စာသင္ကာလ တိုးခ်ဲ႕မႈ ဆန္႔က်င္တဲ႔ "ဖဲႀကိဳးစိမ္း လႈပ္႐ွားမႈ"

အေျခခံ အလယ္တန္း ေက်ာင္းသူ၊ ေက်ာင္းသားမ်ား (၂၀၁၇ ဇူလိုင္လ)
(Zawgyi/ Unicode)

ပညာေရးဝန္ႀကီးဌာနရဲ႕ အေျခခံပညာေက်ာင္းစာသင္ခ်ိန္ တလတိုုးတဲ့ အစီအစဥ္နဲ႔ပတ္သတ္လို႔ ေဝဖန္မႈေတြရွိေနခ်ိန္မွာဘဲ အခုလိုထပ္ၿပီး ဖဲႀကိဳးစိမ္းလႈပ္ရွားမႈလို႔ အမည္တပ္တဲ့ ကန္႔ကြက္လႈပ္ရွားမႈေတြ ထြက္ေပၚလာေနတာပါ။ လႈပ္ရွား သူေတြဘက္ကေတာ့ ပညာေရးဝန္ႀကီးဌာနဘက္က ညိႈႏိႈင္းလုပ္ေဆာင္လာတာမရွိမခ်င္း ဒီလႈပ္ရွားမႈေတြ ဆက္လက္ လုပ္ေဆာင္မယ္လို႔ ေျပာပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ ေမခက ေပးပို႔ထားပါတယ္။

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ အေျခခံပညာမွ ဆရာ၊ဆရာမေတြ၊ ေက်ာင္းသားသမဂၢေတြ ေဝဖန္အႀကံျပဳ ခ်က္ေတြကို လ်စ္လ်ဴရႈ ေနတဲ့ အျပင္ သင္ရိုးသစ္၊ သင္ရိုးေဟာင္း စာသင္ကာလ ေတြကို စနစ္တက်ခြဲေဝမႈမရွိပဲ၊ ေက်ာင္းဖြင့္ရက္၊ ပိတ္ရက္ ေတြကို စနစ္တက် မလုပ္ေဆာင္ တာေတြေၾကာင့္ ဒီဖဲႀကိဳးစိမ္းလႈပ္ရွားမႈ ကို လုပ္ေဆာင္တာျဖစ္တယ္လို ရန္ကုန္ပညာေရး တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢမွ အတြင္း ေရးမွဴး ကိုေအာင္ျပည္႔စံုၿဖိဳး ကေျပာပါတယ္။

“အခုက သင္ရိုးက ေဖေဖာ္ဝါရီ ထိဘဲရွိတယ္။ မတ္လ တလလံုး သင္မယ့္သင္ရိုးမရွိဘူး။ ေနာက္ဆရာဆရာမ ေတြမွာ ၾကားထဲမွာ မြမ္းမံသင္တန္းေတြ တက္ရတာေတြ ရွိတယ္။ အဲလိုလုပ္ရင္ ဆရာမေတြမွာ ၉ တန္း အေျဖလႊာကို စစ္မယ့္သူ မရွိေတာ့ဘူး။ ၿပီးရင္ နားရက္ဆိုတာလည္းမက်န္ေတာ့ဘူး။ ေက်ာင္းသားေတြ အတြက္ဆိုလဲ မတ္လမွာ အရမ္းပူတယ္။ ဒီတြက္ျပင္ဆင္တာမရွိဘဲ လုပ္တာကို က်ေနာ္တို႔ သေဘာမက်တာပါ”

