ရခိုင္မင္းျပား AA နဲ႔ အစိုးရတပ္ တိုက္ပဲြျဖစ္ပြား


(Zawgyi / Unicode)

ျမန္မာအစိုးရနဲ႕NCA အပစ္ရပ္လက္မွတ္ထိုး တိုင္းရင္းသားလက္နက္အဖြဲ႕ေတြနဲ႕ ျငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြး ေႏြးေနတဲ့တခ်ိန္ထဲမွာဘဲ NCA မထိုးနိုင္ေသးတဲ့ ရခိုင္လက္နက္ကိုင္ AA နဲ႕ျမန္မာစစ္တပ္တို႕ အၾကား တိုက္ပြဲျပင္းထန္ ျဖစ္ပြားေနဆဲျဖစ္ပါတယ္။

ဒီကေန႕မွာ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ ထဲမွာ တပ္မေတာ္နဲ႕AAအဖြဲ႕တို႕ တိုက္ ပြဲျဖစ္ေနဆဲ ျဖစ္သလို ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ထဲမွာလည္း ေျမျမႈပ္မိုင္း ေပါက္ကြဲမႈေတြေၾကာင့္ ထိခိုက္ဒဏ္ရာရ သူေတြ ရွိေနပါတယ္။

တည္ၿငိမ္မႈ မရွိတဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း နဲ႔ ခ်င္းျပည္နယ္ အတြင္းက စစ္ေရးေနာက္ဆံုး အ ေျခေနေတြကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ခြဆံုေက်းရြာအနီးမွာ ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕အၾကား ဒီမနက္မွာ တိုက္ပြဲျပင္းထန္ျဖစ္ခဲ့တယ္လို႕ မင္းျပားေဒသခံတဦးကေျပာပါတယ္။

“ျဖစ္တာေတာ့ မနက္(၇)နာရီခြဲေလာက္ျဖစ္တာေပါ့ေနာ္။ ခြဆုံရြာနဲ႕သင္းပုန္းေခ်ာင္းရြာ အနားမွာ။ ျပင္းထန္မယ္။ အဲဒီမွာ နာရီ၀က္ေလာက္ေတာ့ၾကားရတယ္။ နာရီ၀က္ေလာက္ၿပီးရင္ ေလယာဥ္ လာတာေပါ့ေနာ္။ ေလယာဥ္ႏွစ္စီးနဲ႕ လာပစ္ တယ္။ ျဖစ္တဲ့တိုင္း ဗဟို(၉)နဲ႕ခြဆုံရြာနဲ႕ က်ေတာ့ (၁၂)မိုင္ (၁၃)မိုင္ေလာက္ေ၀းမယ္။ တခ်ိဳ႕ရြာသားေတြကေတာ့ ထြက္ ေျပးၾကတယ္။ ဒီဘက္ မင္းျပားၿမိဳ႕ ကိုထြက္ေျပးလာတယ္ေနာ။ တခ်ိဳ႕ကႏြားေတြကြ်ဲေတြ လယ္ယာပစၥည္းေတြ စပါး ေတြဘာေတြ မရိတ္သိမ္းရတဲ့သူေတြ က်န္တာေပါ့ေနာ္။”

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဒီမနက္မင္းျပားၿမိဳ႕နယ္ မွာ AAရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႕တိုက္ပြဲျဖစ္ပြားေၾကာင္းအတည္ျပဳပါတယ္။

“အဲဒီခြဆုံဘက္မွာ ေတာ့ ကြ်န္ေတာ္တို႕ထိေတြ မွဳျဖစ္ပြါးခဲ့တယ္ဆိုတာေတာ့သိရတယ္။ အေသးစိတ္ေတာ့ မသိရေသး ဘူးဗ်။”

မေန႕ကလဲ မင္းျပားၿမိဳ႕ ရာေမာင္တံတားကေန တိုင္းဗဟို(၉)ကို စစ္ရိကၡာ တင္ပို႕တဲ့ တပ္မေတာ္ယာဥ္တန္းကို ဖါးၿပိဳရြာ အနီးမွာ AAဘက္က တိုက္ခိုက္တာ ေတြ႔ရတယ္လို႔ မ်က္ျမင္ေဒသခံကဘဲ ဆက္ ေျပာပါတယ္။

