ICJ ဆုံးျဖတ္ခ်က္အေကာင္ထည္ေဖာ္ဖို႔ အကဲဆတ္တဲ့ကိစၥေတြ ကိုင္တြယ္ေျဖရွင္းဖို႔လို

(Zawgyi)⤵⤵⤵
အျပည္ျပည္ဆိုင္ရာတ႐ုံး ICJ က ခ်မွတ္လိုက္တဲ့ ၾကားျဖတ္စီမံခ်က္ ေလးခ်က္ကိုေဆာင္႐ြက္မယ္ဆိုရင္ ျမန္မာ့ႏိုင္ငံေရးမွာ အကဲဆတ္တဲ့ကိစၥရပ္ေတြကိုပါ ကိုင္တြယ္ေျဖရွင္းရမွာျဖစ္တယ္လို႔ လူ႔အခြင့္အေရးလႈပ္ရွားသူေတြက ေျပာလိုက္ပါတယ္။

ICJ က ျမန္မာအစိုးရကို  ၾကားျဖတ္စီမံခ်က္ ေလးခ်က္ကို ခ်က္ခ်င္းလုပ္ေဆာင္ဖို႔ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၃ ရက္ေန႔က အမိန႔္ခ်မွတ္ခဲ့ပါတယ္။ အဲဒီ ၾကားျဖတ္စီမံခ်က္ေတြထဲမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုတဲ့ အဓိပၸါယ္သတ္မွတ္ခ်က္အတြင္းကို က်ေရာက္ေစတဲ့ ကိစၥေတြမွန္သမွ်ကို ကာကြယ္ေပးရမယ္ တားဆီးေပးရမယ္ဆိုတဲ့အခ်က္ေတြ ပါဝင္ပါတယ္။ လူမ်ိဳးတုံးသတ္ျဖတ္မႈကို ကာကြယ္ဖို႔အတြက္ ျမန္မာအစိုးရက ဘာေတြလုပ္ေဆာင္ဖို႔လိုအပ္ပါလဲ-  တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက ....

“ ေရာမသေဘာတူစာခ်ဳပ္အပိုဒ္ ၆ မွာ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ပါတ္သက္တဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္ရွိတယ္။ နံပါတ္တစ္ကေတာ့ ... ရည္႐ြယ္ခ်က္နဲ႔သတ္တာ ကိုယ္စိတ္ဆင္းရဲမႈျဖစ္ေအာင္လုပ္တာ မ်ိဳးမပြားႏိုင္ေအာင္တားတာ ကေလးသူငယ္ေတြကိုတားတာ အဲဒါေတြကိုမလုပ္ဖို႔ လိုအပ္တာေပါ့။ ျမန္မာက ဂ်ီႏိုဆိုဒ္ကို ျငင္းထားတာ၊ မလုပ္ဘူးဆိုရင္လဲ ကာကြယ္ရမွာေပါ့ ဒီအခ်က္ေတြ၊ ေနာက္ ကြန္ဗင္းရွင္းမွာ ကိုယ္လဲပါတာ။ လူမ်ိဳးတုံးသတ္ျဖတ္မႈရွိတယ္ျဖစ္ေစ မရွိတယ္ျဖစ္ေစ သူတို႔ေတာင္းဆိုတာ တရားပါတယ္ ”

႐ိုဟင္ဂ်ာအခြင့္အေရးလႈပ္ရွားသူ ဦးသာေအးက ျမန္မာအစိုးရအေနနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈကို ကာကြယ္ႏိုင္ဖို႔အတြက္ အဓိက ဒီလူမ်ိဳးစုေတြကို အသိအမွတ္ျပဳဖို႔လိုအပ္တယ္လို႔ ဆိုပါတယ္။

“ လူမ်ိဳးတုံးသတ္ျဖတ္မႈကို ကာကြယ္ဖို႔က အဓိကကေတာ့ ဒီလူမ်ိဳးစုရွိတယ္ဆိုတာ အသိအမွတ္ျပဳဖို႔လိုတယ္။ အဲဒါအျပင္ ဒီလူမ်ိဳးစုေတြကို တျခားလူမ်ိဳးစုေတြနဲ႔ေရာေႏွာၿပီးေတာ့ integration လုပ္ဖို႔လိုတယ္ သီးျခားမျဖစ္ေအာင္လုပ္ဖို႔လိုတယ္။ ေနာက္တခုက ဒီလူမ်ိဳးစုက သူ႔ကိုယ္သူ ႐ိုဟင္ဂ်ာေခၚတာကိုခြင့္ျပဳသင့္တယ္။ ေနာက္ လုံၿခဳံေရးကိုလဲ တာဝန္ယူေပးဖို႔လိုတယ္။ ဒါေတြလုပ္ေပးလိုက္ရင္ ပိုအဆင္ေျပသြားမယ္”

