ေမေမတို႔ေမးခ်င္ေနမယ့္ အက်ိဳးျပဳဘက္တီးရီးယား နဲ႔ပတ္သက္တဲ့ ေမးခြန္းအခ်ိဳ႕

(Zawgyi)⤵⤵⤵
ကေလးကို အာဟာရျပည့္ေစခ်င္ရင္၊ က်န္းက်န္းမာမာ ႀကီးျပင္းလာေစခ်င္ရင္ ဒါေတြေကြၽးေပးဖို႔လိုမယ္၊ လို႔ ေျပာတဲ့အခါတိုင္းေကြၽးခ်င္တယ္။ဒါေပမယ့္ ဘာေၾကာင့္လဲဆိုတဲ့ အေၾကာင္အရင္းကိုလည္း ျပည့္ျပည့္စုံစုံ သိခ်င္မိတာက ေမေမတိုင္းရဲ႕ ရင္ထဲကဆႏၵတစ္ရပ္ပါ။ ဒီတစ္ေခါက္ေတာ့ ေဘဘီေလး က်န္းမာေစဖို႔ လိုအပ္တဲ့အာဟာရတစ္မ်ိဳးျဖစ္တဲ့ အက်ိဳးျပဳဘက္တီးရီးယားနဲ႔ ပတ္သက္လို႔ ေမေမတိုင္းသိခ်င္ေနမယ့္ ေမးခြန္းေလးေတြကို ေျပာျပေပးပါရေစလား……..

အက်ိဳးျပဳဘက္တီးရီးယား ဆိုတာ ဘာလဲ………

ေဘဘီေလးေတြရဲ႕ အစာေျခစနစ္ကေနစလို႔ ခႏၶာကိုယ္တစ္ခုလုံးနဲ႔ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ပါ အေကာင္းဆုံးေထာက္ပံ့ေပးတဲ့ သက္ရွိဘက္တီးရီးယားေလးေတြပါ။ ေဘဘီေလးကို က်န္းမာေပ်ာ္႐ႊင္စြာ ႀကီးျပင္းလာေစဖို႔ အေကာင္းဆုံး ေထာက္ပံ့ေပးႏိုင္ပါတယ္။ဒါေၾကာင့္လည္း အက်ိဳးျပဳ ဘက္တီးရီးယားလို႔ ေခၚတာေပါ့။

အက်ိဳးျပဳဘက္တီးရီးယား ဘယ္ႏွမ်ိဳးရွိလဲ…….

Probiotics အမ်ိဳးအစားက တစ္မ်ိဳးမက ရွိပါတယ္။ အမ်ိဳးအစားမတူသလို အက်ိဳးျပဳပုံခ်င္းလည္း မတူပါဘူး။ Probiotics အမ်ိဳးအစားေတြက –
Lactobacillus –ဒါကေတြ႕ရအမ်ားဆုံး Probiotic ပါ။ ဒီ Probiotic အမ်ိဳးအစားကို ဒိန္ခ်ဥ္မွာေတြ႕ရမ်ားပါတယ္။ Probioticsေတြက ဝမ္းေလွ်ာတာကို သက္သာေစႏိုင္ၿပီးlactose ကို အစာေၾကခဲတဲ့သူေတြအတြက္လည္း အစာေျခစနစ္ကို အေထာက္အပံ့ေပးပါတယ္။

Bifidobacterium – ဒီProbiotic အမ်ိဳးအစားကိုေတာ့ ႏို႔ထြက္ပစၥည္းေတြမွာ ေတြ႕ရတာမ်ားပါတယ္။ irritable bowel syndrome (IBS) (နာတာရွည္ အူလမ္းေၾကာင္းဆိုင္ရာ ျပႆနာစု) လကၡဏာေတြနဲ႔ အျခားအစာအိမ္ အူလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာေတြကို သက္သာေစႏိုင္စြမ္းရွိပါတယ္။

Saccharomyces boulardii– ဒါကေတာ့probiotics ထဲမွာေတြ႕ရတဲ့ တေစးတစ္မ်ိဳးပါ။ ဝမ္းေလွ်ာတာနဲ႔ အျခားအစာေျခစနစ္ဆိုင္ရာျပႆနာေတြကို သက္သာေစႏိုင္စြမ္းရွိပါတယ္။

ဘယ္ေနရာေတြမွာရွိေနႏိုင္လဲ…..