“ဖားၿပိဳရြာ တိုက္ပြဲက စစ္တပ္ဘက္က ေထာက္ပို႕ကားႏွစ္စီး မီးေလာင္သြားတယ္ဗ်။ ေထာက္ပို႕ကားမွာ နို႕ဆီရယ္ ၊ ဆန္ရယ္ ၿပီးေတာ့ ပဲေတြေတာ့ပါတယ္ဗ်။ ရာေမာင္တံတားက သူတို႕ကသေဘၤာနဲ႕ေနၿပီးေတာ့ တိုင္းဗဟို(၉)ဘက္ကိုသြားတယ္။ ထိခိုက္မွဳကေတာ့ ကြ်န္ေတာ္တို႕အေ၀းကၾကည့္ရတာမို႕လို႕ လမ္းေဘးကိုေကာက္တင္တာေတာ့ေတြ႕တယ္။ ကြ်န္ ေတာ္တို႕ေတြ႕တာ ေလး၊ ငါး ၊ေျခာက္ေယာက္ဟုတ္။”

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း ကေတာ့ မေန႕က ဖားၿပိဳရြာအနီး တပ္မေတာ္ယာဥ္တန္းတိုက္ခိုက္ခံရျပီး တပ္မေတာ္ဘက္က ထိခိုက္မွဳရွိခဲ့တယ္ လို႕ေျပာပါတယ္။

“ကြ်န္ေတာ္တို႕ဆီက ယာဥ္ႏွစ္စီးေတာ့ ပ်က္စီးပါတယ္။ က်န္တဲ့ထိခိုက္ဒဏ္ရာရရွိမွဳ ရွိပါတယ္။”

မေန႕ကနဲ႕ဒီကေန႕ မင္းျပားၿမိဳ႕နယ္အတြင္း ျဖစ္ပြားတဲ့ တိုက္ပြဲ ေတြနဲ႔ ပတ္သက္ၿပီး အေသးစိတ္ကို မသိရေသးဘူးလို႔ AAေျပာခြင့္ရ ခိုင္သုခ က ေျပာပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ထဲက ၊ င႐ွားေက်းရြာမွာ ေတာ့ မေန႔က ဗုံးေပါက္ကြဲမွဳ တခုု ျဖစ္ခဲ့ျပီး အမ်ိဳးသမီး တဦး ထိခိုက္ဒဏ္ရာ ရခဲ့တဲ့အတြက္ စစ္ေတြေဆးရံုကို ပို႕ေဆာင္ေပး ခဲ့ရတယ္လို႕ ပလက္၀ၿမိဳ႕နယ္ တိုက္ပြဲေရွာင္ နဲ႕သဘာ၀ေဘးကူညီေရးအဖြဲ႕ အတြင္း ေရးမွဴး ဦးေက်ာ္ေအာင္က ေျပာပါတယ္။

“အေျခအေနကေတာ့ ဒီမနက္ဟိုဟာ မိုင္းရဲ႕က်ည္ေပါ့။ မိုင္းစေတြက ဒီခႏၵာကိုယ္ဘက္မွာ ထိေနေတာ့ ပလက္၀ၿမိဳ႕ ျပည္သူ႕ေဆးရံုမွေတာ့ အဆင္မေျပဘူး။ အဲတာေၾကာင့္မို႕လို႕ စစ္ေတြကို ဆရာ၀န္က လႊတ္ေတာ့ သူတို႕မွာ ေငြေရး ေၾကး ေရးကေတာ့ အခက္ခဲရွိေနတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႕ ဒီပလက္၀ၿမိဳ႕ေပၚမွာ ရွိေနတဲ့ သူငယ္ခ်င္းေတြေရာ တျခားေဒသ ေျမေတြမွာေရာက္တဲ့အလွဴရွင္ေတြနဲ႕ တတ္နိုင္သေလာက္ ကူညီေတာ့ စစ္ေတြကို ဒီမနက္သြားတယ္။ သူ႕နာမည္က ေဒၚေဟြ႕တင္ အသက္က(၃၃)ႏွစ္ရွိၿပီး။ ေတာထဲမွာ သြားရင္းနဲ႕ေတာထဲမွာဘဲ သူမိုင္းနင္းမိတယ္ အဲဒီလိုဘဲေျပာတယ္။”

