ေျမပံုၿမိဳ႕နယ္ စညင္းရြာတြင္ စစ္ေဘးေရွာင္စခန္းမခ်ရန္ နယ္လံုဝန္ၾကီးက အမိန္႔ထုတ္ထားဟု တပ္မေတာ္တံု႕ျပန္

(ဓာတ္ပံု- သဘာ၀နဒီပို႕စ္)
(Zawgyi)⤵⤵⤵
စစ္ေတြ၊ ဇန္နဝါရီ ၂၇ /၂၀၂၀

ရခုိင္ျပည္နယ္၊ ေျမပံုၿမိဳ႕နယ္ စညင္းေက်းရြာတြင္ စစ္ေဘးေရွာင္စခန္းမခ်ရန္ ျပည္နယ္အစုိးရအဖြဲ႕မွ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗုိလ္မွဴးႀကီးမင္းသန္းက အမိန္႔ထုတ္ထားသည္ဟု တပ္ဘက္က တံု႕ျပန္ ေျပာဆိုေၾကာင္း စစ္ေဘးေရွာင္စခန္းမွ ဦးဇင္း သဘာဝနဒီက နိရဥၥရာသတင္းဌာနသို႔ မိန္႔ၾကားသည္။

ယမန္ေန႕က စညင္းေက်းရြာ စစ္ေရွာင္စခန္းအား တပ္မေတာ္ စစ္ေၾကာင္း တစ္ခုမွ ၀င္ေရာက္ ဖ်က္ဆီးျပီး အတင္းဓမၼ ေျပာင္းေရႊ႕ခိုင္းျပီးေနာက္ ယေန႔ ဇန္နဝါရီလ ၂၇ ရက္ေန႔ မြန္းတည့္ ၁၂ နာရီခန္႔ အခ်ိန္ကလည္း တပ္မေတာ္ စစ္ေၾကာင္း တစ္ခု ထပ္မံေရာက္ရွိလာျပီး ရခိုင္ျပည္နယ္ နယ္လံု ဝန္ႀကီး ဗုိလ္မွဴးႀကီးမင္းသန္းက အမိန္႔ အရ စစ္ေဘးေရွာင္စခန္းမခ်ရန္ တားျမစ္သြားခဲ့သည္ဟု ဦးဇင္း သဘာဝနဒီက ေျပာဆိုသည္။

“အိမ္ေထာင္စုစာရင္းလာစစ္တယ္။ လူစာရင္းလာစစ္တယ္။ ေနာက္ျပီးေတာ့ နယ္လံုဝန္ၾကီးက ဒီေနရာမွာ ကယ္ဆယ္ေရးစခန္းမခ်ရလို႔ အမိန္႔ထုတ္တယ္လို႔ ေျပာပါတယ္။ ဒီေန႕ လာတာက တပ္မ ၆၆ က။ ဦးဇင္းတို႔ဘက္က ျပန္လို႔ေတာင္းဆိုမႈက အဲလိုဆိုရင္ တရားဝင္ စာရြက္ေတြ ယူလာခဲ့ေပါ့ေနာ္။ ေနာက္ျပီးေတာ့ ဒုကၡသည္ေတြအတြက္ ေျမေနရာေပးလို႔ ဦးဇင္းတုိ႔ ျပန္ၿပီး ေတာင္းဆိုထားတယ္။”ဟု ဦးဇင္းသဘာဝနဒီက မိန္႔သည္။

ထိုေနရာတြင္ စစ္ေဘးေရွာင္စခန္းမခ်ရဟု အမိန္႔ထုတ္ထားျခင္းအား ဟုတ္/မဟုတ္ ေမးျမန္းတင္ျပရန္ ရခုိင္ျပည္နယ္အစိုးရအဖြဲ႔ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ၾကီး ဗိုလ္မွဴးၾကီး မင္းသန္းအား နိရဥၥရာသတင္းဌာနက ယေန႔ ေန႔လယ္ ၂ နာရီခန္႔ႏွင့္ ညေန ၃ နာရီခဲြခန္႔တုိ႔တြင္ ဖုန္းျဖင့္ဆက္သြယ္ခဲ့ရာ ဖုန္းလက္ခံေျဖဆိုျခင္းမရွိသျဖင့္ ေမးျမန္းတင္ျပေပးႏိုင္ျခင္းမရွိေသးပါ။

