ပါတီေရာ၊ ႏိုင္ငံေရးအရပါဆုံးရႈံးလို႔ ကားပါမစ္မေပးသင့္ဘူးလို႔ဆို

အခုကားပါမစ္ေပးတဲ့ကိစၥက ကြၽန္ေတာ္တို႔ ပါတီေရာ၊ ႏိုင္ငံေရးအရေရာဆုံးရႈံးမႈျဖစ္တယ္လို႔ထင္တယ္၊ မေပးတာက ပိုေကာင္းတယ္လို႔ပဲ ထင္ပါတယ္
(Zawgyi)⤵⤵⤵
ေ႐ြးေကာက္ပြဲနီးခ်ိန္မွာ ႏိုင္ငံေရးရာထူးရထား သူေတြကို ကားတင္သြင္းခြင့္ေပးတာက ပါတီနဲ႔ ႏိုင္ငံေရးပုံရိပ္ ကို ဆုံးရႈံးနစ္နာေစတယ္ လို႔ မြန္ျပည္နယ္၊ ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ဦးေအာင္ျမင့္ခိုင္က ဘီဘီစီကို ေျပာပါတယ္။

ကားပါမစ္တန္ဖိုးသတ္မွတ္ခ်က္အရ ျပည္နယ္နဲ႔တိုင္းဝန္ႀကီးေတြက သိန္း ၇၀၀ တန္ဖိုးရွိ ကားတင္ သြင္းခြင့္ ရၾကမွာျဖစ္ပါတယ္။ ျပည္နယ္နဲ႔တိုင္းဝန္ႀကီးခ်ဳပ္ေတြအပါအဝင္ ဝန္ႀကီးေတြက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ကိုယ္စားျပဳကာ ေ႐ြးေကာက္ပြဲအႏိုင္ရထားသူေတြျဖစ္သလို၊ ဝန္ႀကီးခ်ဴပ္ေတြက ခန႔္အပ္ထား တဲ့ အရပ္သား ေတြလည္း ပါဝင္ပါတယ္။

ဦးေအာင္ျမင့္ခိုင္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကိုယ္စားျပဳၿပီး မြန္ျပည္နယ္က ကရင္တိုင္းရင္းသားေရးရာ ဝန္ႀကီးေနရာကို ဝင္ေရာက္ယွဥ္ၿပိဳင္အႏိုင္ရသူျဖစ္ပါတယ္။

"အခုကားပါမစ္ေပးတဲ့ကိစၥက ကြၽန္ေတာ္တို႔ ပါတီေရာ၊ ႏိုင္ငံေရးအရေရာဆုံးရႈံးမႈျဖစ္တယ္လို႔ထင္တယ္၊ မေပးတာက ပိုေကာင္းတယ္လို႔ပဲ ထင္ပါတယ္" လို႔ ဦးေအာင္ျမင့္ခိုင္က ဘီဘီစီကိုေျပာပါတယ္။

ႏိုင္ငံေတာ္သမၼတနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္တို႔ရထားတဲ့ အေမရိကန္ေဒၚလာ တသိန္းတန္ ကားတင္ သြင္းခြင့္ကို ယူခြင့္ရွိေပမယ့္ အမွန္တကယ္ရယူလားဆိုတာကေတာ့ ကြာျခားပါတယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫႊန႔္က ဘီဘီစီ ကိုေျပာပါတယ္။

သမၼတဦးဝင္းျမင့္ အေနနဲ႔ လႊတ္ေတာ္ဥကၠ႒တာဝန္ယူခဲ့စဥ္က ရရွိတဲ့ ကားကိုေတာင္ မသုံးဘဲ ျပန္အပ္ခဲ့ ဘူးတဲ့အေတြ႕အႀကဳံလည္းရွိခဲ့တယ္လို႔ သူကေျပာပါတယ္။

လက္ရွိအထိေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကသူေတြက ပါမစ္ရယူထားတာ တေယာက္မွ မရွိေသးဘူး လို႔ဆိုေပမယ့္ အတိုင္ပင္ခံနဲ႔ သမၼတတို႔က ကားတင္သြင္းခြင့္ခံစားခြင့္ကို ယူမယ္၊ မယူဘူးဆိုတာကိုေတာ့ ေဒါက္တာမ်ိဳးၫႊန႔္က တိတိပပ မေျဖၾကားခဲ့ပါဘူး။

တိုင္းနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြ၊ ဝန္ႀကီးေတြအေနနဲ႔ေတာ့ အစိုးရအဖြဲ႕က ေပးတဲ့ ကားပါမစ္ကို ယူတာမယူတာကေတာ့ သူတို႔ရဲ႕ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေတြအရသာ ဆုံးျဖတ္ၾကရမွာျဖစ္ၿပီး ပါတီအေနနဲ႔ေတာ့ ဝင္ေရာက္ဆုံးျဖတ္ေပးမွာမဟုတ္ဘူးလို႔ ေဒါက္တာမ်ိဳးၫြန႔္ ကဘီဘီစီကိုေျပာပါတယ္။

