ထိုင္း-ျမန္မာနယ္စပ္ Corona ဗိုင္းရပ္စ္ စစ္ေဆးမႈ ထိုင္းအာဏာပိုင္ေတြ ျပဳလုပ္

ဘန္ေကာက္ၿမိဳ႕ သုဝဏၰဘူမိေလဆိပ္သုိ႔ ေရာက္ရွိလာသည့္ တ႐ုတ္ခရီးသြားမ်ား။ (ဇန္နဝါရီ ၂၂၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ျမဝတီ-မဲေဆာက္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးတံတားမွာ ႏွစ္ဖက္ဝင္ထြက္ေနတဲ့ တ႐ုတ္ႏုိင္ငံသားေတြနဲ႔ ႏိုင္ငံျခားသားေတြကို Corona ဗိုင္းရပ္စ္ စစ္ေဆးမႈမ်ား ဇန္နဝါရီ ၂၆ ရက္ေန႔မွာ လုပ္ေဆာင္ေနၿပီ ျဖစ္ပါတယ္။ ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္ ေရႊကုကၠိဳလ္ၿမိဳ႕မွာ တ႐ုတ္ႏုိင္ငံသားေတြ အမ်ားအျပား ဝင္ထြက္ေနတာေၾကာင့္လည္း အခုလို စစ္ေဆးမႈေတြကို အဓိကျပဳလုပ္ေနတာလို႔ သိရပါတယ္။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

တ႐ုတ္ျပည္ကေန စတင္ကူးစက္လာတဲ့ ၀ူဟမ္ Corona ဗိုင္းရပ္စ္ေရာဂါ ကူးဆက္ေနသူ တိုးလာတဲ့အတြက္ ထိုင္းႏုိင္ငံမွာ Corona ဗိုင္းရပ္စ္ မျပန္႔ပြားေရး လုပ္ငန္းေတြကို အေရးေပၚ လုပ္ေဆာင္ေနတာပါ။ ဒီကေန႔မနက္ပိုင္းကစၿပီး မဲေဆာက္ၿမိဳ႕ ထစိုင္လြတ္က ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတားအမွတ္ ၁ မွာ ေဆးစစ္မႈနဲ႔ ကာကြယ္ေရး ပညာေပးလုပ္ငန္းေတြကုိ က်န္းမာေရး၀န္ထမ္းေတြက လုပ္ေပးေနတာပါ။

    တ႐ုတ္ႏုိင္ငံ ဝူဟမ္ၿမိဳ႕မွာ စတင္ျဖစ္ပြားတဲ့ Corona ဗုိင္းရပ္စ္ အိမ္နီးခ်င္းႏုိင္ငံေတြကုိ ကူးစက္တဲ့သတင္း ဖတ္႐ႈႏုိင္ပါတယ္။

ထိုင္း-ျမန္မာနယ္စပ္က ျမန္မာအလုပ္သမားေရး လုပ္ေဆာင္ေနတဲ့ ျမန္မာျပည္အေရး ပူးတဲြလႈပ္ရွားမူေကာ္မတီ ဥကၠ႒ ဦးမုိးႀကိဳးက အခုလိုေျပာျပပါတယ္။

“ထိုင္းဘက္ျခမ္းက မဲေဆာက္နဲ႔ ျမန္မာဘက္ျခမ္းက ျမ၀တီမွာ က်န္းမာေရးဆိုင္ရာ တာ၀န္ရွိသူေတြက တ႐ုတ္ျပည္ ၀ူဟမ္ၿမိဳ႕က လူ႔အသက္ဆံုး႐ႈံးမႈေတြ ျဖစ္ေနတဲ့ ဗိုင္းရပ္စ္တမ်ိဳးနဲ႔ ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈ ျဖစ္တာေၾကာင့္ တ႐ုတ္ျပည္ကလာတဲ့ ကမၻာလွည့္ခရီးသြားေတြကုိ အထူးသျဖင့္ မဲေဆာက္-ျမ၀တီ ခ်စ္ၾကည္ေရးတံတားနဲ႔ ျမ၀တီၿမိဳ႕ထဲက တ႐ုတ္စားေသာက္ဆုိင္ေတြမွာ စစ္ေဆးမႈေတြ လုပ္ေနပါတယ္။”