မ်ားေသာအားျဖင့္ကေတာ့ အစာေျခစနစ္ အူလမ္းေၾကာင္းတေလွ်ာက္နဲ႔ အူမႀကီးထဲမွာ ရွင္သန္ ေနထိုင္ၾကပါတယ္။

ဘာေတြလုပ္ေပးလဲ………

အက်ိဳးျပဳဘက္တီးရီးယားေတြက အမ်ိဳးအစား အမ်ိဳးမ်ိဳးကြဲျပားသလို ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတဲ့ ပုံစံခ်င္းလည္းမတူၾကပါဘူး။

• ခႏၶာကိုယ္တြင္းက ဘက္တီးရီးယားေတြရဲ႕ အေရအတြက္ကို ထိန္းညႇိေပးတယ္။

• အာဟာရစုပ္ယူမႈေကာင္းေစတယ္။

• ဝမ္းမခ်ဳပ္ေအာင္ ကာကြယ္ေပးတယ္။

• အစာေျခစနစ္က်န္းမာေစဖို႔ လုပ္ေဆာင္ေပးတယ္။

• ခႏၶာကိုယ္အတြက္ အက်ိဳးမျပဳတဲ့ ဘက္တီးရီးယားေတြကို တိုက္ထုတ္ေပးတယ္။

• ခႏၶာကိုယ္အတြက္ အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြကိုတိုက္ဖ်က္ဖို႔ အင္ဇိုင္းေတြ ထုတ္ေပးတယ္။

• ကိုယ္ခံအားစနစ္ ေကာင္းမြန္ေအာင္လႈံ႕ေဆာ္အားျဖည့္ေပးတယ္။

အက်ိဳးျပဳဘက္တီးရီးယားေတြက ကေလးအတြက္ေဘးကင္းပါ့မလား…….

အက်ိဳးျပဳဘက္တီးရီးယားေတြက ကေလးအတြက္ ေဘးကင္းပါတယ္။ လုံေလာက္တဲ့ ပမာဏျဖစ္ဖို႔ေတာ့ လိုတာေပါ့။ အက်ိဳးျပဳဘက္တီးရီးယားေလးေတြကို လုံေလာက္စြာရရွိမႈက ေဘဘီေလးကို အစာေျခစနစ္ က်န္းမာၿပီး ကိုယ္ခံအားေကာင္းတဲ့ ကေလးအျဖစ္အ႐ြယ္ေရာက္ႀကီးျပင္းလာေစမွာပါ။

ဘယ္သူေလးေတြက အဓိကလိုအပ္မလဲ……..

ေဘဘီေလးတိုင္းက အက်ိဳးျပဳဘက္တီးရီးယားကို လိုအပ္တယ္ဆိုေပမယ့္ ဒီလိုမ်ိဳးေဘဘီေလးေတြက ပိုလိုအပ္ပါတယ္။

ခြဲေမြးထားတဲ့ ေဘဘီေလးေတြ – ခြဲေမြးတဲ့ကေလးေလးေတြက ေမြးလမ္းေၾကာင္းကို ျဖတ္သန္းမႈ မရွိခဲ့တာေၾကာင့္ ေမေမ့ရဲ႕ေမြးလမ္းေၾကာင္း တေလွ်ာက္မ်ာရွိေနတဲ့ အက်ိဳးျပဳ ဘက္တီးရီးယားေလး ေတြကို တပါတည္း ယူမလာႏိုင္ခဲ့ၾကပါဘူး။ဒါေၾကာင့္ ခြဲေမြးထားတဲ့ ကေလးေလးေတြက အက်ိဳးျပဳဘက္တီးရီးယားကို ႐ိုး႐ိုးေမြးတဲ့ကေလးေလးေတြထက္ ပိုလိုအပ္ပါမယ္။

