ႏိုင္ဟံသာကို မြန္ျပည္သစ္ပါတီ ဥကၠ႒အျဖစ္ေ႐ြးခ်ယ္

မြန္ျပည္သစ္ပါတီ ဥကၠ႒ ႏိုင္ဟံသာ ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
မြန္ျပည္သစ္ပါတီဌာနခ်ဳပ္ျဖစ္တဲ့ ေရးေခ်ာင္းဖ်ားမွာ ၁၀ ႀကိမ္ေျမာက္ ဗဟိုအလုပ္မႈေဆာင္ေကာ္မတီ အစည္း အေဝးကို ၿပီးခဲ့တဲ့ဒီဇင္ဘာလကုန္က စတင္က်င္းပေနတာပါ။

မေန႔က အစည္းအေဝးမွာ မြန္ျပည္သစ္ပါတီ ဥကၠ႒ ေနရာအပါအဝင္ ထိပ္ပိုင္းေခါင္းေဆာင္ေနရာေတြကို လ်ိဳ႕ဝွက္ မဲေပးစနစ္နဲ႔ ေ႐ြးခ်ယ္ခဲ့ၿပီး အရင္ဒုတိယဥကၠ႒ ႏိုင္ဟံသာက ဥကၠ႒ျဖစ္လာသလို အေထြေထြအတြင္းေရးမႉး ေဟာင္း ႏိုင္ေအာင္မင္းက ဒုတိယဥကၠ႒ ျဖစ္လာခဲ့တဲ့အျပင္ တျခားေခါင္းေဆာင္ပိုင္းေနရာေတြပါ အေျပာင္းအလဲ ေတြရွိခဲ့ပါတယ္။

မြန္ျပည္သစ္ပါတီ ဥကၠ႒ ျဖစ္လာတဲ့ ႏိုင္ဟံသာဟာ မြန္လူထုၾကားမွာ ေထာက္ခံမႈရရွိထားသူျဖစ္သလို ၿငိမ္းခ်မ္း ေရးကိစၥေတြကို အရင္သမၼတေဟာင္း ဦးသိန္းစိန္လက္ထက္ကတည္းက စတင္ေဆာင္႐ြက္လာခဲ့ရာမွာ လက္ရွိ အခ်ိန္ထိေဆာင္႐ြက္ေနသူျဖစ္တာေၾကာင့္ ၿငိမ္းခ်မ္းေရးကိစၥေတြမွာ အရင္ကထက္ပိုေကာင္းလာမယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

မြန္ညီၫြတ္ေရးပါတီ ဗဟိုေကာ္မတီဝင္ ဦးထြန္းျမင့္ေက်ာ္ကေတာ့ ႏိုင္ဟံသာဥကၠ႒ ျဖစ္လာတာေၾကာင့္ မြန္လူထုအတြက္အျပင္ ၿငိမ္းခ်မ္းေရးကိစၥေတြမွာ တိုင္းရင္းသားေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုေကာင္း လာမယ္လို႔ ေျပာပါတယ္။

“သူတက္လာတဲ့အတြက္ေၾကာင့္ ပါတီအတြင္းမွာလည္း ပိုၿပီးခိုင္မာအားေကာင္းမႈရွိလာမယ္၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာလည္း ထဲထဲဝင္ဝင္ပါဝင္ပတ္သက္လာတဲ့သူျဖစ္တယ္၊ ေနာက္ၿပီး EAO ၾကားထဲမွာလည္း အထိုက္အေလ်ာက္ ေလးစားခံရသူျဖစ္တဲ့သူျဖစ္တာေၾကာင့္ မြန္ေတြအတြက္ေရာ၊ EAOအတြက္ေရာ ေကာင္းလာမယ္၊ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေရာ ပိုၿပီးေတာ့ လုပ္ရကိုင္ရတာလြယ္လာမယ္လို႔ ယူဆပါတယ္”

မြန္ျပည္သစ္ပါတီမွာ အရင္ကတည္းက ဥကၠ႒အျဖစ္ မဲစနစ္နဲ႔ေ႐ြးခ်ယ္ေပမယ့္ ႏိုင္ငံေရးအစဥ္အလာ၊ အသက္ အ႐ြယ္၊ အေတြအႀကဳံစတဲ့အခ်က္ေတြနဲ႔ စဥ္စားေ႐ြးခ်ယ္တာေၾကာင့္ ဥကၠ႒ ျဖစ္ၿပီးသူ ေသဆုံးမွသာ အေျပာင္း အလဲျဖစ္ေလ့ရွိပါတယ္။

