သတိျပဳဆင္ျခင္စားသုံးဖြယ္ ေခါက္ဆြဲေျခာက္အႏၲရာယ္

(Zawgyi)⤵⤵⤵
မၾကာေသးမီက ႏိုင္ငံတကာသတင္းတစ္ခုမွာ ေခါက္ဆြဲေျခာက္ အလြန္အကြၽံ စားသုံးျခင္းေၾကာင့္ က်န္းမာေရးထိခိုက္ခဲ့တဲ့ ကေလးတစ္ေယာက္အေၾကာင္း ေရးသားထားတဲ့ သတင္းတစ္ပုဒ္ကို စိတ္မေကာင္းဖြယ္ရာ ဖတ္ခဲ့ရပါတယ္။ ေခါက္ဆြဲေျခာက္ကို ႏွစ္ရွည္လမ်ား အလြန္အကြၽံစားသုံးတာေၾကာင့္ ေနာက္ဆုံးမွာ သူ႔ရည္မွန္းခ်က္ေတြ ျပည့္ဝေအာင္ျမင္မႈ မရခင္မွာဘဲ အူမႀကီးကင္ဆာေရာဂါနဲ႔ ေလာကႀကီးက ႏႈတ္ဆက္ထြက္ခြာရေတာ့မယ့္ အေနအထား၊ ေသမင္းကို ေနာက္ဆုံး ရင္ဆိုင္ရေတာ့မယ့္အေနအထားကို ဖတ္ရေတာ့ အေတာ္ေလး ထိတ္လန႔္သြားခဲ့ရပါတယ္။

အာဟာရခ်ိဳ႕တဲ့ေနၾက

ဟုတ္ပါတယ္။ အေရွ႕ေတာင္အာရွမွာ ေဈးေတာ္တဲ့ အစအစာေတြ ဥပမာ ေခါက္ဆြဲေျခာက္ကဲ့သို႔ အသင့္စား အစားအစာေတြဟာ ဆာေလာင္မႈကို ေျဖသိမ့္ေပးႏိုင္ေသာ္လည္း အာဟာရဓာတ္ပါဝင္မႈကေတာ့ နတၳိပါပဲ။ အာဟာရတန္ဖိုးမရွိတဲ့ ေခါက္ဆြဲေျခာက္ေတြကို အမ်ားအျပားစားတဲ့ကေလးေတြဟာ ႀကဳံလွီပိန္ေသးၿပီး ခႏၶာကိုယ္ဖြံ႕ၿဖိဳးထြားႀကိဳင္းျခင္းမရွိသလို ဒါမွမဟုတ္ ဆန႔္က်င္ဘက္အေနနဲ႔ အဝလြန္ျခင္းေတြ ျဖစ္တတ္တယ္လို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ေျပာၾကားထားပါတယ္။

ဖိလစ္ပိုင္၊ အင္ဒိုနီးရွား၊ မေလးရွားႏိုင္ငံေတြဟာ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ ႏိုင္ငံေတြျဖစ္ၿပီး လူေနမႈအဆင့္အတန္းဟာလည္း ျမင့္တက္လ်က္ရွိပါတယ္။ သို႔ေသာ္လည္း အျပင္မွာ ပိုက္ဆံထြက္ရွာၿပီးအလုပ္ႀကိဳးစားေနတဲ့ မိဘေတြဟာ သူတို႔အတြက္ အခ်ိန္သိပ္မရွိတာေၾကာင့္ ဘယ္လိုအစားအစာေတြဟာ ကေလးငယ္ေတြအတြက္ သင့္ေတာ္မႈရွိလား မရွိဘူးလား ဆိုတာကို မေဝခြဲၾကေတာ့ဘဲအဆင္ေျပသလို ႏွစ္ပါးသြားေနၾကပါတယ္။ အက်ိဳးဆက္အားျဖင့္ ကေလးငယ္ေတြဟာ ျပည့္ဝတဲ့ အာဟာရတန္ဖိုးကို မရရွိၾကေတာ့ဘဲ အဆိုးဆုံးကေတာ့ ကေလးငယ္ေတြရဲ႕ က်န္းမာေရးကို ထိခိုက္ေစေလာက္တဲ့အထိ ဆိုးက်ိဳးေတြ ျဖစ္လာတာပါပဲ။

