္။

ထိပ္ထူးေပါက္ေက်း႐ြာအနီးဝန္က်င္မွာ ယခင္က တိုက္ပြဲျဖစ္ပြားခဲ့ဖူးၿပီး၊ မၾကာေသးခင္က တပ္မေတာ္စစ္ေၾကာင္းေတြ တပ္စခန္းခ်ေနထိုင္ခဲ့တာေတြရွိခဲ့ေၾကာင္းနဲ႔ သူတို႔ေထာင္ထားခဲ့တဲ့ မိုင္းေတြေပါက္ကြဲတာျဖစ္ႏိုင္သလို ေအေအနဲ႔ သက္ဆိုင္မႈမရွိဘူးလို႔ ခိုင္သုခက ေျပာပါတယ္။
တပ္မေတာ္စစ္ေၾကာင္းေတြ တပ္စခန္းခ်ေနထိုင္ခဲ့တာေတြရွိခဲ့
"၁၀ ေယာက္မွာ ေလးေယာက္က ေသသြားပါတယ္။ ေနာက္ထပ္ ၆ ေယာက္က ဒဏ္ရာျပင္းပါတယ္။ အဲ့ဒီမွာ က်ဴရွင္ျပေနတဲ့ ဆရာတစ္ေယာက္ပါပါတယ္။ ဆရာနဲ႔ကေလးေတြက ႐ြာနားမွာ ထင္းေခြဖို႔သြားတယ္လို႔သိရတယ္။ ၁၀ နာရီခြဲေလာက္မွာ ေပါက္တာပါ။ မိုင္းလား၊ လက္နက္ႀကီးလားကြၽန္ေတာ္မေျပာတတ္ဘူး။"လို႔ ထိပ္ထူးေပါက္ ေက်း႐ြာတာဝန္ခံက ဘီဘီစီကို ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕နဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တို႔ကို ဘီဘီစီက ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုခဲ့ျခင္းမရွိခဲ့တာပါ။

ထိပ္ထူးေပါက္ေက်း႐ြာဟာ ဘူးသီးေတာင္ၿမိဳ႕ေပၚကေန ေတာင္ဘက္ ၇ မိုင္ဝန္းက်င္ခန႔္ကြာေဝးတဲ့ေနရာမွာတည္ရွိၿပီး မြတ္ဆလင္ဘာသာဝင္ေတြေနထိုင္တဲ့ ေက်း႐ြာတစ္႐ြာျဖစ္ကာ အရင္ကလည္း အဲ့ဒီေက်း႐ြာအတြင္းက လက္နက္ႀကီး က်ည္ေတြ က်ေရာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ေသဆုံးထိခိုက္တာေတြလည္း ရွိခဲ့ပါတယ္။

အဲ့ဒီေက်း႐ြာအနီးတဝိုက္မွာ တိုက္ပြဲျဖစ္ပြားခဲ့တာမရွိေပမယ့္ တပ္မေတာ္ဘက္က လက္နက္ႀကီးေတြနဲ႔ပစ္ခတ္ေနတာ ေတြရွိေနၿပီး အဲ့ဒီကက်ည္ေတြက်ေရာက္ေပါက္ကြဲတာလည္းျဖစ္ႏိုင္တယ္လို႔ ေအေအဘက္က တုံ႔ျပန္ေျပာဆိုပါတယ္။
 ေျမျမႇဳပ္မိုင္း ေပါက္ကြဲမႈျဖစ္ပြားခဲ့တာ ဆိုၿပီး ေျပာဆိုတာေတြလည္းရွိ

အဲ့ဒီျဖစ္စဥ္မွာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲတာမဟုတ္ဘဲ ေျမျမႇဳပ္မိုင္း ေပါက္ကြဲမႈျဖစ္ပြားခဲ့တာ ဆိုၿပီး ေျပာဆိုတာေတြလည္းရွိေနပါတယ္။ ဒီအေပၚမွာေတာ့ ဘယ္လိုေပါက္ကြဲမႈမ်ိဳးျဖစ္တယ္ဆိုတာကို ဘီဘီစီ က သီးျခား အတည္ျပဳႏိုင္ျခင္းမရွိပါဘူး။

