ျပည္ႀကီးတ႐ုတ္အမ်ိဳးသမီး ခ်င္းမိုင္တြင္ ပေဟဠိဆန္ဆန္ေသဆုံး

(Zawgyi)⤵⤵⤵
သၽွမ္းသံေတာ္ဆင့္၊ ဟြမ္ဟိန္း
ဇန္နဝါရီလ ၂၉ ရက္ ၂၀၂၀

ထိုင္းနိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ တ႐ုတ္ျပည္မွလာေသာ ခရီးသြားဧည့္သည္ အမ်ိဳးသမီးတဦး ပေဟဠိဆန္ဆန္ေသဆုံးမွုေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္ျဖစ္မည္ကိုေဒသခံျပည္သူလူထု စိုးရိမ္ထိတ္လွန႔္ ေနၾကသည္။

ဇန္နဝါရီလ ၂၉ ရက္ ယေန႔မနက္ ၈ နာရီခြဲခန႔္က ခ်င္းမိုင္ခရိုင္ မယ့္ရင္းမ္ၿမိဳ႕နယ္ရွိ ဆုကြန္ထာရာ ရီေဆာ့တ္ တြင္တည္းခိုေနေသာ တ႐ုတ္နိုင္ငံ ရွန္တုန္းၿမိဳ႕သူ အသက္ ၃၂ ႏွစ္အရြယ္ Wang Li Juan သည္ တည္းခိုသည့္အခန္းအတြင္းေသဆုံးေနသျဖင့္ လူမွုကူညီေရးအဖြဲ႕မွ အေလာင္းအားသြား ေရာက္သယ္ေဆာင္ကာ ခ်င္းမိုင္ၿမိဳ႕ နခြန္းဖင္း ေဆး႐ုံ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ထားေၾကာင္းသိရသည္။

၎အမ်ိဳးသမီးအေလာင္းအား သက္ဆိုင္ရာအာဏာပိုင္မ်ားသြားေရာက္စစ္ေဆးရာတြင္ လုပ္ႀကံသတ္ျဖတ္ခံရျခင္းမ်ိဳးမဟုတ္ေၾကာင္း ေျပာဆိုခဲ့ၿပီး ေသဆုံးရျခင္းအေၾကာင္းရင္းကို စစ္ေဆးမွုျပဳလုပ္ေနဆဲျဖစ္ေၾကာင္းသာ သတင္းေထာက္မ်ားအားေျပာဆိုသည္။

ခ်င္းမိုင္ခရိုင္ က်န္းမာေရးဌာနကမူ ၎အမ်ိဳးသမီးသည္ ယမန္ေန႔ညက အရက္အလြန္အကၽြံေသာက္ထားမွုေၾကာင့္ေသဆုံးဖြယ္ျဖစ္ေၾကာင္းသာ ကနဦး ေၾကျငာထားသည္။

ေသဆုံးသူ တ႐ုတ္အမ်ိဳးသမီး၏ ခရီးသြားေဖာ္မ်ားက- “မေန႔ညကေတာင္မွ ညစာအတူတူစားၾကေသးတယ္။ သူသိပ္ေနမေကာင္းဘူးလို႔ေျပာတယ္။ ဒီမနက္အံ့ဩဖြယ္ ေသဆုံးေနတယ္ ” - ဟုေျပာဆိုေၾကာင္းလည္း The One ထိုင္းသတင္းဌာနက ေရးသားေဖာ္ျပထားသည္။

အမ်ိဳးသမီးအေလာင္းသြားေရာက္သယ္ေဆာင္သူမ်ားမွာ ဗိုင္းရပ္စ္ကာကြယ္သည့္ဝတ္စုံမ်ားျဖင့္ သြားေရာက္သယ္ေဆာင္ၾကသျဖင့္ ခ်င္းမိုင္လူထုၾကား စိုးရိမ္ထိတ္လွန႔္မွုမ်ားျဖစ္ပြါးခဲ့ၾကသည္။

ခ်င္းမိုင္ၿမိဳ႕နယ္အတြင္း သၽွမ္းေရႊ႕ေျပာင္းအလုပ္သမားမ်ား၏ က်န္းမာေရးအတြက္ ကူညီေဆာင္ရြက္မွုေပးေနေသာ နန္းယိင္းက - “ခ်င္းမိုင္ေရာက္ ေရႊ႕ေျပာင္းအလုပ္သမားေတြက ျမန္မာနိုင္ငံကလာတဲ့ သူေတြခ်ည္းဘဲ။ အလုပ္သမားေတြက က်န္းမာေရးေစာင့္ေရွာက္မွုအေပၚ သိပ္ၿပီးအေလးမထားၾကဘူး။ အထူးသျဖင့္ က်မတို႔ သၽွမ္းျပည္သားအလုပ္သမားေတြ ေပါ့။ အရမ္း စိုးရိမ္မိပါတယ္။ မတ္စ္ ေတြတပ္ထားေစခ်င္တယ္။ ” - ဟုသၽွမ္းသံေတာ္ဆင့္အားေျပာသည္။

လက္ရွိတြင္ ဇန္နဝါရီလ ၂၉ ရက္ မြန္းတည့္ခ်ိန္အထိ စာရင္းအရ တ႐ုတ္နိုင္ငံအပါအဝင္ တကမၻာလုံးတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၆၀၇၈ ဦးရွိၿပီး ေသဆုံးသူမွာ ၁၃၂ ဦးရွိၿပီျဖစ္ေၾကာင္း South China Morning Post သတင္းအရသိရသည္။ ဗိုင္းရပ္စ္ကူးစက္ခံရသူမ်ားမွာ တ႐ုတ္နိုင္ငံတြင္အမ်ားဆုံးျဖစ္ၿပီး တ႐ုတ္ခရီးသြား အမ်ားဆုံးဝင္ေရာက္လည္ပတ္ေသာ ထိုင္းနိုင္ငံတြင္ ဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ၁၄ ေယာက္ျဖင့္ ဒုတိယအမ်ားဆုံးျဖစ္ေနပါသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
(Unicode)⤵⤵⤵
ပြည်ကြီးတရုတ်အမျိုးသမီး ချင်းမိုင်တွင် ပဟေဠိဆန်ဆန်သေဆုံး

