ကခ်င္ျပည္နယ္ေန႔ အခမ္းအနား ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္မည္


(Zawgyi / Unicode)

၇၂ႀကိမ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ကို ကခ်င္ျပည္နယ္ အစိုးရက ဦးေဆာင္က်င္းပမွာ ျဖစ္ပါတယ္။ ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ က်င္းပမယ့္ ဒီပြဲမွာ ရိုးရာအတိုင္း မေနာပြဲကို ထည့္သြင္း က်င္းပမွာျဖစ္သလို ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ဒၚေအာင္ဆန္းစုၾကည္လည္း တက္ေရာက္မွာ ျဖစ္ေၾကာင္း ျပည္နယ္ အစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

ဒီႏွစ္ ကခ်င္ျပည္နယ္ေန႔မွာ မေနာပြဲထည့္သြင္း မက်င္းပဖုိ႔ အစပိုင္းမွာဆံုးျဖတ္ခဲ့ၾကေပမယ့္ အခမ္းအနားကို အတိုင္ပင္ခံပုဂၢိဳလ္ တက္ေရာက္မွာျဖစ္တဲ့အတြက္ ရိုးရာအတုိင္း ျပန္လည္က်င္းပဖုိ႔ ကခ်င္ျပည္နယ္အစုိးရက ဦးေဆာင္သြား မယ္လို႔ ျပည္နယ္အစုိးရတာဝန္ရွိသူ တဦးက အခုလိုေျပာပါတယ္။

“မေနာပြဲေကာ္မတီ သူ႔တုိင္းရင္းသားေကာ္မတီကလုပ္ဖို႔ ႀကိဳးစားေသာ္လည္း စာလံုးေရြးခ်ယ္မႈကို အဆင္မေျပၾကဘူး။ မေျပၾကတဲ့အတြက္ က်ေတာ္တို႔က မေနာပြဲမလုပ္ေတာ့ဘူး။ ကခ်င္ျပည္နယ္ေန႔ပဲ လုပ္မယ္ဆုိၿပီးေတာ့ ဆံုးျဖတ္ၿပီးသြားၿပီ။ သို႔ေသာ္လည္း အႀကီးအကဲလာမယ့္ ခရီးစဥ္က်ေတာ့လည္း ရိုးရာမပ်က္ျဖစ္ေစခ်င္တယ္ဆုိေတာ့ က်ေတာ္တို႔အစိုးရအဖြဲ႕ကေနၿပီးေတာ့ ၾကားဝင္ၿပီးေတာ့ မေနာပြဲကိုက်င္းပေပးရျခင္း ျဖစ္ပါတယ္။ ကခ်င္ျပည္နယ္ေန႔ကေတာ့ ထံုးစံအတုိင္းေပါ့ ရွိၿပီးသား ဘာမွျပႆနာမရွိပါဘူး။”

အဲဒီအခမ္းအနားကို ကခ်င္ျပည္နယ္အစုိးရအဖြဲ႕က က်င္းပျပဳလုပ္တဲ့ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားလို႔ ေခါင္းစဥ္တပ္ဖို႔လ်ာထား သလို ကခ်င္ျပည္နယ္ေန႔ကို ဒီႏွစ္မွာ တရက္တည္းသာ က်င္းပမွာ ျဖစ္ ပါတယ္။ ဒါေပမယ့္ အရင္ႏွစ္ေတြတုန္းကအတိုင္း ေဆာင္ရြက္သြားမယ္လို႔လည္း ျပည္နယ္အစုိးရ တာဝန္ရွိသူက ေျပာပါတယ္။

