အစာမေၾကျဖစ္တာ ဘာလို႔လဲ

(Zawgyi)⤵⤵⤵
အဓိကကေတာ့ ကိုယ့္ရဲ႕ တစ္ေန႔တာ စားေသာက္ေနထိုင္မႈပုံစံ မမွန္ကန္တာေၾကာင့္ အျဖစ္မ်ားၿပီး အစာေျခစနစ္နဲ႔ ဆက္စပ္ေနတဲ့ ကိုယ္တြင္းအဂၤါေတြ ေကာင္းစြာအလုပ္မလုပ္တာ၊ ခ်ိဳ႕ယြင္းတာေၾကာင့္ျဖစ္ရတာပါ။

အစာမေၾကတဲ့အခါ ကိုယ္ခႏၶာက ဘယ္လိုလကၡဏာေတြ ျပတတ္လဲ။

• ဗိုက္ထဲမွာ ေအာင့္ေနတာ

• မအီမသာျဖစ္ၿပီး မလႈပ္ခ်င္ေလာက္ေအာင္ ေနရခက္တာ

• ဗိုက္က ေဖာေရာင္ေနတာ

• ရင္ပူတာ

• ေခါင္းမူးတာ

• ေအာ့အန္တာ

• ဘာမွမစားလိုက္ရေသးဘဲ ဗိုက္ျပည့္သြားတာ

• ဝမ္းဗိုက္နဲ႔ အစာေရႁပြန္တစ္ဝိုက္မွာ ပူစပ္ပူေလာင္ျဖစ္ေနတာ

• ဗိုက္ထဲမွာ ေလေတြနဲ႔ ျပည့္ေနတယ္လို႔ ခံစားရတာ

• ေလခ်ဥ္တက္တဲ့ လကၡဏာေတြ ျပႏိုင္ပါတယ္။

အစာမေၾကတာ အရမ္းျပင္းထန္လြန္းတဲ့အခါ အရမ္းအန္တာ၊ အန္လိုက္တဲ့အစာေတြက ေကာ္ဖီေရာင္ေတြျဖစ္ေနတာ၊ ဝမ္းက အမည္းေရာင္ျဖစ္ေနတာ၊ အစာမမ်ိဳခ်ႏိုင္တာေတြပါ ျဖစ္ႏိုင္ပါတယ္။

အဓိက ဘာေၾကာင့္ အစာမေၾကျဖစ္ရတာလဲ။

မ်ားေသာအားျဖင့္ အစာကို အမ်ားႀကီးစားလိုက္တာ၊ ေလာႀကီးၿပီးေတာ့ အစာကို တစ္လုပ္ၿပီး တစ္လုပ္စားတာ၊ ေသခ်ာမဝါးတာေၾကာင့္ အစာမေၾကျဖစ္ရတာပါ။ စပ္လြန္းတဲ့၊ ဆီမ်ားတဲ့ အစားအစာေတြစားတတ္တဲ့သူေတြ၊ စားၿပီးတာနဲ႔ လွဲတတ္တဲ့ အက်င့္ရွိသူေတြမွာလည္း မၾကာခဏဆိုသလို အစာမေၾကတာျဖစ္ႏိုင္ပါတယ္။ တျခားျဖစ္ေစႏိုင္တဲ့ အေၾကာင္းရင္းေတြကေတာ့

• ေဆးလိပ္ေသာက္ျခင္း

• အရက္အလြန္အကြၽံေသာက္ျခင္း

• အကိုက္အခဲေပ်ာက္ေဆး (Aspirin, ibuprofen, naproxen အစရွိတဲ့ေဆးေတြ) ေသာက္ျခင္း

• အစားခ်င့္ရည္ျပန္ဆန္တက္ျခင္း (Acid Reflux Disease/ GERD)

• အစာအိမ္ကင္ဆာ (Gastric Cancer)

