ကေလးအတြက္ အက်ိဳးျပဳဘက္တီးရီးယား အက်ိဳးေက်းဇူးမ်ားသလား

(Zawgyi)⤵⤵⤵
Probiotic ဆိုတာ ခႏၶာကိုယ္ရဲ႕အစာေျခစနစ္ကို အက်ိဳးျပဳတဲ့ သက္ရွိဘက္တီးရီးယားတစ္မ်ိဳးပါ။ ဘက္တီးရီးယားဆိုတာနဲ႔ ေရာဂါျဖစ္ေစတဲ့ပိုးေတြလို႔ အမ်ားအားျဖင့္ယူဆၾကပါတယ္။ ဒါေပမယ့္ ခႏၶာကိုယ္ထဲမွာ ေျမာက္ျမားစြာရွိေနတဲ့ ဘက္တီးရီးယားေတြက ေကာင္းတာေရာ၊ မေကာင္းတာပါရွိပါတယ္။ Probiotic ကေတာ့ အစာေျခစနစ္နဲ႔ အူလမ္းေၾကာင္းက်န္းမာေစဖို႔ အက်ိဳးျပဳတဲ့ဘက္တီးရီးယားေတြျဖစ္ပါတယ္။

ဒီလိုအက်ိဳးျပဳ Probiotic က ကေလးေလးေတြရဲ႕ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကို က်န္းမာေစဖို႔ အေထာက္အကူေပးႏိုင္မွာကိုလည္း မိဘေတြသိၾကမွာပါ။ ဒါေပမယ့္ ကေလးရဲ႕က်န္းမာေရးမွာ Probiotic က တျခားဘယ္လိုအေရးပါတဲ့ေနရာက အက်ိဳးေက်းဇူးေတြေပးေနသလဲ၊ ဘာအတြက္ေကာင္းသလဲဆိုတာ ဆက္ၿပီးေလ့လာၾကည့္ရေအာင္။

• ကေလးရဲ႕ ခႏၶာကိုယ္ဇီဝလုပ္ေဆာင္ခ်က္ေတြနဲ႔ ကိုယ္အေလးခ်ိန္ကို သက္ေရာက္မႈရွိတယ္။ အူတြင္းဘက္တီးရီးယားေတြ လုံေလာက္တဲ့ပမာဏရွိေနတာက ကေလးရဲ႕ႀကီးထြားဖြံ႕ၿဖိဳးမႈအတြက္ အေရးႀကီးတဲ့အခ်က္ျဖစ္ပါတယ္။

• ႀကီးထြားဖြံ႕ၿဖိဳးေနဆဲအ႐ြယ္မွာ ကေလးရဲ႕ဦးေႏွာက္က်န္းမာေရးကို ေထာက္ပံ့ေပးတယ္။

• အစာေၾကလြယ္ေစၿပီး ကေလးရဲ႕ခႏၶာကိုယ္အတြက္လိုအပ္တဲ့ အာဟာရဓာတ္ ေတြကို အူလမ္းေၾကာင္းက အျပည့္အဝစုပ္ယူႏိုင္ဖို႔ ကူညီေပးတယ္။

• ကိုယ္ခံအားေကာင္းေစတယ္။ Probiotic ပုံမွန္ရရွိတဲ့ ကေလးဟာ ကိုယ္ခံအားစနစ္ပိုအားေကာင္းႏိုင္ပါတယ္။

ကေလးရဲ႕အစာအိမ္နဲ႔ အူလမ္းေၾကာင္း ပိုက်န္းမာလာၿပီး ေရာဂါပိုးေတြကို ခုခံႏိုင္စြမ္းပိုေကာင္းလာပါလိမ့္မယ္။ ဝမ္းနဲ႔ပတ္သက္တဲ့ေရာဂါေတြအျပင္ အျဖစ္မ်ားတဲ့ အသက္ရႉလမ္းေၾကာင္းျပႆနာေတြ ျဖစ္ႏိုင္ေျခေလ်ာ့နည္းေစပါတယ္။

• ကေလးေလနာ သက္သာေစတယ္။ Lactobacillus reuteri အမ်ိဳးအစား Probiotic က ကေလးေတြမွာျဖစ္တဲ့ ေလနာေဝဒနာကို ကုသရာမွာ ထိေရာက္တဲ့အာနိသင္ရွိပါတယ္။ Lactobacillus reuteri ေသာက္သုံးထားတဲ့ ကေလးေတြမွာ ေလနာအျမန္သက္သာေစတာ ေလ့လာေတြ႕ရွိမႈေတြကို သက္ေသျပခဲ့ၾကပါတယ္။