ဖိလစ္ပိုင္၊ အင္ဒိုနီးရွား၊ မေလးရွားႏိုင္ငံေတြမွာရွိတဲ့ ကေလးငယ္ေတြရဲ႕ ပ်မ္းမွ်အသက္ငါးႏွစ္မွ ငါးႏွစ္ေအာက္ ကေလးငယ္ ၄၀ ရာခိုင္ႏႈန္းဟာ အာဟာရတန္ဖိုးအျပည့္အဝ မရရွိၾကေတဘဲအာဟာရခ်ိဳ႕တဲ့ေနၾကပါၿပီ။ ဒါဟာကမာၻ႔အဆင့္ ကေလးသုံးေယာက္မွာ တစ္ေယာက္ႏႈန္းထက္ ပိုေနပါတယ္လို႔ ယူနီဆက္က ေအာက္တိုဘာ ၁၄ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

ဆိုးတဲ့အက်ိဳးဆက္ေတြျဖစ္ႏိုင္

မိဘေတြဟာ သူတို႔ကေလးေတြ ဗိုက္ျပည့္ဖို႔ပဲ အေရးႀကီးဆုံးကိစၥလို႔ ထင္ေနၾကတယ္။ သူတို႔ကေလးေတြ ပ႐ိုတိန္းဓာတ္ပမာဏ ျပည့္ဝလုံေလာက္စြာရရဲ႕လား၊ ကယ္လ္ဆီယမ္ ဒါမွမဟုတ္ အမွ်င္ဓာတ္ပမာဏ ျပည့္ျပည့္၀၀ရရဲ႕လား စတဲ့အခ်က္ေတြကို မစဥ္းစားၾကေတာ့ဘူးလို႔ အင္ဒိုနီးရွား ျပည္သူ႔က်န္းမာေရး ကြၽမ္းက်င္ပညာရွင္ ဟက္စ္ဘူလာသာ ဘရန္နီက ေျပာပါတယ္။

ကေလးေတြကို အႏၲရာယ္ျဖစ္ေစတဲ့အရာေတြဟာ အစာအာဟာရခ်ိဳ႕တဲ့တဲ့ ေနာက္ခံအေၾကာင္းအရာေတြရွိေနျခင္း၊ ဆင္းရဲတဲ့အေနအထား ေရာက္ေနျခင္းတို႔ပဲျဖစ္ပါတယ္။ ထို႔အတူ သံဓာတ္ခ်ိဳ႕တဲ့တဲ့ ကေလးေတြဟာ ေလ့လာသင္ယူႏိုင္ စြမ္းအားက်ဆင္းျခင္းနဲ႔ မိခင္ေလာင္းေတြအေနနဲ႔လည္း ကေလးေမြးဖြားေနခ်ိန္နဲ႔ ေမြးဖြားၿပီးေနာက္ပိုင္းမွာ ေသဆုံးႏိုင္ေျခမ်ားျခင္း စတဲ့ အႏၲရာယ္ေတြျဖစ္ေစႏိုင္တယ္လို႔ ယူနီဆက္က ေျပာၾကားထားပါတယ္။