ေပါက္ကြဲတဲ့မိုင္းဟာ ဘယ္အဖြဲ႕ကေထာင္ထားတယ္ ဆိုတာေတာ့ မသိရွိဘူးလို႕ဆိုပါတယ္။

မေန႕ကလဲ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ထိပ္တူးေပါက္ေက်းရြာမွာ မိုင္းတလုံးေပါက္ကြဲခဲ့ျပီး ကေလးငယ္(၄) ဦး ေသဆုံးခဲ့ၿပီးေတာ့ ေက်ာင္းဆရာတဦး အပါ၀င္ ကေလးငယ္(၆) ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

တပ္မေတာ္ဘက္က ဒါဟာ AAအဖြဲ႕ကေနေထာင္ထားတဲ့ မိုင္းလို႕ေျပာဆိုေနသလို AA ဘက္ကလည္း တပ္မေတာ္ရဲ႕ မိုင္းလို႕ အျပန္လွန္စြပ္စြဲေနၾကပါတယ္။

ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕အၾကား တႏွစ္တာ အတြင္းျဖစ္ပြားတဲ့တိုက္ပြဲမွာ ေဒသခံရြာသား (၁၂၀)ေက်ာ္ ေသဆုံးခဲ့ျပီး (၂၃၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႕ ရခိုင္လူမႈ အဖြဲ႕ေတြက စာရင္းျပဳစုထားပါတယ္။

ဒီလကုန္ပိုင္းေလာက္မွာ AAအပါအ၀င္ NCA အပစ္ရပ္ လက္မွတ္မထိုးနိုင္ေသးတဲ့ ေျမာက္ပိုင္း မဟာမိတ္ တို႕အဖြဲ႕ေတြ နဲ႕ အစိုးရျငိမ္းခ်မ္းေရး ေကာ္မရွင္အဖြဲ႕တို႕ အပစ္ရပ္ေရး ေတြ႕ဆုံညိွႏွိဳင္းဖို႕ စီစဥ္ေနတယ္လို႕ သတင္းေတြထြက္ ေပၚေနေပမဲ့ ႏွစ္ဖက္တိုက္ပြဲေတြက ျဖစ္ပြားေနဆဲျဖစ္ပါတယ္။

တပ္မေတာ္အေနနဲ႕ ရခိုင္ျပည္နယ္အတြင္း AAရခိုင္လက္နက္ကိုင္ အဖြဲ႕တည္ရွိမွဳကို လက္မခံသလို AAဘက္ကလဲ ရခိုင္ျပည္နယ္အတြင္း အေျခခ်နိုင္ေရးကို ဦးတည္လုပ္ေဆာင္ေနဆဲ ျဖစ္တာေၾကာင့္ ေတြ႕ဆုံ ေဆြးေႏြးေရး ေအာင္ျမင္မယ့္ အလားအလာ နည္းပါးတယ္လို႔ နိုင္ငံေရးေလ့လာသူေတြက ေျပာပါတယ္။

.................

(Unicode)

မြန်မာအစိုးရနဲ့NCA အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေး နွေးနေတဲ့တချိန်ထဲမှာဘဲ NCA မထိုးနိုင်သေးတဲ့ ရခိုင်လက်နက်ကိုင် AA နဲ့မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ဒီကနေ့မှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ထဲမှာ တပ်မတော်နဲ့AAအဖွဲ့တို့ တိုက် ပွဲဖြစ်နေဆဲ ဖြစ်သလို ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာလည်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရ သူတွေ ရှိနေပါတယ်။

တည်ငြိမ်မှု မရှိတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း နဲ့ ချင်းပြည်နယ် အတွင်းက စစ်ရေးနောက်ဆုံး အ ခြေနေတွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ခွဆုံကျေးရွာအနီးမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဒီမနက်မှာ တိုက်ပွဲပြင်းထန်ဖြစ်ခဲ့တယ်လို့ မင်းပြားဒေသခံတဦးကပြောပါတယ်။