မတ္လကုန္အထိ ေက်ာင္းတက္ရက္တိုုးတဲ့ သတ္မွတ္ခ်က္အရအေျခခံပညာ ေက်ာင္းေတြဟာ မတ္လကုုန္ အထိ ဖြင့္လွစ္ရေတာ့ မွာျဖစ္ပါတယ္။ ဒီႏွစ္ ပညာသင္ႏွစ္အစထဲက တိုုးဖိုု႔ေၾကျငာထားေပမယ့္ ခုုခ်ိန္ထိညႊန္ၾကားခ်က္ တိတိပပထုုတ္ျပန္ႏိုုင္တာမရွိေသးသလိုု တိုုးျမင့္မယ့္ အခ်ိန္အတြက္ သင္ရိုုး ညႊန္းတမ္းသီးျခားေရးဆြဲ ထား တာလည္း မရွိပါဘူး။ ဒါ့အျပင္ လက္ရွိေရးဆြဲထားတဲ့ သင္ရိုးကလည္း လာမယ့္ ေဖေဖာ္ဝါရီ အထိသာေရးဆြဲထားတာ ေၾကာင့္ အခု ထုတ္ျပန္တဲ့ အစီအစဥ္အေပၚ ဘဝင္မက်မႈေတြ အေတာ္ေလး ထြက္ေပၚေနတာပါ။

ေက်ာင္းသား၊ မိဘ၊ ဆရာေတြ အခက္အခဲ သေဘာထားတင္ျပမႈမပါဘဲ စာသင္ကာလ အတင္း အဓမၼ တိုးတာကိုု ပညာေရးဝန္ႀကီးဌာန အေနနဲ႔ ျပင္ဆင္မေပးရင္ ၂၀၂၀ ေရြးေကာက္ပြဲ မွာ မဲ႐ုံတာဝန္ထမ္းမွာ မဟုုတ္ဘူး လိုု႔ ျမန္မာနိုင္ငံလုံးဆိုင္ရာဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္ (MTF)က ထုုတ္ျပန္ထား ပါတယ္။ ဒီလိုုထုုတ္ျပန္တာဟာ ပညာေရး ဝန္ႀကီးဌာနဘက္က ညိႈႏိႈင္း လုုပ္ေဆာင္တဲ့ သေဘာ သဘာဝကိုု လက္ခံလာေစဖိုု႔ ျဖစ္တယ္လို႔ ျမန္မာနိုင္ငံလုံးဆိုင္ရာဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္ က ေျပာပါတယ္။

တကၠသိုုလ္ ဆရာမ်ား ကိုယ္စားျပဳေကာ္မတီက ေဒါက္တာေအာင္မိုးသူ ကေတာ့ လက္ရွိပညာေရး စနစ္ကို ျပဳျပင္ ေျပာင္းလဲဖို႔ လိုေနတယ္လို႔ ေဝဖန္ပါတယ္။

“ ဘယ္ႏိုင္ငံရဲ႕သုေတသနမူ မွန္းမသိဘူး။ ျမန္မာႏိုင္ငံအတြက္ မိတၱဴလာကူးရင္ေတာ့ မွားတယ္ေျပာပါရေစ။ ျပင္ရမွာက ျမန္မာပညာေရးစနစ္က ရက္တိုးရမွာမဟုတ္ဘူး။ စနစ္ကိုျပင္ရမွာ။ capacity ကိုျမင့္ရမွာ။ ရက္တိုးတာနဲ႔ Capacity မျမင့္ဘူး။ ပညာေရး ျပဳျပင္ေျပာင္းလဲသြားတာ မဟုတ္ဘူး။ လူတေယာက္က တေန႕စာလံုး ၁၀ လံုးတတ္လို႔ ၁၀ ရက္ ဆို အလံုး ၁၀၀ တတ္သြားမယ္ဆိုရင္ ပညာေရးမဟုတ္ဘူး။ ပညာေရးက ၁ လံုးထဲ ၁၀ ရက္ ၾကာေကာင္းၾကာ မယ္။ ရက္နဲ႔တြက္ၿပီး သင္ယူတယ္ဆိုတာကိုက မွားေနတာ။