ယူနီဆက္စာရင္းဇယားေတြအရ အင္ဒိုနီးရွားမွာ လြန္ခဲ့တဲ့ႏွစ္က ငါးႏွစ္ေအာက္ကေလး ၂၄ဒသမ၄သန္း၊ ဖိလစ္ပိုင္ႏိုင္ငံမွာ ( ၁၁ သန္းနဲ႔ မေလးရွားႏိုင္ငံမွာ ၂ ဒသမ ၆ သန္းတို႔ဟာ အာဟာရ ဓာတ္ခ်ိဳ႕တဲ့ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ယူနီဆက္ရဲ႕ အာရွအာဟာရဖြံ႕ၿဖိဳးမႈကြၽမ္းက်င္သူ ျမဴနီမူတြန္ဂါက မိသားစုေတြဟာ လုပ္ရတာလြယ္ကူတဲ့ ေခတ္ေပၚ အစားအစာေတြကို အားကိုးလြန္းၿပီး အာဟာရျပည့္ဝတဲ့ ႐ိုးရာအစားအစာေတြ မစီမံခ်င္တာေတြ စတဲ့အခ်က္ေတြေၾကာင့္ အခုလို ျဖစ္ေနတာပါလို႔ ေျပာပါတယ္။ သို႔ေသာ္လည္း အလုပ္ မ်ားလြန္းတာေၾကာင့္နဲ႔ အလြယ္ရတဲ့ အစားအစာေတြကို စားသုံးရာကေန အခုလိုမ်ိဳး ဆိုးတဲ့အက်ိဳးဆက္ေတြ ျဖစ္ႏိုင္တယ္လို႔ လည္းေျပာပါတယ္။

အသင့္စားအစားအစာေတြကို စားသုံးေနၾက

အသင့္စား ေခါက္ဆြဲေတြက ျမန္တယ္။ လုပ္ရတာ လြယ္ကူတယ္။ ေဈးလည္းေတာ္တယ္။ အာဟာရဓာတ္ျပည့္ဝစြာပါတဲ့ အစားအစာေနရာမွာ အလြယ္တကူအစားထိုးႏိုင္တယ္။ ဒါေၾကာင့္ သူတို႔ ေခါက္ဆြဲေတြကို ေ႐ြးခ်ယ္ၿပီးစားသုံးေနၾကတာ ျဖစ္မယ္လို႔ သူက ေျပာပါတယ္။ ။

မနီလာမွာ ေခါက္ဆြဲတစ္ထုပ္ကို အေမရိကန္ ၂၃ ဆင့္ပဲေပး ရပါတယ္။ တစ္ေဒၚလာေတာင္ မျပည့္ပါဘူး။ ဒါေပမယ့္ ပါဝင္ ရမယ့္ အာဟာရတန္ဖိုးေတြေတာ့မပါဝင္ပါဘူး။ ဥပမာ သံဓာတ္နဲ႔ ( ပ႐ိုတိန္း ဓာတ္ေတြမပါဝင္ပါဘူး။ အဲဒီအစားအဆီေတြမ်ားေနၿပီးေတာ့ ပါဝင္မႈဟာလည္း ျမင့္မားေနပါတယ္လို႔ မူတြန္ဂါက ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံဟာ ကမာၻမွာ ဒုတိယေခါက္ဆြဲေျခာက္ အစားဆုံးႏိုင္ငံ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ၂၀၁၈ ခုႏွစ္မွာေတာ့ လူေပါင္း ၁၂ ဒသမ ၅ သန္းဟာ ေခါက္ဆြဲေျခာက္ေတြစားသုံးခဲ့ ပါတယ္လို႔ ကမာၻ႔ေခါက္ဆြဲေျခာက္အသင္းက ေျပာပါတယ္။

အိႏၵိယနဲ႔ ဂ်ပန္ႏိုင္ငံဟာ ကမာၻေပၚမွာ ေခါက္ဆြဲေျခာက္စားသုံး တဲ့ေနရာမွာအတူတူပဲ ျဖစ္ပါတယ္။

အာဟာရဓာတ္ျပည့္ဝစြာပါတဲ့အသီးေတြ၊ ဟင္းသီးဟင္း႐ြက္ေတြ၊ ဥအမ်ိဳးမ်ိဳး၊ ႏို႔ထြက္ပစၥည္း၊ အသားနဲ႔ ငါးေတြဟာ တျဖည္းျဖည္းနဲ႔ စားသုံးမႈေတြ နည္းလာပါတယ္။ အေၾကာင္းကေတာ့ ေက်းလက္ေတာ႐ြာကလူေတြဟာ ၿမိဳ႕ႀကီးျပႀကီးေတြမွာ အလုပ္ေတြ သြားေရာက္ရွာေဖြလုပ္ကိုင္ေနၾကလို႔ပဲ ျဖစ္ပါတယ္လို႔၊ အလုပ္ေတြႀကိဳးစားၿပီး ေငြစုတဲ့အတြက္ေၾကာင့္ အသင့္စားအစားအစာေတြကိုပဲ ပိုမိုစားသုံးလာၾကတယ္လို႔ ယူနီဆက္ရဲ႕ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

