ေက်ာက္မဲၿမိဳ႕နယ္ အတြင္း တိုက္ပြဲျဖစ္ သားအမိ ၂ဦး က်ည္ထိေသ

(Zawgyi)⤵⤵⤵
သွ်မ္းသံေတာ္ဆင့္၊ နန္းဆိုင္ႏြမ္

ဇန္နဝါရီ ၂၈၊၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ အတြင္း ယမန္ေန႔ မြန္းလႊဲပိုင္းတြင္ တုိက္ပြဲျဖစ္ပြားမႈေၾကာင့္ အမ်ိဳးသမီး ၂ဦး က်ည္ထိမွန္ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇန္နဝါရီ ၂၈) တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ တအာင္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္( TNLA)တို႔ ေက်ာက္မဲၿမိဳ႕နယ္ ေညာင္ေမာင္းေက်းရြာ အနီးတြင္ တိုက္ပြဲျဖစ္ပြားကာ သားအမိ ၂ဦး က်ည္ထိမွန္ ကာ ပြဲခ်င္းၿပီးေသဆံုးခဲ့ေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ ေဒသခံမ်ား ေျပာျပခ်က္ အရ သိရသည္။

“ မေန႔က သားအမိ ၂ဦး ေသဆံုးတာ ဟုတ္ပါတယ္။ မေန႔က သားအမိ ၂ေယာက္က လက္ဖက္ၿခံသြားၿပီး အျပန္မွာ တုိက္ပြဲျဖစ္တာနဲ႔ ႀကံဳတာ။ အဲ့မွာက်ည္ထိၿပီး ပြဲခ်င္းၿပီးပါပဲ” ဟု ေက်ာက္မဲၿမိဳ႕ သွ်မ္းေျမာက္လူငယ္ကြန္ရက္ မွ မုိင္းေစာထြန္းထြန္းက သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

ယမန္ေန႔ ညေန ပုိင္းတြင္ သားအမိ ၂ဦးျဖစ္သည့္ ေဒၚနန္းေရႊက်င္သည္ အသက္ ၄၂ႏွစ္ေက်ာ္ ႏွင့္ သူမ၏ သမီး နန္းခမ္းအိမ္သည္ အသက္ ၁၂အရြယ္သာ ရွိေသးသည္။

ထိုသားအမိ ၂ဦးသည္ လက္ဖက္ၿခံမွ အျပန္ တိုက္ပြဲၾကားပိတ္မိကာ က်ည္ထိမွန္ေသဆံုးခဲ့ေၾကာင္း၊ ထိုေသဆံုးသည့္ သားအမိ ၂ဦးကို ေညာင္ေမာင္းေက်းရြာတြင္ ယေန႔ (ဇန္နဝါရီ ၂၉ ) ရက္တြင္ သၿဂိဳဟ္ မည္ ဟု လည္း မိုင္းေစာထြန္းထြန္း က ေျပာသည္။

ဆက္လက္ၿပီး ေညာင္ေမာင္း ေဒသခံ တဦး ေျပာျပခ်က္ အရ “ မေန႔ က TNLA တပ္က က်ေနာ္တုိ႔ ရြာမွာ လာေနတာ။ ျမန္မာတပ္က ေတာင္ကုန္းေပၚကေန လွမ္းပစ္တာ။ အဲ့ဒါနဲ႔ ရြာက အိမ္ေတြ က်ည္ထိတယ္။ ေနာက္ သားအမိ ၂ေယာက္ က်ည္ထိ ၿပီး ပြဲခ်င္းၿပီ ေသဆံုးသြားတယ္” ဟု သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာျပသည္။

ျမန္မာ့တပ္မေတာ္သည္ ရြာျပင္မွ ေနၿပီး ေညာင္ေမာင္းေက်းရြာ အတြင္းသုိ႔လက္နက္ႀကီးျဖင့္ ပစ္ခဲ့သျဖင့္ သားအမိ ၂ဦး ႏွင့္ ေနအိမ္မ်ားက်ည္ထိမွန္ ရျခင္းျဖစ္သည္ ဟု ရွင္းျပသည္။

