ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဝူဟန္က ျမန္မာေက်ာင္းသားေတြကို အျမန္ျပန္ေခၚမယ္

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ဦးေရဟာ ၅၆ ဦးထိ ရွိလာ
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏိုင္ငံ၊ ဟူေဘးျပည္နယ္ထဲက ဝူဟန္ၿမိဳ႕မွာ ပိတ္မိေနတဲ့ ျမန္မာေက်ာင္းသားေတြကို အျမန္ဆုံး ျပန္လည္ေခၚယူဖို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဌာနက ဇန္နဝါရီလ ၂၅ ရက္ေန႔မွာ ၫႊန္ၾကားခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ဒီၫႊန္ၾကားခ်က္ ထုတ္ျပန္အၿပီးမွာေတာ့ တ႐ုတ္အာဏာပိုင္ေတြနဲ႔ ညႇိႏႈိင္းေဆြးေႏြးေနတယ္လို႔ ဘီဂ်င္းအေျခစိုက္ ျမန္မာသံ႐ုံး ဒုတိယအတြင္းဝန္ ဦးစိုးျပည့္ဝင္းက ဘီဘီစီကို ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ဦးေရဟာ ၅၆ ဦးထိ ရွိလာၿပီး ကူးစက္ခံရသူ အေရအတြက္ကလည္း ၂၀ဝ၀ နီးပါးရွိလာေနပါတယ္။

ဒါေၾကာင့္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က လဆန္းႏွစ္သစ္ကူး အစိုးရ ႐ုံးပိတ္ရက္မွာ အထူး အစည္းအေဝး တစ္ခု ေခၚယူၿပီး အခုျပန္႔ပြားေနတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး အထူးသတိထားဖို႔ သတိေပးခဲ့ပါတယ္။

မစၥတာရွီက တိုင္းျပည္ဟာ အေျခအေနဆိုးကို ရင္ဆိုင္ေနရၿပီလို႔ တ႐ုတ္ထိပ္တန္းအရာရွိေတြကို ေျပာၾကားခဲ့ပါတယ္။

ေရာဂါစတင္ျဖစ္ပြားရာ ဝူဟန္ၿမိဳ႕ကိုလည္း အဝင္အထြက္သြားလာခြင့္ေတြ ပိတ္ပင္ထားပါတယ္။

ဒီလို အဝင္အထြက္ပိတ္ထားတဲ့ ဝူဟန္ၿမိဳ႕ထဲက ပိတ္မိေနသူ ျမန္မာေက်ာင္းသားေတြအတြက္ ရိကၡာမျပတ္လပ္ေအာင္ စီစဥ္ေပးဖို႔ကို တ႐ုတ္အာဏာပိုင္ေတြဆီကို ျမန္မာသံ႐ုံးက အကူအညီ ေတာင္းထား တယ္လို႔ ဒုတိယအတြင္းဝန္ ဦးစိုးျပည့္ဝင္းက ဆိုပါတယ္။

လက္ရွိ အေျခအေန ဝူဟန္ေရာက္ ျမန္မာေက်ာင္းသားေတြကေတာ့ မေန႔က ေက်ာင္းတြင္းက ဆူပါမားကတ္ ဆိုင္တစ္ခုကို မေန႔က ဝယ္ယူခြင့္ေပးလိုက္တာေၾကာင့္ အစားအေသာက္ အနည္းငယ္ ဝယ္ယူ ႏိုင္ခဲ့တဲ့အတြက္ သုံးရက္ေလာက္အထိေတာ့ အစားအေသာက္ ဖူလုံတယ္လို႔ ဝူဟန္နည္းပညာ တကၠသိုလ္က ျမန္မာေက်ာင္းသား ကိုစည္သူထြန္းက ဆိုပါတယ္။

ဒါေပမယ့္လည္း မ်က္ႏွာဖုန္း Mask ဝယ္လို႔ မရျဖစ္ေနၿပီး ေနရပ္ျပန္ဖို႔ကေတာ့ ျမန္မာသံ႐ုံးအေပၚမွာ မူတည္တယ္လို႔ ကိုစည္သူထြန္းက ေျပာျပပါတယ္။

ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါပိုးဟာ ကာကြယ္ေဆးမရွိေသးတာေၾကာင့္ လူထုအေနနဲ႔ ကိုယ္ခံအား ေကာင္းေအာင္ ေနထိုင္သင့္ၿပီး လူထူထပ္တဲ့ ေနရာေတြကို ေရွာင္ရွားဖို႔၊ တိရိစာၦဆန္ေတြကို အကာအကြယ္ မပါပဲ ထိေတြ႕ကိုင္တြယ္တာ မလုပ္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ၫႊန္ၾကားထားပါတယ္။