ခ်မွတ္အေကာင္အထည္ေဖာ္သင့္

ကမာၻ႔ဘဏ္ရဲ႕ တိုင္းတာမႈ စစ္တမ္းမ်ားအရ ဖိလစ္ပိုင္၊ အင္ဒိုနီးရွားႏိုင္ငံနဲ႔ မေလးရွားႏိုင္ငံတို႔ဟာ အလယ္အလတ္ ဝင္ေငြရွိတဲ့ ႏိုင္ငံေတြျဖစ္ၾကပါတယ္။ အဲဒီႏိုင္ငံေတြမွာ ေနထိုင္တဲ့ လူသန္းေပါင္းမ်ားစြာဟာ ခ်မ္းခ်မ္းသာသာေနထိုင္ဖို႔ ႐ုန္းကန္ ႀကိဳးစားေနၾကရပါတယ္။

အဓိကကေတာ့ ဆင္းရဲမြဲေတျခင္းက အဓိကျပႆနာ တစ္ရပ္ေပါ့လို႔ မေလးရွားႏိုင္ငံရဲ႕ ျပည္သူ႔က်န္းမာေရး ကြၽမ္းက်င္ပညာရွင္ တီဂ်ာရာဘလမ္က ေျပာပါတယ္။ မိဘႏွစ္ေယာက္လုံး အလုပ္လုပ္ေနရတဲ့ အိမ္ေထာင္စုေတြဆို အလြယ္တကူအစား အစာေတြကို လ်င္လ်င္ျမန္ျမန္ပဲ လုပ္ကိုင္စားေသာက္ေလ့ရွိတယ္လို႔ သူက ေျပာပါတယ္။ ဝင္ေငြနည္းတဲ့ မိသားစုေတြဆို အသင့္လုပ္ထားတဲ့ ေခါက္ဆြဲေျခာက္ေတြ၊ ကန္စြန္းဥေတြ၊ ပဲငါးပိ ေတြ စတာေတြကိုပဲ အဓိက မွီခိုအားထားေနရတယ္လို႔ သူက ေျပာပါတယ္။ သၾကားမ်ားတဲ့ဘီစကစ္ေတြ၊ အေဖ်ာ္ယမကာေတြ၊ အျမန္စားအစားအစာေတြဟာလည္း ဒီႏိုင္ငံေတြမွာ အေရးႀကီးတဲ့ ေနာက္ထပ္ျပႆနာတစ္ခုပဲလို႔ ကြၽမ္းက်င္သူေတြက ထပ္မံေျပာၾကားထားပါတယ္။ သို႔ေသာ္လည္း ေခါက္ဆြဲေျခာက္ကိုေတာ့ မပါမၿပီးဆိုသလို ေန႔စဥ္စားသုံးေနၾကပါတယ္လို႔ သူတို႔က ေျပာပါတယ္။

ထြန္းသစ္စ
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------
(Unicode)⤵⤵⤵
သတိပြုဆင်ခြင်စားသုံးဖွယ် ခေါက်ဆွဲခြောက်အန္တရာယ်

မကြာသေးမီက နိုင်ငံတကာသတင်းတစ်ခုမှာ ခေါက်ဆွဲခြောက် အလွန်အကျွံ စားသုံးခြင်းကြောင့် ကျန်းမာရေးထိခိုက်ခဲ့တဲ့ ကလေးတစ်ယောက်အကြောင်း ရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို စိတ်မကောင်းဖွယ်ရာ ဖတ်ခဲ့ရပါတယ်။ ခေါက်ဆွဲခြောက်ကို နှစ်ရှည်လများ အလွန်အကျွံစားသုံးတာကြောင့် နောက်ဆုံးမှာ သူ့ရည်မှန်းချက်တွေ ပြည့်ဝအောင်မြင်မှု မရခင်မှာဘဲ အူမကြီးကင်ဆာရောဂါနဲ့ လောကကြီးက နှုတ်ဆက်ထွက်ခွာရတော့မယ့် အနေအထား၊ သေမင်းကို နောက်ဆုံး ရင်ဆိုင်ရတော့မယ့်အနေအထားကို ဖတ်ရတော့ အတော်လေး ထိတ်လန့်သွားခဲ့ရပါတယ်။