ယမန္ေန႕ ဇန္နဝါရီလ ၂၆ ရက္ေန႔ ည ၁၁ နာရီခန္႔တြင္ စညင္းစစ္ေဘးေရွာင္စခန္းသုိ႔ တပ္မေတာ္ စစ္ေၾကာင္းတစ္ခုက ေသနတ္ပစ္ေဖာက္ ဝင္ေရာက္လာျပီး ထိုေနရာတြင္ ဒုကၡသည္ စခန္းခ် မေနထိုင္ရန္ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ စစ္ေဘးေရွာင္လူဦးေရ ၃၀၀ ေက်ာ္ ေၾကာက္လန္႔ ထြက္ေျပးသြားေၾကာင္း ဦးဇင္း သဘာဝနဒီက မိန္႔ၾကားသည္။

“လူဦးေရ သံုးရာေက်ာ္ေလာက္ ထြက္ေျပးသြားၾကတယ္။ ဘယ္ကိုေျပးၾကလဲ ဦးဇင္းလည္း မသိဘူး။ အခုဒီမွာ မေျပးဘဲ တစ္ရာေက်ာ္ေလာက္ပဲ က်န္ေတာ့တယ္။ သူတို႕ကေတာ့ ဒီမွာ ဆက္ေနၾကမယ္”ဟု ဦးဇင္း သဘာဝနဒီက မိန္႔ၾကားသည္။

ထြက္မေျပးဘဲ စညင္းစစ္ေဘးေရွာင္စခန္းတြင္ က်န္ရွိေနခဲ့သည့္ အင္ၾကင္းေက်းရြာမွ စစ္ေဘးေရွာင္ ဒုကၡသည္တစ္ဦးက ေျပးစရာေနရာမရွိသည့္အတြက္ ထိုစစ္ေဘးေရွာင္စခန္းမွာပင္ ဆက္လက္ ေနထိုင္သြားမည္ဟု ေျပာသည္။

“က်ေနာ္တို႔မွာ ေနာက္ထပ္ေျပာင္းဖို႔ေနရာလည္း မရွိပါ။ ေျပာင္းဖို႔အစီအစဥ္လည္းမရွိပါ။ ဒီမွာ ဆက္ေနလို႔ စစ္တပ္ကလာျပီး ဒုကၡေပးရင္လည္း အေသခံျပီးေနေတာ့မယ္။ ဒီမွာေနရင္ ရြာနဲ႔လည္း နီးတယ္။ အဲဒါေၾကာင့္ ဘယ္ကိုမွမသြားေတာ့ဘူး။ ဒီမွာပဲ ကုပ္ကပ္ျပီးေနေတာ့မယ္” ဟု စစ္ေဘးေရွာင္တစ္ဦးက ေျပာသည္။

ထိုစခန္းတြင္ စစ္ေဘးေရွာင္မ်ား ဆက္လက္ေနထိုင္မည္ဟု ဆုိသျဖင့္ ေျမပံုျမိဳ႕နယ္ ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး ဦးစိန္လွေမာင္ထံသို႔ ဆက္သြယ္ေမးျမန္းခဲ့ရာ ၄င္းက ထိုေနရာတြင္ တရားဝင္ စခန္းခ်ထားေပးျခင္း မရွိေၾကာင္း ျပန္လည္ေျဖၾကားသည္။