အရင္ ဦးသိန္းစိန္လက္ထက္က လုပ္တဲ့ NESP မွာ အေျခခံ လုပ္ထားတယ္။ အဲေပၚသံုးထားတာကို ၾကည္႔ရင္ ေသခ်ာမေလ့လာရင္ ဒါဟာ အႏၱရာယ္ရွိတယ္။ တကယ္တမ္း ျပဳျပင္ေျပာင္းလဲမႈ လုပ္တယ္ထင္ရ တဲ့ ရီပို႔ အတုသာျဖစ္တယ္။”

အရင္က အေျခခံပညာ သူငယ္တန္းကေန နဝမတန္း အထိ ႏွစ္ဆံုုးစာေမးပြဲေတြကိုုေဖေဖာ္ဝါရီ ေနာက္ဆုံးပတ္မွာ လုုပ္ေလ့ရွိၿပီး မတ္လမွ ဇြန္ထိ ေႏြေက်ာင္းပိတ္ကာလ အေနနဲ႔ သံုုးလသတ္မွတ္ထား ခဲ့ပါတယ္။ ဒီပညာသင္ႏွစ္ကစလိုု႔ မတ္လကုန္အထိ ေက်ာင္းတက္ရမယ္ ဆိုုရင္ ကေလးေတြ အေနနဲ႔ ေႏြေက်ာင္းပိတ္ကာလ ၂လသာ ခံစားခြင့္ ရေတာ့မွာျဖစ္ပါတယ္။ စတုုတၳတန္း၊ အဌမတန္း နဲ႔ တကၠသိုုလ္ဝင္တန္း ကလြဲၿပီး က်န္ အတန္းေတြ ဟာလည္း မတ္လ ၃၁ ရက္ေန႔ အထိေက်ာင္းတက္ရ မွာျဖစ္ပါတယ္။

ဒီဖဲႀကိဳးစိမ္း လႈပ္ရွားမႈေတြကို စစ္ကိုင္း၊ မေကြး၊ ရန္ကုန္ အပါအဝင္ တႏိုင္ငံလံုးမွာရွိတဲ့ ပညာေရး တကၠသို္လ္ေတြမွာ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ၿပီး ေက်ာင္းသား၊ မိဘ၊ ဆရာေတြ အခက္အခဲ သေဘာထား တင္ျပမႈမပါဘဲ စာသင္ကာလ အတင္း အဓမၼ တိုးတာကိုု ပညာေရးဝန္ႀကီးဌာန အေနနဲ႔ ျပင္ဆင္ မေပးမခ်င္း ဆက္လက္ လုပ္ေဆာင္မယ္လို႔ ရန္ကုန္ ပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက ဆိုပါတယ္။

......................

စာသင်ကာလ တိုးချဲ့မှု ဆန့်ကျင်တဲ့ "ဖဲကြိုးစိမ်း လှုပ်ရှားမှု"

(Unicode)

ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာကျောင်းစာသင်ချိန် တလတိုးတဲ့ အစီအစဉ်နဲ့ပတ်သတ်လို့ ဝေဖန်မှုတွေရှိနေချိန်မှာဘဲ အခုလိုထပ်ပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှုလို့ အမည်တပ်တဲ့ ကန့်ကွက်လှုပ်ရှားမှုတွေ ထွက်ပေါ်လာနေတာပါ။ လှုပ်ရှား သူတွေဘက်ကတော့ ပညာရေးဝန်ကြီးဌာနဘက်က ညှိုနှိုင်းလုပ်ဆောင်လာတာမရှိမချင်း ဒီလှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်မယ်လို့ ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မေခက ပေးပို့ထားပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာမှ ဆရာ၊ဆရာမတွေ၊ ကျောင်းသားသမဂ္ဂတွေ ဝေဖန်အကြံပြု ချက်တွေကို လျစ်လျူရှု နေတဲ့ အပြင် သင်ရိုးသစ်၊ သင်ရိုးဟောင်း စာသင်ကာလ တွေကို စနစ်တကျခွဲဝေမှုမရှိပဲ၊ ကျောင်းဖွင့်ရက်၊ ပိတ်ရက် တွေကို စနစ်တကျ မလုပ်ဆောင် တာတွေကြောင့် ဒီဖဲကြိုးစိမ်းလှုပ်ရှားမှု ကို လုပ်ဆောင်တာဖြစ်တယ်လို ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ အတွင်း ရေးမှုး ကိုအောင်ပြည့်စုံဖြိုး ကပြောပါတယ်။