ထိုင္း-ျမန္မာနယ္စပ္မွာေတာ့ ၀ူဟမ္ဗုိင္းရပ္စ္ ရွိေနသူ မေတြ႔ရေသးေပမယ့္ ထိုင္းအစိုးရ အေနနဲ႔ ေရာဂါမျပန္႔ပြားလာေအာင္ နယ္စပ္ေဒသေတြမွာ အထူးစစ္ေဆးေရးေနရာေတြ ထားရွိၿပီး စစ္ေဆးေနေၾကာင္း မဲေဆာက္ၿမိဳ႕ကုိ ဒီကေန႔ ေရာက္ရွိလာတဲ့ ထုိင္းက်န္းမာေရး ဒု၀န္ႀကီး Dr. Satit Patu-Techa က အခုလိုေျပာသြားပါတယ္။

“ထိုင္းႏုိင္ငံဟာ Corona ဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ေပါ့ဆမေနဘဲ ေရာဂါတိုက္ဖ်က္ေရး လုပ္ငန္းေတြ အေရးေပၚ လုပ္ေဆာင္ေနတာပါ။ အထူးသျဖင့္ ထိုင္း-ျမန္မာနယ္စပ္ကို ၀င္ေရာက္လာတဲ့ တ႐ုတ္ႏုိင္ငံသားေတြ က်န္းမာေရးစစ္ေဆးတဲ့ ၀န္ေဆာင္မႈေတြ လုပ္ေပးေနပါတယ္။”

အထူးသျဖင့္ တ႐ုတ္ႏွစ္သစ္ကူးကာလမွာ ထိုင္းနယ္စပ္ေဒသကေန ျမန္မာႏုိင္ငံဘက္ ကူးသြားမယ့္ တ႐ုတ္ႏုိင္ငံသားေတြနဲ႔ ကမၻာလွည့္ခရီးသြားေတြသာမက ျမန္မာႏုိင္ငံသားေတြကိုပါ လ၀က စစ္ေဆးေရးဂိတ္မွာ တပ္ဆင္ထားတဲ့ အပူခ်ိန္တိုင္းကိရိယာ စကင္ဖတ္စစ္ေဆးတဲ့ စက္ေတြနဲ႔ စစ္ေဆးေနပါတယ္။

ႏွာေခါင္း ပါးစပ္ အကာေတြသံုးဖို႔၊ လက္သန္႔စင္ေဆးေရေတြ သံုးၾကဖို႔နဲ႔ ၀ူဟမ္ Corona ဗုိင္းရပ္စ္ေရာဂါ ပညာေပးစာတမ္းေတြကို ထိုင္းက်န္းမာေရး၀န္ထမ္းေတြဟာ တ႐ုတ္နဲ႔ ထိုင္းဘာသာ ႏွစ္မ်ိဳးနဲ႔ ျဖန္႔ေ၀ေနပါတယ္။

-----------------------------------------

(Unicode)

ထိုင်း-မြန်မာနယ်စပ် Corona ဗိုင်းရပ်စ် စစ်ဆေးမှု ထိုင်းအာဏာပိုင်တွေ ပြုလုပ်

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှာနှစ်ဖက်ဝင်ထွက်နေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေကို Corona ဗိုင်းရပ်စ် စစ်ဆေးမှုများ ဇန်နဝါရီ ၂၆ ရက်နေ့မှာ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ရွှေကုက္ကိုလ်မြို့မှာ တရုတ်နိုင်ငံသားတွေ အများအပြား ဝင်ထွက်နေတာကြောင့်လည်း အခုလို စစ်ဆေးမှုတွေကို အဓိကပြုလုပ်နေတာလို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

တရုတ်ပြည်ကနေ စတင်ကူးစက်လာတဲ့ ဝူဟမ် Corona ဗိုင်းရပ်စ်ရောဂါ ကူးဆက်နေသူ တိုးလာတဲ့အတွက် ထိုင်းနိုင်ငံမှာ Corona ဗိုင်းရပ်စ် မပြန့်ပွားရေး လုပ်ငန်းတွေကို အရေးပေါ် လုပ်ဆောင်နေတာပါ။ ဒီကနေ့မနက်ပိုင်းကစပြီး မဲဆောက်မြို့ ထစိုင်လွတ်က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၁ မှာ ဆေးစစ်မှုနဲ့ ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေကို ကျန်းမာရေးဝန်ထမ်းတွေက လုပ်ပေးနေတာပါ။

