ေနစၾကဝဠာျပင္ပက ၾကယ္နဲ႔ၿဂိဳဟ္တစ္လုံးကို ျမန္မာနာမည္ေပး

(Zawgyi)⤵⤵⤵
 ေနစၾကဝဠာ ျပင္ပမွာရွိတဲ့ ၾကယ္နဲ႔ၿဂိဳဟ္ေတြကို ကမာၻ႔ႏိုင္ငံ အသီးသီးက အဆိုျပဳတဲ့ နာမည္ေတြေပးခဲ့ရာမွာ၊ ကမာၻကေန အလင္းႏွစ္ေပါင္း ၅၅၃ ႏွစ္အကြာမွာရွိတဲ့ ၾကယ္နဲ႔ ၿဂိဳဟ္တစ္လုံးကို ‘ဧရာဝတီ’ နဲ႔ ‘ပုဂံ’ ဆိုၿပီး ျမန္မာနာမည္ေတြ ေပးလိုက္ပါတယ္။

ျပင္သစ္ႏိုင္ငံအေျခစိုက္ ႏိုင္ငံတကာ နကၡတ္တာရာ ပညာရွင္မ်ားအဖြဲ႕ - IAU (International Astrological Union) ရဲ႕ ႏွစ္တစ္ရာျပည့္ အထိမ္းအမွတ္အျဖစ္ ျပဳလုပ္တဲ့ ဒီအစီအစဥ္မွာ ရန္ကုန္တကၠသိုလ္ ႐ူပေဗဒဌာနနဲ႔ ျမန္မာ့နကၡတ္တာရာႏွင့္ သိပၸံပညာ ဝါသနာရွင္မ်ားအသင္းတို႔က ျမန္မာႏိုင္ငံ ကိုယ္စားျပဳပါဝင္ခဲ့ၿပီး ဒီနာမည္ႏွစ္ခုကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

မူလက HD 18742 နဲ႔ HD 18742 B လို႔ နာမည္ေတြ ေပးထားတဲ့ အဲဒီၾကယ္နဲ႔ၿဂိဳဟ္ဟာ Eridanus လို႔ေခၚတဲ့ ၾကယ္စုအတြင္းမွာ တည္ရွိၿပီး၊ ၂ဝ၁၁ ခုႏွစ္က အေမရိကန္ျပည္ေထာင္စု ဟာဝိုင္အီကြၽန္းမွာရွိတဲ့ Keck Observatory နကၡတ္တာရာၾကည့္ မွန္ေျပာင္းကတဆင့္ ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ဧရာဝတီၾကယ္ဟာ အခ်င္းဝက္အားျဖင့္ ေနထက္ ငါးဆေလာက္ ပိုႀကီးမားၿပီး ဒီၾကယ္ကို လွည့္ပတ္ေနတဲ့ ပုဂံၿဂိဳဟ္ကေတာ့ ဂ်ဴပီတာ ေခၚ ၾကာသပေတးၿဂိဳဟ္ထက္ သုံးဆခြဲေလာက္ႀကီးတယ္လို႔ ဆိုပါတယ္။

အခု အတည္ျပဳလိုက္တဲ့ ျမန္မာနာမည္ေတြကို ႏိုင္ငံတကာအဆင့္ အသိအမွတ္ျပဳ မွတ္တမ္းတင္ထားၿပီး၊ အနာဂတ္မွာ ဒီနာမည္ေတြနဲ႔ပဲ ရည္ၫႊန္း အသုံးျပဳသြားမယ္လို႔ သိရပါတယ္။

ျမန္မာနည္းတူပဲ အေရွ႕ေတာင္အာရွႏိုင္ငံေတြျဖစ္တဲ့ စကၤာပူ၊ မေလးရွား၊ ထိုင္း၊ ဖိလစ္ပိုင္နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း သက္ဆိုင္ရာ ၾကယ္တစ္လုံးစီကို သူတို႔ဘာသာစကားနဲ႔ နာမည္အသီးသီး ေပးခဲ့ၾကပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
-------------
(Unicode)⤵⤵⤵
နေစကြဝဠာပြင်ပက ကြယ်နဲ့ဂြိုဟ်တစ်လုံးကို မြန်မာနာမည်ပေး

 နေစကြဝဠာ ပြင်ပမှာရှိတဲ့ ကြယ်နဲ့ဂြိုဟ်တွေကို ကမ္ဘာ့နိုင်ငံ အသီးသီးက အဆိုပြုတဲ့ နာမည်တွေပေးခဲ့ရာမှာ၊ ကမ္ဘာကနေ အလင်းနှစ်ပေါင်း ၅၅၃ နှစ်အကွာမှာရှိတဲ့ ကြယ်နဲ့ ဂြိုဟ်တစ်လုံးကို ‘ဧရာဝတီ’ နဲ့ ‘ပုဂံ’ ဆိုပြီး မြန်မာနာမည်တွေ ပေးလိုက်ပါတယ်။

ပြင်သစ်နိုင်ငံအခြေစိုက် နိုင်ငံတကာ နက္ခတ်တာရာ ပညာရှင်များအဖွဲ့ - IAU (International Astrological Union) ရဲ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ ဒီအစီအစဉ်မှာ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနနဲ့ မြန်မာ့နက္ခတ်တာရာနှင့် သိပ္ပံပညာ ဝါသနာရှင်များအသင်းတို့က မြန်မာနိုင်ငံ ကိုယ်စားပြုပါဝင်ခဲ့ပြီး ဒီနာမည်နှစ်ခုကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

မူလက HD 18742 နဲ့ HD 18742 B လို့ နာမည်တွေ ပေးထားတဲ့ အဲဒီကြယ်နဲ့ဂြိုဟ်ဟာ Eridanus လို့ခေါ်တဲ့ ကြယ်စုအတွင်းမှာ တည်ရှိပြီး၊ ၂ဝ၁၁ ခုနှစ်က အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီကျွန်းမှာရှိတဲ့ Keck Observatory နက္ခတ်တာရာကြည့် မှန်ပြောင်းကတဆင့် ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီကြယ်ဟာ အချင်းဝက်အားဖြင့် နေထက် ငါးဆလောက် ပိုကြီးမားပြီး ဒီကြယ်ကို လှည့်ပတ်နေတဲ့ ပုဂံဂြိုဟ်ကတော့ ဂျူပီတာ ခေါ် ကြာသပတေးဂြိုဟ်ထက် သုံးဆခွဲလောက်ကြီးတယ်လို့ ဆိုပါတယ်။

အခု အတည်ပြုလိုက်တဲ့ မြန်မာနာမည်တွေကို နိုင်ငံတကာအဆင့် အသိအမှတ်ပြု မှတ်တမ်းတင်ထားပြီး၊ အနာဂတ်မှာ ဒီနာမည်တွေနဲ့ပဲ ရည်ညွှန်း အသုံးပြုသွားမယ်လို့ သိရပါတယ်။

မြန်မာနည်းတူပဲ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း သက်ဆိုင်ရာ ကြယ်တစ်လုံးစီကို သူတို့ဘာသာစကားနဲ့ နာမည်အသီးသီး ပေးခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ေနစၾကဝဠာျပင္ပက ၾကယ္နဲ႔ၿဂိဳဟ္တစ္လုံးကို ျမန္မာနာမည္ေပး ေနစၾကဝဠာျပင္ပက ၾကယ္နဲ႔ၿဂိဳဟ္တစ္လုံးကို ျမန္မာနာမည္ေပး Reviewed by THITHTOOLWIN on 10:00 Rating: 5
Powered by Blogger.