က်ယ္ေဂါင္နဲ႔ ေရႊလီမွာ အေထာက္အထားမဲ့ ျမန္မာေတြ အခုလ ႏွစ္ဆယ္ရက္ေန႔ ေနာက္ဆုံးထား ထြက္ခြာေပးဖို႔ တရုတ္သတိေပး

(Zawgyi)⤵⤵⤵
မူဆယ္၊ ဇန္န၀ါရီ ၁၆

တရုတ္- ျမန္မာနယ္စပ္ က်ယ္ေဂါင္နဲ႔ ေရႊလီမွာ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသားေတြကုိ ဖမ္းဆီး အေရးယူ ေနတာပါ။ အဲဒီေၾကာင့္ ဇန္န၀ါရီလ ၂၀ ရက္ေန႔ ေနာက္ဆုံးထားၿပီး ထြက္ခြာေပးဖုိ႔ တရုတ္ႏိုင္ငံက သတိေပး ထားတယ္လို႔ မူဆယ္ၿမိဳ႕ ကရုဏာ လူမႈကူညီေရးအသင္း ဥကၠ႒ ဦးေသာင္းထြန္းက ေျပာပါတယ္။

လက္ရွိမွာ တရုတ္- ျမန္မာ နယ္စပ္က်ယ္ေဂါင္နဲ႔ ေရႊလီမွာ တရားမ၀င္ ၀င္ေရာက္ေနတဲ့ ျမန္မာႏုိင္ငံသားေတြ ဖမ္းဆီးမႈေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

“ ဖမ္းဆီးေနတာ ဟုတ္တယ္။ ဖမ္းမိတဲ့လူေတြကုိလည္း မူးယစ္ေဆး၀ါး သုံးစြဲထားျခင္း ရွိ၊ မရွိ ဆီးစစ္တယ္ ဆီး က်ရင္ေထာင္ ၂ ႏွစ္က်တယ္ ၊ ဆီးမက်တဲ့ လူေတြလည္း တစ္လေလာက္ အဖမ္းခံရတယ္” လုိ႔ ဦးေသာင္း ထြန္းက ေျပာပါတယ္။

လက္ရွိ ေရႊလီဘက္မွာ တရားမ၀င္ ျမန္မာႏုိင္ငံသားေတြကုိ ဖမ္းဆီးေနမႈေတြ ေဆာင္ရြက္ေနၾကတယ္။ ၿပီးခဲ့တဲ့ ေလးရက္ခန္႔ကလည္း အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသား ဦးေရ ၂၄၀ ခန္႔ ဖမ္းဆီးခံခဲ့ရတယ္လုိ႔ ကရုဏာ လူ မႈကူညီေရးအသင္း ဥကၠ႒ ဦးေသာင္းထြန္းက ဆုိပါတယ္။

“ အခုဖမ္းဆီးခံရတဲ့ သူေတြက ၇ ရက္ကဒ္ (border Pass) ကုိင္ၿပီး အလုပ္လုပ္တဲ့သူေတြ မ်ားတယ္ “ လို႔ ဦးေသာင္းထြန္းက ေျပာပါတယ္။
ဒါအျပင္ ဖမ္းဆီးရမိသူေတြထဲမွာ အသက္ ၁၈ ႏွစ္ မျပည့္ေသးသူေတြနဲ႔ က်န္းမာေရး မေကာင္းသူေတြကို ျပန္ လည္လႊတ္ေပးမႈေတြ ရွိတယ္လို႔ သိရပါတယ္။

လတ္တေလာမွာေတာ့ တရုတ္အာဏပိုင္ေတြက ဇန္န၀ါရီလ ၂၀ ရက္ေန႔ ေနာက္ဆုံးထား ထြက္ခြာေပးဖို႔ ေၾကာ္ ျငာစာေတြ ကတ္ၿပီး ထုတ္ျပန္ေၾကညာထားၿပီး တရားမ၀င္ ျမန္မာႏုိင္ငံသားေတြ သတ္မွတ္ရက္အတြင္း ထြက္ ခြာျခင္း မရွိပါက စစ္ေဆးဖမ္းဆီးကာ ျပစ္ဒဏ္မ်ား တုိးျမွင့္က်ခံရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ဆုသီရိစံ
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵ကျယ်ဂေါင်နဲ့ ရွှေလီမှာ အထောက်အထားမဲ့ မြန်မာတွေ အခုလ နှစ်ဆယ်ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးဖို့ တရုတ်သတိပေး

မူဆယ်၊ ဇန်နဝါရီ ၁၆

တရုတ်- မြန်မာနယ်စပ် ကျယ်ဂေါင်နဲ့ ရွှေလီမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီး အရေးယူ နေတာပါ။ အဲဒီကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ တရုတ်နိုင်ငံက သတိပေး ထားတယ်လို့ မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။

လက်ရှိမှာ တရုတ်- မြန်မာ နယ်စပ်ကျယ်ဂေါင်နဲ့ ရွှေလီမှာ တရားမဝင် ဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ ဖမ်းဆီးနေတာ ဟုတ်တယ်။ ဖမ်းမိတဲ့လူတွေကိုလည်း မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိ ဆီးစစ်တယ် ဆီး ကျရင်ထောင် ၂ နှစ်ကျတယ် ၊ ဆီးမကျတဲ့ လူတွေလည်း တစ်လလောက် အဖမ်းခံရတယ်” လို့ ဦးသောင်း ထွန်းက ပြောပါတယ်။

လက်ရှိ ရွှေလီဘက်မှာ တရားမဝင် မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးနေမှုတွေ ဆောင်ရွက်နေကြတယ်။ ပြီးခဲ့တဲ့ လေးရက်ခန့်ကလည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ဦးရေ ၂၄၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ကရုဏာ လူ မှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဆိုပါတယ်။

“ အခုဖမ်းဆီးခံရတဲ့ သူတွေက ၇ ရက်ကဒ် (border Pass) ကိုင်ပြီး အလုပ်လုပ်တဲ့သူတွေ များတယ် “ လို့ ဦးသောင်းထွန်းက ပြောပါတယ်။
ဒါအပြင် ဖမ်းဆီးရမိသူတွေထဲမှာ အသက် ၁၈ နှစ် မပြည့်သေးသူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေကို ပြန် လည်လွှတ်ပေးမှုတွေ ရှိတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ တရုတ်အာဏပိုင်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးဖို့ ကြော် ငြာစာတွေ ကတ်ပြီး ထုတ်ပြန်ကြေညာထားပြီး တရားမဝင် မြန်မာနိုင်ငံသားတွေ သတ်မှတ်ရက်အတွင်း ထွက် ခွာခြင်း မရှိပါက စစ်ဆေးဖမ်းဆီးကာ ပြစ်ဒဏ်များ တိုးမြှင့်ကျခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆုသီရိစံ
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
က်ယ္ေဂါင္နဲ႔ ေရႊလီမွာ အေထာက္အထားမဲ့ ျမန္မာေတြ အခုလ ႏွစ္ဆယ္ရက္ေန႔ ေနာက္ဆုံးထား ထြက္ခြာေပးဖို႔ တရုတ္သတိေပး က်ယ္ေဂါင္နဲ႔ ေရႊလီမွာ အေထာက္အထားမဲ့ ျမန္မာေတြ အခုလ ႏွစ္ဆယ္ရက္ေန႔ ေနာက္ဆုံးထား ထြက္ခြာေပးဖို႔ တရုတ္သတိေပး Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.