ပဋိဇီဝေဆး ေသာက္သုံးေနရတဲ့ ေဘဘီေလးေတြ – ပဋိဇီဝေဆးဝါးေတြ ေသာက္သုံးေနရမႈက ေဘဘီေလးရဲ႕ အစာေျခစနစ္အတြင္းက အက်ိဳးျပဳဘက္တီးရီးယားေတြကို အားနည္းေစႏိုင္ပါတယ္။ ဒီလိုအားနည္းမႈက ေဘဘီေလးကို ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တာ၊ အစာေျခစနစ္အားနည္းတာ၊ စားခ်ဥ့္ရည္ျပန္ဆန္တက္တာ၊ ေလနာတာနဲ႔ ဝမ္းခ်ဳပ္တာလိုမ်ိဳး ျပႆနာေတြကို ျဖစ္ေစႏိုင္ပါတယ္။

ႏို႔ဗူးေသာက္ေနတဲ့ ေဘဘီေလးေတြ – ေမေမကအလုပ္မ်ားလို႔ဆိုၿပီး ႏို႔ဗူးေသာက္ေနရတဲ့ ေဘဘီေလး ေတြက ေမေမ့ႏို႔ကေနတဆင့္ အက်ိဳးျပဳဘက္တီးရီးယားေတြ ႂကြယ္ဝစြာရရွိမယ့္ အခြင့္အေရးကို လက္လြတ္ဆုံးရႈံးေနတာပါ။ဒါေၾကာင့္ ႏို႔ဗူးေသာက္ေနရတဲ့ ေဘဘီေလးေတြလည္း အက်ိဳးျပဳ ဘက္တီးရီးယားကို လိုအပ္မွာပါ။

ဘယ္လိုမ်ား အက်ိဳးျပဳတာလဲ…..

အက်ိဳးျပဳဘက္တီးရီးယားေတြက ေဘဘီေလးကို

• အစာေျခစနစ္က်န္းမာေစမယ္

• ေလနာ သက္သာေစမယ္

• အသက္ရႈလမ္းေၾကာင္း ကူးစက္ေရာဂါေတြကင္းေစမယ္

• အာဟာရစုပ္ယူမႈ ေကာင္းေစမယ္

• ဝမ္းမွန္ေစမယ္

• အေရျပားျပႆနာ ကင္းေစမယ္

• ဝမ္းပ်က္ဝမ္းေလွ်ာကင္းေစမယ္

• ခံတြင္းက်န္းမာေစမယ္

• စိတ္ခံစားမႈေကာင္းေစမယ္

• ဦးေႏွာက္ နဲ႔ ဉာဏ္ရည္ဖြံ႕ၿဖိဳးေစမယ္

• ဖ်ားနာမႈကင္းေစၿပီး ကိုယ္ခံအားေကာင္းေစမယ္ စတဲ့ အက်ိဳးေက်းဇူးေတြကိုရရွိေစႏိုင္မွာပါ။

ဘာေတြကေန ရရွိႏိုင္မလဲ…….

အက်ိဳးျပဳဘက္တီးရီးယားေတြကို

• မိခင္ႏို႔

• ဒိန္ခ်ဥ္

• မိဆို

• ကင္မ္ခ်ီ

• ခ်ိစ္

• အက်ိဳးျပဳဘက္တီးရီးယား ျဖည့္စြက္ထားတဲ့ အစားအစာေတြကေနရရွိႏိုင္ပါတယ္။

ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
---------------
(Unicode)⤵⤵⤵
မေမေတို့မေးချင်နေမယ့် အကျိုးပြုဘက်တီးရီးယား နဲ့ပတ်သက်တဲ့ မေးခွန်းအချို့

ကလေးကို အာဟာရပြည့်စေချင်ရင်၊ ကျန်းကျန်းမာမာ ကြီးပြင်းလာစေချင်ရင် ဒါတွေကျွေးပေးဖို့လိုမယ်၊ လို့ ပြောတဲ့အခါတိုင်းကျွေးချင်တယ်။ဒါပေမယ့် ဘာကြောင့်လဲဆိုတဲ့ အကြောင်အရင်းကိုလည်း ပြည့်ပြည့်စုံစုံ သိချင်မိတာက မေမေတိုင်းရဲ့ ရင်ထဲကဆန္ဒတစ်ရပ်ပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေး ကျန်းမာစေဖို့ လိုအပ်တဲ့အာဟာရတစ်မျိုးဖြစ်တဲ့ အကျိုးပြုဘက်တီးရီးယားနဲ့ ပတ်သက်လို့ မေမေတိုင်းသိချင်နေမယ့် မေးခွန်းလေးတွေကို ပြောပြပေးပါရစေလား……..

