တ႐ုတ္ေလာင္းရိပ္ေအာက္က ဘယ္ေတာ့လြတ္မလဲ

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအလံ။
(Zawgyi)⤵⤵⤵
စီးပြားေရး၊ ႏိုင္ငံေရး၊ ႏိုင္ငံတကာေရးေတြမွာ တ႐ုတ္ကိုမွီခိုေနတဲ့ ျမန္မာႏိုင္ငံအေနနဲ႔ တ႐ုတ္ေလာင္းရိပ္ေအာက္က ဘယ္ေတာ့လြတ္မလဲဆိုတာ RFA ဝိုင္းေတာ္သား ကိုေနရိန္ေက်ာ္ တင္ျပထားပါတယ္။

"တ႐ုတ္ပစၥည္းေတြနဲ႔ျမန္မာႏိုင္ငံ"

ျမန္မာျပည္သူေတြဟာ မနက္မိုးလင္းအိပ္ရာကထလို႔ မ်က္ႏွာသစ္သြားတိုက္ရတဲ့အခ်ိန္မွာ သြားပြတ္တံနဲ႔သြားတိုက္ေဆးကို ေဈးခ်ိဳတဲ့ တ႐ုတ္ပစၥည္းေတြ သုံးရသလို၊ အိပ္ယာခင္း၊ ေစာင္၊ အိုးခြက္ပန္းကန္ မီးဖိုေခ်ာင္ပစၥည္းလို မရွိမျဖစ္သုံးေတြမွာ တ႐ုတ္ပစၥည္းကို အမ်ားဆုံးအားထားေနရပါတယ္။ လူအတြက္ စားဝတ္ေနေရးဆိုတဲ့ အေရးသုံးပါးမွာ ေန႔စဥ္သုံးအစားအေသာက္ေတြကစလို႔၊ ကေလးေတြရဲ႕ မုန႔္ပဲသေရစာအထိ တ႐ုတ္ပစၥည္းေတြက ေနရာယူထားသလို၊ အဝတ္အထည္နဲ႔ ေနထိုင္ေရးအတြက္ ေဆာက္လုပ္ေရးပစၥည္းေတြကလည္း တ႐ုတ္ပစၥည္းကို အမ်ားဆုံးသုံးေနရတာ ဆယ္စုႏွစ္နဲ႔ ခ်ီေနပါၿပီ။ ျမန္မာျပည္သူေတြၾကားမွာ တ႐ုတ္ပစၥည္းအမ်ားဆုံးစၿပီး ဝင္လာတဲ့ႏွစ္ကို သတိထားမိသေလာက္ဆိုရင္ ၁၉၈၈ ခုႏွစ္ ရွစ္ေလးလုံးအေရးေတာ္ပုံေနာက္ပိုင္းလို႔ ေျပာရမွာပါ။

ဆင္းရဲသားျပည္သူေတြၾကား လမ္းပမ္းဆက္သြယ္ေရးအတြက္ မရွိမျဖစ္သုံးလာရတဲ့ ပစၥည္းေတြထဲမွာ စက္ဘီးကစလို႔ ေမာ္ေတာ္ ဆိုင္ကယ္ေတြထိလဲ တ႐ုတ္ပစၥည္းေတြျဖစ္ေနပါတယ္။ လယ္ယာသုံးပစၥည္းေတြမွာလဲ ဓာတ္ေျမၾသဇာ၊ ပိုးသတ္ေဆး၊ မ်ိဳးေစ့ေတြက တ႐ုတ္ကေနဝယ္ေနရသလို၊ လယ္ယာထြက္ ေကာက္ပဲသီးႏွံေတြရဲ႕ေဈးကြက္ကလည္းတ႐ုတ္မွာ အမ်ားစုျဖစ္ေနပါတယ္။ အဲဒီအျပင္ အႏွစ္ ၇ဝ ေက်ာ္ၾကာေနၿပီျဖစ္တဲ့ ျပည္တြင္းစစ္ကာလမွာ ျမန္မာ့တပ္မေတာ္ထဲမွာေရာ၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြဆီမွာပါ တ႐ုတ္ပစၥည္းသုံး ေနရတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ ျမန္မာအစိုးရ၊ ျမန္မာ့တပ္မေတာ္၊ လက္နက္ကိုင္တိုင္းရင္းသားအဖြဲ႕ေတြနဲ႔ ျမန္မာျပည္သူေတြအားလုံး မိုးလင္းမိုးခ်ဳပ္ သုံးေနတဲ့ပစၥည္းမွာ တ႐ုတ္နဲ႔လြတ္တာမရွိလွပါဘူး။

"တ႐ုတ္ရဲ႕အကာအကြယ္"

