တ႐ုတ္ႏိုင္ငံသား ၄ဝ ေက်ာ္ကို ျမဝတီမွာ စစ္ေဆးၿပီး ျပန္လႊတ္

(Zawgyi)⤵⤵⤵
ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မွာ ဟိုတယ္မွာ တည္းခိုျခင္း မရွိဘဲ ေနအိမ္ေတြထဲမွာ ငွားရမ္းေနထိုင္ၾကတဲ့ တ႐ုတ္ႏိုင္ငံသား ၄၀ ေက်ာ္ကို ေခၚယူစစ္ေဆးအၿပီး ေနထိုင္ခြင့္အေထာက္အထား ျပည့္စုံတဲ့အတြက္  ျပန္လႊတ္ေပးလိုက္ပါတယ္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မွာ ႏိုင္ငံျခားသား အမ်ားအျပား ဥပေဒခ်ိဳးေဖာက္မႈ ရွိတယ္ဆိုတဲ့ သတင္းေၾကာင့္ လူဝင္မႈႀကီးၾကပ္ေရးဌာန အရာရွိေတြအနဲ႔အတူ ျမဝတီၿမိဳ႕က ရပ္ကြက္ေတြအတြင္း သြားေရာက္စစ္ေဆးၿပီး တရားမဝင္ေနထိုင္တယ္လို႔ ယူဆရတဲ့ တ႐ုတ္ႏိုင္ငံသား ၄ဝ ေက်ာ္ကို မေန႔က ဖမ္းဆီးအေရးယူလိုက္တယ္လို႔ ျမဝတီခ႐ိုင္ ရဲတပ္ဖြဲ႕ ဒုတိယရဲမႉးႀကီး ဦးဆက္လင္းဦးက ေျပာပါတယ္။

မေန႔က ဖမ္းဆီးခဲ့တဲ့ အမ်ိဳးသား ၃၅ ဦး၊ အမ်ိဳးသမီး ခုႏွစ္ဦးကို တရားဝင္ ေနထိုင္ျခင္းရွိ မရွိစစ္ေဆးခ်ိန္မွာ အေထာက္အထား ျပည့္စုံတဲ့အတြက္ ျပန္လႊတ္ေပးလိုက္တယ္လို႔ ျမဝတီခ႐ိုင္ လဝကမႉး  ဦးေအာင္ခိုင္ေ႐ႊက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံသားေတြနဲ႔ ပတ္သက္ၿပီး စီမံခ်က္နဲ႔ စစ္ေဆးေနေၾကာင္း၊  အေထာက္အထား အားလုံးနီးပါး ျပည့္စုံေနၿပီး ရပ္ကြက္အတြင္း ေနထိုင္ခြင့္ရွိတဲ့ Business ဗီဇာရွိတဲ့အတြက္ လႊတ္ေပးလိုက္တာျဖစ္ေၾကာင္း ေျပာပါတယ္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မွာ မႏွစ္က တ႐ုတ္စာနဲ႔ ဆိုင္းဘုတ္ အမ်ားအျပား ရွိခဲ့ပါတယ္။ ဒီဆိုင္းဘုတ္ေတြဟာ ဥပေဒနဲ႔ ညီၫြတ္မႈ မရွိဘူးဆိုၿပီး စည္ပင္သာယာေရးအဖြဲ႕က လိုက္လံျဖဳတ္သိမ္းခဲ့ပါတယ္။

တ႐ုတ္လုပ္ငန္းရွင္ေတြ ဖြင့္လွစ္တဲ့ ေလာင္းကစား႐ုံေတြေၾကာင့္ ေဒသခံလူငယ္ အမ်ားအျပား ပ်က္စီးလာၿပီး၊ ခိုးမႈအပါအဝင္ ရာဇဝတ္မႈေတြလည္း ထူေျပာလာတယ္လို႔ အမည္မေဖာ္လိုတဲ့ ၿမိဳ႕ခံတစ္ဦးက ဆိုပါတယ္။