• သြားပိုးစားျခင္းကို ကာကြယ္ေပးတယ္။ Probiotic ေသာက္သုံးတဲ့ ကေလးေတြက သြားက်န္းမာေရး ပိုေကာင္းတယ္၊ သြားပိုးစားတာ အျဖစ္နည္းတယ္လို႔ေတြ႕ရွိရပါတယ္။

• အူနဲ႔ပတ္သက္တဲ့ေရာဂါေတြကို ကုသႏိုင္တယ္။ တခ်ိဳ႕ျဖည့္စြက္စာေဆးဝါးေတြမွာ ပါဝင္တဲ့ Probiotic အမ်ိဳးအစားေတြက ဗိုက္ေအာင့္ျခင္း၊ ဝမ္းပ်က္ျခင္း၊ ေလထိုးေလေအာင့္၊ ဗိုက္ပြျခင္း၊ ေလနာေဝဒနာေတြရဲ႕ လကၡဏာေတြကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ Crohn’s disease(အစာအိမ္၊ အူနံရံေရာင္ေရာဂါ) သို႔မဟုတ္Irritable Bowel Syndrome (နာတာရွည္အူလမ္းေၾကာင္းေရာဂါစု) တို႔လို နာတာရွည္ေရာဂါေတြအတြက္ ထိေရာက္မႈရွိပါတယ္။ ဝမ္းခ်ဳပ္ေနတဲ့ကေလးေတြမွာ Lactobacillus reuteri probiotics က ဝမ္းမွန္ေအာင္ ကူညီေပးပါတယ္။

• ဝမ္းေလွ်ာျခင္းကို ကုသႏိုင္တယ္။ ဝမ္းေလွ်ာျခင္းကိုကုသရမွာ probiotics ရဲ႕အေရးပါမႈက သိသာထင္ရွားပါတယ္။ probioticsေတြက ပဋိဇီဝပိုးသတ္ေဆးေတြေၾကာင့္ျဖစ္တဲ့ ဝမ္းသြားျခင္းကို ကာကြယ္ႏိုင္တဲ့ အစြမ္းလည္းရွိပါတယ္။

• ေရာဂါပိုးဝင္ျခင္းေတြကို ကာကြယ္ေပးတယ္။ ဒိန္ခ်ဥ္လိုမ်ိဳး သဘာဝအတိုင္း probioticsေတြပါဝင္တဲ့ အစားအစာေတြက ကေလးေတြမွာ အသက္ရႉလမ္းေၾကာင္းျပႆနာေတြ၊ ကေလးႏွင္းခူနာနဲ႔ အစားအစာဓာတ္မတည့္မႈေတြကို သက္သာေစပါတယ္။

ကေလးေတြမွာ probiotics ေကာင္းစြာရရွိႏိုင္မွေလပြျခင္း၊ ေလနာေဝဒနာ၊ အစာေျခရည္ျပန္ဆန္တက္ျခင္း စတဲ့ေဝဒနာေတြကို ကင္းေဝးႏိုင္မွာျဖစ္ပါတယ္။ အထူးသျဖင့္ ကေလးကငယ္ေသးတယ္ဆိုရင္ probiotics ကို ျဖည္းျဖည္းခ်င္း တိုက္ေကြၽးေပးသင့္ပါတယ္။ ႏို႔ဗူးေဖ်ာ္တဲ့အခါ သို႔မဟုတ္ ညႇစ္ထုတ္ထားတဲ့မိခင္ႏို႔ထဲမွာ probiotics ထည့္တိုက္ႏိုင္ပါတယ္။

ကေလးေတြအတြက္ အသင့္ေတာ္ဆုံးက ဒိန္ခ်ဥ္နဲ႔ တျခားအခ်ဥ္ေဖာက္ထားတဲ့ အစားအစာေတြမွာေတြ႕ရတဲ့ Lactobacillusprobiotic အမ်ိဳးအစားပါ။ Lactobacillus က ဝမ္းပ်က္ဝမ္းေလွ်ာျခင္းကို ကုသဖို႔နဲ႔ ကာကြယ္ဖို႔ ထိေရာက္မႈရွိပါတယ္။ ဒါ့အျပင္ ကေလးေတြမွာ ေလနာေဝဒနာ၊ အဆုတ္ပိုးဝင္ျခင္း၊ulcerative colitis(အစာေျခလမ္းေၾကာင္းအနာျဖစ္ျခင္း)၊ Irritable Bowel Syndrome (နာတာရွည္အူလမ္းေၾကာင္းေရာဂါစု)တို႔ကို ကုသႏိုင္ပါတယ္။