စစ္အစိုးရအဆက္ဆက္အျပင္ အခုေနာက္ပိုင္း အရပ္သားအစိုးရအထိ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈဆိုတဲ့ ျပည္ပႏိုင္ငံေတြက ျပစ္တင္အေရးယူလာတာေတြနဲ႔ ပတ္သက္ရင္ ကုလသမဂၢမွာ လုံၿခဳံေရးေကာင္စီဝင္ျဖစ္ေနတဲ့ တ႐ုတ္ရဲ႕ ရင္ေငြ႕လႈံရတာေတြ႕ရပါတယ္။ တ႐ုတ္ဟာ ႏိုင္ငံျခားေရးမူဝါဒမွာ သူမ်ားျပည္တြင္းေရးဝင္မစြက္ဘူးဆိုတဲ့မူ ခ်ထားေပမယ့္ ျမန္မာျပည္ကိစၥမွာေတာ့ ျပည္ပေရးေရာ၊ ျပည္တြင္းေရးမွာပါ ပါဝင္ပတ္သက္တာေတြ႕ရပါတယ္။ ၂ဝဝ၇ ခုႏွစ္ကဆိုရင္ တ႐ုတ္နဲ႔႐ုရွားဟာ လုံၿခဳံေရးေကာင္စီမွာ ျမန္မာစစ္အစိုးရအတြက္ ဗီတိုအာဏာသုံးခဲ့ပါတယ္။

စစ္အစိုးရဘက္က အဲဒီလိုရပ္တည္ခဲ့သလို တဖက္မွာလည္း တ႐ုတ္နဲ႔နယ္ေျမခ်င္းထိစပ္ေနတဲ့ ျမန္မာျပည္ေျမာက္ပိုင္းက လက္နက္ကိုင္တိုင္းရင္းသားအဖြဲ႕ေတြနဲ႔ အထူးပတ္သက္ေနတာေတြ႕ရၿပီး အခုေနာက္ပိုင္းမွာဆိုရင္ ကမာၻကအာ႐ုံစိုက္ေနတဲ့ ႐ိုဟင္ဂ်ာအေရးမွာ တ႐ုတ္ရဲ႕ပတ္သက္မႈကို ထဲထဲဝင္ဝင္ေတြ႕ေနရပါတယ္။

"ျမန္မာ့ဒီမိုကေရစီေရးအေပၚ တ႐ုတ္ရဲ႕ရပ္တည္ခ်က္"

၁၉၈၉ ခုႏွစ္ကစလို႔ တံခါးဖြင့္စီးပြားေရးမူဝါဒ ေျပာင္းလိုက္တဲ့ တ႐ုတ္ကြန္ျမဴနစ္အစိုးရဟာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ရင္လည္း စီးပြားေရးအက်ိဳးစီးပြားကိုသာ အဓိကထားၿပီး လူ႔အခြင့္အေရး ဒီမိုကေရစီေရးဆိုတာကို ေနာက္တမ္းမွာပဲထားေလ့ရွိတာ ေတြ႕ရပါတယ္။ မွတ္တမ္းအရဆိုရင္ ၁၉၉ဝ ေ႐ြးေကာက္ပြဲမွာ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အျပတ္အသတ္အႏိုင္ရတုန္းက NLD ေခါင္းေဆာင္ေတြကို ပထမဆုံးသြားေတြ႕တဲ့ သံတမန္က တ႐ုတ္သံအမတ္ႀကီးပဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီအခ်ိန္က စစ္အစိုးရက ၾသဇာအာဏာကို လုံးဝထိန္းခ်ဳပ္ထားၿပီး ေ႐ြးေကာက္ပြဲအႏိုင္ရတဲ့ NLD ကို အာဏာမလႊဲတဲ့အခါမွာေတာ့ NLD နဲ႔ဆက္ဆံေရးကို ေနာက္ဆုတ္လိုက္ၿပီး အာဏာရွိတဲ့စစ္အစိုးရနဲ႔ ဆက္ဆံေရးထူေထာင္ခဲ့တာ ေတြ႕ရပါတယ္။

အဲဒီအခ်ိန္မွာ နဝတစစ္အစိုးရက တ႐ုတ္နယ္စပ္မွာရွိေနတဲ့ ဗမာျပည္ကြန္ျမဴနစ္ပါတီကို အႏိုင္ယူခ်င္တဲ့အတြက္ ကြန္ျမဴနစ္ပါတီရဲ႕အေျခခံျဖစ္ေနတဲ့ ဝ တိုင္းရင္းသားေတြကို မ်က္ႏွာသာေပးၿပီး ႏိုင္ငံေရးကစားခဲ့ရာကေန အခုဆိုရင္ UWSA ဆိုတဲ့အဖြဲ႕ဟာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြထဲမွာ စစ္ေရးအရအင္အားအႀကီးဆုံးအဖြဲ႕ျဖစ္ခဲ့ပါတယ္။ UWSA အဖြဲ႕ထိန္းခ်ဳပ္တဲ့နယ္ေျမဟာလည္း တ႐ုတ္နဲ႔ နယ္ေျမခ်င္းထိစပ္ေနတဲ့အတြက္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ လိုအပ္တဲ့ပစၥည္းေတြေရာ၊ ကာကြယ္ေရးအတြက္ စစ္လက္နက္ပစၥည္းေတြပါ တ႐ုတ္ဘက္ကေန ရထားတယ္ဆိုတာ အထင္အရွားျဖစ္ပါတယ္။

"တ႐ုတ္ရဲ႕ျမန္မာ့ျပည္တြင္းေရးပတ္သက္မႈ"