ျမဝတီၿမိဳ႕မွာ ေရာက္ေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြ ဥပေဒလိုက္နာမႈ အားနည္းေနေၾကာင္း ေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး ရန္ကုန္ၿမိဳ႕ တ႐ုတ္သံ႐ုံးကို ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ဒီေဒသ ေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံသား လုပ္ငန္းရွင္ေတြဟာ ေလာင္းကစား အပါအဝင္ လုပ္ငန္းတခ်ိဳ႕ကို လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕နဲ႔ ပူးေပါင္းၿပီး လုပ္ေဆာင္ေနတယ္လို႔ ျမဝတီၿမိဳ႕ခံ အမ်ားအျပားက ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
တရုတ်နိုင်ငံသား ၄ဝ ကျော်ကို မြဝတီမှာ စစ်ဆေးပြီး ပြန်လွှတ်

ကရင်ပြည်နယ် မြဝတီမြို့မှာ ဟိုတယ်မှာ တည်းခိုခြင်း မရှိဘဲ နေအိမ်တွေထဲမှာ ငှားရမ်းနေထိုင်ကြတဲ့ တရုတ်နိုင်ငံသား ၄၀ ကျော်ကို ခေါ်ယူစစ်ဆေးအပြီး နေထိုင်ခွင့်အထောက်အထား ပြည့်စုံတဲ့အတွက်  ပြန်လွှတ်ပေးလိုက်ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့မှာ နိုင်ငံခြားသား အများအပြား ဥပဒေချိုးဖောက်မှု ရှိတယ်ဆိုတဲ့ သတင်းကြောင့် လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတွေအနဲ့အတူ မြဝတီမြို့က ရပ်ကွက်တွေအတွင်း သွားရောက်စစ်ဆေးပြီး တရားမဝင်နေထိုင်တယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသား ၄ဝ ကျော်ကို မနေ့က ဖမ်းဆီးအရေးယူလိုက်တယ်လို့ မြဝတီခရိုင် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဦးဆက်လင်းဦးက ပြောပါတယ်။

မနေ့က ဖမ်းဆီးခဲ့တဲ့ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ခုနှစ်ဦးကို တရားဝင် နေထိုင်ခြင်းရှိ မရှိစစ်ဆေးချိန်မှာ အထောက်အထား ပြည့်စုံတဲ့အတွက် ပြန်လွှတ်ပေးလိုက်တယ်လို့ မြဝတီခရိုင် လဝကမှူး  ဦးအောင်ခိုင်ရွှေက ပြောပါတယ်။

တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး စီမံချက်နဲ့ စစ်ဆေးနေကြောင်း၊  အထောက်အထား အားလုံးနီးပါး ပြည့်စုံနေပြီး ရပ်ကွက်အတွင်း နေထိုင်ခွင့်ရှိတဲ့ Business ဗီဇာရှိတဲ့အတွက် လွှတ်ပေးလိုက်တာဖြစ်ကြောင်း ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့မှာ မနှစ်က တရုတ်စာနဲ့ ဆိုင်းဘုတ် အများအပြား ရှိခဲ့ပါတယ်။ ဒီဆိုင်းဘုတ်တွေဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးဆိုပြီး စည်ပင်သာယာရေးအဖွဲ့က လိုက်လံဖြုတ်သိမ်းခဲ့ပါတယ်။

တရုတ်လုပ်ငန်းရှင်တွေ ဖွင့်လှစ်တဲ့ လောင်းကစားရုံတွေကြောင့် ဒေသခံလူငယ် အများအပြား ပျက်စီးလာပြီး၊ ခိုးမှုအပါအဝင် ရာဇဝတ်မှုတွေလည်း ထူပြောလာတယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ဆိုပါတယ်။

မြဝတီမြို့မှာ ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေ ဥပဒေလိုက်နာမှု အားနည်းနေကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီဒေသ ရောက်လာတဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေဟာ လောင်းကစား အပါအဝင် လုပ်ငန်းတချို့ကို လက်နက်ကိုင်အဖွဲ့တချို့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ မြဝတီမြို့ခံ အများအပြားက ပြောကြပါတယ်။

RFA Burmese
https://www.rfa.org
တ႐ုတ္ႏိုင္ငံသား ၄ဝ ေက်ာ္ကို ျမဝတီမွာ စစ္ေဆးၿပီး ျပန္လႊတ္ တ႐ုတ္ႏိုင္ငံသား ၄ဝ ေက်ာ္ကို ျမဝတီမွာ စစ္ေဆးၿပီး ျပန္လႊတ္ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.