အခုရက္ပိုင္းအတြင္း ရခိုင္ျပည္နယ္အတြင္းက ေနရာေတာ္ေတာ္မ်ားမ်ားမွာ တပ္မေတာ္နဲ႔ ေအေအတို႔အၾကားျဖစ္ပြားေနတဲ့ စစ္ပြဲေတြဟာ မ်ားျပားလာေနၿပီး တပ္မေတာ္ဘက္က လက္နက္ႀကီးပစ္ခတ္တာေတြအျပင္ ေမာင္းသူမဲ့ ဒ႐ုန္းေလယာဥ္ ေတြနဲ႔ တိုက္ခိုက္တာေတြ၊ ရဟတ္ယာဥ္ေတြ၊ ဂ်က္တိုက္ေလယာဥ္ေတြနဲ႔ တိုက္ခိုက္တာေတြကိုပါ ျပဳလုပ္လာခဲ့တာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း ရခိုင္ျပည္နယ္မွာ ျမန္မာ့တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအႀကိမ္ေပါင္း ၆၀၀ ေက်ာ္ရွိခဲ့ၿပီး အဲ့ဒီတိုက္ပြဲေတြအတြင္း အရပ္သား တသိန္းေက်ာ္ ေနရပ္စြန႔္ခြာထြက္ေျပးေနၾကရသလို ေသဆုံးသူ ၁၀၀ ေက်ာ္၊ ထိခိုက္ဒစ္ရာရရွိသူ ၂၀၀ ေက်ာ္နဲ႔ ဖမ္းဆီးခံေနရသူ ၃၀၀ ေက်ာ္ထိရွိေနတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံးကေန သိရပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ဘူးသီးတောင်ပေါက်ကွဲမှု ၁၀နှစ် ဝန်းကျင် ကလေးငယ် လေးဦးသေဆုံး

Image caption ၈ နှစ်အရွယ်နှစ်ဦးနဲ့ ၁၀ နှစ်အရွယ် ကလေး၆ ဦးဒဏ်ရာရ

ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီခွဲခန့်က ဘူးသီးတောင်မြို့နယ်အတွင်းက ထိပ်ထူးပေါက် ကျေးရွာအနီး လက်နက်ကြီးကျည်တစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် ၉ ဦးနဲ့ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့ပြီး အဲ့ဒီထဲက ၄ ဦးဟာ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့သူလေးဦးမှာ အသက် ၈ နှစ်အရွယ်နှစ်ဦးနဲ့ ၁၀ နှစ်အရွယ်နှစ်ဦးဖြစ်ပြီး၊ ဒဏ်ရာရရှိသူ ၆ ဦးထဲမှာ အသက် ၇ နှစ်အရွယ်တစ်ဦး၊ ၈ နှစ်အရွယ် နှစ်ဦး၊ ၁၈ နှစ်အရွယ် နှစ်ဦးနဲ့ ၂၅ နှစ်အရွယ်တစ်ဦးတို့ဖြစ်ကြပြီး ထိပ်ထူးပေါက်ကျေးရွာက ၉ ဦးနဲ့ နောက်ထပ်တစ်ရွာက တစ်ဦးတို့ပါဝင်တယ်လို့ ကျေးရွာတာဝန်ခံကပြောပါတယ်။

အဲ့ဒီထိပ်ထူးပေါက်ကျေးရွာဟာ ကျောက်ရံကျေးရွာအုပ်စုအတွင်းက ကျေးရွာတစ်ရွာဖြစ်ပါတယ်။ သေဆုံးသူ လေးဦးနဲ့ ဒဏ်ရာရသူ ခြောက်ဦးရှိခဲ့တယ်လို့ ရွာသားတွေရဲ့သတင်းပေးပို့ချက်အရ သိရကြောင်းနဲ့ အဲ့ဒီဘက်မှာ တိုက်ပွဲဖြစ်ပွား ခဲ့တာမရှိဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