ဒီတႀကိမ္မွာေတာ့ ဥကၠ႒ေဟာင္း ႏိုင္ေထာမြန္ဟာ က်န္းမာေရးအရ အနားယူလိုက္ၿပီး ဥကၠ႒အသစ္ ခန႔္လိုက္တာဟာ မြန္ျပည္သစ္ပါတီသမိုင္းမွာ ထူးျခားမႈတစ္ခုလို႔ ဦးထြန္းျမင့္ေက်ာ္က ေျပာပါတယ္။

မြန္ျပည္သူေတြၾကားမွာ ေထာက္ခံမႈရရွိထားတဲ့ ႏိုင္ဟံသာ ဥကၠ႒ ျဖစ္လာတာေၾကာင့္ မြန္ျပည္သစ္ပါတီဟာ ပိုမိုအားေကာင္းလာႏိုင္သလို ေထာက္ခံမႈေတြမ်ားလာႏိုင္တယ္လို႔ မြန္ျပည္သူေတြ၊ မြန္လူငယ္ေတြက ယူဆေနၾကပါတယ္။

ႏိုင္ဟံသာလက္ထက္မွာ လက္ရွိအခ်ိန္မွာ ေရွ႕မဆက္ႏိုင္ဘဲ ရပ္တန႔္ေနတဲ့ ၿငိမ္းခ်မ္းေရးကိစၥေတြကို ပိုမိုေဆာင္႐ြက္ႏိုင္မယ္ေမွ်ာ္လင့္ေၾကာင္း မြန္လူငယ္မ်ားေန႔ကို ဦးေဆာင္က်င္းပေရး ေကာ္မတီအဖြဲ႕ဝင္ မင္းဉာဏ္စိုက္ရာမာန္ က ေျပာပါတယ္။

“က်ေနာ့္အျမင္အရဆိုရင္ အမ်ားႀကီးေျပာင္းလည္းလာမယ္လို႔ ျမင္တယ္၊ ဘာျဖစ္လည္းဆိုရင္ ႏိုင္ဟံသာကို မြန္တမ်ိဳးသားလုံးက ေခါင္းေဆာင္အျဖစ္မွတ္ယူတယ္၊ လူထုရဲ႕ေထာက္ခံမႈလည္းရွိတယ္၊ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး က်ေနာ္ထင္တယ္ ေရွ႕တိုးလို႔မရတဲ့ကိစၥေတြ ေျပလည္သြားမယ္လို႔ထင္တယ္”

ႏိုင္ဟံသာဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ မူဝါဒေရးရာေဆြးေႏြးတဲ့အခါ သူ႔ရပ္တည္ခ်က္၊ သူ႔ယုံၾကည္ခ်က္ ေတြနဲ႔ ပတ္သက္ၿပီး ေခါင္းမာသူဆိုၿပီး တပ္မေတာ္အပါအဝင္ လူေတာ္ေတာ္မ်ားမ်ားက ထင္ေၾကးေပးၾကပါတယ္။

ဒါေပမဲ့ ႏိုင္ဟံသာဥကၠ႒ ျဖစ္လာတာေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြဟာ အရင္ကထက္ ပိုၿပီးအဆင္ေျပ မယ္လို႔ ယူဆေၾကာင္း တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA မွာ လက္မွတ္ထိုးထားတဲ့ PNLO နာယက ဗိုလ္မႉးႀကီး ခြန္ဥကၠာက RFA ကို ေျပာပါတယ္။

“က်ေနာ္တို႔ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္တာကေတာ့ ရွိရင္းစြဲ NCA ထိုးထားတဲ့ေပၚမွာလည္းေကာင္း၊ ႏိုင္ငံေရးေဆြးေႏြးပြဲေတြမွာ တရားဝင္ပါသြားဖို႔ ဆိုတဲ့ေနရာမွာေသာ္လည္းေကာင္း၊ ပိုၿပီးအားေကာင္းလာမယ္ သေဘာေပါ့၊ ဘာျဖစ္လို႔လည္းဆိုေတာ့ ဆရာႀကီးႏိုင္ဟံသာက ႏိုင္ငံေရးဝါရင့္ပုဂၢိဳလ္ျဖစ္တယ္ဆိုေတာ့ ႏိုင္ငံေရး ေဆြးေႏြးပြဲေတြမွာလည္း ပိုၿပီးအားေကာင္းေမာင္းသန္ျဖစ္လာမယ္၊ အဲဒီလို႔ေတာ့ က်ေနာ္တို႔ေမွ်ာ္လင့္တာေပါဗ်ာ”

