အေျခခံပညာေက်ာင္း စာသင္ကာလ တိုးျမႇင့္မႈကို ဆႏၵျပ ကန႔္ကြက္

မေကြးပညာေရးေကာလိပ္ ေက်ာင္းသားမ်ားသမဂၢက ၂၀၂၀ ဇန္နဝါရီလ ၇ ရက္ေန႔က မေကြးပညာေရးေကာလိပ္မွာ စတစ္ကာကမ္ပိန္း ျပဳလုပ္
Photo: Representative Committe Of ECSUs
(Zawgyi)⤵⤵⤵
အေျခခံပညာ စာသင္ကာလကို မတ္လအထိ တိုးျမႇင့္လိုက္တဲ့အေပၚ ကန႔္ကြက္တဲ့ လႈပ္ရွားမႈအေနနဲ႔ ရန္ကုန္ ပညာေရးေကာလိပ္မွာ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ၊ မေကြးပညာေရးေကာလိပ္က စတစ္ကာ လႈပ္ရွားမႈကို ဒီေန႔ စတင္လိုက္ၾကပါတယ္။

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ေအာက္ေျခက အသံ သေဘာထားေတြကို ရယူျခင္းမရွိဘဲ ဆုံးျဖတ္လိုက္တဲ့အေပၚ မေက်နပ္တဲ့အတြက္ ကန႔္ကြက္တာျဖစ္တယ္လို႔ ဖဲႀကိဳးစိမ္းဦးေဆာင္လႈပ္ရွားမႈ‌‌ေကာ္မတီ၊ ရန္ကုန္ ပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢအဖြဲ႕ အတြင္းေရးမႉး ကိုေအာင္ျပည့္စုံက ေျပာပါတယ္။

“ေပၚလစီတစ္ခုကို ေအာက္ေျခကိုမစဥ္းစားဘဲ ခ်လိုက္တာမ်ိဳး မျဖစ္ေစခ်င္တာပါ။ ေအာက္ေျခနဲ႔ မညႇိပဲနဲ႔ အခုလိုမ်ိဳး ေပၚလစီတစ္ခုကို ခ်လိုက္ေတာ့ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္ရတယ္ ေကာင္းမြန္တဲ့ ရလဒ္မဟုတ္ဘူး။ အဲလိုမ်ိဳး ေပၚလစီတစ္ခုကို ေအာက္ေျခနဲ႔ညႇိႏႈိင္းၿပီး ခ်ေစခ်င္တယ္ အေပၚကပဲ လုပ္တာဆိုရင္ ေအာက္ေျခနဲ႔ မကိုက္လို႔ပါ။”

ဖဲႀကိဳးစိမ္း လႈပ္ရွားမႈအေနနဲ႔ အစိမ္းေရာင္ဖဲႀကိဳးေတြကို ရင္မွာထိုးၿပီး စာသင္ခန္းဝင္ေရာက္ၾကမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဖဲႀကိဳးစိမ္းလႈပ္ရွားမႈကို ရည္႐ြယ္ခ်က္ သေဘာထားတူညီတဲ့ ဘယ္အဖြဲ႕အစည္းမဆို ပူးေပါင္းႏိုင္ေၾကာင္း ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ ဦးေဆာင္ေကာ္မတီက မေန႔က သေဘာထားေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ျမစ္ႀကီးနား ပညာေရးေကာလိပ္အေနနဲ႔ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈမွာ ပူးေပါင္းပါဝင္သြားဖို႔ ခ်ိတ္ဆက္ ေဆာင္႐ြက္ေနေၾကာင္း ျမစ္ႀကီးနား ပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢ ျပင္ပဆက္ဆံေရးတာဝန္ခံ ကိုေအာင္ေအာင္က ေျပာပါတယ္။

“အခုေလာေလာဆယ္ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈနဲ႔ ခ်ိတ္ဆက္မႈရွိတယ္။ ျမစ္ႀကီးနားအေနနဲ႔ အျခားပညာေရး ေကာလိပ္ေတြနဲ႔ နည္းတူ သူတို႔လုပ္တဲ့အတိုင္း လႈပ္ရွားမႈရွိမယ္။”

ပညာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြအေနနဲ႔ အေျခခံပညာေရးလုပ္ငန္းခြင္ ဆရာ၊ ဆရာမေတြ၊ ဝန္ထမ္းေတြနဲ႔ ေက်ာင္းသားသမဂၢေတြရဲ႕ ေဝဖန္မႈနဲ႔ သေဘာထားေတြကို လ်စ္လ်ဴရႈတာ၊ သင္႐ိုးသစ္၊ သင္႐ိုးေဟာင္း စာသင္ကာလေတြကို စနစ္တက် ခြဲေဝမႈမရွိတာ၊ ေက်ာင္းဖြင့္ရက္ ေက်ာင္းပိတ္ရက္ေတြကို စီမံခန႔္ခြဲႏိုင္မႈ အားနည္းတာ စတဲ့ ကန႔္ကြက္ခ်က္ေတြနဲ႔ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈကို စတင္လိုက္တာျဖစ္ပါတယ္။

စာသင္ကာလ တိုးျမႇင့္လိုက္မယ္ဆိုရင္ သင္႐ိုးနဲ႔သင္ၾကားတဲ့အတြက္ သင္ခန္းစာနဲ႔ သင္ၾကားခ်ိန္ အဆင္မေျပျဖစ္တာ၊ ေက်ာင္းပိတ္ရက္ေတြမွာ ဆရာ၊ ဆရာမေတြက မြန္းမံသင္တန္းသြားေရာက္ရတာ စာစစ္တာေတြ လုပ္ေဆာင္ရတာမွာ အခ်ိန္မလုံေလာက္ေတာ့မယ့္ ျပႆနာေတြ ရွိလာႏိုင္ေၾကာင္း  ေထာက္ျပၾကပါတယ္။

မေကြး ပညာေရးေကာလိပ္ကလည္း မတ္လအထိ စာသင္ခ်ိန္ တိုးျမႇင့္လိုက္တာကို ကန႔္ကြက္ေၾကာင္း ဒီေန႔ စတစ္ကာ လႈပ္ရွားမႈလုပ္ခဲ့ပါတယ္။

မေကြး ပညာေရးေကာလိပ္ ေက်ာင္းသားမသဂၢအေနနဲ႔ ေက်ာင္းတြင္းလႈပ္ရွားမႈအျဖစ္ အက်ႌေတြမွာ စတစ္ကာ ကပ္ေပးတာျဖစ္တယ္လို႔ သမဂၢ တြဲဖက္အတြင္းေရးမႉး (၂) ကိုေက်ာ္ဇင္ဝင္းက ေျပာပါတယ္။

“စတစ္ကာကမ္ပိန္းလုပ္ရတာ အေျခခံပညာ အတန္းအသီးသီးမွာ အတန္းတင္တဲ့စာေမးပြဲကို တကၠသိုလ္ဝင္တန္းစာေမးပြဲၿပီးမွ စစ္ေဆးရမယ္ဆိုတဲ့ အေျခခံပညာဦးစီးဌာနက ထုတ္ျပန္တဲ့စာကို ကန႔္ကြက္တဲ့အေနနဲ႔ လုပ္တာပါ။ စတစ္ကာကမ္ပိန္းကေတာ့ ကြၽန္ေတာ္တို႔ ေက်ာင္းတစ္ေက်ာင္းထဲအေနနဲ႔ လုပ္တာပါ။ ေက်ာင္းတြင္း လႈပ္ရွားမႈဆိုေတာ့ ေက်ာင္းသားေတြနဲ႔ တခ်ိဳ႕ ဆရာမေတြ ပါဝင္တာရွိပါတယ္။”

စတစ္ကာလႈပ္ရွားမႈက ဒီေန႔ တစ္ရက္တာလႈပ္ရွားမႈအေနနဲ႔ လုပ္ေဆာင္တာျဖစ္ၿပီး ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ ဦးေဆာင္ေကာ္မတီရဲ႕ လႈပ္ရွားမႈကို ဆက္လက္ပူးေပါင္း ပါဝင္သြားဖို႔ရွိတယ္လို႔ ေျပာပါတယ္။

စာသင္ကာလ တိုးျမႇင့္လိုက္တဲ့အေပၚ ကန႔္ကြက္ေနၾကတဲ့အေပၚ အျပဳသေဘာေဆာင္တဲ့ ေထာက္ျပခ်က္ ေတြျဖစ္တဲ့အတြက္ ပညာ‌ေရးဝန္ႀကီးဌာန အေျခခံပညာ ဦးစီးဌာနက  ေဆြးေႏြးလာ ဖြယ္ရွိတယ္လို႔ အဆင့္ျမင့္ပညာဦးစီးဌာန ဆရာအတတ္ဌာန လက္ေထာက္ၫြန္ၾကားေရးမႉး ဦးစိုးမိုးေအာင္ ကေျပာပါတယ္။

ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ ဦးေဆာင္ေကာ္မတီက စာသင္ကာလကို မတ္လအထိ သတ္မွတ္တဲ့အစား အေျခခံပညာေရးက ဝန္ထမ္းအဖြဲ႕အစည္း သမဂၢေတြ နဲ႔ ေက်ာင္းသားသမဂၢ တို႔နဲ႔ညႇိႏႈိင္းၿပီး ျပန္လည္ သတ္မွတ္ၿပီးမွသာ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈကို ရပ္တန႔္သြားမယ္လို႔ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

အေျခခံႏွင့္ အဆင့္ျမင့္ပညာေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ ေကာ္မတီကလည္း စာသင္ကာလ တိုးျမႇင့္လိုက္တဲ့အေပၚ ကန႔္ကြက္ေၾကာင္း မေန႔က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

အခုအေျခအေနဟာ ဆရာ ဆရာမေတြအျပင္ ေက်ာင္းသားေက်ာင္းသူေတြနဲ႔ မိဘေတြရဲ႕ သေဘာထားေတြ ပါဝင္ၿပီး အစိုးရက လက္မခံဘူးဆိုရင္ ျပႆနာဆိုးလာႏိုင္တယ္လို႔ အေျခခံပညာ ပညာေရးလုပ္သားမ်ားသမဂၢ ဗဟိုအႀကံေပးေကာ္မတီက ကိုေအာင္ေအာင္ေက်ာ္က ေျပာပါတယ္။

“ဒီလို အကုန္လုံးစုၿပဳံၿပီး ပါလာရင္ေတာ့ ဒါမလိုလားအပ္တဲ့ ျပႆနာေတြ ရင္ဆိုင္ရမွာေပါ့ ျပည္သူေတြေရာ ေက်ာင္းသားမိဘေတြေရာ ဆရာ ဆရာမေတြေရာ ေက်ာင္းသားေတြေရာ အတြက္ ဒါဟာေတာ္ေတာ္ကို ႀကီးမားတဲ့ အခက္အခဲျဖစ္တဲ့ ဒါကို ရေအာင္ပယ္ဖ်က္ၾကမွာပဲ အဲဒီျပႆနာေနာက္ဆက္တြဲကို အစိုးရက ေျဖရွင္းရမယ္ အဲလိုေတာ့ျမင္ပါတယ္။”

ျမန္မာတစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ ပညာေရးေကာလိပ္ေပါင္း ၂၅ ခုရွိၿပီး ျပည္နယ္နဲ႔ တိုင္းအသီးသီးမွာ ရွိတယ္လို႔ သိရပါတယ္။

စာသင္ကာလ တိုးျမႇင့္လိုက္တဲ့အေပၚ အေျခခံပညာဦးစီးဌာနအေနနဲ႔ ဌာနတြင္းအစည္းအေဝးကို လာမယ့္ ဇန္နဝါရီ ၉ ရက္ေန႔မွာ က်င္းပသြားဖို႔ ရွိၿပီး အဲဒီအစည္းအေဝး ဆုံးျဖတ္ခ်က္အရ ပညာေရးေကာလိပ္ေတြရဲ႕ ကန႔္ကြက္တဲ့ လႈပ္ရွားမႈေတြကို ဆက္လက္လုပ္ေဆာင္သြားဖို႔ရွိတယ္လို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
အခြေခံပညာကျောင်း စာသင်ကာလ တိုးမြှင့်မှုကို ဆန္ဒပြ ကန့်ကွက်

မကွေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂက ၂၀၂၀ ဇန်နဝါရီလ ၇ ရက်နေ့က မကွေးပညာရေးကောလိပ်မှာ စတစ်ကာကမ်ပိန်း ပြုလုပ်
Photo: Representative Committe Of ECSUs