ဦးစိန္လွေမာင္က “က်ေနာ္တို႔မွာေတာ့ စစ္ေဘးေရွာင္ရွိတယ္ဆိုရင္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ေနျပီးေတာ့တင္တယ္။ ဒီေန႔ ဒီအခ်ိန္မွာ ဘယ္ရြာကလူေတြ ဘယ္မွာအိမ္ေထာင္စုဘယ္ႏွစ္စု အဲလိုတင္တယ္။ အဲလိုတင္တဲ့အေပၚမွာ က်ေနာ္တို႔ကေနျပီးေတာ့ တခါတည္း ခရိုင္တို႔၊ အစိုးရ အဖြဲ႔ရံုးကို စာတင္တယ္။ စာတင္ျပီးမွပဲ လူ/ကယ္/ျပန္ကေနျပီးေတာ့ အဲဒီမွာ က်ေနာ္တို႔ တင္ထားတဲ့လူဦးေရအေပၚမွာ က်ေနာ္တို႔က ဆန္ေပးတယ္။ ျပန္လည္ေနရာခ်ထားဖို႔က က်ေနာ္တို႔က ဒုကၡသည္စခန္း ၂၅ ခုကိုေမးတယ္။ ေမးတဲ့အခါမွာ အစိုးရကေနျပီးေတာ့ ေဆာက္ေပးတဲ့အေဆာက္အဦေတြမွာ ေနလိုျခင္းဆႏၵရွိ /မရွိကို က်ေနာ္တို႔ ဆႏၵ သေဘာထား ေကာက္ခံပါတယ္။ အခုကျမိဳ႕ေပၚရပ္ကြက္မွာ ၄ ခုရွိတယ္။ အဲဒီျမိဳ႕ေပၚရပ္ကြက္က လူေတြကပဲေနမယ္။ က်န္တဲ့ေနရာကလူေတြက မေနဆိုျပီးေတာ႔ ဆႏၵျပဳၾကတယ္”ဟု ေျပာသည္။

စညင္းစစ္ေဘးေရွာင္စခန္းအား ထိုေနရာတြင္ မခ်ဖို႔ စစ္တပ္က ညဥ့္ အခ်ိန္ ဝင္ေရာက္ ၿခိမ္းေျခာက္မႈမ်ားအား မီဒီယာကေနတဆင့္ သိခဲ့ရေၾကာင္း၊ ထိုသုိ႔ဟိုးလဲတေက်ာ္ လုပ္သည့္ ကိစၥ ျပည္သူေတြအေပၚမွာ မတရား အႏိုင္က်င့္သည့္ကိစၥ အေပၚ ရခိုင္ျပည္နယ္ဆိုင္ရာ အစိုးရအဖြဲ႔က ထိုသို႔မျပဳလုပ္ရန္ တာဝန္ယူျပီး ေျဖရွင္းေပးသင့္သည္ဟု ထင္ေၾကာင္း အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမက ေျပာသည္။

“ဒီျပည္နယ္အစိုးရက ဘာေၾကာင့္ေနျပီးေတာ့ ဒီလိုေဆာင္ရြက္တယ္ဆိုတာမ်ိဳး ေလ့လာျပီးေတာ့မွ ဒါကို ေနာင္မွာ ဒီလိုမျဖစ္ဖို႔ ျပည္နယ္အစိုးရအေနနဲ႔တာဝန္ရွိပါတယ္။ ဒါကိုေနျပီးေတာ့ သက္ဆိုင္ရာ သူ႔ရဲ႕ျမိဳ႕နယ္မွာရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ ျပည္နယ္အစိုးရကို တင္ဖို႔လိုသလို သက္ဆိုင္ရာ အဖြဲ႕အစည္းကိုလည္းပဲ ဒီလိုေဆာင္ရြက္ရတဲ့အေၾကာင္းအရင္းနဲ႔ တကယ္လို႔ ေနာင္မွာဒီလိုမ်ိဳး မျဖစ္ေအာင္ေနျပီးေတာ့ တားဆီးရမယ္။ ကာကြယ္ရမဲ့ တာဝန္ရွိတယ္။ ဝတၱရားရွိတယ္။ အနီးစပ္ဆံုးကေတာ့ ဒါျပည္နယ္အစိုးရမွာ လံုးဝတာဝန္ရွိပါတယ္။ ျပည္နယ္အစိုးရအေနနဲ႔ ဒီစစ္ေဘးေရွာင္ေတြကို ထားဖို႔ေနရာေပးကတည္းက ဒါကိုျပည္နယ္အစိုးရက အတည္ျပဳျပီးသား ျဖစ္ပါတယ္။”ဟု ေဒၚထုေမက ေျပာသည္။