ဒါ့အျပင္ အခုလာမယ့္ ၁၀ရက္ေန႔မွာ က်ေရာက္မယ့္ ၇၂ ႀကိမ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားမွာ မေနာပြဲကို ျပန္လည္ ထည့္သြင္းက်င္းပ သြားမွာလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပုိင္းေတြက ကခ်င္လူမ်ိဳးစုေတြၾကား ထဲမွာ ဂ်ိန္းေဖာမုန္းေဒၚ့အဲန္ထြဲ နဲ႔ ကခ်င္မုန္းေဒၚ့အဲန္ထဲြဆုိတဲ့ စကားလံုး အသံုးအႏႈန္းအေပၚ အျငင္းပြားမႈျဖစ္ခဲ့ၾကတဲ့ အတြက္ ဒီႏွစ္မွာ မေနာပြဲေတာ္ ထည့္သြင္းမက်င္းပဖုိ႔ ဆံုးျဖတ္ခဲ့ၾက တာ ျဖစ္ပါတယ္။ စကားလံုးအသံုးအႏႈန္းအေပၚ အဖြဲ႕အစည္းေတြၾကားထဲမွာ အျငင္းပြား ေနၾကေပမယ့္ ဘယ္လုိစာလံုးပဲ တပ္တပ္ ျပည္သူအမ်ားစုကေတာ့ မေနာပြဲကို က်င္းပေစခ်င္ၾကတယ္ လို႔ လည္း သူကေျပာပါတယ္။

ကခ်င္ျပည္နယ္ေန႔အခမ္းအနားကို အခုလာမယ့္ ေသာၾကာေန႔မွာ မေနာကြင္းမွာက်င္းပမွာျဖစ္ၿပီး မနက္ ၉နာရီမွာစတင္မွာ ျဖစ္ပါတယ္။ အဲဒီပြဲကို ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ တက္ေရာက္မွာျဖစ္ၿပီး ဖြင့္ပြဲ အခမ္းအနားၿပီးသြားရင္ မေနာအက ကမယ့္အစီအစဥ္ကို အရင္ႏွစ္ပံုစံအတုိင္း ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေပ်ာ္ပြဲ ရႊင္ပြဲေတာ့ က်င္းပမွာ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ႏွစ္က ၇၁ႀကိမ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ကုိ မေနာေကာ္မတီနဲ႔ ယဥ္ေက်းမႈအဖြဲ႕တုိ႔ ပူးေပါင္းၿပီး ေပ်ာ္ပြဲရႊင္ပြဲေတြပါ ထည့္သြင္းက်င္းပခဲ့ တာပါ။

ကခ်င္လူမ်ိဳးရိုးရာ ယဥ္ေက်းမႈအသင္း ဥကၠ႒ ဦးထံုဖူးဒဂံုကေတာ့ အားလံုး ေပ်ာ္ေပ်ာ္ပါးပါး ဆင္ႏႊဲၾက ေစခ်င္တယ္လို႔ ေျပာပါတယ္။

“အရင္တုန္းက သံုးရက္ မႏွစ္တုန္းက လုပ္ခဲ့တာေပါ့။ ဒီႏွစ္က ဒီအစုိးရကပဲလုပ္တယ္ဆုိေတာ့ တရက္ပဲ သူတို႔လုပ္မွာေပါ့။ ၿပီးလို႔ရွိရင္ ေပ်ာ္ပြဲရႊင္ပြဲလည္း မရွိဘူးေပါ့။ မႏွစ္တုန္းက က်ေတာ္တို႔ ေပ်ာ္ပြဲရႊင္ပြဲလည္း လုပ္ေပးၾကတာကို။ မေနာအကေတြလည္း ႏွစ္ရက္ကတာကို။ ျဖစ္ႏိုင္လုိ႔ရွိရင္ အားလံုး ျပည္နယ္သူျပည္နယ္သားေတြ က်ေတာ္တုိ႔ကခ်င္မ်ိဳးႏြယ္အားလံုးက ဝမ္းပန္းတသာ ဒီပြဲကုိ ဆင္ႏႊဲႏုိင္လို႔ရွိရင္ေတာ့ ဘယ္ေလာက္မ်ားေကာင္းမလဲေပါ့။”