“အခုက သင်ရိုးက ဖေဖော်ဝါရီ ထိဘဲရှိတယ်။ မတ်လ တလလုံး သင်မယ့်သင်ရိုးမရှိဘူး။ နောက်ဆရာဆရာမ တွေမှာ ကြားထဲမှာ မွမ်းမံသင်တန်းတွေ တက်ရတာတွေ ရှိတယ်။ အဲလိုလုပ်ရင် ဆရာမတွေမှာ ၉ တန်း အဖြေလွှာကို စစ်မယ့်သူ မရှိတော့ဘူး။ ပြီးရင် နားရက်ဆိုတာလည်းမကျန်တော့ဘူး။ ကျောင်းသားတွေ အတွက်ဆိုလဲ မတ်လမှာ အရမ်းပူတယ်။ ဒီတွက်ပြင်ဆင်တာမရှိဘဲ လုပ်တာကို ကျနော်တို့ သဘောမကျတာပါ”

မတ်လကုန်အထိ ကျောင်းတက်ရက်တိုးတဲ့ သတ်မှတ်ချက်အရအခြေခံပညာ ကျောင်းတွေဟာ မတ်လကုန် အထိ ဖွင့်လှစ်ရတော့ မှာဖြစ်ပါတယ်။ ဒီနှစ် ပညာသင်နှစ်အစထဲက တိုးဖို့ကြေငြာထားပေမယ့် ခုချိန်ထိညွှန်ကြားချက် တိတိပပထုတ်ပြန်နိုင်တာမရှိသေးသလို တိုးမြင့်မယ့် အချိန်အတွက် သင်ရိုး ညွှန်းတမ်းသီးခြားရေးဆွဲ ထား တာလည်း မရှိပါဘူး။ ဒါ့အပြင် လက်ရှိရေးဆွဲထားတဲ့ သင်ရိုးကလည်း လာမယ့် ဖေဖော်ဝါရီ အထိသာရေးဆွဲထားတာ ကြောင့် အခု ထုတ်ပြန်တဲ့ အစီအစဉ်အပေါ် ဘဝင်မကျမှုတွေ အတော်လေး ထွက်ပေါ်နေတာပါ။

ကျောင်းသား၊ မိဘ၊ ဆရာတွေ အခက်အခဲ သဘောထားတင်ပြမှုမပါဘဲ စာသင်ကာလ အတင်း အဓမ္မ တိုးတာကို ပညာရေးဝန်ကြီးဌာန အနေနဲ့ ပြင်ဆင်မပေးရင် ၂၀၂၀ ရွေးကောက်ပွဲ မှာ မဲရုံတာဝန်ထမ်းမှာ မဟုတ်ဘူး လို့ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF)က ထုတ်ပြန်ထား ပါတယ်။ ဒီလိုထုတ်ပြန်တာဟာ ပညာရေး ဝန်ကြီးဌာနဘက်က ညှိုနှိုင်း လုပ်ဆောင်တဲ့ သဘော သဘာဝကို လက်ခံလာစေဖို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ် က ပြောပါတယ်။

တက္ကသိုလ် ဆရာများ ကိုယ်စားပြုကော်မတီက ဒေါက်တာအောင်မိုးသူ ကတော့ လက်ရှိပညာရေး စနစ်ကို ပြုပြင် ပြောင်းလဲဖို့ လိုနေတယ်လို့ ဝေဖန်ပါတယ်။