“ တုိက္ပြဲျဖစ္ရင္ အဓိက အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြပဲခံရတာ။ မေန႔ က က်ည္ထိေသဆံုးတာလဲသားအမိ ၂ေယာက္ပဲ။ အမ်ိဳးသားေတြဆုိရင္ ကုိယ္လႊတ္ရံုေျပးလုိ႔ရေပမယ့္ အမ်ိဳးသမီးဆိုရင္ အသက္ႀကီးတဲ့သူေတြ ကေလးငယ္ေတြကို ငဲ့ရတယ္” ဟု ေက်ာက္မဲၿမိဳ႕ နန္းေမြဆိုင္ က သွ်မ္းသံေတာ္ဆင့္ သုိ႔ေျပာသည္။

တိုက္ပြဲျဖစ္ပြားခဲ့သည့္ ေက်ာက္မဲၿမိဳ႕နယ္ ေညာင္ေမာင္းေက်းရြာ အနီး ေနထုိင္သည့္ သူမ်ားသည္ ဗံုးခိုက်င္းမ်ားေဆာက္လုပ္ထားျခင္းမရွိေၾကာင္း၊ လက္နက္ကိုင္ တပ္ဖြဲ႔ မ်ားအေနျဖင့္ ျပည္သူမ်ားေနထိုင္သည့္ ေက်းရြာ အနီးပတ္ဝန္းက်င္တြင္ တုိက္ပြဲမျဖစ္ေစခ်င္ေၾကာင္း လည္း နန္းေမြဆိုင္ က ေျပာဆုိလုိက္သည္။

ယမန္ေန႔ျဖစ္ပြားသည့္ တုိက္ပြဲေၾကာင့္ ေညာင္ေမာင္းေက်းရြာ ေနအိမ္တခ်ိဳ႕ ပ်က္စီးမႈ ရွိခဲ့ေၾကာင္းလည္း ေဒသခံမ်ား ေျပာျပခ်က္ အရသိရသည္။

TNLA ႏွင့္ ျမန္မာ့တပ္မေတာ္တို႔သည္ ေက်ာက္မဲၿမိဳ႕နယ္ ေညာင္ေမာင္းေက်းရြာအနီး ယမန္ေန႔ ညေန ၃နာရီ ၁၅မိနစ္တြင္ တုိက္ပြဲျဖစ္ပြားခဲ့ေၾကာင္း TNLA ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ထိုတုိက္ပြဲေၾကာင့္ ေဒၚနန္းေရႊက်င္ တုိ႔ သားအမိ ၂ဦး က်ည္ထိမွန္ေသဆံုးသည့္ ကိစၥႏွင့္ ပတ္သက္ၿပီး သွ်မ္းသံေတာ္ဆင့္ မွ TNLA ေျပာခြင့္ရပုဂၢိဳလ္ႏွင့္ ျမန္မာ့တပ္မေတာ္မွ သတင္းမွန္ ျပန္ၾကားေရး ကို ဆက္သြယ္ခဲ့ရာ ျပန္လည္ေျဖၾကားျခင္းမရွိခဲ့ေပ။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
(Unicode)⤵⤵⤵
ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲဖြစ် သားအမိ ၂ဦး ကျည်ထိသေ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၂၈၊၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ယမန်နေ့ မွန်းလွှဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီး ၂ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၈) တွင် မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA)တို့ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားကာ သားအမိ ၂ဦး ကျည်ထိမှန် ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကျောက်မဲမြို့နယ် ဒေသခံများ ပြောပြချက် အရ သိရသည်။

“ မနေ့က သားအမိ ၂ဦး သေဆုံးတာ ဟုတ်ပါတယ်။ မနေ့က သားအမိ ၂ယောက်က လက်ဖက်ခြံသွားပြီး အပြန်မှာ တိုက်ပွဲဖြစ်တာနဲ့ ကြုံတာ။ အဲ့မှာကျည်ထိပြီး ပွဲချင်းပြီးပါပဲ” ဟု ကျောက်မဲမြို့ သျှမ်းမြောက်လူငယ်ကွန်ရက် မှ မိုင်းစောထွန်းထွန်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယမန်နေ့ ညနေ ပိုင်းတွင် သားအမိ ၂ဦးဖြစ်သည့် ဒေါ်နန်းရွှေကျင်သည် အသက် ၄၂နှစ်ကျော် နှင့် သူမ၏ သမီး နန်းခမ်းအိမ်သည် အသက် ၁၂အရွယ်သာ ရှိသေးသည်။