ကေလးကို Probiotics ဘယ္လိုေပးမလဲ

ကေလးေတြအတြက္ အက်ိဳးေက်းဇူးမ်ားလွတဲ့ probiotics ကို ကေလးအတြက္သီးသန႔္ထုတ္တဲ့ အစက္ခ်ေဆးေတြကေန ရရွိႏိုင္ပါတယ္။ ကေလးကို တိုက္မယ့္ ႏို႔ရည္ သို႔မဟုတ္ ေဖ်ာ္ရည္တစ္ခုခုထဲကို အစက္ခ်ၿပီး ထည့္တိုက္႐ုံပါပဲ။ တစ္ေန႔တစ္ႀကိမ္ ေဆးရည္ ငါးစက္တိုက္လို႔ရပါတယ္။ ဘက္တီးရီးယားေလးေတြ ပ်က္စီးကုန္မွာ စိုးရတာေၾကာင့္ အပူထဲေတာ့ ထည့္မေဖ်ာ္ပါနဲ႔။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
(Unicode)⤵⤵⤵
ကလေးအတွက် အကျိုးပြုဘက်တီးရီးယား အကျိုးကျေးဇူးများသလား

Probiotic ဆိုတာ ခန္ဓာကိုယ်ရဲ့အစာခြေစနစ်ကို အကျိုးပြုတဲ့ သက်ရှိဘက်တီးရီးယားတစ်မျိုးပါ။ ဘက်တီးရီးယားဆိုတာနဲ့ ရောဂါဖြစ်စေတဲ့ပိုးတွေလို့ အများအားဖြင့်ယူဆကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ မြောက်မြားစွာရှိနေတဲ့ ဘက်တီးရီးယားတွေက ကောင်းတာရော၊ မကောင်းတာပါရှိပါတယ်။ Probiotic ကတော့ အစာခြေစနစ်နဲ့ အူလမ်းကြောင်းကျန်းမာစေဖို့ အကျိုးပြုတဲ့ဘက်တီးရီးယားတွေဖြစ်ပါတယ်။

ဒီလိုအကျိုးပြု Probiotic က ကလေးလေးတွေရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေဖို့ အထောက်အကူပေးနိုင်မှာကိုလည်း မိဘတွေသိကြမှာပါ။ ဒါပေမယ့် ကလေးရဲ့ကျန်းမာရေးမှာ Probiotic က တခြားဘယ်လိုအရေးပါတဲ့နေရာက အကျိုးကျေးဇူးတွေပေးနေသလဲ၊ ဘာအတွက်ကောင်းသလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ရအောင်။

• ကလေးရဲ့ ခန္ဓာကိုယ်ဇီဝလုပ်ဆောင်ချက်တွေနဲ့ ကိုယ်အလေးချိန်ကို သက်ရောက်မှုရှိတယ်။ အူတွင်းဘက်တီးရီးယားတွေ လုံလောက်တဲ့ပမာဏရှိနေတာက ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

• ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်မှာ ကလေးရဲ့ဦးနှောက်ကျန်းမာရေးကို ထောက်ပံ့ပေးတယ်။

• အစာကြေလွယ်စေပြီး ကလေးရဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ် တွေကို အူလမ်းကြောင်းက အပြည့်အဝစုပ်ယူနိုင်ဖို့ ကူညီပေးတယ်။

• ကိုယ်ခံအားကောင်းစေတယ်။ Probiotic ပုံမှန်ရရှိတဲ့ ကလေးဟာ ကိုယ်ခံအားစနစ်ပိုအားကောင်းနိုင်ပါတယ်။

ကလေးရဲ့အစာအိမ်နဲ့ အူလမ်းကြောင်း ပိုကျန်းမာလာပြီး ရောဂါပိုးတွေကို ခုခံနိုင်စွမ်းပိုကောင်းလာပါလိမ့်မယ်။ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေအပြင် အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်းပြဿနာတွေ ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။

• ကလေးလေနာ သက်သာစေတယ်။ Lactobacillus reuteri အမျိုးအစား Probiotic က ကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာကို ကုသရာမှာ ထိရောက်တဲ့အာနိသင်ရှိပါတယ်။ Lactobacillus reuteri သောက်သုံးထားတဲ့ ကလေးတွေမှာ လေနာအမြန်သက်သာစေတာ လေ့လာတွေ့ရှိမှုတွေကို သက်သေပြခဲ့ကြပါတယ်။

• သွားပိုးစားခြင်းကို ကာကွယ်ပေးတယ်။ Probiotic သောက်သုံးတဲ့ ကလေးတွေက သွားကျန်းမာရေး ပိုကောင်းတယ်၊ သွားပိုးစားတာ အဖြစ်နည်းတယ်လို့တွေ့ရှိရပါတယ်။