အာဟာရချို့တဲ့နေကြ

ဟုတ်ပါတယ်။ အရှေ့တောင်အာရှမှာ ဈေးတော်တဲ့ အစအစာတွေ ဥပမာ ခေါက်ဆွဲခြောက်ကဲ့သို့ အသင့်စား အစားအစာတွေဟာ ဆာလောင်မှုကို ဖြေသိမ့်ပေးနိုင်သော်လည်း အာဟာရဓာတ်ပါဝင်မှုကတော့ နတ္ထိပါပဲ။ အာဟာရတန်ဖိုးမရှိတဲ့ ခေါက်ဆွဲခြောက်တွေကို အများအပြားစားတဲ့ကလေးတွေဟာ ကြုံလှီပိန်သေးပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးထွားကြိုင်းခြင်းမရှိသလို ဒါမှမဟုတ် ဆန့်ကျင်ဘက်အနေနဲ့ အဝလွန်ခြင်းတွေ ဖြစ်တတ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားထားပါတယ်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေဖြစ်ပြီး လူနေမှုအဆင့်အတန်းဟာလည်း မြင့်တက်လျက်ရှိပါတယ်။ သို့သော်လည်း အပြင်မှာ ပိုက်ဆံထွက်ရှာပြီးအလုပ်ကြိုးစားနေတဲ့ မိဘတွေဟာ သူတို့အတွက် အချိန်သိပ်မရှိတာကြောင့် ဘယ်လိုအစားအစာတွေဟာ ကလေးငယ်တွေအတွက် သင့်တော်မှုရှိလား မရှိဘူးလား ဆိုတာကို မဝေခွဲကြတော့ဘဲအဆင်ပြေသလို နှစ်ပါးသွားနေကြပါတယ်။ အကျိုးဆက်အားဖြင့် ကလေးငယ်တွေဟာ ပြည့်ဝတဲ့ အာဟာရတန်ဖိုးကို မရရှိကြတော့ဘဲ အဆိုးဆုံးကတော့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေလောက်တဲ့အထိ ဆိုးကျိုးတွေ ဖြစ်လာတာပါပဲ။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေမှာရှိတဲ့ ကလေးငယ်တွေရဲ့ ပျမ်းမျှအသက်ငါးနှစ်မှ ငါးနှစ်အောက် ကလေးငယ် ၄၀ ရာခိုင်နှုန်းဟာ အာဟာရတန်ဖိုးအပြည့်အဝ မရရှိကြတေဘဲအာဟာရချို့တဲ့နေကြပါပြီ။ ဒါဟာကမ္ဘာ့အဆင့် ကလေးသုံးယောက်မှာ တစ်ယောက်နှုန်းထက် ပိုနေပါတယ်လို့ ယူနီဆက်က အောက်တိုဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဆိုးတဲ့အကျိုးဆက်တွေဖြစ်နိုင်

မိဘတွေဟာ သူတို့ကလေးတွေ ဗိုက်ပြည့်ဖို့ပဲ အရေးကြီးဆုံးကိစ္စလို့ ထင်နေကြတယ်။ သူတို့ကလေးတွေ ပရိုတိန်းဓာတ်ပမာဏ ပြည့်ဝလုံလောက်စွာရရဲ့လား၊ ကယ်လ်ဆီယမ် ဒါမှမဟုတ် အမျှင်ဓာတ်ပမာဏ ပြည့်ပြည့်၀၀ရရဲ့လား စတဲ့အချက်တွေကို မစဉ်းစားကြတော့ဘူးလို့ အင်ဒိုနီးရှား ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင် ဟက်စ်ဘူလာသာ ဘရန်နီက ပြောပါတယ်။