အကျိုးပြုဘက်တီးရီးယား ဆိုတာ ဘာလဲ………

ဘေဘီလေးတွေရဲ့ အစာခြေစနစ်ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ပါ အကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ဒါကြောင့်လည်း အကျိုးပြု ဘက်တီးရီးယားလို့ ခေါ်တာပေါ့။

အကျိုးပြုဘက်တီးရီးယား ဘယ်နှမျိုးရှိလဲ…….

Probiotics အမျိုးအစားက တစ်မျိုးမက ရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။ Probiotics အမျိုးအစားတွေက –
Lactobacillus –ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို အစာကြေခဲတဲ့သူတွေအတွက်လည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။

Bifidobacterium – ဒီProbiotic အမျိုးအစားကိုတော့ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရတာများပါတယ်။ irritable bowel syndrome (IBS) (နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု) လက္ခဏာတွေနဲ့ အခြားအစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

Saccharomyces boulardii– ဒါကတော့probiotics ထဲမှာတွေ့ရတဲ့ တစေးတစ်မျိုးပါ။ ဝမ်းလျှောတာနဲ့ အခြားအစာခြေစနစ်ဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

ဘယ်နေရာတွေမှာရှိနေနိုင်လဲ…..

များသောအားဖြင့်ကတော့ အစာခြေစနစ် အူလမ်းကြောင်းတလျှောက်နဲ့ အူမကြီးထဲမှာ ရှင်သန် နေထိုင်ကြပါတယ်။

ဘာတွေလုပ်ပေးလဲ………

အကျိုးပြုဘက်တီးရီးယားတွေက အမျိုးအစား အမျိုးမျိုးကွဲပြားသလို ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ပုံစံချင်းလည်းမတူကြပါဘူး။

• ခန္ဓာကိုယ်တွင်းက ဘက်တီးရီးယားတွေရဲ့ အရေအတွက်ကို ထိန်းညှိပေးတယ်။

• အာဟာရစုပ်ယူမှုကောင်းစေတယ်။

• ဝမ်းမချုပ်အောင် ကာကွယ်ပေးတယ်။

• အစာခြေစနစ်ကျန်းမာစေဖို့ လုပ်ဆောင်ပေးတယ်။

• ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးတယ်။

• ခန္ဓာကိုယ်အတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုတိုက်ဖျက်ဖို့ အင်ဇိုင်းတွေ ထုတ်ပေးတယ်။

• ကိုယ်ခံအားစနစ် ကောင်းမွန်အောင်လှုံ့ဆော်အားဖြည့်ပေးတယ်။

အကျိုးပြုဘက်တီးရီးယားတွေက ကလေးအတွက်ဘေးကင်းပါ့မလား…….

အကျိုးပြုဘက်တီးရီးယားတွေက ကလေးအတွက် ဘေးကင်းပါတယ်။ လုံလောက်တဲ့ ပမာဏဖြစ်ဖို့တော့ လိုတာပေါ့။ အကျိုးပြုဘက်တီးရီးယားလေးတွေကို လုံလောက်စွာရရှိမှုက ဘေဘီလေးကို အစာခြေစနစ် ကျန်းမာပြီး ကိုယ်ခံအားကောင်းတဲ့ ကလေးအဖြစ်အရွယ်ရောက်ကြီးပြင်းလာစေမှာပါ။

ဘယ်သူလေးတွေက အဓိကလိုအပ်မလဲ……..