အခြေခံပညာ စာသင်ကာလကို မတ်လအထိ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့ လှုပ်ရှားမှုအနေနဲ့ ရန်ကုန် ပညာရေးကောလိပ်မှာ ဖဲကြိုးစိမ်းလှုပ်ရှားမှု၊ မကွေးပညာရေးကောလိပ်က စတစ်ကာ လှုပ်ရှားမှုကို ဒီနေ့ စတင်လိုက်ကြပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ အောက်ခြေက အသံ သဘောထားတွေကို ရယူခြင်းမရှိဘဲ ဆုံးဖြတ်လိုက်တဲ့အပေါ် မကျေနပ်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ဖဲကြိုးစိမ်းဦးဆောင်လှုပ်ရှားမှု‌‌ကော်မတီ၊ ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ အတွင်းရေးမှူး ကိုအောင်ပြည့်စုံက ပြောပါတယ်။

“ပေါ်လစီတစ်ခုကို အောက်ခြေကိုမစဉ်းစားဘဲ ချလိုက်တာမျိုး မဖြစ်စေချင်တာပါ။ အောက်ခြေနဲ့ မညှိပဲနဲ့ အခုလိုမျိုး ပေါ်လစီတစ်ခုကို ချလိုက်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ရတယ် ကောင်းမွန်တဲ့ ရလဒ်မဟုတ်ဘူး။ အဲလိုမျိုး ပေါ်လစီတစ်ခုကို အောက်ခြေနဲ့ညှိနှိုင်းပြီး ချစေချင်တယ် အပေါ်ကပဲ လုပ်တာဆိုရင် အောက်ခြေနဲ့ မကိုက်လို့ပါ။”

ဖဲကြိုးစိမ်း လှုပ်ရှားမှုအနေနဲ့ အစိမ်းရောင်ဖဲကြိုးတွေကို ရင်မှာထိုးပြီး စာသင်ခန်းဝင်ရောက်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရည်ရွယ်ချက် သဘောထားတူညီတဲ့ ဘယ်အဖွဲ့အစည်းမဆို ပူးပေါင်းနိုင်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီက မနေ့က သဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။

မြစ်ကြီးနား ပညာရေးကောလိပ်အနေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သွားဖို့ ချိတ်ဆက် ဆောင်ရွက်နေကြောင်း မြစ်ကြီးနား ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုအောင်အောင်က ပြောပါတယ်။

“အခုလောလောဆယ် ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ ချိတ်ဆက်မှုရှိတယ်။ မြစ်ကြီးနားအနေနဲ့ အခြားပညာရေး ကောလိပ်တွေနဲ့ နည်းတူ သူတို့လုပ်တဲ့အတိုင်း လှုပ်ရှားမှုရှိမယ်။”

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ အခြေခံပညာရေးလုပ်ငန်းခွင် ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ ဝေဖန်မှုနဲ့ သဘောထားတွေကို လျစ်လျူရှုတာ၊ သင်ရိုးသစ်၊ သင်ရိုးဟောင်း စာသင်ကာလတွေကို စနစ်တကျ ခွဲဝေမှုမရှိတာ၊ ကျောင်းဖွင့်ရက် ကျောင်းပိတ်ရက်တွေကို စီမံခန့်ခွဲနိုင်မှု အားနည်းတာ စတဲ့ ကန့်ကွက်ချက်တွေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို စတင်လိုက်တာဖြစ်ပါတယ်။

စာသင်ကာလ တိုးမြှင့်လိုက်မယ်ဆိုရင် သင်ရိုးနဲ့သင်ကြားတဲ့အတွက် သင်ခန်းစာနဲ့ သင်ကြားချိန် အဆင်မပြေဖြစ်တာ၊ ကျောင်းပိတ်ရက်တွေမှာ ဆရာ၊ ဆရာမတွေက မွန်းမံသင်တန်းသွားရောက်ရတာ စာစစ်တာတွေ လုပ်ဆောင်ရတာမှာ အချိန်မလုံလောက်တော့မယ့် ပြဿနာတွေ ရှိလာနိုင်ကြောင်း  ထောက်ပြကြပါတယ်။

မကွေး ပညာရေးကောလိပ်ကလည်း မတ်လအထိ စာသင်ချိန် တိုးမြှင့်လိုက်တာကို ကန့်ကွက်ကြောင်း ဒီနေ့ စတစ်ကာ လှုပ်ရှားမှုလုပ်ခဲ့ပါတယ်။