ကလေးတွေကို အန္တရာယ်ဖြစ်စေတဲ့အရာတွေဟာ အစာအာဟာရချို့တဲ့တဲ့ နောက်ခံအကြောင်းအရာတွေရှိနေခြင်း၊ ဆင်းရဲတဲ့အနေအထား ရောက်နေခြင်းတို့ပဲဖြစ်ပါတယ်။ ထို့အတူ သံဓာတ်ချို့တဲ့တဲ့ ကလေးတွေဟာ လေ့လာသင်ယူနိုင် စွမ်းအားကျဆင်းခြင်းနဲ့ မိခင်လောင်းတွေအနေနဲ့လည်း ကလေးမွေးဖွားနေချိန်နဲ့ မွေးဖွားပြီးနောက်ပိုင်းမှာ သေဆုံးနိုင်ခြေများခြင်း စတဲ့ အန္တရာယ်တွေဖြစ်စေနိုင်တယ်လို့ ယူနီဆက်က ပြောကြားထားပါတယ်။

ယူနီဆက်စာရင်းဇယားတွေအရ အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့နှစ်က ငါးနှစ်အောက်ကလေး ၂၄ဒသမ၄သန်း၊ ဖိလစ်ပိုင်နိုင်ငံမှာ ( ၁၁ သန်းနဲ့ မလေးရှားနိုင်ငံမှာ ၂ ဒသမ ၆ သန်းတို့ဟာ အာဟာရ ဓာတ်ချို့တဲ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ယူနီဆက်ရဲ့ အာရှအာဟာရဖွံ့ဖြိုးမှုကျွမ်းကျင်သူ မြူနီမူတွန်ဂါက မိသားစုတွေဟာ လုပ်ရတာလွယ်ကူတဲ့ ခေတ်ပေါ် အစားအစာတွေကို အားကိုးလွန်းပြီး အာဟာရပြည့်ဝတဲ့ ရိုးရာအစားအစာတွေ မစီမံချင်တာတွေ စတဲ့အချက်တွေကြောင့် အခုလို ဖြစ်နေတာပါလို့ ပြောပါတယ်။ သို့သော်လည်း အလုပ် များလွန်းတာကြောင့်နဲ့ အလွယ်ရတဲ့ အစားအစာတွေကို စားသုံးရာကနေ အခုလိုမျိုး ဆိုးတဲ့အကျိုးဆက်တွေ ဖြစ်နိုင်တယ်လို့ လည်းပြောပါတယ်။

အသင့်စားအစားအစာတွေကို စားသုံးနေကြ

အသင့်စား ခေါက်ဆွဲတွေက မြန်တယ်။ လုပ်ရတာ လွယ်ကူတယ်။ ဈေးလည်းတော်တယ်။ အာဟာရဓာတ်ပြည့်ဝစွာပါတဲ့ အစားအစာနေရာမှာ အလွယ်တကူအစားထိုးနိုင်တယ်။ ဒါကြောင့် သူတို့ ခေါက်ဆွဲတွေကို ရွေးချယ်ပြီးစားသုံးနေကြတာ ဖြစ်မယ်လို့ သူက ပြောပါတယ်။ ။

မနီလာမှာ ခေါက်ဆွဲတစ်ထုပ်ကို အမေရိကန် ၂၃ ဆင့်ပဲပေး ရပါတယ်။ တစ်ဒေါ်လာတောင် မပြည့်ပါဘူး။ ဒါပေမယ့် ပါဝင် ရမယ့် အာဟာရတန်ဖိုးတွေတော့မပါဝင်ပါဘူး။ ဥပမာ သံဓာတ်နဲ့ ( ပရိုတိန်း ဓာတ်တွေမပါဝင်ပါဘူး။ အဲဒီအစားအဆီတွေများနေပြီးတော့ ပါဝင်မှုဟာလည်း မြင့်မားနေပါတယ်လို့ မူတွန်ဂါက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယခေါက်ဆွဲခြောက် အစားဆုံးနိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ၂၀၁၈ ခုနှစ်မှာတော့ လူပေါင်း ၁၂ ဒသမ ၅ သန်းဟာ ခေါက်ဆွဲခြောက်တွေစားသုံးခဲ့ ပါတယ်လို့ ကမ္ဘာ့ခေါက်ဆွဲခြောက်အသင်းက ပြောပါတယ်။