တကယ္ေတာ့ ျမန္မာျပည္ရဲ႕ျပႆနာကိုျပန္ၾကည့္ရင္၊ ဘာသာစကား၊ ယဥ္ေက်းမႈနဲ႔ ကိုးကြယ္ ယုံၾကည္ရာေတြ လုံးဝမတူတဲ့လူမ်ိဳးေတြ စုေဝးေနထိုင္တဲ့ ႏိုင္ငံျဖစ္ေနၿပီး အဲဒီလူမ်ိဳးေတြၾကား ႏိုင္ငံေရး စီးပြားေရး ပညာေရး က်န္းမာေရး စတဲ့အခြင့္အလမ္းေတြ တန္းတူမရွိၾကလို႔ ျဖစ္ေနတဲ့ ျပည္တြင္းစစ္လို႔ ေကာက္ခ်က္ခ်ရမွာပါ။ ဒီျပႆနာကို အာဏာရွိထားတဲ့ ျမန္မာ့တပ္မေတာ္ဘက္ကေရာ၊ တိုင္းရင္းသားေတြဘက္ကပါ တဖက္နဲ႔တဖက္ ဘယ္လိုမွစစ္နဲ႔အႏိုင္မတိုက္ႏိုင္ဘူးဆိုတာ အခ်ိန္ကာလေတြက သက္ေသျပေနပါၿပီ။

ျပည္တြင္းစစ္ ဝဲဂယက္မွာနစ္ေနတဲ့ ျမန္မာမွာအိမ္နီးခ်င္း ငါးႏိုင္ငံရွိၿပီး၊ ျမန္မာ့ႏိုင္ငံေရးမွာ အမ်ားဆုံးပါဝင္ပတ္သက္ေနတဲ့ အိမ္နီးခ်င္းႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံပဲျဖစ္ေနပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔လဲ ျပည္တြင္းစစ္အဆုံးမသတ္ႏိုင္ေသးသလို ကုန္ထုတ္လုပ္မႈနည္းပညာ ခ်ိဳ႕တဲ့လြန္းတဲ့အတြက္ ပထဝီအရအိမ္နီးခ်င္းျဖစ္ေနတဲ့ တ႐ုတ္ႏိုင္ငံနဲ႔ ကင္းေအာင္ေနဖို႔ဆိုတာကလည္း ဘယ္လိုမွမျဖစ္ႏိုင္တဲ့အေျခအေနေရာက္ေနတာေတြ႕ရပါတယ္။ မွတ္မွတ္ရရဆိုရင္ အရင္သမၼတ ဦးသိန္းစိန္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးဦးေအာင္မင္းက - တ႐ုတ္ကိုေၾကာက္ရပါတယ္လို႔ ထုတ္ေျပာတဲ့အထိ ေတြ႕ခဲ့ရပါတယ္။

အခု NLD အစိုးရလက္ထက္မွာလဲ အစိုးရအဖြဲ႕ဝင္ေတြ၊ တိုင္းနဲ႔ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြ ၊ အရာရွိႀကီး ေတြအျပင္ NLD ပါတီက ထိပ္ပိုင္းေခါင္းေဆာင္ေတြ၊ လႊတ္ေတာ္အမတ္ေတြကို တ႐ုတ္ျပည္ကို ေလ့လာေရး စဥ္ဆက္မျပတ္ေခၚေနတာေတြ႕ရပါတယ္။

"တ႐ုတ္ရဲ႕ အိႏၵိယသမုဒၵရာလႊမ္းမိုးေရးအိပ္မက္နဲ႔ျမန္မာႏိုင္ငံ"

ပထဝီအေနအထားအရဆိုရင္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ကေန ရခိုင္ျပည္နယ္ ေက်ာက္ျဖဴကို မိုင္ တစ္ေထာင့္သုံးရာဝန္းက်င္ပဲရွိပါတယ္။ ဒီအကြာအေဝးဟာ ကားလမ္းေကာင္းရင္ တရက္အတြင္း ေရာက္ႏိုင္ၿပီး၊ ေလယာဥ္နဲ႔ ဆိုရင္ေတာ့ ႏွစ္နာရီေက်ာ္ ခရီးေလာက္ပဲရွိပါတယ္။တ႐ုတ္ျပည္ရဲ႕ကုန္းတြင္းပိတ္ျဖစ္ေနတဲ့ ယူနန္ျပည္နယ္အတြက္ အိႏၵိယသမုဒၵရာကို အနီးဆုံးထြက္ႏိုင္မယ့္ေနရာဟာ ရခိုင္ျပည္နယ္ ျဖစ္ေနပါတယ္။ ဒါေၾကာင့္ အေရွ႕အလယ္ပိုင္းက ေရနံ၊ ရခိုင္ကမ္းလြန္ပင္လယ္ျပင္က သဘာဝဓာတ္ေငြ႕ေတြကို ေက်ာက္ျဖဴကေန ပို႔တာဟာ တ႐ုတ္အတြက္ တြက္ေျခကိုက္ေနပါတယ္။