• ပန္ကရိယ၊ သည္းေျခႁပြန္ ပုံမွန္အလုပ္မလုပ္တာ

• အစာအိမ္မွာ အနာျဖစ္ျခင္း (Peptic Ulcers) ေတြပဲ ျဖစ္ပါတယ္။

မၾကာခဏ အစာမေၾကျဖစ္တတ္တဲ့သူေတြအေနနဲ႔ ဆရာဝန္နဲ႔ ေသခ်ာျပသၿပီး ေဆြးေႏြးဖို႔လိုပါတယ္။ ဆရာဝန္အေနနဲ႔ လူနာရဲ႕ က်န္းမာေရးအေျခအေန၊ စားေသာက္ေနထိုင္မႈပုံစံေတြကို ေမးျမန္းၿပီးေနာက္မွာ ဝမ္းဗိုက္ကို ဓာတ္မွန္႐ိုက္ၿပီး အစာေျခလမ္းေၾကာင္းမွာ ပုံမွန္မဟုတ္တဲ့ လကၡဏာေတြ ရွိေနႏိုင္လားဆိုတာ စစ္ေဆးမွာျဖစ္ပါတယ္။ အစာမေၾကျဖစ္ေစတဲ့ အဓိကအေၾကာင္းရင္းမွန္ကို စစ္ေဆးၿပီးမွသာ လိုအပ္တဲ့ ေဆးဝါးကုသမႈစတင္ခံယူဖို႔ ၫႊန္ေပးမွာျဖစ္ပါတယ္။

ေဆးဝါးကုသမႈခံယူေနစဥ္မွာ ကိုယ့္ရဲ႕ စားေသာက္ေနထိုင္မႈပုံစံကိုလည္း ေျပာင္းလဲပစ္လိုက္ဖို႔ လိုပါတယ္။ အဓိကအေနနဲ႔

• အစာကို နည္းနည္းနဲ႔ အႀကိမ္ေရမ်ားမ်ားစားေပးပါ

• အစပ္၊ အဆီမ်ားတဲ့အစားအစာေတြကို ေရွာင္ပါ

• ျဖည္းျဖည္းခ်င္း အစာစားပါ

• အစာစားၿပီးတာနဲ႔ အိပ္ရာ၊ ၾကမ္းခင္းေပၚ မလွဲလိုက္ပါနဲ႔

• ေဆးလိပ္၊ အရက္ျဖတ္ပါ

• ေကာ္ဖီ၊ အရက္၊ ဆိုဒါပါတဲ့ အေအးေတြ သိပ္မေသာက္ပါနဲ႔

• ေကာင္းစြာ အိပ္စက္အနားယူပါ

• အစာမေၾကျဖစ္ေစတဲ့ ေဆးဝါးေတြကို ဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္နဲ႔ ေဆးရပ္တာ၊ ေဆးေျပာင္းတာမ်ိဳး လုပ္ေပးပါ

• စိတ္ဖိစီးမႈကို ေျပေလ်ာ့ေအာင္ ဂ႐ုစိုက္ပါ။

Hello ဆရာဝန္ပရိတ္သတ္ႀကီးလည္း က်န္းမာေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာစရာေကာင္းတဲ့ ေန႔ရက္ေတြကို ပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပးရင္း ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
(Unicode)⤵⤵⤵
အစာမကြေဖြစ်တာ ဘာလို့လဲ

အဓိကကတော့ ကိုယ့်ရဲ့ တစ်နေ့တာ စားသောက်နေထိုင်မှုပုံစံ မမှန်ကန်တာကြောင့် အဖြစ်များပြီး အစာခြေစနစ်နဲ့ ဆက်စပ်နေတဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်မလုပ်တာ၊ ချို့ယွင်းတာကြောင့်ဖြစ်ရတာပါ။

အစာမကြေတဲ့အခါ ကိုယ်ခန္ဓာက ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ။

• ဗိုက်ထဲမှာ အောင့်နေတာ

• မအီမသာဖြစ်ပြီး မလှုပ်ချင်လောက်အောင် နေရခက်တာ

• ဗိုက်က ဖောရောင်နေတာ

• ရင်ပူတာ

• ခေါင်းမူးတာ

• အော့အန်တာ

• ဘာမှမစားလိုက်ရသေးဘဲ ဗိုက်ပြည့်သွားတာ

• ဝမ်းဗိုက်နဲ့ အစာရေပြွန်တစ်ဝိုက်မှာ ပူစပ်ပူလောင်ဖြစ်နေတာ

• ဗိုက်ထဲမှာ လေတွေနဲ့ ပြည့်နေတယ်လို့ ခံစားရတာ

• လေချဉ်တက်တဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။

အစာမကြေတာ အရမ်းပြင်းထန်လွန်းတဲ့အခါ အရမ်းအန်တာ၊ အန်လိုက်တဲ့အစာတွေက ကော်ဖီရောင်တွေဖြစ်နေတာ၊ ဝမ်းက အမည်းရောင်ဖြစ်နေတာ၊ အစာမမျိုချနိုင်တာတွေပါ ဖြစ်နိုင်ပါတယ်။