ထိပ်ထူးပေါက်ကျေးရွာအနီးဝန်ကျင်မှာ ယခင်က တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး၊ မကြာသေးခင်က တပ်မတော်စစ်ကြောင်းတွေ တပ်စခန်းချနေထိုင်ခဲ့တာတွေရှိခဲ့ကြောင်းနဲ့ သူတို့ထောင်ထားခဲ့တဲ့ မိုင်းတွေပေါက်ကွဲတာဖြစ်နိုင်သလို အေအေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ခိုင်သုခက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် CJ
Image caption တပ်မတော်စစ်ကြောင်းတွေ တပ်စခန်းချနေထိုင်ခဲ့တာတွေရှိခဲ့

"၁၀ ယောက်မှာ လေးယောက်က သေသွားပါတယ်။ နောက်ထပ် ၆ ယောက်က ဒဏ်ရာပြင်းပါတယ်။ အဲ့ဒီမှာ ကျူရှင်ပြနေတဲ့ ဆရာတစ်ယောက်ပါပါတယ်။ ဆရာနဲ့ကလေးတွေက ရွာနားမှာ ထင်းခွေဖို့သွားတယ်လို့သိရတယ်။ ၁၀ နာရီခွဲလောက်မှာ ပေါက်တာပါ။ မိုင်းလား၊ လက်နက်ကြီးလားကျွန်တော်မပြောတတ်ဘူး။"လို့ ထိပ်ထူးပေါက် ကျေးရွာတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိခဲ့တာပါ။

ထိပ်ထူးပေါက်ကျေးရွာဟာ ဘူးသီးတောင်မြို့ပေါ်ကနေ တောင်ဘက် ၇ မိုင်ဝန်းကျင်ခန့်ကွာဝေးတဲ့နေရာမှာတည်ရှိပြီး မွတ်ဆလင်ဘာသာဝင်တွေနေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်ကာ အရင်ကလည်း အဲ့ဒီကျေးရွာအတွင်းက လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးထိခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

အဲ့ဒီကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိပေမယ့် တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာ တွေရှိနေပြီး အဲ့ဒီကကျည်တွေကျရောက်ပေါက်ကွဲတာလည်းဖြစ်နိုင်တယ်လို့ အေအေဘက်က တုံ့ပြန်ပြောဆိုပါတယ်။
ဓာတ်ပုံ မူပိုင် CJ
Image caption မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဆိုပြီး ပြောဆိုတာတွေလည်းရှိ

အဲ့ဒီဖြစ်စဉ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာမဟုတ်ဘဲ မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဆိုပြီး ပြောဆိုတာတွေလည်းရှိနေပါတယ်။ ဒီအပေါ်မှာတော့ ဘယ်လိုပေါက်ကွဲမှုမျိုးဖြစ်တယ်ဆိုတာကို ဘီဘီစီ က သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။

အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်အတွင်းက နေရာတော်တော်များများမှာ တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ များပြားလာနေပြီး တပ်မတော်ဘက်က လက်နက်ကြီးပစ်ခတ်တာတွေအပြင် မောင်းသူမဲ့ ဒရုန်းလေယာဉ် တွေနဲ့ တိုက်ခိုက်တာတွေ၊ ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်တာတွေကိုပါ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြိမ်ပေါင်း ၆၀၀ ကျော်ရှိခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေအတွင်း အရပ်သား တသိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရသလို သေဆုံးသူ ၁၀၀ ကျော်၊ ထိခိုက်ဒစ်ရာရရှိသူ ၂၀၀ ကျော်နဲ့ ဖမ်းဆီးခံနေရသူ ၃၀၀ ကျော်ထိရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ သိရပါတယ်။

BBC Burmese
https://www.bbc.com
ဘူးသီးေတာင္ေပါက္ကြဲမႈ ၁၀ႏွစ္ ဝန္းက်င္ ကေလးငယ္ ေလးဦးေသဆုံး ဘူးသီးေတာင္ေပါက္ကြဲမႈ ၁၀ႏွစ္ ဝန္းက်င္ ကေလးငယ္ ေလးဦးေသဆုံး Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.