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
ဇန်နဝါရီလ ၂၉ ရက် ၂၀၂၀

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တရုတ်ပြည်မှလာသော ခရီးသွားဧည့်သည် အမျိုးသမီးတဦး ပဟေဠိဆန်ဆန်သေဆုံးမှုကြောင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်မည်ကိုဒေသခံပြည်သူလူထု စိုးရိမ်ထိတ်လှန့် နေကြသည်။

ဇန်နဝါရီလ ၂၉ ရက် ယနေ့မနက် ၈ နာရီခွဲခန့်က ချင်းမိုင်ခရိုင် မယ့်ရင်းမ်မြို့နယ်ရှိ ဆုကွန်ထာရာ ရီဆော့တ် တွင်တည်းခိုနေသော တရုတ်နိုင်ငံ ရှန်တုန်းမြို့သူ အသက် ၃၂ နှစ်အရွယ် Wang Li Juan သည် တည်းခိုသည့်အခန်းအတွင်းသေဆုံးနေသဖြင့် လူမှုကူညီရေးအဖွဲ့မှ အလောင်းအားသွား ရောက်သယ်ဆောင်ကာ ချင်းမိုင်မြို့ နခွန်းဖင်း ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။

၎င်းအမျိုးသမီးအလောင်းအား သက်ဆိုင်ရာအာဏာပိုင်များသွားရောက်စစ်ဆေးရာတွင် လုပ်ကြံသတ်ဖြတ်ခံရခြင်းမျိုးမဟုတ်ကြောင်း ပြောဆိုခဲ့ပြီး သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးမှုပြုလုပ်နေဆဲဖြစ်ကြောင်းသာ သတင်းထောက်များအားပြောဆိုသည်။

ချင်းမိုင်ခရိုင် ကျန်းမာရေးဌာနကမူ ၎င်းအမျိုးသမီးသည် ယမန်နေ့ညက အရက်အလွန်အကျွံသောက်ထားမှုကြောင့်သေဆုံးဖွယ်ဖြစ်ကြောင်းသာ ကနဦး ကြေငြာထားသည်။

သေဆုံးသူ တရုတ်အမျိုးသမီး၏ ခရီးသွားဖော်များက- “မနေ့ညကတောင်မှ ညစာအတူတူစားကြသေးတယ်။ သူသိပ်နေမကောင်းဘူးလို့ပြောတယ်။ ဒီမနက်အံ့ဩဖွယ် သေဆုံးနေတယ် ” - ဟုပြောဆိုကြောင်းလည်း The One ထိုင်းသတင်းဌာနက ရေးသားဖော်ပြထားသည်။

အမျိုးသမီးအလောင်းသွားရောက်သယ်ဆောင်သူများမှာ ဗိုင်းရပ်စ်ကာကွယ်သည့်ဝတ်စုံများဖြင့် သွားရောက်သယ်ဆောင်ကြသဖြင့် ချင်းမိုင်လူထုကြား စိုးရိမ်ထိတ်လှန့်မှုများဖြစ်ပွါးခဲ့ကြသည်။

ချင်းမိုင်မြို့နယ်အတွင်း သျှမ်းရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးအတွက် ကူညီဆောင်ရွက်မှုပေးနေသော နန်းယိင်းက - “ချင်းမိုင်ရောက် ရွှေ့ပြောင်းအလုပ်သမားတွေက မြန်မာနိုင်ငံကလာတဲ့ သူတွေချည်းဘဲ။ အလုပ်သမားတွေက ကျန်းမာရေးစောင့်ရှောက်မှုအပေါ် သိပ်ပြီးအလေးမထားကြဘူး။ အထူးသဖြင့် ကျမတို့ သျှမ်းပြည်သားအလုပ်သမားတွေ ပေါ့။ အရမ်း စိုးရိမ်မိပါတယ်။ မတ်စ် တွေတပ်ထားစေချင်တယ်။ ” - ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

လက်ရှိတွင် ဇန်နဝါရီလ ၂၉ ရက် မွန်းတည့်ချိန်အထိ စာရင်းအရ တရုတ်နိုင်ငံအပါအဝင် တကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၇၈ ဦးရှိပြီး သေဆုံးသူမှာ ၁၃၂ ဦးရှိပြီဖြစ်ကြောင်း South China Morning Post သတင်းအရသိရသည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူများမှာ တရုတ်နိုင်ငံတွင်အများဆုံးဖြစ်ပြီး တရုတ်ခရီးသွား အများဆုံးဝင်ရောက်လည်ပတ်သော ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၄ ယောက်ဖြင့် ဒုတိယအများဆုံးဖြစ်နေပါသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ျပည္ႀကီးတ႐ုတ္အမ်ိဳးသမီး ခ်င္းမိုင္တြင္ ပေဟဠိဆန္ဆန္ေသဆုံး ျပည္ႀကီးတ႐ုတ္အမ်ိဳးသမီး ခ်င္းမိုင္တြင္ ပေဟဠိဆန္ဆန္ေသဆုံး Reviewed by THITHTOOLWIN on 02:04 Rating: 5
Powered by Blogger.