ထိုင်း-မြန်မာနယ်စပ်က မြန်မာအလုပ်သမားရေး လုပ်ဆောင်နေတဲ့ မြန်မာပြည်အရေး ပူးတွဲလှုပ်ရှားမူကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပြပါတယ်။

“ထိုင်းဘက်ခြမ်းက မဲဆောက်နဲ့ မြန်မာဘက်ခြမ်းက မြဝတီမှာ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက တရုတ်ပြည် ဝူဟမ်မြို့က လူ့အသက်ဆုံးရှုံးမှုတွေ ဖြစ်နေတဲ့ ဗိုင်းရပ်စ်တမျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ဖြစ်တာကြောင့် တရုတ်ပြည်ကလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို အထူးသဖြင့် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားနဲ့ မြဝတီမြို့ထဲက တရုတ်စားသောက်ဆိုင်တွေမှာ စစ်ဆေးမှုတွေ လုပ်နေပါတယ်။”

ထိုင်း-မြန်မာနယ်စပ်မှာတော့ ဝူဟမ်ဗိုင်းရပ်စ် ရှိနေသူ မတွေ့ရသေးပေမယ့် ထိုင်းအစိုးရ အနေနဲ့ ရောဂါမပြန့်ပွားလာအောင် နယ်စပ်ဒေသတွေမှာ အထူးစစ်ဆေးရေးနေရာတွေ ထားရှိပြီး စစ်ဆေးနေကြောင်း မဲဆောက်မြို့ကို ဒီကနေ့ ရောက်ရှိလာတဲ့ ထိုင်းကျန်းမာရေး ဒုဝန်ကြီး Dr. Satit Patu-Techa က အခုလိုပြောသွားပါတယ်။

“ထိုင်းနိုင်ငံဟာ Corona ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပေါ့ဆမနေဘဲ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေ အရေးပေါ် လုပ်ဆောင်နေတာပါ။ အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်ကို ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေ ကျန်းမာရေးစစ်ဆေးတဲ့ ဝန်ဆောင်မှုတွေ လုပ်ပေးနေပါတယ်။”

အထူးသဖြင့် တရုတ်နှစ်သစ်ကူးကာလမှာ ထိုင်းနယ်စပ်ဒေသကနေ မြန်မာနိုင်ငံဘက် ကူးသွားမယ့် တရုတ်နိုင်ငံသားတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေသာမက မြန်မာနိုင်ငံသားတွေကိုပါ လဝက စစ်ဆေးရေးဂိတ်မှာ တပ်ဆင်ထားတဲ့ အပူချိန်တိုင်းကိရိယာ စကင်ဖတ်စစ်ဆေးတဲ့ စက်တွေနဲ့ စစ်ဆေးနေပါတယ်။

နှာခေါင်း ပါးစပ် အကာတွေသုံးဖို့၊ လက်သန့်စင်ဆေးရေတွေ သုံးကြဖို့နဲ့ ဝူဟမ် Corona ဗိုင်းရပ်စ်ရောဂါ ပညာပေးစာတမ်းတွေကို ထိုင်းကျန်းမာရေးဝန်ထမ်းတွေဟာ တရုတ်နဲ့ ထိုင်းဘာသာ နှစ်မျိုးနဲ့ ဖြန့်ဝေနေပါတယ်။

မေအးေအးမ ာ/ VOA (Burmese)
https://burmese.voanews.com
ထိုင္း-ျမန္မာနယ္စပ္ Corona ဗိုင္းရပ္စ္ စစ္ေဆးမႈ ထိုင္းအာဏာပိုင္ေတြ ျပဳလုပ္ ထိုင္း-ျမန္မာနယ္စပ္ Corona ဗိုင္းရပ္စ္ စစ္ေဆးမႈ ထိုင္းအာဏာပိုင္ေတြ ျပဳလုပ္ Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.