ဒါ့အျပင္ ဒီေန႔ေခတ္မွာ ဓနအင္အားအရ ကမာၻမွာထိပ္ဆုံးေရာက္လာတဲ့ တ႐ုတ္ဟာ အာရွ၊ အာဖရိက၊ လက္တင္အေမရိကတိုက္ေတြထဲက ဆင္းရဲတဲ့ႏိုင္ငံေတြမွာ သူ႔ပစၥည္းေတြ အလုံးအရင္းနဲ႔ တင္ပို႔ေရာင္းခ်ေနသလို၊ ေခတ္သစ္ပိုးလမ္းမလို႔ေခၚတဲ့ ကမာၻပတ္စီးပြားေရးစၾကၤန္လမ္းကိုလဲ ေဖာက္ေနပါၿပီ။ ဒီမဟာစီမံကိန္းက လက္ရွိသမၼတ ရွီက်င္းဖ်င္ရဲ႕အိပ္မက္ျဖစ္ၿပီး ဒီေထာင္စုႏွစ္မွာ တ႐ုတ္က ေဖာ္ေဆာင္ခဲ့တဲ့ ဧရာမစီမံကိန္းႀကီးအျဖစ္နဲ႔ ကမာၻ႔သမိုင္းဝင္ျဖစ္ဖို႔ မွန္းဆေနတာေတြ႕ရပါတယ္။

ကမာၻ႔သမုဒၵရာေတြထဲမွာ အေမရိကန္က ေနရာယူထားႏိုင္သလို၊ တ႐ုတ္ကလည္း ေနရာယူခ်င္ေနပါ တယ္။ အဲဒီအိပ္မက္ႀကီး အေကာင္အထည္ေပၚေရးမွာ ျမန္မာကလဲ အဓိကဇာတ္ေကာင္ေနရာမွာ ေရာက္ေနပါတယ္။ ဒါေပမယ့္ ဥစၥာဓနအင္အားႀကီးမားေနေပမယ့္ နည္းပညာအရ အေမရိကန္ကို မယွဥ္ႏိုင္ေသးတဲ့ တ႐ုတ္အစိုးရဟာ သူ႔နည္းသူဟန္နဲ႔ ကမာၻမွာေနရာယူဖို႔ အားထုတ္တဲ့အထဲ၊  အိႏၵိယသမုဒၵရာမွာ သူ႔အင္အားေတြ ျဖန႔္က်က္ထားႏိုင္ဖို႔က အေရးပါတဲ့လမ္းေၾကာင္းတခုျဖစ္ေနပါတယ္။

ဒါေၾကာင့္ အိႏၵိယသမုဒၵရာကမ္းေျခႏိုင္ငံေတြမွာ တ႐ုတ္က ေရနက္ဆိပ္ကမ္းနဲ႔ အထူးစီးပြားေရးဇုံေတြ တည္ေဆာက္ေနတာပါ။ ဒီအတြက္ အဓိကလမ္းေၾကာင္းႀကီးတေၾကာင္းကေတာ့ ျမန္မာႏိုင္ငံ ေက်ာက္ျဖဴဆိပ္ကမ္း၊ သီရိလကၤာဆိပ္ကမ္းနဲ႔ ပါကစၥတန္ဆိပ္ကမ္း ဆိုတဲ့ သုံးေနရာျဖစ္ပါတယ္။ ဒီသုံးေနရာမွာေျခခ်ႏိုင္တဲ့အခါ ကမာၻတဝွမ္းမ်က္စိက်တဲ့ အေရွ႕အလယ္ပိုင္းေဒသရဲ႕ တံခါးဝကို တ႐ုတ္ေရာက္ေနၿပီလို႔ ေျပာရေတာ့မွာျဖစ္ပါတယ္။

ဒီအတြက္ သီရိလကၤာဆိပ္ကမ္းနဲ႔ ပါကစၥတန္ဆိပ္ကမ္းအတြက္ကိုေတာ့ တ႐ုတ္ကေသခ်ာၿပီးျဖစ္သလို ျမန္မာျပည္က ေက်ာက္ျဖဴဆိပ္ကမ္းကိုလဲ ေသခ်ာေအာင္ ႀကိဳးစားေနခဲ့ပါတယ္။ အခုေတာ့ အဲဒီေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းကို ျမန္မာအစိုးရဘက္က သေဘာတူၿပီျဖစ္တဲ့အတြက္ အေရးႀကီးလွတဲ့စီမံကိန္း စာခ်ဳပ္ခ်ဳပ္ဖို႔ကို တ႐ုတ္သမၼတကိုယ္တိုင္လာမွာလို႔လည္း ေလ့လာသူေတြက ရႈျမင္ထားပါတယ္။

"ျမန္မာ့ထြက္ရပ္"

အထက္မွာတင္ျပခဲ့သလို ျမန္မာနဲ႔ပထဝီေျမထိစပ္ၿပီး အင္အားႀကီးလွတဲ့ တ႐ုတ္က ျပႆနာေတြနဲ႔ ရႈပ္ေထြးလြန္းတဲ့ျမန္မာကို ေကာင္းေကာင္းကစားထားႏိုင္တဲ့အတြက္ အမွီလိုေနတဲ့ ျမန္မာအာဏာပိုင္အဆက္ဆက္နဲ႔ ျမန္မာအစိုးရကို တိုက္ေနတဲ့ လက္နက္ကိုင္ေတာ္လွန္ေရးအင္အားစုေတြဟာ တ႐ုတ္နဲ႔ ကင္းေအာင္ေနဖို႔ မျဖစ္ႏိုင္တဲ့အေျခအေနေရာက္ေနပါတယ္။ ဒီ့အျပင္ ျမန္မာျပည္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အႀကီးဆုံးႏိုင္ငံက တ႐ုတ္ျဖစ္ပါတယ္။ ျမစ္ကူးတံတားႀကီးေတြ၊ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံေတြမွာလည္း တ႐ုတ္က ပတ္သက္ေနပါတယ္။ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းႀကီးကိုလည္း တပ္မေတာ္ရဲ႕ဦးပိုင္ကုမၸဏီနဲ႔ လက္တြဲလုပ္ကိုင္ေနပါတယ္။

