က်ပ္သိန္းသုံးဆယ္တန္ တန္ဖုိးနည္းအိမ္ရာစီမံကိန္း အေရွ႕ဒဂုံနဲ႔ ေတာင္ဒဂုံမွာ ဆက္လက္အေကာင္အထည္ ေဖာ္မယ္

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ဇန္န၀ါရီ ၁၆

က်ပ္သိန္း သုံးဆယ္တန္ တန္ဖုိးနည္အိမ္ရာ စီမံကိန္းကို အေရွ႕ဒဂုံနဲ႔ ေတာင္ဒဂုံမွာ ဆက္လက္အေကာင္ အ ထည္ေဖာ္ တည္ေဆာက္သြားမယ္လို႔ ပ်ိဳေမ့အိမ္ လူမႈ ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္း တည္ေထာင္သူ ေဒၚဗန္လီဇာ ေအာင္က ေျပာပါတယ္။


“ အစိုးရက အိမ္ယာစီမံကိန္း ေျခာက္ခုမွန္းထားတယ္၊ အဓိက ၿမိဳ႕နယ္ ေျခာက္ၿမိဳ႕နယ္က ဒဂုံၿမိဳ႕သစ္ ေလးၿမိဳ႕ နယ္ရယ္ ဘာလုိ႔လဲဆုိေတာ့ အဲဒီေနရာေတြမွာ အေျခခံလူတန္းစား ၀င္ေငြနည္း ျပည္သူေတြ အိုးအိမ္လုိအပ္တဲ့ ျပည္သူေတြမ်ားေနတာေၾကာင့္ ျဖစ္တယ္။ အဲဒါေၾကာင့္ အခုလက္ရွိ ေရႊျပည္သာမွာ စတင္တာျဖစ္တယ္။ ဒါၿပီးရင္ အေရွ႕ဒဂုံနဲ႔ ေတာင္ဒဂုံမွာ ဆက္လက္အေကာင္အထည္ ေဖာ္သြားမယ္ ” လုိ႔ ေဒၚဗန္လီဇာေအာင္က ေျပာပါတယ္။


လက္ရွိမွာ ေရႊျပည္သာၿမိဳ႕နယ္ ၁၉ ရပ္ကြက္မွာ က်ပ္သိန္းသုံးဆယ္တန္ တန္ဖုိးနည္းအိမ္ရာ ၂၆၄ လုံးကုိ ရန္ ကုန္တုိင္းေဒသႀကီး အစုိးရပုိင္ေျမ ၁၇ ဧကေပၚမွာ ပ်ိဳေမ့အိမ္ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရး အသင္းက ဦးစီးၿပီး ေဆာက္လုပ္ခဲ့တာပါ။ ေရႊျပည္သာၿမိဳ႕နယ္အတြင္း က်ဴးေက်ာ္ေနထိုင္သူနဲ႔ ကိုယ္ပိုင္အိမ္မရွိသူ သံုးေထာင္ ေက်ာ္ ေနထိုင္ႏိုင္မယ္လို႔ ပ်ိဳေမ့အိမ္ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရး အသင္းက ေျပာပါတယ္။

“ အခုေတာ့ ေရႊျပည္သာမွာ စတင္ေနထုိင္ေနၾကၿပီ။ အိမ္ယာမွာ ေနထိုင္ခြင့္ရတဲ့ အိမ္ေထာင္စု တစ္ခုစီက တစ္ လကို ေငြက်ပ္ ခုႏွစ္ေသာင္းကိုးေထာင့္ငါးရာ ေပးသြင္းရမွာ ျဖစ္ပါတယ္။ လေပါင္း ၇၀ (၆ႏွစ္) ေပးသြင္းၿပီးရင္ အပိုင္ ေနထိုင္ခြင့္ရမွာျဖစ္ၿပီး ရန္ကုန္တိုင္းအစိုးရက ႏွစ္သံုးဆယ္ေနထိုင္ခြင့္ျပဳထားတာ ျဖစ္တယ္လုိ႔ “ ေဒၚဗန္ လီဇာေအာင္က ေျပာပါတယ္။