ကမာၻ႔ႏိုင္ငံတခ်ိဳ႕မွာေတာ့ ဒီဗိုင္းရပ္စ္ပိုး ကူးစက္တာ ေတြ႕ရွိေနရတဲ့အျပင္ ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္း ႏိုင္ငံတစ္ခ်ိဳ႕မွာလည္း ေရာဂါ ကူးစက္တဲ့ လကၡဏာေတြကို ေတြ႕ေနရေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ ဒီဗိုင္းရပ္စ္ပိုး ကူးစက္တာ မရွိေသးဘူးလို႔ အာဏာပိုင္ေတြက ေျပာၾကားထားပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
နိုင်ငံခြားရေးဝန်ကြီးဌာနက ဝူဟန်က မြန်မာကျောင်းသားတွေကို အမြန်ပြန်ခေါ်မယ်

ဓာတ်ပုံ မူပိုင် HECTOR RETAMAL
Image caption ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေဟာ ၅၆ ဦးထိ ရှိလာ

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်ထဲက ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသားတွေကို အမြန်ဆုံး ပြန်လည်ခေါ်ယူဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီညွှန်ကြားချက် ထုတ်ပြန်အပြီးမှာတော့ တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ ဘီဂျင်းအခြေစိုက် မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေဟာ ၅၆ ဦးထိ ရှိလာပြီး ကူးစက်ခံရသူ အရေအတွက်ကလည်း ၂၀ဝ၀ နီးပါးရှိလာနေပါတယ်။

ဒါကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က လဆန်းနှစ်သစ်ကူး အစိုးရ ရုံးပိတ်ရက်မှာ အထူး အစည်းအဝေး တစ်ခု ခေါ်ယူပြီး အခုပြန့်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အထူးသတိထားဖို့ သတိပေးခဲ့ပါတယ်။

မစ္စတာရှီက တိုင်းပြည်ဟာ အခြေအနေဆိုးကို ရင်ဆိုင်နေရပြီလို့ တရုတ်ထိပ်တန်းအရာရှိတွေကို ပြောကြားခဲ့ပါတယ်။

ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့ကိုလည်း အဝင်အထွက်သွားလာခွင့်တွေ ပိတ်ပင်ထားပါတယ်။

ဒီလို အဝင်အထွက်ပိတ်ထားတဲ့ ဝူဟန်မြို့ထဲက ပိတ်မိနေသူ မြန်မာကျောင်းသားတွေအတွက် ရိက္ခာမပြတ်လပ်အောင် စီစဉ်ပေးဖို့ကို တရုတ်အာဏာပိုင်တွေဆီကို မြန်မာသံရုံးက အကူအညီ တောင်းထား တယ်လို့ ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက ဆိုပါတယ်။

လက်ရှိ အခြေအနေ ဝူဟန်ရောက် မြန်မာကျောင်းသားတွေကတော့ မနေ့က ကျောင်းတွင်းက ဆူပါမားကတ် ဆိုင်တစ်ခုကို မနေ့က ဝယ်ယူခွင့်ပေးလိုက်တာကြောင့် အစားအသောက် အနည်းငယ် ဝယ်ယူ နိုင်ခဲ့တဲ့အတွက် သုံးရက်လောက်အထိတော့ အစားအသောက် ဖူလုံတယ်လို့ ဝူဟန်နည်းပညာ တက္ကသိုလ်က မြန်မာကျောင်းသား ကိုစည်သူထွန်းက ဆိုပါတယ်။

ဒါပေမယ့်လည်း မျက်နှာဖုန်း Mask ဝယ်လို့ မရဖြစ်နေပြီး နေရပ်ပြန်ဖို့ကတော့ မြန်မာသံရုံးအပေါ်မှာ မူတည်တယ်လို့ ကိုစည်သူထွန်းက ပြောပြပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးဟာ ကာကွယ်ဆေးမရှိသေးတာကြောင့် လူထုအနေနဲ့ ကိုယ်ခံအား ကောင်းအောင် နေထိုင်သင့်ပြီး လူထူထပ်တဲ့ နေရာတွေကို ရှောင်ရှားဖို့၊ တိရိစ္ဆာဆန်တွေကို အကာအကွယ် မပါပဲ ထိတွေ့ကိုင်တွယ်တာ မလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ကမ္ဘာ့နိုင်ငံတချို့မှာတော့ ဒီဗိုင်းရပ်စ်ပိုး ကူးစက်တာ တွေ့ရှိနေရတဲ့အပြင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတစ်ချို့မှာလည်း ရောဂါ ကူးစက်တဲ့ လက္ခဏာတွေကို တွေ့နေရပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီဗိုင်းရပ်စ်ပိုး ကူးစက်တာ မရှိသေးဘူးလို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

BBC Burmese
https://www.bbc.com
ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဝူဟန္က ျမန္မာေက်ာင္းသားေတြကို အျမန္ျပန္ေခၚမယ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဝူဟန္က ျမန္မာေက်ာင္းသားေတြကို အျမန္ျပန္ေခၚမယ္ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.