NLD ပါတီရဲ႕ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့ ICJ က ခ်မွတ္လိုက္တဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈကို တားဆီးကာကြယ္ေရးနဲ႔ပတ္သက္ၿပီး ျမန္မာအစိုးရရဲ႕ ထုတ္ျပန္ခ်က္ကို ေစာင့္ၾကည့္ရမွာျဖစ္တယ္လို႔  ေျပာပါတယ္။

“က်ေနာ္တို႔က ပါတီကျဖစ္ပါတယ္။ အုပ္ခ်ဳပ္ေရးပိုင္းေတြကို တာဝန္ယူတဲ့ အုပ္ခ်ဳပ္ေရးပိုင္းက ေၾကညာခ်က္ေတြကို နားေထာင္ၿပီးမွ ေျပာလို႔ရမွာျဖစ္ပါတယ္။ ခုေလာေလာဆယ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္က ဒီ ICJ ရဲ႕ ၾကားျဖတ္အစီအမံေတြကို သူတို႔ အသိအမွတ္ျပဳတဲ့သေဘာ ရွိပါတယ္။ ဘယ္လိုနည္းနဲ႔ စီမံေဆာင္႐ြက္မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္”

ICJ က ခ်မွတ္ခဲ့တဲ့ ၾကားျဖတ္စီမံခ်က္ေတြထဲမွာ ျမန္မာစစ္တပ္ ျပည္သူ႔စစ္နဲ႔ တျခားလက္နက္ကိုင္တပ္ဖြဲ႕ေတြက ဂ်ီႏိုဆိုက္ကို ထပ္မက်ဴးလြန္ေရး ျမန္မာအစိုးရက ထိေရာက္စြာ ဟန႔္တားေပးဖို႔ဆိုတဲ့အခ်က္လဲ ပါဝင္ပါတယ္။

ICJ က ၾကားျဖတ္စီမံခ်က္ခ်မွတ္ခဲ့တဲ့ အဲဒီေန႔မွာပဲ ရခိုင္ေျမာက္ပိုင္းကိစၥနဲ႔ပတ္သက္ၿပီး  ICJ ၾကားျဖတ္အမိန႔္အေပၚ စိုးရိမ္ပူပန္မေနဘဲ အစိုးရရဲ႕ၫႊန္ၾကားခ်က္အတိုင္း လိုက္နာေဆာင္႐ြက္သြားမယ္လို႔ ဒုတိယစစ္ဥပေဒခ်ဳပ္ ဗိုလ္ခ်ဳပ္ေသာင္းႏိုင္က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ICJ ဆုံးဖြတ်ချက်အကောင်ထည်ဖော်ဖို့ အကဲဆတ်တဲ့ကိစ္စတွေ ကိုင်တွယ်ဖြေရှင်းဖို့လို

အပြည်ပြည်ဆိုင်ရာတရုံး ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်စီမံချက် လေးချက်ကိုဆောင်ရွက်မယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ အကဲဆတ်တဲ့ကိစ္စရပ်တွေကိုပါ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။

ICJ က မြန်မာအစိုးရကို  ကြားဖြတ်စီမံချက် လေးချက်ကို ချက်ချင်းလုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီ ကြားဖြတ်စီမံချက်တွေထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်အတွင်းကို ကျရောက်စေတဲ့ ကိစ္စတွေမှန်သမျှကို ကာကွယ်ပေးရမယ် တားဆီးပေးရမယ်ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့အတွက် မြန်မာအစိုးရက ဘာတွေလုပ်ဆောင်ဖို့လိုအပ်ပါလဲ-  တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ....