“ ဘယ်နိုင်ငံရဲ့သုတေသနမူ မှန်းမသိဘူး။ မြန်မာနိုင်ငံအတွက် မိတ္တူလာကူးရင်တော့ မှားတယ်ပြောပါရစေ။ ပြင်ရမှာက မြန်မာပညာရေးစနစ်က ရက်တိုးရမှာမဟုတ်ဘူး။ စနစ်ကိုပြင်ရမှာ။ capacity ကိုမြင့်ရမှာ။ ရက်တိုးတာနဲ့ Capacity မမြင့်ဘူး။ ပညာရေး ပြုပြင်ပြောင်းလဲသွားတာ မဟုတ်ဘူး။ လူတယောက်က တနေ့စာလုံး ၁၀ လုံးတတ်လို့ ၁၀ ရက် ဆို အလုံး ၁၀၀ တတ်သွားမယ်ဆိုရင် ပညာရေးမဟုတ်ဘူး။ ပညာရေးက ၁ လုံးထဲ ၁၀ ရက် ကြာကောင်းကြာ မယ်။ ရက်နဲ့တွက်ပြီး သင်ယူတယ်ဆိုတာကိုက မှားနေတာ။

အရင် ဦးသိန်းစိန်လက်ထက်က လုပ်တဲ့ NESP မှာ အခြေခံ လုပ်ထားတယ်။ အဲပေါ်သုံးထားတာကို ကြည့်ရင် သေချာမလေ့လာရင် ဒါဟာ အန္တရာယ်ရှိတယ်။ တကယ်တမ်း ပြုပြင်ပြောင်းလဲမှု လုပ်တယ်ထင်ရ တဲ့ ရီပို့ အတုသာဖြစ်တယ်။”

အရင်က အခြေခံပညာ သူငယ်တန်းကနေ နဝမတန်း အထိ နှစ်ဆုံးစာမေးပွဲတွေကိုဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ လုပ်လေ့ရှိပြီး မတ်လမှ ဇွန်ထိ နွေကျောင်းပိတ်ကာလ အနေနဲ့ သုံးလသတ်မှတ်ထား ခဲ့ပါတယ်။ ဒီပညာသင်နှစ်ကစလို့ မတ်လကုန်အထိ ကျောင်းတက်ရမယ် ဆိုရင် ကလေးတွေ အနေနဲ့ နွေကျောင်းပိတ်ကာလ ၂လသာ ခံစားခွင့် ရတော့မှာဖြစ်ပါတယ်။ စတုတ္ထတန်း၊ အဌမတန်း နဲ့ တက္ကသိုလ်ဝင်တန်း ကလွဲပြီး ကျန် အတန်းတွေ ဟာလည်း မတ်လ ၃၁ ရက်နေ့ အထိကျောင်းတက်ရ မှာဖြစ်ပါတယ်။

ဒီဖဲကြိုးစိမ်း လှုပ်ရှားမှုတွေကို စစ်ကိုင်း၊ မကွေး၊ ရန်ကုန် အပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ ပညာရေး တက္ကသိုလ်တွေမှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ကျောင်းသား၊ မိဘ၊ ဆရာတွေ အခက်အခဲ သဘောထား တင်ပြမှုမပါဘဲ စာသင်ကာလ အတင်း အဓမ္မ တိုးတာကို ပညာရေးဝန်ကြီးဌာန အနေနဲ့ ပြင်ဆင် မပေးမချင်း ဆက်လက် လုပ်ဆောင်မယ်လို့ ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဆိုပါတယ်။

ေမခ/VOA Burmese
https://burmese.voanews.com
စာသင္ကာလ တိုးခ်ဲ႕မႈ ဆန္႔က်င္တဲ႔ "ဖဲႀကိဳးစိမ္း လႈပ္႐ွားမႈ" စာသင္ကာလ တိုးခ်ဲ႕မႈ ဆန္႔က်င္တဲ႔ "ဖဲႀကိဳးစိမ္း လႈပ္႐ွားမႈ" Reviewed by THITHTOOLWIN on 10:25 Rating: 5
Powered by Blogger.