ႏိုင္ဟံသာ ဥကၠ႒ တာဝန္ယူမယ့္ မြန္ျပည္သစ္ပါတီဟာ အရင္က ႏိုင္ငံေရးပါတီေတြ၊ အရပ္ဘက္အဖြဲ႕ေတြ အပါအဝင္ မြန္တိုင္းသားေတြနဲ႔ ဆက္ဆံေရးပိုေကာင္းလာမယ္လို႔ထင္ေၾကာင္း ႏိုင္ငံေရးေလ့လာသူ ဦးေအာင္သူၿငိမ္း က ေျပာပါတယ္။

“မြန္ျပည္သစ္ပါတီမွာလည္း ျပဳျပင္ေျပာင္းလဲေရးေတြလုပ္ဖို႔လိုမယ္လို႔ထင္တယ္၊ ဟိုတေလာကဘဲ ဘုရားသုံးဆူ ဘက္မွာ တိုက္ပြဲျဖစ္တဲ့ကိစၥေတြရွိတယ္ေလ၊ ေနာက္တခုကက်ေတာ့ မြန္ျပည္သစ္ပါတီကသတ္သတ္၊ က်န္တဲ့ ဒီမွာရွိတဲ့မြန္ပါတီေတြ၊ အရပ္ဘက္အဖြဲ႕အစည္းေတြကသပ္သပ္ သေဘာမ်ိဳးလို႔ေပါေနာ္၊ ဒါမ်ိဳးေတြျဖစ္ေနတာ က်ေနာ္ေတြ႕တယ္၊ ပိုၿပီးေတာ့ စည္း႐ုံးေရးခ်ဲ႕မယ္ဆိုရင္ ေတာတြင္းအလုပ္ေတြထက္စာရင္ ၿမိဳ႕ေပၚကအရပ္ဘက္ အဖြဲ႕ေတြ၊ က်န္တဲ့အင္အားစုေတြနဲ႔ ဆက္ဆံေရး ပိုလိုမယ္ထင္တယ္”

မြန္ျပည္သစ္ပါတီဟာ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူ စာခ်ဳပ္ကို ပါဝင္လက္မွတ္ေရးထိုးခဲ့တဲ့ အဖြဲ႕ျဖစ္ပါတယ္။

အခုလို ေခါင္းေဆာင္းပိုင္း အေျပာင္းအလဲျဖစ္သြားတာေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ ထူးျခားတဲ့ အက်ိဳးသက္ေရာက္မႈ မရွိႏိုင္ေၾကာင္း တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာပါတယ္။

မြန္ျပည္သစ္ပါတီကို ၁၉၅၈ ခုႏွစ္ကတည္းက ဥကၠ႒ ႏိုင္ေ႐ႊက်င္က စတင္ထူေထာင္ခဲ့တာျဖစ္ၿပီး ဗဟိုဦးစီးစနစ္နဲ႔ အုပ္ခ်ဳပ္ခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ ၁၉၈၉ ခုႏွစ္ကစၿပီး ေလးႏွစ္တစ္ႀကိမ္ ဗဟိုညီလာခံက်င္းပေ႐ြးခ်ယ္ခဲ့ရာ ႏိုင္ဟံသာဟာ ငါးေယာက္ ေျမာက္ ဥကၠ႒လည္း ျဖစ္ပါတယ္။

မြန္ျပည္သစ္ပါတီမွာ လက္နက္ကိုင္စစ္သည္  ၈၀၀၊ အရန္အင္အား ၂ဝဝဝ  ရွိမယ္လို႔ ႏိုင္ငံတကာ ျမန္မာ သတင္းအဖြဲ႕ BNI က ၂၀၁၉ ဧၿပီလမွာ ထုတ္ေဝတဲ့ ၿငိမ္းခ်မ္းေရးေလ့လာေစာင့္ၾကည့္မႈ အစီရင္ခံစာမွာ ခန႔္မွန္းထားပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
နိုင်ဟံသာကို မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌအဖြစ်ရွေးချယ်

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာ ကို တွေ့ရစဉ်
Photo: RFA

မွန်ပြည်သစ်ပါတီဌာနချုပ်ဖြစ်တဲ့ ရေးချောင်းဖျားမှာ ၁၀ ကြိမ်မြောက် ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်း အဝေးကို ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်က စတင်ကျင်းပနေတာပါ။