ကခ်င္ျပည္နယ္ေန႔ အခမ္းအနားမွာ ဂ်ိန္းေဖာဆုိတဲ့စကားလံုးကုိ ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာ အသံုးျပဳခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္က ဂ်ိန္းေဖာအစား ကခ်င္လို႔ေရးခဲ့တာေၾကာင့္ အခမ္းအနားမုဒ္ဦး မီးရိႈ႕ဖ်က္စီးခံရၿပီး မူလက ဂ်ိန္းေဖာဆိုတဲ့စကားလံုးကိုသာ ျပန္လည္အသံုးျပဳခဲ့ရပါတယ္။ ဒီႏွစ္မွာေတာ့ အဲဒီလိုစကားလံုး အသံုးအႏႈန္းေတြၾကား အျငင္းပြားေနၾကတာေၾကာင့္ ျပည္နယ္အစိုးရက ဦးေဆာင္က်င္းပတာ ပထမဆံုးအႀကိမ္ ျဖစ္ပါတယ္။

..................

ကချင်ပြည်နယ်နေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

(Unicode)

၇၂ကြိမ်မြောက် ကချင်ပြည်နယ်နေ့ကို ကချင်ပြည်နယ် အစိုးရက ဦးဆောင်ကျင်းပမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ဒီပွဲမှာ ရိုးရာအတိုင်း မနောပွဲကို ထည့်သွင်း ကျင်းပမှာဖြစ်သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မှာ ဖြစ်ကြောင်း ပြည်နယ် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

ဒီနှစ် ကချင်ပြည်နယ်နေ့မှာ မနောပွဲထည့်သွင်း မကျင်းပဖို့ အစပိုင်းမှာဆုံးဖြတ်ခဲ့ကြပေမယ့် အခမ်းအနားကို အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မှာဖြစ်တဲ့အတွက် ရိုးရာအတိုင်း ပြန်လည်ကျင်းပဖို့ ကချင်ပြည်နယ်အစိုးရက ဦးဆောင်သွား မယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“မနောပွဲကော်မတီ သူ့တိုင်းရင်းသားကော်မတီကလုပ်ဖို့ ကြိုးစားသော်လည်း စာလုံးရွေးချယ်မှုကို အဆင်မပြေကြဘူး။ မပြေကြတဲ့အတွက် ကျတော်တို့က မနောပွဲမလုပ်တော့ဘူး။ ကချင်ပြည်နယ်နေ့ပဲ လုပ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီးသွားပြီ။ သို့သော်လည်း အကြီးအကဲလာမယ့် ခရီးစဉ်ကျတော့လည်း ရိုးရာမပျက်ဖြစ်စေချင်တယ်ဆိုတော့ ကျတော်တို့အစိုးရအဖွဲ့ကနေပြီးတော့ ကြားဝင်ပြီးတော့ မနောပွဲကိုကျင်းပပေးရခြင်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်နေ့ကတော့ ထုံးစံအတိုင်းပေါ့ ရှိပြီးသား ဘာမှပြဿနာမရှိပါဘူး။”

အဲဒီအခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကျင်းပပြုလုပ်တဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားလို့ ခေါင်းစဉ်တပ်ဖို့လျာထား သလို ကချင်ပြည်နယ်နေ့ကို ဒီနှစ်မှာ တရက်တည်းသာ ကျင်းပမှာ ဖြစ် ပါတယ်။ ဒါပေမယ့် အရင်နှစ်တွေတုန်းကအတိုင်း ဆောင်ရွက်သွားမယ်လို့လည်း ပြည်နယ်အစိုးရ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အခုလာမယ့် ၁၀ရက်နေ့မှာ ကျရောက်မယ့် ၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ မနောပွဲကို ပြန်လည် ထည့်သွင်းကျင်းပ သွားမှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကချင်လူမျိုးစုတွေကြား ထဲမှာ ဂျိန်းဖောမုန်းဒေါ့်အဲန်ထွဲ နဲ့ ကချင်မုန်းဒေါ့်အဲန်ထွဲဆိုတဲ့ စကားလုံး အသုံးအနှုန်းအပေါ် အငြင်းပွားမှုဖြစ်ခဲ့ကြတဲ့ အတွက် ဒီနှစ်မှာ မနောပွဲတော် ထည့်သွင်းမကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြ တာ ဖြစ်ပါတယ်။ စကားလုံးအသုံးအနှုန်းအပေါ် အဖွဲ့အစည်းတွေကြားထဲမှာ အငြင်းပွား နေကြပေမယ့် ဘယ်လိုစာလုံးပဲ တပ်တပ် ပြည်သူအများစုကတော့ မနောပွဲကို ကျင်းပစေချင်ကြတယ် လို့ လည်း သူကပြောပါတယ်။

