ရခိုင္စစ္ေရွာင္စခန္းကို ေ႐ႊ႕ခိုင္းတယ္လို႔ စြပ္စြဲခံရ

စစ္ေၾကာင့္ ေျမစာပင္အရပ္သားေတြ ဒုကၡေရာက္ရ
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္က စညင္း႐ြာ စစ္ေဘးေရွာင္စခန္းကို တပ္မေတာ္ စစ္ေၾကာင္း တခု ညအခ်ိန္မွာ ေသနတ္ေတြ ပစ္ေဖာက္ဝင္လာၿပီး လူေတြကို အဲဒီမွာ မေနဖို႔ ႏွင္ထုတ္ခဲ့တဲ့ အတြက္ စစ္ေဘးေရွာင္ေတြ အထူးေၾကာက္လန႔္စိုးရိမ္ၿပီး ေနစရာမရွိ အေျခအေန ေရာက္ေနၾကတယ္လို႔ ဆိုပါတယ္။

လူဦးေရ ၅ဝဝ ေလာက္ရွိထဲ စညင္း စစ္ေဘးေရွာင္စခန္းထဲကို ဇန္နဝါရီလ ၂၅ ရက္ည ၁၁ နာရီေက်ာ္ အခ်ိန္မွာ အင္အား ၂ဝဝ ခန႔္ပါတဲ့ စစ္ေၾကာင္း တခုက ေသနတ္ေတြ ပစ္ေဖာက္ဝင္လာခဲ့ၿပီး အနည္းဆုံး တဲသုံးတဲက ေခါင္မိုးတာေပၚလင္စေတြကို ခြာခ် မီးရႈိ႕ခဲ့သလို စစ္ေဘးေရွာင္ေတြကိုလည္း မေနဖို႔ တားျမစ္ခဲ့တယ္လို႔ ေဒသခံ စစ္ေရွာင္ေတြက ဆိုပါတယ္။

ေသနတ္ေတြ တဒိုင္းဒိုင္းပစ္ၿပီး စခန္းထဲ ဝင္လာကာ အမ်ိဳးသားေရာ အမ်ိဳးသမီးေတြကိုပါ လက္ေမာင္းဆြဲထုတ္ ထိုင္ခိုင္းၿပီး ေမာ္လို႔ၾကည့္ခြင္မျပဳသလို စခန္းမွာ ဒီလူေတြကို ေနာက္ေန႔ တေယာက္မွ မျမင္ခ်င္ဘူး ဆိုၿပီး ေျပာဆိုကာ ထြက္သြားၾကတယ္လို႔ အခင္းျဖစ္ပြားခ်ိန္က စခန္းထဲမွာရွိေနတဲ့ အမ်ိဳးသမီးတဦးက ေျပာပါတယ္။

စစ္ေရွာင္စခန္းေတြမွာ ျဖစ္သလိုေနထိုင္စားေသာက္ၾကရ
ဒီစခန္းမွာ ေရာက္ေနၾကသူေတြဟာ ေျမပုံၿမိဳ႕နယ္ ဟင္းခေရာ္၊ အင္ၾကင္း၊ လီသြန္စတဲ့ ေက်း႐ြာေတြက ျဖစ္ၾကၿပီး လြန္ခဲ့တဲ့ တလခန႔္က ေက်း႐ြာအနီး တိုက္ပြဲ ျဖစ္ပြားရာကေန ေနရပ္စြန႔္ခြာ ထြက္ေျပး လာၾက သူေတြ ျဖစ္ပါတယ္။

အဲသလို ျပႆနာ ျဖစ္ပြားၿပီးတဲ့ေနာက္ စညင္း သို႔မဟုတ္ ကမ္းေထာင္းႀကီး ႐ြာဘက္ကို ျပန္ေျပာင္းဖို႔ ႐ြာသားေတြနဲ႔ တိုင္ပင္ေနတယ္လို႔လည္း အဲဒီစခန္းကို ေရာက္ရွိေနတဲ့ စစ္ေဘးေရွာင္ ကယ္ဆယ္ေရး ဆရာေတာ္ ဦးသဘာဝနဒီက မိန္႔ပါတယ္။

႐ြာသားေတြကို အားလုံးပစ္သတ္လိုက္မယ္၊ ေသသြားခ်င္သလားလို႔ ဝင္လာသူ စစ္သားေတြက ၿခိမ္းေျခာက္ေၾကာင္းလည္း ဆရာေတာ္က မိန္႔ပါတယ္။

ဒီလို ေဒသခံေတြက ေျပာဆိုလာတဲ့ အေပၚ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး အဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို ေမးၾကည့္ေတာ့ လုံၿခဳံေရးအရ သြားစစ္ေဆးတာပဲ ရွိၿပီး လူေတြကို မေ႐ႊ႕ခိုင္းခဲ့ေၾကာင္း ေျပာဆိုပါတယ္။

ဒီလို ျပသနာ ေတြ ျဖစ္ပြားခဲ့တဲ့ အတြက္ စစ္ေဘးေရွာင္ေတြ အၾကား ေၾကာက္လန႔္ စိုးရိမ္မႈေတြ ျဖစ္ေပၚေနၿပီး အဲဒီ စခန္းထဲမွာ မေနရဲဘဲ ထပ္မံ ထြက္ေျပးမႈေတြ ရွိေနၾကတယ္လို႔လည္း စညင္း႐ြာ အုပ္ခ်ဳပ္ေရးမႉးက ေျပာဆိုပါတယ္။