အေသးစားလုပ္ငန္းရွင္တဦးက - သူတို႔ထုတ္ေနတဲ့ ေဖ်ာ္ရည္ေတြထည့္မယ့္ ပလတ္စတစ္ဗူးေတြကို တ႐ုတ္ကိုအပ္ရတာလို႔ RFA ကို ေျပာျပပါတယ္။ ဒါေၾကာင့္ အႀကီးစားစက္မႈလုပ္ငန္းေတြကေန၊ အေသးစားလုပ္ငန္းထိ တ႐ုတ္ရဲ႕ပတ္သက္မႈလည္း ရွိေနပါတယ္။

ဒီအေျခအေနေၾကာင့္ တ႐ုတ္ရဲ႕ေလာင္းရိပ္ေအာက္ကေန ထြက္ႏိုင္ဖို႔ဆိုရင္ေတာ့ အဓိကအခ်က္ ႏွစ္ခ်က္ေတြ႕ရပါတယ္။ တစ္အခ်က္က ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းၿပီး ၿငိမ္းခ်မ္းေရးရဖို႔ျဖစ္ပါတယ္။ ႏွစ္အခ်က္ကေတာ့ ျမန္မာျပည္တြင္လုပ္သည္ ဆိုတဲ့စာတမ္းေတြနဲ႔ ျမန္မာႏိုင္ငံသားေတြကိုယ္တိုင္ ကုန္ပစၥည္းေတြထုတ္လုပ္ႏိုင္ဖို႔ ပဲျဖစ္ပါတယ္။ ဒါမွသာ တ႐ုတ္အမွီခိုကင္းတဲ့ႏိုင္ငံဘဝကေန လြတ္မွာျဖစ္တဲ့အေၾကာင္း တင္ျပလိုက္ရပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
တရုတ်လောင်းရိပ်အောက်က ဘယ်တော့လွတ်မလဲ

တရုတ်ပြည်သူ့သမ္မတနိုင်ငံအလံ။
Photo: AFP

စီးပွားရေး၊ နိုင်ငံရေး၊ နိုင်ငံတကာရေးတွေမှာ တရုတ်ကိုမှီခိုနေတဲ့ မြန်မာနိုင်ငံအနေနဲ့ တရုတ်လောင်းရိပ်အောက်က ဘယ်တော့လွတ်မလဲဆိုတာ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

"တရုတ်ပစ္စည်းတွေနဲ့မြန်မာနိုင်ငံ"

မြန်မာပြည်သူတွေဟာ မနက်မိုးလင်းအိပ်ရာကထလို့ မျက်နှာသစ်သွားတိုက်ရတဲ့အချိန်မှာ သွားပွတ်တံနဲ့သွားတိုက်ဆေးကို ဈေးချိုတဲ့ တရုတ်ပစ္စည်းတွေ သုံးရသလို၊ အိပ်ယာခင်း၊ စောင်၊ အိုးခွက်ပန်းကန် မီးဖိုချောင်ပစ္စည်းလို မရှိမဖြစ်သုံးတွေမှာ တရုတ်ပစ္စည်းကို အများဆုံးအားထားနေရပါတယ်။ လူအတွက် စားဝတ်နေရေးဆိုတဲ့ အရေးသုံးပါးမှာ နေ့စဉ်သုံးအစားအသောက်တွေကစလို့၊ ကလေးတွေရဲ့ မုန့်ပဲသရေစာအထိ တရုတ်ပစ္စည်းတွေက နေရာယူထားသလို၊ အဝတ်အထည်နဲ့ နေထိုင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းတွေကလည်း တရုတ်ပစ္စည်းကို အများဆုံးသုံးနေရတာ ဆယ်စုနှစ်နဲ့ ချီနေပါပြီ။ မြန်မာပြည်သူတွေကြားမှာ တရုတ်ပစ္စည်းအများဆုံးစပြီး ဝင်လာတဲ့နှစ်ကို သတိထားမိသလောက်ဆိုရင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းလို့ ပြောရမှာပါ။

ဆင်းရဲသားပြည်သူတွေကြား လမ်းပမ်းဆက်သွယ်ရေးအတွက် မရှိမဖြစ်သုံးလာရတဲ့ ပစ္စည်းတွေထဲမှာ စက်ဘီးကစလို့ မော်တော် ဆိုင်ကယ်တွေထိလဲ တရုတ်ပစ္စည်းတွေဖြစ်နေပါတယ်။ လယ်ယာသုံးပစ္စည်းတွေမှာလဲ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့တွေက တရုတ်ကနေဝယ်နေရသလို၊ လယ်ယာထွက် ကောက်ပဲသီးနှံတွေရဲ့ဈေးကွက်ကလည်းတရုတ်မှာ အများစုဖြစ်နေပါတယ်။ အဲဒီအပြင် အနှစ် ၇ဝ ကျော်ကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကာလမှာ မြန်မာ့တပ်မတော်ထဲမှာရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီမှာပါ တရုတ်ပစ္စည်းသုံး နေရတာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာပြည်သူတွေအားလုံး မိုးလင်းမိုးချုပ် သုံးနေတဲ့ပစ္စည်းမှာ တရုတ်နဲ့လွတ်တာမရှိလှပါဘူး။