ဘေဘီလေးတိုင်းက အကျိုးပြုဘက်တီးရီးယားကို လိုအပ်တယ်ဆိုပေမယ့် ဒီလိုမျိုးဘေဘီလေးတွေက ပိုလိုအပ်ပါတယ်။

ခွဲမွေးထားတဲ့ ဘေဘီလေးတွေ – ခွဲမွေးတဲ့ကလေးလေးတွေက မွေးလမ်းကြောင်းကို ဖြတ်သန်းမှု မရှိခဲ့တာကြောင့် မေမေ့ရဲ့မွေးလမ်းကြောင်း တလျှောက်မျာရှိနေတဲ့ အကျိုးပြု ဘက်တီးရီးယားလေး တွေကို တပါတည်း ယူမလာနိုင်ခဲ့ကြပါဘူး။ဒါကြောင့် ခွဲမွေးထားတဲ့ ကလေးလေးတွေက အကျိုးပြုဘက်တီးရီးယားကို ရိုးရိုးမွေးတဲ့ကလေးလေးတွေထက် ပိုလိုအပ်ပါမယ်။

ပဋိဇီဝဆေး သောက်သုံးနေရတဲ့ ဘေဘီလေးတွေ – ပဋိဇီဝဆေးဝါးတွေ သောက်သုံးနေရမှုက ဘေဘီလေးရဲ့ အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အားနည်းစေနိုင်ပါတယ်။ ဒီလိုအားနည်းမှုက ဘေဘီလေးကို ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အစာခြေစနစ်အားနည်းတာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာ၊ လေနာတာနဲ့ ဝမ်းချုပ်တာလိုမျိုး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

နို့ဗူးသောက်နေတဲ့ ဘေဘီလေးတွေ – မေမေကအလုပ်များလို့ဆိုပြီး နို့ဗူးသောက်နေရတဲ့ ဘေဘီလေး တွေက မေမေ့နို့ကနေတဆင့် အကျိုးပြုဘက်တီးရီးယားတွေ ကြွယ်ဝစွာရရှိမယ့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးနေတာပါ။ဒါကြောင့် နို့ဗူးသောက်နေရတဲ့ ဘေဘီလေးတွေလည်း အကျိုးပြု ဘက်တီးရီးယားကို လိုအပ်မှာပါ။

ဘယ်လိုများ အကျိုးပြုတာလဲ…..

အကျိုးပြုဘက်တီးရီးယားတွေက ဘေဘီလေးကို

• အစာခြေစနစ်ကျန်းမာစေမယ်

• လေနာ သက်သာစေမယ်

• အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါတွေကင်းစေမယ်

• အာဟာရစုပ်ယူမှု ကောင်းစေမယ်

• ဝမ်းမှန်စေမယ်

• အရေပြားပြဿနာ ကင်းစေမယ်

• ဝမ်းပျက်ဝမ်းလျှောကင်းစေမယ်

• ခံတွင်းကျန်းမာစေမယ်

• စိတ်ခံစားမှုကောင်းစေမယ်

• ဦးနှောက် နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးစေမယ်

• ဖျားနာမှုကင်းစေပြီး ကိုယ်ခံအားကောင်းစေမယ် စတဲ့ အကျိုးကျေးဇူးတွေကိုရရှိစေနိုင်မှာပါ။

ဘာတွေကနေ ရရှိနိုင်မလဲ…….

အကျိုးပြုဘက်တီးရီးယားတွေကို

• မိခင်နို့

• ဒိန်ချဉ်

• မိဆို

• ကင်မ်ချီ

• ချိစ်

• အကျိုးပြုဘက်တီးရီးယား ဖြည့်စွက်ထားတဲ့ အစားအစာတွေကနေရရှိနိုင်ပါတယ်။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေမေမတို႔ေမးခ်င္ေနမယ့္ အက်ိဳးျပဳဘက္တီးရီးယား နဲ႔ပတ္သက္တဲ့ ေမးခြန္းအခ်ိဳ႕ ေမေမတို႔ေမးခ်င္ေနမယ့္ အက်ိဳးျပဳဘက္တီးရီးယား နဲ႔ပတ္သက္တဲ့ ေမးခြန္းအခ်ိဳ႕ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.