မနေ့က အစည်းအဝေးမှာ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နေရာအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်နေရာတွေကို လျို့ဝှက် မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့ပြီး အရင်ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ဥက္ကဋ္ဌဖြစ်လာသလို အထွေထွေအတွင်းရေးမှူး ဟောင်း နိုင်အောင်မင်းက ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့တဲ့အပြင် တခြားခေါင်းဆောင်ပိုင်းနေရာတွေပါ အပြောင်းအလဲ တွေရှိခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ ဖြစ်လာတဲ့ နိုင်ဟံသာဟာ မွန်လူထုကြားမှာ ထောက်ခံမှုရရှိထားသူဖြစ်သလို ငြိမ်းချမ်း ရေးကိစ္စတွေကို အရင်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကတည်းက စတင်ဆောင်ရွက်လာခဲ့ရာမှာ လက်ရှိ အချိန်ထိဆောင်ရွက်နေသူဖြစ်တာကြောင့် ငြိမ်းချမ်းရေးကိစ္စတွေမှာ အရင်ကထက်ပိုကောင်းလာမယ်လို့ မျှော်လင့်နေကြပါတယ်။

မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် ဦးထွန်းမြင့်ကျော်ကတော့ နိုင်ဟံသာဥက္ကဋ္ဌ ဖြစ်လာတာကြောင့် မွန်လူထုအတွက်အပြင် ငြိမ်းချမ်းရေးကိစ္စတွေမှာ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုကောင်း လာမယ်လို့ ပြောပါတယ်။

“သူတက်လာတဲ့အတွက်ကြောင့် ပါတီအတွင်းမှာလည်း ပိုပြီးခိုင်မာအားကောင်းမှုရှိလာမယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း ထဲထဲဝင်ဝင်ပါဝင်ပတ်သက်လာတဲ့သူဖြစ်တယ်၊ နောက်ပြီး EAO ကြားထဲမှာလည်း အထိုက်အလျောက် လေးစားခံရသူဖြစ်တဲ့သူဖြစ်တာကြောင့် မွန်တွေအတွက်ရော၊ EAOအတွက်ရော ကောင်းလာမယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ရော ပိုပြီးတော့ လုပ်ရကိုင်ရတာလွယ်လာမယ်လို့ ယူဆပါတယ်”

မွန်ပြည်သစ်ပါတီမှာ အရင်ကတည်းက ဥက္ကဋ္ဌအဖြစ် မဲစနစ်နဲ့ရွေးချယ်ပေမယ့် နိုင်ငံရေးအစဉ်အလာ၊ အသက် အရွယ်၊ အတွေအကြုံစတဲ့အချက်တွေနဲ့ စဉ်စားရွေးချယ်တာကြောင့် ဥက္ကဋ္ဌ ဖြစ်ပြီးသူ သေဆုံးမှသာ အပြောင်း အလဲဖြစ်လေ့ရှိပါတယ်။

ဒီတကြိမ်မှာတော့ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန်ဟာ ကျန်းမာရေးအရ အနားယူလိုက်ပြီး ဥက္ကဋ္ဌအသစ် ခန့်လိုက်တာဟာ မွန်ပြည်သစ်ပါတီသမိုင်းမှာ ထူးခြားမှုတစ်ခုလို့ ဦးထွန်းမြင့်ကျော်က ပြောပါတယ်။

မွန်ပြည်သူတွေကြားမှာ ထောက်ခံမှုရရှိထားတဲ့ နိုင်ဟံသာ ဥက္ကဋ္ဌ ဖြစ်လာတာကြောင့် မွန်ပြည်သစ်ပါတီဟာ ပိုမိုအားကောင်းလာနိုင်သလို ထောက်ခံမှုတွေများလာနိုင်တယ်လို့ မွန်ပြည်သူတွေ၊ မွန်လူငယ်တွေက ယူဆနေကြပါတယ်။

နိုင်ဟံသာလက်ထက်မှာ လက်ရှိအချိန်မှာ ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ပိုမိုဆောင်ရွက်နိုင်မယ်မျှော်လင့်ကြောင်း မွန်လူငယ်များနေ့ကို ဦးဆောင်ကျင်းပရေး ကော်မတီအဖွဲ့ဝင် မင်းဉာဏ်စိုက်ရာမာန် က ပြောပါတယ်။

“ကျနော့်အမြင်အရဆိုရင် အများကြီးပြောင်းလည်းလာမယ်လို့ မြင်တယ်၊ ဘာဖြစ်လည်းဆိုရင် နိုင်ဟံသာကို မွန်တမျိုးသားလုံးက ခေါင်းဆောင်အဖြစ်မှတ်ယူတယ်၊ လူထုရဲ့ထောက်ခံမှုလည်းရှိတယ်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျနော်ထင်တယ် ရှေ့တိုးလို့မရတဲ့ကိစ္စတွေ ပြေလည်သွားမယ်လို့ထင်တယ်”