အိန္ဒိယနဲ့ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ခေါက်ဆွဲခြောက်စားသုံး တဲ့နေရာမှာအတူတူပဲ ဖြစ်ပါတယ်။

အာဟာရဓာတ်ပြည့်ဝစွာပါတဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ အသားနဲ့ ငါးတွေဟာ တဖြည်းဖြည်းနဲ့ စားသုံးမှုတွေ နည်းလာပါတယ်။ အကြောင်းကတော့ ကျေးလက်တောရွာကလူတွေဟာ မြို့ကြီးပြကြီးတွေမှာ အလုပ်တွေ သွားရောက်ရှာဖွေလုပ်ကိုင်နေကြလို့ပဲ ဖြစ်ပါတယ်လို့၊ အလုပ်တွေကြိုးစားပြီး ငွေစုတဲ့အတွက်ကြောင့် အသင့်စားအစားအစာတွေကိုပဲ ပိုမိုစားသုံးလာကြတယ်လို့ ယူနီဆက်ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ချမှတ်အကောင်အထည်ဖော်သင့်

ကမ္ဘာ့ဘဏ်ရဲ့ တိုင်းတာမှု စစ်တမ်းများအရ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဟာ အလယ်အလတ် ဝင်ငွေရှိတဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။ အဲဒီနိုင်ငံတွေမှာ နေထိုင်တဲ့ လူသန်းပေါင်းများစွာဟာ ချမ်းချမ်းသာသာနေထိုင်ဖို့ ရုန်းကန် ကြိုးစားနေကြရပါတယ်။

အဓိကကတော့ ဆင်းရဲမွဲတေခြင်းက အဓိကပြဿနာ တစ်ရပ်ပေါ့လို့ မလေးရှားနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင် တီဂျာရာဘလမ်က ပြောပါတယ်။ မိဘနှစ်ယောက်လုံး အလုပ်လုပ်နေရတဲ့ အိမ်ထောင်စုတွေဆို အလွယ်တကူအစား အစာတွေကို လျင်လျင်မြန်မြန်ပဲ လုပ်ကိုင်စားသောက်လေ့ရှိတယ်လို့ သူက ပြောပါတယ်။ ဝင်ငွေနည်းတဲ့ မိသားစုတွေဆို အသင့်လုပ်ထားတဲ့ ခေါက်ဆွဲခြောက်တွေ၊ ကန်စွန်းဥတွေ၊ ပဲငါးပိ တွေ စတာတွေကိုပဲ အဓိက မှီခိုအားထားနေရတယ်လို့ သူက ပြောပါတယ်။ သကြားများတဲ့ဘီစကစ်တွေ၊ အဖျော်ယမကာတွေ၊ အမြန်စားအစားအစာတွေဟာလည်း ဒီနိုင်ငံတွေမှာ အရေးကြီးတဲ့ နောက်ထပ်ပြဿနာတစ်ခုပဲလို့ ကျွမ်းကျင်သူတွေက ထပ်မံပြောကြားထားပါတယ်။ သို့သော်လည်း ခေါက်ဆွဲခြောက်ကိုတော့ မပါမပြီးဆိုသလို နေ့စဉ်စားသုံးနေကြပါတယ်လို့ သူတို့က ပြောပါတယ်။

ထွန်းသစ်စ
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
သတိျပဳဆင္ျခင္စားသုံးဖြယ္ ေခါက္ဆြဲေျခာက္အႏၲရာယ္ သတိျပဳဆင္ျခင္စားသုံးဖြယ္ ေခါက္ဆြဲေျခာက္အႏၲရာယ္ Reviewed by THITHTOOLWIN on 01:52 Rating: 5
Powered by Blogger.