“ ရောမသဘောတူစာချုပ်အပိုဒ် ၆ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပါတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ရှိတယ်။ နံပါတ်တစ်ကတော့ ... ရည်ရွယ်ချက်နဲ့သတ်တာ ကိုယ်စိတ်ဆင်းရဲမှုဖြစ်အောင်လုပ်တာ မျိုးမပွားနိုင်အောင်တားတာ ကလေးသူငယ်တွေကိုတားတာ အဲဒါတွေကိုမလုပ်ဖို့ လိုအပ်တာပေါ့။ မြန်မာက ဂျီနိုဆိုဒ်ကို ငြင်းထားတာ၊ မလုပ်ဘူးဆိုရင်လဲ ကာကွယ်ရမှာပေါ့ ဒီအချက်တွေ၊ နောက် ကွန်ဗင်းရှင်းမှာ ကိုယ်လဲပါတာ။ လူမျိုးတုံးသတ်ဖြတ်မှုရှိတယ်ဖြစ်စေ မရှိတယ်ဖြစ်စေ သူတို့တောင်းဆိုတာ တရားပါတယ် ”

ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားသူ ဦးသာအေးက မြန်မာအစိုးရအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်နိုင်ဖို့အတွက် အဓိက ဒီလူမျိုးစုတွေကို အသိအမှတ်ပြုဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

“ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့က အဓိကကတော့ ဒီလူမျိုးစုရှိတယ်ဆိုတာ အသိအမှတ်ပြုဖို့လိုတယ်။ အဲဒါအပြင် ဒီလူမျိုးစုတွေကို တခြားလူမျိုးစုတွေနဲ့ရောနှောပြီးတော့ integration လုပ်ဖို့လိုတယ် သီးခြားမဖြစ်အောင်လုပ်ဖို့လိုတယ်။ နောက်တခုက ဒီလူမျိုးစုက သူ့ကိုယ်သူ ရိုဟင်ဂျာခေါ်တာကိုခွင့်ပြုသင့်တယ်။ နောက် လုံခြုံရေးကိုလဲ တာဝန်ယူပေးဖို့လိုတယ်။ ဒါတွေလုပ်ပေးလိုက်ရင် ပိုအဆင်ပြေသွားမယ်”

NLD ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကတော့ ICJ က ချမှတ်လိုက်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးကာကွယ်ရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်ကို စောင့်ကြည့်ရမှာဖြစ်တယ်လို့  ပြောပါတယ်။

“ကျနော်တို့က ပါတီကဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းတွေကို တာဝန်ယူတဲ့ အုပ်ချုပ်ရေးပိုင်းက ကြေညာချက်တွေကို နားထောင်ပြီးမှ ပြောလို့ရမှာဖြစ်ပါတယ်။ ခုလောလောဆယ် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဒီ ICJ ရဲ့ ကြားဖြတ်အစီအမံတွေကို သူတို့ အသိအမှတ်ပြုတဲ့သဘော ရှိပါတယ်။ ဘယ်လိုနည်းနဲ့ စီမံဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်”

ICJ က ချမှတ်ခဲ့တဲ့ ကြားဖြတ်စီမံချက်တွေထဲမှာ မြန်မာစစ်တပ် ပြည်သူ့စစ်နဲ့ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေက ဂျီနိုဆိုက်ကို ထပ်မကျူးလွန်ရေး မြန်မာအစိုးရက ထိရောက်စွာ ဟန့်တားပေးဖို့ဆိုတဲ့အချက်လဲ ပါဝင်ပါတယ်။

ICJ က ကြားဖြတ်စီမံချက်ချမှတ်ခဲ့တဲ့ အဲဒီနေ့မှာပဲ ရခိုင်မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး  ICJ ကြားဖြတ်အမိန့်အပေါ် စိုးရိမ်ပူပန်မနေဘဲ အစိုးရရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

RFA Burmese
https://www.rfa.org
ICJ ဆုံးျဖတ္ခ်က္အေကာင္ထည္ေဖာ္ဖို႔ အကဲဆတ္တဲ့ကိစၥေတြ ကိုင္တြယ္ေျဖရွင္းဖို႔လို ICJ ဆုံးျဖတ္ခ်က္အေကာင္ထည္ေဖာ္ဖို႔ အကဲဆတ္တဲ့ကိစၥေတြ ကိုင္တြယ္ေျဖရွင္းဖို႔လို Reviewed by THITHTOOLWIN on 02:18 Rating: 5
Powered by Blogger.