ဒါေပမယ့္ ႏိုင္ငံေရးအရ ရာထူးရလာသူေတြက ကားပါမစ္ေတြရယူၾကတဲ့အေပၚ ျပည္သူေတြနဲ႔ အဖြဲ႕စည္း ေပါင္းစုံက ေဝဖန္ေနၾကပါတယ္။

BBC Burmese
https://www.bbc.com
--------
(Unicode)⤵⤵⤵

Image caption အခုကားပါမစ်ပေးတဲ့ကိစ္စက ကျွန်တော်တို့ ပါတီရော၊ နိုင်ငံရေးအရရောဆုံးရှုံးမှုဖြစ်တယ်လို့ထင်တယ်၊ မပေးတာက ပိုကောင်းတယ်လို့ပဲ ထင်ပါတယ်
ပါတီရော၊ နိုင်ငံရေးအရပါဆုံးရှုံးလို့ ကားပါမစ်မပေးသင့်ဘူးလို့ဆို

ရွေးကောက်ပွဲနီးချိန်မှာ နိုင်ငံရေးရာထူးရထား သူတွေကို ကားတင်သွင်းခွင့်ပေးတာက ပါတီနဲ့ နိုင်ငံရေးပုံရိပ် ကို ဆုံးရှုံးနစ်နာစေတယ် လို့ မွန်ပြည်နယ်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်မြင့်ခိုင်က ဘီဘီစီကို ပြောပါတယ်။

ကားပါမစ်တန်ဖိုးသတ်မှတ်ချက်အရ ပြည်နယ်နဲ့တိုင်းဝန်ကြီးတွေက သိန်း ၇၀၀ တန်ဖိုးရှိ ကားတင် သွင်းခွင့် ရကြမှာဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေအပါအဝင် ဝန်ကြီးတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုယ်စားပြုကာ ရွေးကောက်ပွဲအနိုင်ရထားသူတွေဖြစ်သလို၊ ဝန်ကြီးချူပ်တွေက ခန့်အပ်ထား တဲ့ အရပ်သား တွေလည်း ပါဝင်ပါတယ်။

ဦးအောင်မြင့်ခိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုပြီး မွန်ပြည်နယ်က ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရသူဖြစ်ပါတယ်။

"အခုကားပါမစ်ပေးတဲ့ကိစ္စက ကျွန်တော်တို့ ပါတီရော၊ နိုင်ငံရေးအရရောဆုံးရှုံးမှုဖြစ်တယ်လို့ထင်တယ်၊ မပေးတာက ပိုကောင်းတယ်လို့ပဲ ထင်ပါတယ်" လို့ ဦးအောင်မြင့်ခိုင်က ဘီဘီစီကိုပြောပါတယ်။

နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရထားတဲ့ အမေရိကန်ဒေါ်လာ တသိန်းတန် ကားတင် သွင်းခွင့်ကို ယူခွင့်ရှိပေမယ့် အမှန်တကယ်ရယူလားဆိုတာကတော့ ကွာခြားပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဘီဘီစီ ကိုပြောပါတယ်။

သမ္မတဦးဝင်းမြင့် အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူခဲ့စဉ်က ရရှိတဲ့ ကားကိုတောင် မသုံးဘဲ ပြန်အပ်ခဲ့ ဘူးတဲ့အတွေ့အကြုံလည်းရှိခဲ့တယ်လို့ သူကပြောပါတယ်။

လက်ရှိအထိတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကသူတွေက ပါမစ်ရယူထားတာ တယောက်မှ မရှိသေးဘူး လို့ဆိုပေမယ့် အတိုင်ပင်ခံနဲ့ သမ္မတတို့က ကားတင်သွင်းခွင့်ခံစားခွင့်ကို ယူမယ်၊ မယူဘူးဆိုတာကိုတော့ ဒေါက်တာမျိုးညွှန့်က တိတိပပ မဖြေကြားခဲ့ပါဘူး။

တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေအနေနဲ့တော့ အစိုးရအဖွဲ့က ပေးတဲ့ ကားပါမစ်ကို ယူတာမယူတာကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအရသာ ဆုံးဖြတ်ကြရမှာဖြစ်ပြီး ပါတီအနေနဲ့တော့ ဝင်ရောက်ဆုံးဖြတ်ပေးမှာမဟုတ်ဘူးလို့ ဒေါက်တာမျိုးညွန့် ကဘီဘီစီကိုပြောပါတယ်။

ဒါပေမယ့် နိုင်ငံရေးအရ ရာထူးရလာသူတွေက ကားပါမစ်တွေရယူကြတဲ့အပေါ် ပြည်သူတွေနဲ့ အဖွဲ့စည်း ပေါင်းစုံက ဝေဖန်နေကြပါတယ်။

BBC Burmese
https://www.bbc.com
ပါတီေရာ၊ ႏိုင္ငံေရးအရပါဆုံးရႈံးလို႔ ကားပါမစ္မေပးသင့္ဘူးလို႔ဆို ပါတီေရာ၊ ႏိုင္ငံေရးအရပါဆုံးရႈံးလို႔ ကားပါမစ္မေပးသင့္ဘူးလို႔ဆို Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.