အဓိက ဘာကြောင့် အစာမကြေဖြစ်ရတာလဲ။

များသောအားဖြင့် အစာကို အများကြီးစားလိုက်တာ၊ လောကြီးပြီးတော့ အစာကို တစ်လုပ်ပြီး တစ်လုပ်စားတာ၊ သေချာမဝါးတာကြောင့် အစာမကြေဖြစ်ရတာပါ။ စပ်လွန်းတဲ့၊ ဆီများတဲ့ အစားအစာတွေစားတတ်တဲ့သူတွေ၊ စားပြီးတာနဲ့ လှဲတတ်တဲ့ အကျင့်ရှိသူတွေမှာလည်း မကြာခဏဆိုသလို အစာမကြေတာဖြစ်နိုင်ပါတယ်။ တခြားဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့

• ဆေးလိပ်သောက်ခြင်း

• အရက်အလွန်အကျွံသောက်ခြင်း

• အကိုက်အခဲပျောက်ဆေး (Aspirin, ibuprofen, naproxen အစရှိတဲ့ဆေးတွေ) သောက်ခြင်း

• အစားချင့်ရည်ပြန်ဆန်တက်ခြင်း (Acid Reflux Disease/ GERD)

• အစာအိမ်ကင်ဆာ (Gastric Cancer)

• ပန်ကရိယ၊ သည်းခြေပြွန် ပုံမှန်အလုပ်မလုပ်တာ

• အစာအိမ်မှာ အနာဖြစ်ခြင်း (Peptic Ulcers) တွေပဲ ဖြစ်ပါတယ်။

မကြာခဏ အစာမကြေဖြစ်တတ်တဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ဆွေးနွေးဖို့လိုပါတယ်။ ဆရာဝန်အနေနဲ့ လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ စားသောက်နေထိုင်မှုပုံစံတွေကို မေးမြန်းပြီးနောက်မှာ ဝမ်းဗိုက်ကို ဓာတ်မှန်ရိုက်ပြီး အစာခြေလမ်းကြောင်းမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ရှိနေနိုင်လားဆိုတာ စစ်ဆေးမှာဖြစ်ပါတယ်။ အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းရင်းမှန်ကို စစ်ဆေးပြီးမှသာ လိုအပ်တဲ့ ဆေးဝါးကုသမှုစတင်ခံယူဖို့ ညွှန်ပေးမှာဖြစ်ပါတယ်။

ဆေးဝါးကုသမှုခံယူနေစဉ်မှာ ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲပစ်လိုက်ဖို့ လိုပါတယ်။ အဓိကအနေနဲ့

• အစာကို နည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ

• အစပ်၊ အဆီများတဲ့အစားအစာတွေကို ရှောင်ပါ

• ဖြည်းဖြည်းချင်း အစာစားပါ

• အစာစားပြီးတာနဲ့ အိပ်ရာ၊ ကြမ်းခင်းပေါ် မလှဲလိုက်ပါနဲ့

• ဆေးလိပ်၊ အရက်ဖြတ်ပါ

• ကော်ဖီ၊ အရက်၊ ဆိုဒါပါတဲ့ အအေးတွေ သိပ်မသောက်ပါနဲ့

• ကောင်းစွာ အိပ်စက်အနားယူပါ

• အစာမကြေဖြစ်စေတဲ့ ဆေးဝါးတွေကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ဆေးရပ်တာ၊ ဆေးပြောင်းတာမျိုး လုပ်ပေးပါ

• စိတ်ဖိစီးမှုကို ပြေလျော့အောင် ဂရုစိုက်ပါ။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အစာမေၾကျဖစ္တာ ဘာလို႔လဲ အစာမေၾကျဖစ္တာ ဘာလို႔လဲ Reviewed by THITHTOOLWIN on 03:49 Rating: 5
Powered by Blogger.