မကွေး ပညာရေးကောလိပ် ကျောင်းသားမသဂ္ဂအနေနဲ့ ကျောင်းတွင်းလှုပ်ရှားမှုအဖြစ် အင်္ကျီတွေမှာ စတစ်ကာ ကပ်ပေးတာဖြစ်တယ်လို့ သမဂ္ဂ တွဲဖက်အတွင်းရေးမှူး (၂) ကိုကျော်ဇင်ဝင်းက ပြောပါတယ်။

“စတစ်ကာကမ်ပိန်းလုပ်ရတာ အခြေခံပညာ အတန်းအသီးသီးမှာ အတန်းတင်တဲ့စာမေးပွဲကို တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးမှ စစ်ဆေးရမယ်ဆိုတဲ့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်တဲ့စာကို ကန့်ကွက်တဲ့အနေနဲ့ လုပ်တာပါ။ စတစ်ကာကမ်ပိန်းကတော့ ကျွန်တော်တို့ ကျောင်းတစ်ကျောင်းထဲအနေနဲ့ လုပ်တာပါ။ ကျောင်းတွင်း လှုပ်ရှားမှုဆိုတော့ ကျောင်းသားတွေနဲ့ တချို့ ဆရာမတွေ ပါဝင်တာရှိပါတယ်။”

စတစ်ကာလှုပ်ရှားမှုက ဒီနေ့ တစ်ရက်တာလှုပ်ရှားမှုအနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ လှုပ်ရှားမှုကို ဆက်လက်ပူးပေါင်း ပါဝင်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

စာသင်ကာလ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်နေကြတဲ့အပေါ် အပြုသဘောဆောင်တဲ့ ထောက်ပြချက် တွေဖြစ်တဲ့အတွက် ပညာ‌ရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနက  ဆွေးနွေးလာ ဖွယ်ရှိတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ဆရာအတတ်ဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးစိုးမိုးအောင် ကပြောပါတယ်။

ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီက စာသင်ကာလကို မတ်လအထိ သတ်မှတ်တဲ့အစား အခြေခံပညာရေးက ဝန်ထမ်းအဖွဲ့အစည်း သမဂ္ဂတွေ နဲ့ ကျောင်းသားသမဂ္ဂ တို့နဲ့ညှိနှိုင်းပြီး ပြန်လည် သတ်မှတ်ပြီးမှသာ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရပ်တန့်သွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အခြေခံနှင့် အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီကလည်း စာသင်ကာလ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အခုအခြေအနေဟာ ဆရာ ဆရာမတွေအပြင် ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေရဲ့ သဘောထားတွေ ပါဝင်ပြီး အစိုးရက လက်မခံဘူးဆိုရင် ပြဿနာဆိုးလာနိုင်တယ်လို့ အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုအကြံပေးကော်မတီက ကိုအောင်အောင်ကျော်က ပြောပါတယ်။

“ဒီလို အကုန်လုံးစုပြုံပြီး ပါလာရင်တော့ ဒါမလိုလားအပ်တဲ့ ပြဿနာတွေ ရင်ဆိုင်ရမှာပေါ့ ပြည်သူတွေရော ကျောင်းသားမိဘတွေရော ဆရာ ဆရာမတွေရော ကျောင်းသားတွေရော အတွက် ဒါဟာတော်တော်ကို ကြီးမားတဲ့ အခက်အခဲဖြစ်တဲ့ ဒါကို ရအောင်ပယ်ဖျက်ကြမှာပဲ အဲဒီပြဿနာနောက်ဆက်တွဲကို အစိုးရက ဖြေရှင်းရမယ် အဲလိုတော့မြင်ပါတယ်။”

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပညာရေးကောလိပ်ပေါင်း ၂၅ ခုရှိပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ရှိတယ်လို့ သိရပါတယ်။

စာသင်ကာလ တိုးမြှင့်လိုက်တဲ့အပေါ် အခြေခံပညာဦးစီးဌာနအနေနဲ့ ဌာနတွင်းအစည်းအဝေးကို လာမယ့် ဇန်နဝါရီ ၉ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိပြီး အဲဒီအစည်းအဝေး ဆုံးဖြတ်ချက်အရ ပညာရေးကောလိပ်တွေရဲ့ ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
အေျခခံပညာေက်ာင္း စာသင္ကာလ တိုးျမႇင့္မႈကို ဆႏၵျပ ကန႔္ကြက္ အေျခခံပညာေက်ာင္း စာသင္ကာလ တိုးျမႇင့္မႈကို ဆႏၵျပ ကန႔္ကြက္ Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.