သီေပါၿမိဳ႕နယ္၊ ကုံးမုံ႐ြာအနီးရွိ သစ္ေတာထဲမွာ ႏွစ္ေလာင္းၿပိဳင္လူသတ္မႈ ျဖစ္ပြား

ဓါတ္ပုံ_ နယ္စည္းမျခား ပရဟိတ(သီေပါ)
(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ဇန္နဝါရီ ၁၁

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္မွာ ဒီကေန႔ ဇန္နဝါရီလ ၁၁ရက္၊ ေန႔လည္ပိုင္းအခ်ိန္က ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈျဖစ္ပြားခဲ့ေၾကာင္း နယ္စည္းမျခား ပရဟိတ(သီေပါ)ထံမွ သိရပါတယ္။
ဓါတ္ပုံ_ နယ္စည္းမျခား ပရဟိတ(သီေပါ)

သီေပါၿမိဳ႕နယ္၊ ကုံးမုံေက်း႐ြာအနီး၊ လမ္းဘယ္ဖက္ျခမ္းရွိ ေတာအတြင္းက တဲအတြင္းမွာ အမ်ိဳးသားႏွစ္ဦး ေသနတ္ဒဏ္ရာေတြနဲ႔ ေသဆုံးေနတာျဖစ္ၿပီး အေလာင္းကို နယ္စည္းမျခား ပရဟိတ(သီေပါ)မွ ယာဥ္နဲ႔ သီေပါျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။

ဓါတ္ပုံ_ နယ္စည္းမျခား ပရဟိတ(သီေပါ)

“ေန႔လည္က သီေပါစခန္းကေန ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားလာတာပါ။ ကုံးမုံ႐ြာနားက ေတာထဲမွာ ေသနတ္ဒဏ္ရာေတြနဲ႔ ေသဆုံးေနတဲ့ အေလာင္းေတြရွိတယ္။ အဲဒါေတြ သယ္ေပးဖို႔ အေၾကာင္းၾကားလာလို႔ သိရတာပါ။ ေသတဲ့သူေတြက ဘယ္သူေတြမွန္း အတိအက် မသိရေသးဘူး”လို႔ နယ္စည္းမျခား ပရဟိတ(သီေပါ)မွ ကိုမ်ိဳးက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။
ဓါတ္ပုံ_ နယ္စည္းမျခား ပရဟိတ(သီေပါ)

အဲဒီျဖစ္စဥ္နဲ႔ သီေပါၿမိဳ႕မရဲစခန္းကို ေ႐ႊႀတိဂံေဒသ သတင္းဌာနမွ တယ္လီဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ျပန္လည္ေျဖၾကားျခင္း မရွိခဲ့ပါဘူး။

ဓါတ္ပုံ_ နယ္စည္းမျခား ပရဟိတ(သီေပါ)

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၈ရက္၊ မနက္ပိုင္းအခ်ိန္ကလည္း အဲဒီကုံးမုံေက်း႐ြာအနီးမွာ အမ်ိဳးသား(၃)ဦးကို ေသနတ္နဲ႔ ပစ္သတ္ခံရမႈျဖစ္ပြားခဲ့ၿပီး တရားခံေတြကို ဒီကေန႔အခ်ိန္ထိ ဖမ္းဆီးရမိျခင္း မရွိေသးပါဘူး။
ဓါတ္ပုံ_ နယ္စည္းမျခား ပရဟိတ(သီေပါ)

အေသးစိတ္ကို ဆက္လက္ေဖာ္ျပပါမည္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-----------
(Unicode)⤵⤵⤵
သီပေါမြို့နယ်၊ ကုံးမုံရွာအနီးရှိ သစ်တောထဲမှာ နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွား

တောင်ကြီး၊ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီလ ၁၁ရက်၊ နေ့လည်ပိုင်းအချိန်က နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း နယ်စည်းမခြား ပရဟိတ(သီပေါ)ထံမှ သိရပါတယ်။

သီပေါမြို့နယ်၊ ကုံးမုံကျေးရွာအနီး၊ လမ်းဘယ်ဖက်ခြမ်းရှိ တောအတွင်းက တဲအတွင်းမှာ အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး အလောင်းကို နယ်စည်းမခြား ပရဟိတ(သီပေါ)မှ ယာဉ်နဲ့ သီပေါပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

“နေ့လည်က သီပေါစခန်းကနေ ကျွန်တော်တို့ကို အကြောင်းကြားလာတာပါ။ ကုံးမုံရွာနားက တောထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတွေရှိတယ်။ အဲဒါတွေ သယ်ပေးဖို့ အကြောင်းကြားလာလို့ သိရတာပါ။ သေတဲ့သူတွေက ဘယ်သူတွေမှန်း အတိအကျ မသိရသေးဘူး”လို့ နယ်စည်းမခြား ပရဟိတ(သီပေါ)မှ ကိုမျိုးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ သီပေါမြို့မရဲစခန်းကို ရွှေတြိဂံဒေသ သတင်းဌာနမှ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ရက်၊ မနက်ပိုင်းအချိန်ကလည်း အဲဒီကုံးမုံကျေးရွာအနီးမှာ အမျိုးသား(၃)ဦးကို သေနတ်နဲ့ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဒီကနေ့အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

အသေးစိတ်ကို ဆက်လက်ဖော်ပြပါမည်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ_ နယ်စည်းမခြား ပရဟိတ(သီပေါ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
သီေပါၿမိဳ႕နယ္၊ ကုံးမုံ႐ြာအနီးရွိ သစ္ေတာထဲမွာ ႏွစ္ေလာင္းၿပိဳင္လူသတ္မႈ ျဖစ္ပြား သီေပါၿမိဳ႕နယ္၊ ကုံးမုံ႐ြာအနီးရွိ သစ္ေတာထဲမွာ ႏွစ္ေလာင္းၿပိဳင္လူသတ္မႈ ျဖစ္ပြား Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.