စညင္းစစ္ေဘးေရွာင္စခန္းမွ ယာယီတဲအခ်ဳိ႕ႏွင့္ ဗီႏိုင္းမ်ားကုိ ဇန္နဝါရီလ ၂၆ ရက္ေန႔ ည ၁၁ နာရီခန္႔တြင္ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ဝင္ေရာက္ဖ်က္ဆီးသြားသည္ဟု ရြာသားမ်ားက ေျပာဆိုသည့္ အေပၚ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းသို႕ ဆက္သြယ္ေမးၾကည့္ရာ “ က်ေနာ္လည္း ဒီအေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ကိုဘဲ လွမ္းေမးၾကည့္ပါတယ္။ အဲဒီမွာေတာ့ ဖ်က္သိမ္းတာေတာ့မရွိဘူးခင္ဗ်ာ။ လံုၿခံဳေရးအရ က်ေနာ္တို႔ သြားေရာက္ခဲ့တာေတာ့ရွိတယ္။ လံုၿခံဳေရးအရ စိစစ္ခဲ့တယ္လို႔ သိရပါတယ္။ အဲေလာက္ဘဲ ေျပာႏိုင္ပါမယ္။ အဓိက က်ေနာ္တို႔လံုၿခံဳေရးအရ က်ေနာ္တို႔ စိစစ္ထားတာဘဲရွိတယ္။ က်ေနာ္တို႔ ေျပာင္းခုိင္းဖို႔လည္း မရွိဘူးဆိုတာ က်ေနာ္တို႔သိရပါဗ်” ဟု ေျပာဆိုသည္။

---------------------------
Unicode:

မြေပုံမြို့နယ် စညင်းရွာတွင် စစ်ဘေးရှောင်စခန်းမချရန် နယ်လုံဝန်ကြီးက အမိန့်ထုတ်ထားဟု တပ်မတော်တုံ့ပြန်

သန့်မြတ်ခိုင်
စစ်တွေ၊ ဇန်နဝါရီ ၂၇ /၂၀၂၀

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် စညင်းကျေးရွာတွင် စစ်ဘေးရှောင်စခန်းမချရန် ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက အမိန့်ထုတ်ထားသည်ဟု တပ်ဘက်က တုံ့ပြန် ပြောဆိုကြောင်း စစ်ဘေးရှောင်စခန်းမှ ဦးဇင်း သဘာဝနဒီက နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

ယမန်နေ့က စညင်းကျေးရွာ စစ်ရှောင်စခန်းအား တပ်မတော် စစ်ကြောင်း တစ်ခုမှ ဝင်ရောက် ဖျက်ဆီးပြီး အတင်းဓမ္မ ပြောင်းရွှေ့ခိုင်းပြီးနောက် ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့် အချိန်ကလည်း တပ်မတော် စစ်ကြောင်း တစ်ခု ထပ်မံရောက်ရှိလာပြီး ရခိုင်ပြည်နယ် နယ်လုံ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက အမိန့် အရ စစ်ဘေးရှောင်စခန်းမချရန် တားမြစ်သွားခဲ့သည်ဟု ဦးဇင်း သဘာဝနဒီက ပြောဆိုသည်။

“အိမ်ထောင်စုစာရင်းလာစစ်တယ်။ လူစာရင်းလာစစ်တယ်။ နောက်ပြီးတော့ နယ်လုံဝန်ကြီးက ဒီနေရာမှာ ကယ်ဆယ်ရေးစခန်းမချရလို့ အမိန့်ထုတ်တယ်လို့ ပြောပါတယ်။ ဒီနေ့ လာတာက တပ်မ ၆၆ က။ ဦးဇင်းတို့ဘက်က ပြန်လို့တောင်းဆိုမှုက အဲလိုဆိုရင် တရားဝင် စာရွက်တွေ ယူလာခဲ့ပေါ့နော်။ နောက်ပြီးတော့ ဒုက္ခသည်တွေအတွက် မြေနေရာပေးလို့ ဦးဇင်းတို့ ပြန်ပြီး တောင်းဆိုထားတယ်။”ဟု ဦးဇင်းသဘာဝနဒီက မိန့်သည်။