"တရုတ်ရဲ့အကာအကွယ်"

စစ်အစိုးရအဆက်ဆက်အပြင် အခုနောက်ပိုင်း အရပ်သားအစိုးရအထိ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတဲ့ ပြည်ပနိုင်ငံတွေက ပြစ်တင်အရေးယူလာတာတွေနဲ့ ပတ်သက်ရင် ကုလသမဂ္ဂမှာ လုံခြုံရေးကောင်စီဝင်ဖြစ်နေတဲ့ တရုတ်ရဲ့ ရင်ငွေ့လှုံရတာတွေ့ရပါတယ်။ တရုတ်ဟာ နိုင်ငံခြားရေးမူဝါဒမှာ သူများပြည်တွင်းရေးဝင်မစွက်ဘူးဆိုတဲ့မူ ချထားပေမယ့် မြန်မာပြည်ကိစ္စမှာတော့ ပြည်ပရေးရော၊ ပြည်တွင်းရေးမှာပါ ပါဝင်ပတ်သက်တာတွေ့ရပါတယ်။ ၂ဝဝ၇ ခုနှစ်ကဆိုရင် တရုတ်နဲ့ရုရှားဟာ လုံခြုံရေးကောင်စီမှာ မြန်မာစစ်အစိုးရအတွက် ဗီတိုအာဏာသုံးခဲ့ပါတယ်။

စစ်အစိုးရဘက်က အဲဒီလိုရပ်တည်ခဲ့သလို တဖက်မှာလည်း တရုတ်နဲ့နယ်မြေချင်းထိစပ်နေတဲ့ မြန်မာပြည်မြောက်ပိုင်းက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ အထူးပတ်သက်နေတာတွေ့ရပြီး အခုနောက်ပိုင်းမှာဆိုရင် ကမ္ဘာကအာရုံစိုက်နေတဲ့ ရိုဟင်ဂျာအရေးမှာ တရုတ်ရဲ့ပတ်သက်မှုကို ထဲထဲဝင်ဝင်တွေ့နေရပါတယ်။

"မြန်မာ့ဒီမိုကရေစီရေးအပေါ် တရုတ်ရဲ့ရပ်တည်ချက်"

၁၉၈၉ ခုနှစ်ကစလို့ တံခါးဖွင့်စီးပွားရေးမူဝါဒ ပြောင်းလိုက်တဲ့ တရုတ်ကွန်မြူနစ်အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်လည်း စီးပွားရေးအကျိုးစီးပွားကိုသာ အဓိကထားပြီး လူ့အခွင့်အရေး ဒီမိုကရေစီရေးဆိုတာကို နောက်တမ်းမှာပဲထားလေ့ရှိတာ တွေ့ရပါတယ်။ မှတ်တမ်းအရဆိုရင် ၁၉၉ဝ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရတုန်းက NLD ခေါင်းဆောင်တွေကို ပထမဆုံးသွားတွေ့တဲ့ သံတမန်က တရုတ်သံအမတ်ကြီးပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်က စစ်အစိုးရက သြဇာအာဏာကို လုံးဝထိန်းချုပ်ထားပြီး ရွေးကောက်ပွဲအနိုင်ရတဲ့ NLD ကို အာဏာမလွှဲတဲ့အခါမှာတော့ NLD နဲ့ဆက်ဆံရေးကို နောက်ဆုတ်လိုက်ပြီး အာဏာရှိတဲ့စစ်အစိုးရနဲ့ ဆက်ဆံရေးထူထောင်ခဲ့တာ တွေ့ရပါတယ်။

အဲဒီအချိန်မှာ နဝတစစ်အစိုးရက တရုတ်နယ်စပ်မှာရှိနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို အနိုင်ယူချင်တဲ့အတွက် ကွန်မြူနစ်ပါတီရဲ့အခြေခံဖြစ်နေတဲ့ ဝ တိုင်းရင်းသားတွေကို မျက်နှာသာပေးပြီး နိုင်ငံရေးကစားခဲ့ရာကနေ အခုဆိုရင် UWSA ဆိုတဲ့အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ စစ်ရေးအရအင်အားအကြီးဆုံးအဖွဲ့ဖြစ်ခဲ့ပါတယ်။ UWSA အဖွဲ့ထိန်းချုပ်တဲ့နယ်မြေဟာလည်း တရုတ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့အတွက် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေရော၊ ကာကွယ်ရေးအတွက် စစ်လက်နက်ပစ္စည်းတွေပါ တရုတ်ဘက်ကနေ ရထားတယ်ဆိုတာ အထင်အရှားဖြစ်ပါတယ်။

"တရုတ်ရဲ့မြန်မာ့ပြည်တွင်းရေးပတ်သက်မှု"

