ရာအိမ္မႉးတစ္ဦးရဲ႕ ပုပ္ပြေနတဲ့အေလာင္းကိုေတြ႕ရွိ

Photo – Myo Kyaw Soe
(Zawgyi)⤵⤵⤵
ရန္ကုန္ ဇန္နဝါရီ ၁၀-၂၀၂၀

ရန္ကုန္တိုင္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ အမွတ္ (၉) ရပ္ကြက္ရွိ တိုက္ခန္းတစ္ခန္းမွာ ဒီကေန႔ေန႔လယ္ပိုင္းက ေသဆုံးပုပ္ပြေနတဲ့ အသက္ ၄၄ ႏွစ္ခန႔္အ႐ြယ္ အမ်ိဳးသားတစ္ဦးရဲ႕အေလာင္းကိုေတြ႕ရွိခဲ့ရလို႔ ေသမႈေသခင္းဖြင့္ၿပီး ဓမၼတာအတ္ုင္းေသဆုံးျခင္းဟုတ္မဟုတ္ စစ္ေဆးေနတယ္လို႔ ေက်ာက္တံတားၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

‟ေသဆုံးသူမွာေတာ့ ဒဏ္ရာမရွိပါဘူး။ ေသတာကေတာ့ သုံးရက္ေလာက္ရွိၿပီလို႔ ခန႔္မွန္းရပါတယ္။ေနအိမ္မွာ တစ္ေယာက္တည္းေနတာပါ ၊ ၿပီးေတာ့သူကရာအိမ္မႉ းလို႔သိရတယ္။ သတင္းရလို႔ သက္ေသေတြနဲ႔အတူ သြားၾကည့္ေတာ့ သူ႔အခန္းက အတြင္းကေန ေလာ့ခ်ထားတယ္၊ ဖ်က္ၿပီးဝင္ရတာ ကုတင္ေပၚမွာ အေလာင္းကိုေတြ႕တာ၊ ျခင္ေထာင္ကေထာင္ထားတယ္၊ အျပင္ကိုအနံ႔ထြက္ေနတယ္လို႔ ” ေက်ာက္တံတားၿမိဳ႕မရဲစခန္းမွ စခန္းမႉး ဒုရဲမႉးပိုထြန္းကေျပာပါတယ္။

ဗိုလ္ေအာင္ေက်ာ္လမ္း၊ အထက္ဘေလာက္က၊ ပထမထပ္ တိုက္ခန္းတစ္ခန္းမွာ အနံ႔ေတြထြက္ေနတယ္လို႔ ပတ္ဝန္းက်င္ေနထိုင္သူေတြက သတင္းေပးတဲ့အတြက္ ရဲတပ္ဖြဲ႕အပါအဝင္ သက္ဆိုင္ရာအဖြဲ႕က ဝင္ေရာက္စစ္ေဆးခဲ့ရာ ေနအိမ္မွာတစ္ဦးတည္းေနထိုင္တဲ့ အသက္( ၄၄) ႏွစ္ခန႔္အ႐ြယ္ အမ်ိဳးသားတစ္ဦးေသဆုံးေနၿပီး ထိုေသဆုံးသူမွာ အမွတ္ (၉) ရပ္ကြက္ရဲ႕ရာအိမ္မႉးတစ္ဦးျဖစ္တယ္လို႔ အခင္းျဖစ္တဲ့တိုက္ခန္းပတ္ဝန္းက်င္တြင္ ေနထိုင္သူမ်ားရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ေသဆုံးသူမွာ ၿဖိဳးလြင္ဦး (ခ) ကိုၿပဳံးျဖစ္ၿပီး အဲ့ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေက်ာက္တံတားၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္ ၁/၂၀၂၀ျဖင့္ဖြင့္လွစ္ထားကာ ရန္ကုန္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

မိုးယံ(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
ရာအိမ်မှူးတစ်ဦးရဲ့ ပုပ်ပွနေတဲ့အလောင်းကိုတွေ့ရှိ

ရန်ကုန် ဇန်နဝါရီ ၁၀-၂၀၂၀

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ တိုက်ခန်းတစ်ခန်းမှာ ဒီကနေ့နေ့လယ်ပိုင်းက သေဆုံးပုပ်ပွနေတဲ့ အသက် ၄၄ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးရဲ့အလောင်းကိုတွေ့ရှိခဲ့ရလို့ သေမှုသေခင်းဖွင့်ပြီး ဓမ္မတာအတ်ုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနေတယ်လို့ ကျောက်တံတားမြို့မရဲစခန်းကနေ သိရပါတယ်။

‟သေဆုံးသူမှာတော့ ဒဏ်ရာမရှိပါဘူး။ သေတာကတော့ သုံးရက်လောက်ရှိပြီလို့ ခန့်မှန်းရပါတယ်။နေအိမ်မှာ တစ်ယောက်တည်းနေတာပါ ၊ ပြီးတော့သူကရာအိမ်မှူ းလို့သိရတယ်။ သတင်းရလို့ သက်သေတွေနဲ့အတူ သွားကြည့်တော့ သူ့အခန်းက အတွင်းကနေ လော့ချထားတယ်၊ ဖျက်ပြီးဝင်ရတာ ကုတင်ပေါ်မှာ အလောင်းကိုတွေ့တာ၊ ခြင်ထောင်ကထောင်ထားတယ်၊ အပြင်ကိုအနံ့ထွက်နေတယ်လို့ ” ကျောက်တံတားမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးပိုထွန်းကပြောပါတယ်။

ဗိုလ်အောင်ကျော်လမ်း၊ အထက်ဘလောက်က၊ ပထမထပ် တိုက်ခန်းတစ်ခန်းမှာ အနံ့တွေထွက်နေတယ်လို့ ပတ်ဝန်းကျင်နေထိုင်သူတွေက သတင်းပေးတဲ့အတွက် ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ နေအိမ်မှာတစ်ဦးတည်းနေထိုင်တဲ့ အသက်( ၄၄) နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးသေဆုံးနေပြီး ထိုသေဆုံးသူမှာ အမှတ် (၉) ရပ်ကွက်ရဲ့ရာအိမ်မှူးတစ်ဦးဖြစ်တယ်လို့ အခင်းဖြစ်တဲ့တိုက်ခန်းပတ်ဝန်းကျင်တွင် နေထိုင်သူများရဲ့ပြောပြချက်အရ သိရပါတယ်။

သေဆုံးသူမှာ ဖြိုးလွင်ဦး (ခ) ကိုပြုံးဖြစ်ပြီး အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်တံတားမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁/၂၀၂၀ဖြင့်ဖွင့်လှစ်ထားကာ ရန်ကုန်ပြည်သူ့ဆေးရုံကို ပို့ဆောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။

မိုးယံ(VOM)
Photo – Myo Kyaw Soe
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ရာအိမ္မႉးတစ္ဦးရဲ႕ ပုပ္ပြေနတဲ့အေလာင္းကိုေတြ႕ရွိ ရာအိမ္မႉးတစ္ဦးရဲ႕ ပုပ္ပြေနတဲ့အေလာင္းကိုေတြ႕ရွိ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.