“ဖြစ်တာတော့ မနက်(၇)နာရီခွဲလောက်ဖြစ်တာပေါ့နော်။ ခွဆုံရွာနဲ့သင်းပုန်းချောင်းရွာ အနားမှာ။ ပြင်းထန်မယ်။ အဲဒီမှာ နာရီဝက်လောက်တော့ကြားရတယ်။ နာရီဝက်လောက်ပြီးရင် လေယာဉ် လာတာပေါ့နော်။ လေယာဉ်နှစ်စီးနဲ့ လာပစ် တယ်။ ဖြစ်တဲ့တိုင်း ဗဟို(၉)နဲ့ခွဆုံရွာနဲ့ ကျတော့ (၁၂)မိုင် (၁၃)မိုင်လောက်ဝေးမယ်။ တချို့ရွာသားတွေကတော့ ထွက် ပြေးကြတယ်။ ဒီဘက် မင်းပြားမြို့ ကိုထွက်ပြေးလာတယ်နော။ တချို့ကနွားတွေကျွဲတွေ လယ်ယာပစ္စည်းတွေ စပါး တွေဘာတွေ မရိတ်သိမ်းရတဲ့သူတွေ ကျန်တာပေါ့နော်။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒီမနက်မင်းပြားမြို့နယ် မှာ AAရခိုင်လက်နက်ကိုင်အဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားကြောင်းအတည်ပြုပါတယ်။

“အဲဒီခွဆုံဘက်မှာ တော့ ကျွန်တော်တို့ထိတွေ မှုဖြစ်ပွါးခဲ့တယ်ဆိုတာတော့သိရတယ်။ အသေးစိတ်တော့ မသိရသေး ဘူးဗျ။”

မနေ့ကလဲ မင်းပြားမြို့ ရာမောင်တံတားကနေ တိုင်းဗဟို(၉)ကို စစ်ရိက္ခာ တင်ပို့တဲ့ တပ်မတော်ယာဉ်တန်းကို ဖါးပြိုရွာ အနီးမှာ AAဘက်က တိုက်ခိုက်တာ တွေ့ရတယ်လို့ မျက်မြင်ဒေသခံကဘဲ ဆက် ပြောပါတယ်။

“ဖားပြိုရွာ တိုက်ပွဲက စစ်တပ်ဘက်က ထောက်ပို့ကားနှစ်စီး မီးလောင်သွားတယ်ဗျ။ ထောက်ပို့ကားမှာ နို့ဆီရယ် ၊ ဆန်ရယ် ပြီးတော့ ပဲတွေတော့ပါတယ်ဗျ။ ရာမောင်တံတားက သူတို့ကသင်္ဘောနဲ့နေပြီးတော့ တိုင်းဗဟို(၉)ဘက်ကိုသွားတယ်။ ထိခိုက်မှုကတော့ ကျွန်တော်တို့အဝေးကကြည့်ရတာမို့လို့ လမ်းဘေးကိုကောက်တင်တာတော့တွေ့တယ်။ ကျွန် တော်တို့တွေ့တာ လေး၊ ငါး ၊ခြောက်ယောက်ဟုတ်။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကတော့ မနေ့က ဖားပြိုရွာအနီး တပ်မတော်ယာဉ်တန်းတိုက်ခိုက်ခံရပြီး တပ်မတော်ဘက်က ထိခိုက်မှုရှိခဲ့တယ် လို့ပြောပါတယ်။

“ကျွန်တော်တို့ဆီက ယာဉ်နှစ်စီးတော့ ပျက်စီးပါတယ်။ ကျန်တဲ့ထိခိုက်ဒဏ်ရာရရှိမှု ရှိပါတယ်။”

မနေ့ကနဲ့ဒီကနေ့ မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲ တွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မသိရသေးဘူးလို့ AAပြောခွင့်ရ ခိုင်သုခ က ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ၊ ငရှားကျေးရွာမှာ တော့ မနေ့က ဗုံးပေါက်ကွဲမှု တခု ဖြစ်ခဲ့ပြီး အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အတွက် စစ်တွေဆေးရုံကို ပို့ဆောင်ပေး ခဲ့ရတယ်လို့ ပလက်ဝမြို့နယ် တိုက်ပွဲရှောင် နဲ့သဘာဝဘေးကူညီရေးအဖွဲ့ အတွင်း ရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