တကယ်တော့ မြန်မာပြည်ရဲ့ပြဿနာကိုပြန်ကြည့်ရင်၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ကိုးကွယ် ယုံကြည်ရာတွေ လုံးဝမတူတဲ့လူမျိုးတွေ စုဝေးနေထိုင်တဲ့ နိုင်ငံဖြစ်နေပြီး အဲဒီလူမျိုးတွေကြား နိုင်ငံရေး စီးပွားရေး ပညာရေး ကျန်းမာရေး စတဲ့အခွင့်အလမ်းတွေ တန်းတူမရှိကြလို့ ဖြစ်နေတဲ့ ပြည်တွင်းစစ်လို့ ကောက်ချက်ချရမှာပါ။ ဒီပြဿနာကို အာဏာရှိထားတဲ့ မြန်မာ့တပ်မတော်ဘက်ကရော၊ တိုင်းရင်းသားတွေဘက်ကပါ တဖက်နဲ့တဖက် ဘယ်လိုမှစစ်နဲ့အနိုင်မတိုက်နိုင်ဘူးဆိုတာ အချိန်ကာလတွေက သက်သေပြနေပါပြီ။

ပြည်တွင်းစစ် ဝဲဂယက်မှာနစ်နေတဲ့ မြန်မာမှာအိမ်နီးချင်း ငါးနိုင်ငံရှိပြီး၊ မြန်မာ့နိုင်ငံရေးမှာ အများဆုံးပါဝင်ပတ်သက်နေတဲ့ အိမ်နီးချင်းနိုင်ငံဟာ တရုတ်နိုင်ငံပဲဖြစ်နေပါတယ်။

မြန်မာနိုင်ငံအနေနဲ့လဲ ပြည်တွင်းစစ်အဆုံးမသတ်နိုင်သေးသလို ကုန်ထုတ်လုပ်မှုနည်းပညာ ချို့တဲ့လွန်းတဲ့အတွက် ပထဝီအရအိမ်နီးချင်းဖြစ်နေတဲ့ တရုတ်နိုင်ငံနဲ့ ကင်းအောင်နေဖို့ဆိုတာကလည်း ဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေရောက်နေတာတွေ့ရပါတယ်။ မှတ်မှတ်ရရဆိုရင် အရင်သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးအောင်မင်းက - တရုတ်ကိုကြောက်ရပါတယ်လို့ ထုတ်ပြောတဲ့အထိ တွေ့ခဲ့ရပါတယ်။

အခု NLD အစိုးရလက်ထက်မှာလဲ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ၊ အရာရှိကြီး တွေအပြင် NLD ပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေကို တရုတ်ပြည်ကို လေ့လာရေး စဉ်ဆက်မပြတ်ခေါ်နေတာတွေ့ရပါတယ်။

"တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာလွှမ်းမိုးရေးအိပ်မက်နဲ့မြန်မာနိုင်ငံ"

ပထဝီအနေအထားအရဆိုရင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူကို မိုင် တစ်ထောင့်သုံးရာဝန်းကျင်ပဲရှိပါတယ်။ ဒီအကွာအဝေးဟာ ကားလမ်းကောင်းရင် တရက်အတွင်း ရောက်နိုင်ပြီး၊ လေယာဉ်နဲ့ ဆိုရင်တော့ နှစ်နာရီကျော် ခရီးလောက်ပဲရှိပါတယ်။တရုတ်ပြည်ရဲ့ကုန်းတွင်းပိတ်ဖြစ်နေတဲ့ ယူနန်ပြည်နယ်အတွက် အိန္ဒိယသမုဒ္ဒရာကို အနီးဆုံးထွက်နိုင်မယ့်နေရာဟာ ရခိုင်ပြည်နယ် ဖြစ်နေပါတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းက ရေနံ၊ ရခိုင်ကမ်းလွန်ပင်လယ်ပြင်က သဘာဝဓာတ်ငွေ့တွေကို ကျောက်ဖြူကနေ ပို့တာဟာ တရုတ်အတွက် တွက်ခြေကိုက်နေပါတယ်။

ဒါ့အပြင် ဒီနေ့ခေတ်မှာ ဓနအင်အားအရ ကမ္ဘာမှာထိပ်ဆုံးရောက်လာတဲ့ တရုတ်ဟာ အာရှ၊ အာဖရိက၊ လက်တင်အမေရိကတိုက်တွေထဲက ဆင်းရဲတဲ့နိုင်ငံတွေမှာ သူ့ပစ္စည်းတွေ အလုံးအရင်းနဲ့ တင်ပို့ရောင်းချနေသလို၊ ခေတ်သစ်ပိုးလမ်းမလို့ခေါ်တဲ့ ကမ္ဘာပတ်စီးပွားရေးစင်္ကြန်လမ်းကိုလဲ ဖောက်နေပါပြီ။ ဒီမဟာစီမံကိန်းက လက်ရှိသမ္မတ ရှီကျင်းဖျင်ရဲ့အိပ်မက်ဖြစ်ပြီး ဒီထောင်စုနှစ်မှာ တရုတ်က ဖော်ဆောင်ခဲ့တဲ့ ဧရာမစီမံကိန်းကြီးအဖြစ်နဲ့ ကမ္ဘာ့သမိုင်းဝင်ဖြစ်ဖို့ မှန်းဆနေတာတွေ့ရပါတယ်။