ကချင်ပြည်နယ်နေ့အခမ်းအနားကို အခုလာမယ့် သောကြာနေ့မှာ မနောကွင်းမှာကျင်းပမှာဖြစ်ပြီး မနက် ၉နာရီမှာစတင်မှာ ဖြစ်ပါတယ်။ အဲဒီပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မှာဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားပြီးသွားရင် မနောအက ကမယ့်အစီအစဉ်ကို အရင်နှစ်ပုံစံအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပျော်ပွဲ ရွှင်ပွဲတော့ ကျင်းပမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ၇၁ကြိမ်မြောက် ကချင်ပြည်နယ်နေ့ကို မနောကော်မတီနဲ့ ယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းပြီး ပျော်ပွဲရွှင်ပွဲတွေပါ ထည့်သွင်းကျင်းပခဲ့ တာပါ။

ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးထုံဖူးဒဂုံကတော့ အားလုံး ပျော်ပျော်ပါးပါး ဆင်နွှဲကြ စေချင်တယ်လို့ ပြောပါတယ်။

“အရင်တုန်းက သုံးရက် မနှစ်တုန်းက လုပ်ခဲ့တာပေါ့။ ဒီနှစ်က ဒီအစိုးရကပဲလုပ်တယ်ဆိုတော့ တရက်ပဲ သူတို့လုပ်မှာပေါ့။ ပြီးလို့ရှိရင် ပျော်ပွဲရွှင်ပွဲလည်း မရှိဘူးပေါ့။ မနှစ်တုန်းက ကျတော်တို့ ပျော်ပွဲရွှင်ပွဲလည်း လုပ်ပေးကြတာကို။ မနောအကတွေလည်း နှစ်ရက်ကတာကို။ ဖြစ်နိုင်လို့ရှိရင် အားလုံး ပြည်နယ်သူပြည်နယ်သားတွေ ကျတော်တို့ကချင်မျိုးနွယ်အားလုံးက ဝမ်းပန်းတသာ ဒီပွဲကို ဆင်နွှဲနိုင်လို့ရှိရင်တော့ ဘယ်လောက်များကောင်းမလဲပေါ့။”

ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ ဂျိန်းဖောဆိုတဲ့စကားလုံးကို နှစ်ပေါင်း ၇၀ ကျော်ကြာ အသုံးပြုခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဂျိန်းဖောအစား ကချင်လို့ရေးခဲ့တာကြောင့် အခမ်းအနားမုဒ်ဦး မီးရှို့ဖျက်စီးခံရပြီး မူလက ဂျိန်းဖောဆိုတဲ့စကားလုံးကိုသာ ပြန်လည်အသုံးပြုခဲ့ရပါတယ်။ ဒီနှစ်မှာတော့ အဲဒီလိုစကားလုံး အသုံးအနှုန်းတွေကြား အငြင်းပွားနေကြတာကြောင့် ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

စုစု/VOA Burmese
https://burmese.voanews.com
ကခ်င္ျပည္နယ္ေန႔ အခမ္းအနား ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္မည္ ကခ်င္ျပည္နယ္ေန႔ အခမ္းအနား ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္မည္ Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.