“အခြေအနေကတော့ ဒီမနက်ဟိုဟာ မိုင်းရဲ့ကျည်ပေါ့။ မိုင်းစတွေက ဒီခန္ဒာကိုယ်ဘက်မှာ ထိနေတော့ ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှတော့ အဆင်မပြေဘူး။ အဲတာကြောင့်မို့လို့ စစ်တွေကို ဆရာဝန်က လွှတ်တော့ သူတို့မှာ ငွေရေး ကြေး ရေးကတော့ အခက်ခဲရှိနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီပလက်ဝမြို့ပေါ်မှာ ရှိနေတဲ့ သူငယ်ချင်းတွေရော တခြားဒေသ မြေတွေမှာရောက်တဲ့အလှူရှင်တွေနဲ့ တတ်နိုင်သလောက် ကူညီတော့ စစ်တွေကို ဒီမနက်သွားတယ်။ သူ့နာမည်က ဒေါ်ဟွေ့တင် အသက်က(၃၃)နှစ်ရှိပြီး။ တောထဲမှာ သွားရင်းနဲ့တောထဲမှာဘဲ သူမိုင်းနင်းမိတယ် အဲဒီလိုဘဲပြောတယ်။”

ပေါက်ကွဲတဲ့မိုင်းဟာ ဘယ်အဖွဲ့ကထောင်ထားတယ် ဆိုတာတော့ မသိရှိဘူးလို့ဆိုပါတယ်။

မနေ့ကလဲ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်တူးပေါက်ကျေးရွာမှာ မိုင်းတလုံးပေါက်ကွဲခဲ့ပြီး ကလေးငယ်(၄) ဦး သေဆုံးခဲ့ပြီးတော့ ကျောင်းဆရာတဦး အပါဝင် ကလေးငယ်(၆) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တပ်မတော်ဘက်က ဒါဟာ AAအဖွဲ့ကနေထောင်ထားတဲ့ မိုင်းလို့ပြောဆိုနေသလို AA ဘက်ကလည်း တပ်မတော်ရဲ့ မိုင်းလို့ အပြန်လှန်စွပ်စွဲနေကြပါတယ်။

မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တနှစ်တာ အတွင်းဖြစ်ပွားတဲ့တိုက်ပွဲမှာ ဒေသခံရွာသား (၁၂၀)ကျော် သေဆုံးခဲ့ပြီး (၂၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်လူမှု အဖွဲ့တွေက စာရင်းပြုစုထားပါတယ်။

ဒီလကုန်ပိုင်းလောက်မှာ AAအပါအဝင် NCA အပစ်ရပ် လက်မှတ်မထိုးနိုင်သေးတဲ့ မြောက်ပိုင်း မဟာမိတ် တို့အဖွဲ့တွေ နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့တို့ အပစ်ရပ်ရေး တွေ့ဆုံညှိနှိုင်းဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက် ပေါ်နေပေမဲ့ နှစ်ဖက်တိုက်ပွဲတွေက ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း AAရခိုင်လက်နက်ကိုင် အဖွဲ့တည်ရှိမှုကို လက်မခံသလို AAဘက်ကလဲ ရခိုင်ပြည်နယ်အတွင်း အခြေချနိုင်ရေးကို ဦးတည်လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် တွေ့ဆုံ ဆွေးနွေးရေး အောင်မြင်မယ့် အလားအလာ နည်းပါးတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

ႏုိင္ကြန္းအိန္/VOA Burmese
https://burmese.voanews.com
ရခိုင္မင္းျပား AA နဲ႔ အစိုးရတပ္ တိုက္ပဲြျဖစ္ပြား ရခိုင္မင္းျပား AA နဲ႔ အစိုးရတပ္ တိုက္ပဲြျဖစ္ပြား Reviewed by THITHTOOLWIN on 01:54 Rating: 5
Powered by Blogger.