 ဘုရားေက်ာင္းကန္ေတြထဲ ခိုလႈံရတဲ့ စစ္ေဘးေရွာင္ေတြ 

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ရခိုင်စစ်ရှောင်စခန်းကို ရွှေ့ခိုင်းတယ်လို့ စွပ်စွဲခံရ

Image caption စစ်ကြောင့် မြေစာပင်အရပ်သားတွေ ဒုက္ခရောက်ရ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်က စညင်းရွာ စစ်ဘေးရှောင်စခန်းကို တပ်မတော် စစ်ကြောင်း တခု ညအချိန်မှာ သေနတ်တွေ ပစ်ဖောက်ဝင်လာပြီး လူတွေကို အဲဒီမှာ မနေဖို့ နှင်ထုတ်ခဲ့တဲ့ အတွက် စစ်ဘေးရှောင်တွေ အထူးကြောက်လန့်စိုးရိမ်ပြီး နေစရာမရှိ အခြေအနေ ရောက်နေကြတယ်လို့ ဆိုပါတယ်။

လူဦးရေ ၅ဝဝ လောက်ရှိထဲ စညင်း စစ်ဘေးရှောင်စခန်းထဲကို ဇန်နဝါရီလ ၂၅ ရက်ည ၁၁ နာရီကျော် အချိန်မှာ အင်အား ၂ဝဝ ခန့်ပါတဲ့ စစ်ကြောင်း တခုက သေနတ်တွေ ပစ်ဖောက်ဝင်လာခဲ့ပြီး အနည်းဆုံး တဲသုံးတဲက ခေါင်မိုးတာပေါ်လင်စတွေကို ခွာချ မီးရှို့ခဲ့သလို စစ်ဘေးရှောင်တွေကိုလည်း မနေဖို့ တားမြစ်ခဲ့တယ်လို့ ဒေသခံ စစ်ရှောင်တွေက ဆိုပါတယ်။

သေနတ်တွေ တဒိုင်းဒိုင်းပစ်ပြီး စခန်းထဲ ဝင်လာကာ အမျိုးသားရော အမျိုးသမီးတွေကိုပါ လက်မောင်းဆွဲထုတ် ထိုင်ခိုင်းပြီး မော်လို့ကြည့်ခွင်မပြုသလို စခန်းမှာ ဒီလူတွေကို နောက်နေ့ တယောက်မှ မမြင်ချင်ဘူး ဆိုပြီး ပြောဆိုကာ ထွက်သွားကြတယ်လို့ အခင်းဖြစ်ပွားချိန်က စခန်းထဲမှာရှိနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် NYUNT WIN
Image caption စစ်ရှောင်စခန်းတွေမှာ ဖြစ်သလိုနေထိုင်စားသောက်ကြရ

ဒီစခန်းမှာ ရောက်နေကြသူတွေဟာ မြေပုံမြို့နယ် ဟင်းခရော်၊ အင်ကြင်း၊ လီသွန်စတဲ့ ကျေးရွာတွေက ဖြစ်ကြပြီး လွန်ခဲ့တဲ့ တလခန့်က ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားရာကနေ နေရပ်စွန့်ခွာ ထွက်ပြေး လာကြ သူတွေ ဖြစ်ပါတယ်။

အဲသလို ပြဿနာ ဖြစ်ပွားပြီးတဲ့နောက် စညင်း သို့မဟုတ် ကမ်းထောင်းကြီး ရွာဘက်ကို ပြန်ပြောင်းဖို့ ရွာသားတွေနဲ့ တိုင်ပင်နေတယ်လို့လည်း အဲဒီစခန်းကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ကယ်ဆယ်ရေး ဆရာတော် ဦးသဘာဝနဒီက မိန့်ပါတယ်။

ရွာသားတွေကို အားလုံးပစ်သတ်လိုက်မယ်၊ သေသွားချင်သလားလို့ ဝင်လာသူ စစ်သားတွေက ခြိမ်းခြောက်ကြောင်းလည်း ဆရာတော်က မိန့်ပါတယ်။

ဒီလို ဒေသခံတွေက ပြောဆိုလာတဲ့ အပေါ် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးကြည့်တော့ လုံခြုံရေးအရ သွားစစ်ဆေးတာပဲ ရှိပြီး လူတွေကို မရွှေ့ခိုင်းခဲ့ကြောင်း ပြောဆိုပါတယ်။

ဒီလို ပြသနာ တွေ ဖြစ်ပွားခဲ့တဲ့ အတွက် စစ်ဘေးရှောင်တွေ အကြား ကြောက်လန့် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပြီး အဲဒီ စခန်းထဲမှာ မနေရဲဘဲ ထပ်မံ ထွက်ပြေးမှုတွေ ရှိနေကြတယ်လို့လည်း စညင်းရွာ အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။
ဓာတ်ပုံ မူပိုင် NYUNT WIN
Image caption ဘုရားကျောင်းကန်တွေထဲ ခိုလှုံရတဲ့ စစ်ဘေးရှောင်တွေ

BBC Burmese
https://www.bbc.com
ရခိုင္စစ္ေရွာင္စခန္းကို ေ႐ႊ႕ခိုင္းတယ္လို႔ စြပ္စြဲခံရ ရခိုင္စစ္ေရွာင္စခန္းကို ေ႐ႊ႕ခိုင္းတယ္လို႔ စြပ္စြဲခံရ Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.