ကခ်င္ျပည္နယ္ေန႔ အခမ္းအနားအမည္ကို ျမစ္ႀကီးနားမွာ ကန႔္ကြက္ဆႏၵျပ

(Zawgyi)⤵⤵⤵
လာမယ့္ ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ က်င္းပမယ့္ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားကို ကခ်င္မေနာပြဲေတာ္ဆိုၿပီး ျမန္မာလိုသာ ေရးသားတပ္ဆင္မွာကို ကန႔္ကြက္ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ေဒသခံေတြက ဒီေန႔မနက္က ဆႏၵျပခဲ့ ၾကပါတယ္။

ျမစ္ႀကီးနားၿမိဳ႕ မေနာကြင္းေရွ႕မွာ ကခ်င္းတိုင္းရင္းသား ၁၀၀ ေလာက္ ဒီေန႔မနက္က စုေပါင္းဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

ဆႏၵျပသူေတြက ကခ်င္လူမ်ိဳးေတြရဲ႕ ႐ိုးရာယဥ္ေက်းမႈကိစၥေတြမွာ အစိုးရအေနနဲ႔ ဝင္ေရာက္စြက္ဖက္တာေတြ မလုပ္ဖို႔၊ လူမ်ိဳးေရး အစြန္းေရာက္ WGH ဖ်က္သိမ္းေရး၊ ျပည္နယ္ရဲ႕ အမည္နာမကို လူတစ္စုက ျပဳျပင္ေျပာင္း လဲျခင္းကို (လုံးဝ) လက္မခံ ႏိုင္ေၾကာင္းဆိုတာေတြကို ေတာင္းဆို ဆႏၵျပခဲ့ပါတယ္။

ကခ်င္းတိုင္းရင္းသားေတြ ဆႏၵျပတာနဲ႔ ပတ္သက္ၿပီး အစိုးရအဖြဲ႕နဲ႔ ကခ်င္ျပည္နယ္ေန႔ အခမ္းအနား က်င္းပေရး ေကာ္မတီကို RFA က ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေနပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္က က်င္းပတဲ့ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားမွာလည္း အမည္ေပးတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး အျငင္းပြားမႈေတြ ရွိခဲ့ေပမယ့္ အခမ္းအနားမက်င္းပခင္ရက္ပိုင္းအလိုမွာပဲ ဂ်ိန္းေဖာမေနာပြဲေတာ္ဆိုၿပီး အမည္ေပး ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။

၂၀၁၉ ခုႏွစ္က က်င္းပတဲ့ အခမ္းအနားကို ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္လည္း တက္ေရာက္ခဲ့ၿပီး ဒီႏွစ္က်င္းပမယ့္ ၇၂ ႀကိမ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားကိုလည္း တက္ေရာက္ႏိုင္ေျခရွိေၾကာင္း သတင္းေတြ ထြက္ေပၚ ေနပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ကချင်ပြည်နယ်နေ့ အခမ်းအနားအမည်ကို မြစ်ကြီးနားမှာ ကန့်ကွက်ဆန္ဒပြ

လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်မနောပွဲတော်ဆိုပြီး မြန်မာလိုသာ ရေးသားတပ်ဆင်မှာကို ကန့်ကွက်ကြောင်း မြစ်ကြီးနားမြို့ဒေသခံတွေက ဒီနေ့မနက်က ဆန္ဒပြခဲ့ ကြပါတယ်။

မြစ်ကြီးနားမြို့ မနောကွင်းရှေ့မှာ ကချင်းတိုင်းရင်းသား ၁၀၀ လောက် ဒီနေ့မနက်က စုပေါင်းဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက ကချင်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုကိစ္စတွေမှာ အစိုးရအနေနဲ့ ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ဖို့၊ လူမျိုးရေး အစွန်းရောက် WGH ဖျက်သိမ်းရေး၊ ပြည်နယ်ရဲ့ အမည်နာမကို လူတစ်စုက ပြုပြင်ပြောင်း လဲခြင်းကို (လုံးဝ) လက်မခံ နိုင်ကြောင်းဆိုတာတွေကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

ကချင်းတိုင်းရင်းသားတွေ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပရေး ကော်မတီကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကျင်းပတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားမှာလည်း အမည်ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိခဲ့ပေမယ့် အခမ်းအနားမကျင်းပခင်ရက်ပိုင်းအလိုမှာပဲ ဂျိန်းဖောမနောပွဲတော်ဆိုပြီး အမည်ပေး ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်က ကျင်းပတဲ့ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်း တက်ရောက်ခဲ့ပြီး ဒီနှစ်ကျင်းပမယ့် ၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကိုလည်း တက်ရောက်နိုင်ခြေရှိကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။

RFA Burmese
https://www.rfa.org
ကခ်င္ျပည္နယ္ေန႔ အခမ္းအနားအမည္ကို ျမစ္ႀကီးနားမွာ ကန႔္ကြက္ဆႏၵျပ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားအမည္ကို ျမစ္ႀကီးနားမွာ ကန႔္ကြက္ဆႏၵျပ Reviewed by THITHTOOLWIN on 21:56 Rating: 5
Powered by Blogger.