• အူနဲ့ပတ်သက်တဲ့ရောဂါတွေကို ကုသနိုင်တယ်။ တချို့ဖြည့်စွက်စာဆေးဝါးတွေမှာ ပါဝင်တဲ့ Probiotic အမျိုးအစားတွေက ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ လေထိုးလေအောင့်၊ ဗိုက်ပွခြင်း၊ လေနာဝေဒနာတွေရဲ့ လက္ခဏာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ Crohn’s disease(အစာအိမ်၊ အူနံရံရောင်ရောဂါ) သို့မဟုတ်Irritable Bowel Syndrome (နာတာရှည်အူလမ်းကြောင်းရောဂါစု) တို့လို နာတာရှည်ရောဂါတွေအတွက် ထိရောက်မှုရှိပါတယ်။ ဝမ်းချုပ်နေတဲ့ကလေးတွေမှာ Lactobacillus reuteri probiotics က ဝမ်းမှန်အောင် ကူညီပေးပါတယ်။

• ဝမ်းလျှောခြင်းကို ကုသနိုင်တယ်။ ဝမ်းလျှောခြင်းကိုကုသရမှာ probiotics ရဲ့အရေးပါမှုက သိသာထင်ရှားပါတယ်။ probioticsတွေက ပဋိဇီဝပိုးသတ်ဆေးတွေကြောင့်ဖြစ်တဲ့ ဝမ်းသွားခြင်းကို ကာကွယ်နိုင်တဲ့ အစွမ်းလည်းရှိပါတယ်။

• ရောဂါပိုးဝင်ခြင်းတွေကို ကာကွယ်ပေးတယ်။ ဒိန်ချဉ်လိုမျိုး သဘာဝအတိုင်း probioticsတွေပါဝင်တဲ့ အစားအစာတွေက ကလေးတွေမှာ အသက်ရှူလမ်းကြောင်းပြဿနာတွေ၊ ကလေးနှင်းခူနာနဲ့ အစားအစာဓာတ်မတည့်မှုတွေကို သက်သာစေပါတယ်။

ကလေးတွေမှာ probiotics ကောင်းစွာရရှိနိုင်မှလေပွခြင်း၊ လေနာဝေဒနာ၊ အစာခြေရည်ပြန်ဆန်တက်ခြင်း စတဲ့ဝေဒနာတွေကို ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကလေးကငယ်သေးတယ်ဆိုရင် probiotics ကို ဖြည်းဖြည်းချင်း တိုက်ကျွေးပေးသင့်ပါတယ်။ နို့ဗူးဖျော်တဲ့အခါ သို့မဟုတ် ညှစ်ထုတ်ထားတဲ့မိခင်နို့ထဲမှာ probiotics ထည့်တိုက်နိုင်ပါတယ်။

ကလေးတွေအတွက် အသင့်တော်ဆုံးက ဒိန်ချဉ်နဲ့ တခြားအချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာတွေ့ရတဲ့ Lactobacillusprobiotic အမျိုးအစားပါ။ Lactobacillus က ဝမ်းပျက်ဝမ်းလျှောခြင်းကို ကုသဖို့နဲ့ ကာကွယ်ဖို့ ထိရောက်မှုရှိပါတယ်။ ဒါ့အပြင် ကလေးတွေမှာ လေနာဝေဒနာ၊ အဆုတ်ပိုးဝင်ခြင်း၊ulcerative colitis(အစာခြေလမ်းကြောင်းအနာဖြစ်ခြင်း)၊ Irritable Bowel Syndrome (နာတာရှည်အူလမ်းကြောင်းရောဂါစု)တို့ကို ကုသနိုင်ပါတယ်။

ကလေးကို Probiotics ဘယ်လိုပေးမလဲ

ကလေးတွေအတွက် အကျိုးကျေးဇူးများလှတဲ့ probiotics ကို ကလေးအတွက်သီးသန့်ထုတ်တဲ့ အစက်ချဆေးတွေကနေ ရရှိနိုင်ပါတယ်။ ကလေးကို တိုက်မယ့် နို့ရည် သို့မဟုတ် ဖျော်ရည်တစ်ခုခုထဲကို အစက်ချပြီး ထည့်တိုက်ရုံပါပဲ။ တစ်နေ့တစ်ကြိမ် ဆေးရည် ငါးစက်တိုက်လို့ရပါတယ်။ ဘက်တီးရီးယားလေးတွေ ပျက်စီးကုန်မှာ စိုးရတာကြောင့် အပူထဲတော့ ထည့်မဖျော်ပါနဲ့။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကေလးအတြက္ အက်ိဳးျပဳဘက္တီးရီးယား အက်ိဳးေက်းဇူးမ်ားသလား ကေလးအတြက္ အက်ိဳးျပဳဘက္တီးရီးယား အက်ိဳးေက်းဇူးမ်ားသလား Reviewed by THITHTOOLWIN on 03:45 Rating: 5
Powered by Blogger.