နိုင်ဟံသာဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မူဝါဒရေးရာဆွေးနွေးတဲ့အခါ သူ့ရပ်တည်ချက်၊ သူ့ယုံကြည်ချက် တွေနဲ့ ပတ်သက်ပြီး ခေါင်းမာသူဆိုပြီး တပ်မတော်အပါအဝင် လူတော်တော်များများက ထင်ကြေးပေးကြပါတယ်။

ဒါပေမဲ့ နိုင်ဟံသာဥက္ကဋ္ဌ ဖြစ်လာတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အရင်ကထက် ပိုပြီးအဆင်ပြေ မယ်လို့ ယူဆကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။

“ကျနော်တို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တာကတော့ ရှိရင်းစွဲ NCA ထိုးထားတဲ့ပေါ်မှာလည်းကောင်း၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တရားဝင်ပါသွားဖို့ ဆိုတဲ့နေရာမှာသော်လည်းကောင်း၊ ပိုပြီးအားကောင်းလာမယ် သဘောပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ ဆရာကြီးနိုင်ဟံသာက နိုင်ငံရေးဝါရင့်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာလည်း ပိုပြီးအားကောင်းမောင်းသန်ဖြစ်လာမယ်၊ အဲဒီလို့တော့ ကျနော်တို့မျှော်လင့်တာပေါဗျာ”

နိုင်ဟံသာ ဥက္ကဋ္ဌ တာဝန်ယူမယ့် မွန်ပြည်သစ်ပါတီဟာ အရင်က နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေ အပါအဝင် မွန်တိုင်းသားတွေနဲ့ ဆက်ဆံရေးပိုကောင်းလာမယ်လို့ထင်ကြောင်း နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်း က ပြောပါတယ်။

“မွန်ပြည်သစ်ပါတီမှာလည်း ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့လိုမယ်လို့ထင်တယ်၊ ဟိုတလောကဘဲ ဘုရားသုံးဆူ ဘက်မှာ တိုက်ပွဲဖြစ်တဲ့ကိစ္စတွေရှိတယ်လေ၊ နောက်တခုကကျတော့ မွန်ပြည်သစ်ပါတီကသတ်သတ်၊ ကျန်တဲ့ ဒီမှာရှိတဲ့မွန်ပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကသပ်သပ် သဘောမျိုးလို့ပေါနော်၊ ဒါမျိုးတွေဖြစ်နေတာ ကျနော်တွေ့တယ်၊ ပိုပြီးတော့ စည်းရုံးရေးချဲ့မယ်ဆိုရင် တောတွင်းအလုပ်တွေထက်စာရင် မြို့ပေါ်ကအရပ်ဘက် အဖွဲ့တွေ၊ ကျန်တဲ့အင်အားစုတွေနဲ့ ဆက်ဆံရေး ပိုလိုမယ်ထင်တယ်”

မွန်ပြည်သစ်ပါတီဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

အခုလို ခေါင်းဆောင်းပိုင်း အပြောင်းအလဲဖြစ်သွားတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထူးခြားတဲ့ အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်ကတည်းက ဥက္ကဋ္ဌ နိုင်ရွှေကျင်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး ဗဟိုဦးစီးစနစ်နဲ့ အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၁၉၈၉ ခုနှစ်ကစပြီး လေးနှစ်တစ်ကြိမ် ဗဟိုညီလာခံကျင်းပရွေးချယ်ခဲ့ရာ နိုင်ဟံသာဟာ ငါးယောက် မြောက် ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီမှာ လက်နက်ကိုင်စစ်သည်  ၈၀၀၊ အရန်အင်အား ၂ဝဝဝ  ရှိမယ်လို့ နိုင်ငံတကာ မြန်မာ သတင်းအဖွဲ့ BNI က ၂၀၁၉ ဧပြီလမှာ ထုတ်ဝေတဲ့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

RFA Burmese
https://www.rfa.org
ႏိုင္ဟံသာကို မြန္ျပည္သစ္ပါတီ ဥကၠ႒အျဖစ္ေ႐ြးခ်ယ္ ႏိုင္ဟံသာကို မြန္ျပည္သစ္ပါတီ ဥကၠ႒အျဖစ္ေ႐ြးခ်ယ္ Reviewed by THITHTOOLWIN on 03:52 Rating: 5
Powered by Blogger.