ကမ္ဘာ့သမုဒ္ဒရာတွေထဲမှာ အမေရိကန်က နေရာယူထားနိုင်သလို၊ တရုတ်ကလည်း နေရာယူချင်နေပါ တယ်။ အဲဒီအိပ်မက်ကြီး အကောင်အထည်ပေါ်ရေးမှာ မြန်မာကလဲ အဓိကဇာတ်ကောင်နေရာမှာ ရောက်နေပါတယ်။ ဒါပေမယ့် ဥစ္စာဓနအင်အားကြီးမားနေပေမယ့် နည်းပညာအရ အမေရိကန်ကို မယှဉ်နိုင်သေးတဲ့ တရုတ်အစိုးရဟာ သူ့နည်းသူဟန်နဲ့ ကမ္ဘာမှာနေရာယူဖို့ အားထုတ်တဲ့အထဲ၊  အိန္ဒိယသမုဒ္ဒရာမှာ သူ့အင်အားတွေ ဖြန့်ကျက်ထားနိုင်ဖို့က အရေးပါတဲ့လမ်းကြောင်းတခုဖြစ်နေပါတယ်။

ဒါကြောင့် အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံတွေမှာ တရုတ်က ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံတွေ တည်ဆောက်နေတာပါ။ ဒီအတွက် အဓိကလမ်းကြောင်းကြီးတကြောင်းကတော့ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်း၊ သီရိလင်္ကာဆိပ်ကမ်းနဲ့ ပါကစ္စတန်ဆိပ်ကမ်း ဆိုတဲ့ သုံးနေရာဖြစ်ပါတယ်။ ဒီသုံးနေရာမှာခြေချနိုင်တဲ့အခါ ကမ္ဘာတဝှမ်းမျက်စိကျတဲ့ အရှေ့အလယ်ပိုင်းဒေသရဲ့ တံခါးဝကို တရုတ်ရောက်နေပြီလို့ ပြောရတော့မှာဖြစ်ပါတယ်။

ဒီအတွက် သီရိလင်္ကာဆိပ်ကမ်းနဲ့ ပါကစ္စတန်ဆိပ်ကမ်းအတွက်ကိုတော့ တရုတ်ကသေချာပြီးဖြစ်သလို မြန်မာပြည်က ကျောက်ဖြူဆိပ်ကမ်းကိုလဲ သေချာအောင် ကြိုးစားနေခဲ့ပါတယ်။ အခုတော့ အဲဒီကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို မြန်မာအစိုးရဘက်က သဘောတူပြီဖြစ်တဲ့အတွက် အရေးကြီးလှတဲ့စီမံကိန်း စာချုပ်ချုပ်ဖို့ကို တရုတ်သမ္မတကိုယ်တိုင်လာမှာလို့လည်း လေ့လာသူတွေက ရှုမြင်ထားပါတယ်။

"မြန်မာ့ထွက်ရပ်"

အထက်မှာတင်ပြခဲ့သလို မြန်မာနဲ့ပထဝီမြေထိစပ်ပြီး အင်အားကြီးလှတဲ့ တရုတ်က ပြဿနာတွေနဲ့ ရှုပ်ထွေးလွန်းတဲ့မြန်မာကို ကောင်းကောင်းကစားထားနိုင်တဲ့အတွက် အမှီလိုနေတဲ့ မြန်မာအာဏာပိုင်အဆက်ဆက်နဲ့ မြန်မာအစိုးရကို တိုက်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဟာ တရုတ်နဲ့ ကင်းအောင်နေဖို့ မဖြစ်နိုင်တဲ့အခြေအနေရောက်နေပါတယ်။ ဒီ့အပြင် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အကြီးဆုံးနိုင်ငံက တရုတ်ဖြစ်ပါတယ်။ မြစ်ကူးတံတားကြီးတွေ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေမှာလည်း တရုတ်က ပတ်သက်နေပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးကိုလည်း တပ်မတော်ရဲ့ဦးပိုင်ကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်နေပါတယ်။

အသေးစားလုပ်ငန်းရှင်တဦးက - သူတို့ထုတ်နေတဲ့ ဖျော်ရည်တွေထည့်မယ့် ပလတ်စတစ်ဗူးတွေကို တရုတ်ကိုအပ်ရတာလို့ RFA ကို ပြောပြပါတယ်။ ဒါကြောင့် အကြီးစားစက်မှုလုပ်ငန်းတွေကနေ၊ အသေးစားလုပ်ငန်းထိ တရုတ်ရဲ့ပတ်သက်မှုလည်း ရှိနေပါတယ်။

ဒီအခြေအနေကြောင့် တရုတ်ရဲ့လောင်းရိပ်အောက်ကနေ ထွက်နိုင်ဖို့ဆိုရင်တော့ အဓိကအချက် နှစ်ချက်တွေ့ရပါတယ်။ တစ်အချက်က ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရဖို့ဖြစ်ပါတယ်။ နှစ်အချက်ကတော့ မြန်မာပြည်တွင်လုပ်သည် ဆိုတဲ့စာတမ်းတွေနဲ့ မြန်မာနိုင်ငံသားတွေကိုယ်တိုင် ကုန်ပစ္စည်းတွေထုတ်လုပ်နိုင်ဖို့ ပဲဖြစ်ပါတယ်။ ဒါမှသာ တရုတ်အမှီခိုကင်းတဲ့နိုင်ငံဘဝကနေ လွတ်မှာဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

RFA Burmese
https://www.rfa.org
တ႐ုတ္ေလာင္းရိပ္ေအာက္က ဘယ္ေတာ့လြတ္မလဲ တ႐ုတ္ေလာင္းရိပ္ေအာက္က ဘယ္ေတာ့လြတ္မလဲ Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.