ထိုသားအမိ ၂ဦးသည် လက်ဖက်ခြံမှ အပြန် တိုက်ပွဲကြားပိတ်မိကာ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း၊ ထိုသေဆုံးသည့် သားအမိ ၂ဦးကို ညောင်မောင်းကျေးရွာတွင် ယနေ့ (ဇန်နဝါရီ ၂၉ ) ရက်တွင် သဂြိုဟ် မည် ဟု လည်း မိုင်းစောထွန်းထွန်း က ပြောသည်။

ဆက်လက်ပြီး ညောင်မောင်း ဒေသခံ တဦး ပြောပြချက် အရ “ မနေ့ က TNLA တပ်က ကျနော်တို့ ရွာမှာ လာနေတာ။ မြန်မာတပ်က တောင်ကုန်းပေါ်ကနေ လှမ်းပစ်တာ။ အဲ့ဒါနဲ့ ရွာက အိမ်တွေ ကျည်ထိတယ်။ နောက် သားအမိ ၂ယောက် ကျည်ထိ ပြီး ပွဲချင်းပြီ သေဆုံးသွားတယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောပြသည်။

မြန်မာ့တပ်မတော်သည် ရွာပြင်မှ နေပြီး ညောင်မောင်းကျေးရွာ အတွင်းသို့လက်နက်ကြီးဖြင့် ပစ်ခဲ့သဖြင့် သားအမိ ၂ဦး နှင့် နေအိမ်များကျည်ထိမှန် ရခြင်းဖြစ်သည် ဟု ရှင်းပြသည်။

“ တိုက်ပွဲဖြစ်ရင် အဓိက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပဲခံရတာ။ မနေ့ က ကျည်ထိသေဆုံးတာလဲသားအမိ ၂ယောက်ပဲ။ အမျိုးသားတွေဆိုရင် ကိုယ်လွှတ်ရုံပြေးလို့ရပေမယ့် အမျိုးသမီးဆိုရင် အသက်ကြီးတဲ့သူတွေ ကလေးငယ်တွေကို ငဲ့ရတယ်” ဟု ကျောက်မဲမြို့ နန်းမွေဆိုင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာ အနီး နေထိုင်သည့် သူများသည် ဗုံးခိုကျင်းများဆောက်လုပ်ထားခြင်းမရှိကြောင်း၊ လက်နက်ကိုင် တပ်ဖွဲ့ များအနေဖြင့် ပြည်သူများနေထိုင်သည့် ကျေးရွာ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲမဖြစ်စေချင်ကြောင်း လည်း နန်းမွေဆိုင် က ပြောဆိုလိုက်သည်။

ယမန်နေ့ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ညောင်မောင်းကျေးရွာ နေအိမ်တချို့ ပျက်စီးမှု ရှိခဲ့ကြောင်းလည်း ဒေသခံများ ပြောပြချက် အရသိရသည်။

TNLA နှင့် မြန်မာ့တပ်မတော်တို့သည် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအနီး ယမန်နေ့ ညနေ ၃နာရီ ၁၅မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုတိုက်ပွဲကြောင့် ဒေါ်နန်းရွှေကျင် တို့ သားအမိ ၂ဦး ကျည်ထိမှန်သေဆုံးသည့် ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ TNLA ပြောခွင့်ရပုဂ္ဂိုလ်နှင့် မြန်မာ့တပ်မတော်မှ သတင်းမှန် ပြန်ကြားရေး ကို ဆက်သွယ်ခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ေက်ာက္မဲၿမိဳ႕နယ္ အတြင္း တိုက္ပြဲျဖစ္ သားအမိ ၂ဦး က်ည္ထိေသ ေက်ာက္မဲၿမိဳ႕နယ္ အတြင္း တိုက္ပြဲျဖစ္ သားအမိ ၂ဦး က်ည္ထိေသ Reviewed by THITHTOOLWIN on 02:06 Rating: 5
Powered by Blogger.