က်ပ္သိန္း သံုးဆယ္တန္ တန္ဖိုးနည္းအိမ္ရာေတြအတြက္ လိုအပ္တဲ့ေငြေၾကးေတြကို ကိုးရီးယားေငြေခ်း လုပ္ ငန္း KBE Hanna Microfinance က ပံ့ပိုးေပးထားတာျဖစ္ၿပီး ၂၀၁၉ ႏွစ္ဆန္းပိုင္းမွာ စတင္ၿပီး ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႕နဲ႔ ပ်ိဳေမ့အိမ္တို႔ ေဆြးေႏြးတာေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အဲဒီကေနမွ တစ္ဆင့္ စက္ တင္ဘာလလမွာ ေခ်းေငြေတြ စတင္ရယူခဲ့တာျဖစ္ၿပီး၊ ႏိုဝင္ဘာလမွာ ေဆာက္လုပ္ေရး လုပ္ငန္းေတြ စတင္ခဲ့ တာပါ။ အခု ၂၀၂၀ ဇန္နဝါရီမွာ ေနထိုင္ခြင့္ စတင္ေပးခဲ့တာ ျဖစ္ပါတယ္။

“ ကြ်န္မတုိ႔ေနတာ အဆင္ေျပတယ္။ ကုိယ္ပိုင္မီတာနဲ႔ ကုိယ္ပုိင္အိမ္သာေလးေတြနဲ႔ ျဖစ္တယ္။ ေရကလည္း ဂ်ဳိး ျဖဴေရဆုိေတာ့ အားလုံးအဆင္ေျပတယ္ သေဘာလဲက်တယ္ “ လုိ႔ ေနထုိင္သူတစ္ဦးက ေျပာပါတယ္။

ေရႊျပည္သာၿမိဳ႕နယ္ အမွတ္ ၁၉ ရပ္ကြက္မွာ ေဖာ္ေဆာင္ေနတဲ့ အဲဒီစီမံကိန္းဟာ ၀င္ေငြနည္းျပည္သူေတြ၊ ေန ထုိင္စရာ အခက္အခဲရွိသူေတြအတြက္ ရည္ရြယ္ၿပီး တုိင္းအစုိးရနဲ႔ ပ်ဳိေမ့အိမ္အသင္းတုိ႔ ပူးေပါင္းအေကာင္ အ ထည္ေဖာ္ေနတဲ့ တန္ဖုိးနည္းအစုအဖြဲ႕ပုိင္ အိမ္ရာေတြထဲက တစ္ခုလည္းျဖစ္ပါတယ္။

ဆုသီရိစံ
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
---------------
(Unicode)⤵⤵⤵
ကျပ်သိန်းသုံးဆယ်တန် တန်ဖိုးနည်းအိမ်ရာစီမံကိန်း အရှေ့ဒဂုံနဲ့ တောင်ဒဂုံမှာ ဆက်လက်အကောင်အထည် ဖော်မယ်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ကျပ်သိန်း သုံးဆယ်တန် တန်ဖိုးနည်အိမ်ရာ စီမံကိန်းကို အရှေ့ဒဂုံနဲ့ တောင်ဒဂုံမှာ ဆက်လက်အကောင် အ ထည်ဖော် တည်ဆောက်သွားမယ်လို့ ပျိုမေ့အိမ် လူမှု ဖွံ့ဖြိုးတိုးတက်ရေးအသင်း တည်ထောင်သူ ဒေါ်ဗန်လီဇာ အောင်က ပြောပါတယ်။

“ အစိုးရက အိမ်ယာစီမံကိန်း ခြောက်ခုမှန်းထားတယ်၊ အဓိက မြို့နယ် ခြောက်မြို့နယ်က ဒဂုံမြို့သစ် လေးမြို့ နယ်ရယ် ဘာလို့လဲဆိုတော့ အဲဒီနေရာတွေမှာ အခြေခံလူတန်းစား ဝင်ငွေနည်း ပြည်သူတွေ အိုးအိမ်လိုအပ်တဲ့ ပြည်သူတွေများနေတာကြောင့် ဖြစ်တယ်။ အဲဒါကြောင့် အခုလက်ရှိ ရွှေပြည်သာမှာ စတင်တာဖြစ်တယ်။ ဒါပြီးရင် အရှေ့ဒဂုံနဲ့ တောင်ဒဂုံမှာ ဆက်လက်အကောင်အထည် ဖော်သွားမယ် ” လို့ ဒေါ်ဗန်လီဇာအောင်က ပြောပါတယ်။

လက်ရှိမှာ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက်မှာ ကျပ်သိန်းသုံးဆယ်တန် တန်ဖိုးနည်းအိမ်ရာ ၂၆၄ လုံးကို ရန် ကုန်တိုင်းဒေသကြီး အစိုးရပိုင်မြေ ၁၇ ဧကပေါ်မှာ ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းက ဦးစီးပြီး ဆောက်လုပ်ခဲ့တာပါ။ ရွှေပြည်သာမြို့နယ်အတွင်း ကျူးကျော်နေထိုင်သူနဲ့ ကိုယ်ပိုင်အိမ်မရှိသူ သုံးထောင် ကျော် နေထိုင်နိုင်မယ်လို့ ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းက ပြောပါတယ်။

“ အခုတော့ ရွှေပြည်သာမှာ စတင်နေထိုင်နေကြပြီ။ အိမ်ယာမှာ နေထိုင်ခွင့်ရတဲ့ အိမ်ထောင်စု တစ်ခုစီက တစ် လကို ငွေကျပ် ခုနှစ်သောင်းကိုးထောင့်ငါးရာ ပေးသွင်းရမှာ ဖြစ်ပါတယ်။ လပေါင်း ၇၀ (၆နှစ်) ပေးသွင်းပြီးရင် အပိုင် နေထိုင်ခွင့်ရမှာဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရက နှစ်သုံးဆယ်နေထိုင်ခွင့်ပြုထားတာ ဖြစ်တယ်လို့ “ ဒေါ်ဗန် လီဇာအောင်က ပြောပါတယ်။

ကျပ်သိန်း သုံးဆယ်တန် တန်ဖိုးနည်းအိမ်ရာတွေအတွက် လိုအပ်တဲ့ငွေကြေးတွေကို ကိုးရီးယားငွေချေး လုပ် ငန်း KBE Hanna Microfinance က ပံ့ပိုးပေးထားတာဖြစ်ပြီး ၂၀၁၉ နှစ်ဆန်းပိုင်းမှာ စတင်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ ပျိုမေ့အိမ်တို့ ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီကနေမှ တစ်ဆင့် စက် တင်ဘာလလမှာ ချေးငွေတွေ စတင်ရယူခဲ့တာဖြစ်ပြီး၊ နိုဝင်ဘာလမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ စတင်ခဲ့ တာပါ။ အခု ၂၀၂၀ ဇန်နဝါရီမှာ နေထိုင်ခွင့် စတင်ပေးခဲ့တာ ဖြစ်ပါတယ်။

“ ကျွန်မတို့နေတာ အဆင်ပြေတယ်။ ကိုယ်ပိုင်မီတာနဲ့ ကိုယ်ပိုင်အိမ်သာလေးတွေနဲ့ ဖြစ်တယ်။ ရေကလည်း ဂျိုး ဖြူရေဆိုတော့ အားလုံးအဆင်ပြေတယ် သဘောလဲကျတယ် “ လို့ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ရွှေပြည်သာမြို့နယ် အမှတ် ၁၉ ရပ်ကွက်မှာ ဖော်ဆောင်နေတဲ့ အဲဒီစီမံကိန်းဟာ ဝင်ငွေနည်းပြည်သူတွေ၊ နေ ထိုင်စရာ အခက်အခဲရှိသူတွေအတွက် ရည်ရွယ်ပြီး တိုင်းအစိုးရနဲ့ ပျိုမေ့အိမ်အသင်းတို့ ပူးပေါင်းအကောင် အ ထည်ဖော်နေတဲ့ တန်ဖိုးနည်းအစုအဖွဲ့ပိုင် အိမ်ရာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

ဆုသီရိစံ
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
က်ပ္သိန္းသုံးဆယ္တန္ တန္ဖုိးနည္းအိမ္ရာစီမံကိန္း အေရွ႕ဒဂုံနဲ႔ ေတာင္ဒဂုံမွာ ဆက္လက္အေကာင္အထည္ ေဖာ္မယ္ က်ပ္သိန္းသုံးဆယ္တန္ တန္ဖုိးနည္းအိမ္ရာစီမံကိန္း အေရွ႕ဒဂုံနဲ႔ ေတာင္ဒဂုံမွာ ဆက္လက္အေကာင္အထည္ ေဖာ္မယ္ Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.