ထိုနေရာတွင် စစ်ဘေးရှောင်စခန်းမချရဟု အမိန့်ထုတ်ထားခြင်းအား ဟုတ်/မဟုတ် မေးမြန်းတင်ပြရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား နိရဥ္စရာသတင်းဌာနက ယနေ့ နေ့လယ် ၂ နာရီခန့်နှင့် ညနေ ၃ နာရီခွဲခန့်တို့တွင် ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသဖြင့် မေးမြန်းတင်ပြပေးနိုင်ခြင်းမရှိသေးပါ။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် စညင်းစစ်ဘေးရှောင်စခန်းသို့ တပ်မတော် စစ်ကြောင်းတစ်ခုက သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး ထိုနေရာတွင် ဒုက္ခသည် စခန်းချ မနေထိုင်ရန် ခြိမ်းခြောက်မှုများကြောင့် စစ်ဘေးရှောင်လူဦးရေ ၃၀၀ ကျော် ကြောက်လန့် ထွက်ပြေးသွားကြောင်း ဦးဇင်း သဘာဝနဒီက မိန့်ကြားသည်။

“လူဦးရေ သုံးရာကျော်လောက် ထွက်ပြေးသွားကြတယ်။ ဘယ်ကိုပြေးကြလဲ ဦးဇင်းလည်း မသိဘူး။ အခုဒီမှာ မပြေးဘဲ တစ်ရာကျော်လောက်ပဲ ကျန်တော့တယ်။ သူတို့ကတော့ ဒီမှာ ဆက်နေကြမယ်”ဟု ဦးဇင်း သဘာဝနဒီက မိန့်ကြားသည်။

ထွက်မပြေးဘဲ စညင်းစစ်ဘေးရှောင်စခန်းတွင် ကျန်ရှိနေခဲ့သည့် အင်ကြင်းကျေးရွာမှ စစ်ဘေးရှောင် ဒုက္ခသည်တစ်ဦးက ပြေးစရာနေရာမရှိသည့်အတွက် ထိုစစ်ဘေးရှောင်စခန်းမှာပင် ဆက်လက် နေထိုင်သွားမည်ဟု ပြောသည်။

“ကျနော်တို့မှာ နောက်ထပ်ပြောင်းဖို့နေရာလည်း မရှိပါ။ ပြောင်းဖို့အစီအစဉ်လည်းမရှိပါ။ ဒီမှာ ဆက်နေလို့ စစ်တပ်ကလာပြီး ဒုက္ခပေးရင်လည်း အသေခံပြီးနေတော့မယ်။ ဒီမှာနေရင် ရွာနဲ့လည်း နီးတယ်။ အဲဒါကြောင့် ဘယ်ကိုမှမသွားတော့ဘူး။ ဒီမှာပဲ ကုပ်ကပ်ပြီးနေတော့မယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ထိုစခန်းတွင် စစ်ဘေးရှောင်များ ဆက်လက်နေထိုင်မည်ဟု ဆိုသဖြင့် မြေပုံမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက ထိုနေရာတွင် တရားဝင် စခန်းချထားပေးခြင်း မရှိကြောင်း ပြန်လည်ဖြေကြားသည်။

ဦးစိန်လှမောင်က “ကျနော်တို့မှာတော့ စစ်ဘေးရှောင်ရှိတယ်ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးက နေပြီးတော့တင်တယ်။ ဒီနေ့ ဒီအချိန်မှာ ဘယ်ရွာကလူတွေ ဘယ်မှာအိမ်ထောင်စုဘယ်နှစ်စု အဲလိုတင်တယ်။ အဲလိုတင်တဲ့အပေါ်မှာ ကျနော်တို့ကနေပြီးတော့ တခါတည်း ခရိုင်တို့၊ အစိုးရ အဖွဲ့ရုံးကို စာတင်တယ်။ စာတင်ပြီးမှပဲ လူ/ကယ်/ပြန်ကနေပြီးတော့ အဲဒီမှာ ကျနော်တို့ တင်ထားတဲ့လူဦးရေအပေါ်မှာ ကျနော်တို့က ဆန်ပေးတယ်။ ပြန်လည်နေရာချထားဖို့က ကျနော်တို့က ဒုက္ခသည်စခန်း ၂၅ ခုကိုမေးတယ်။ မေးတဲ့အခါမှာ အစိုးရကနေပြီးတော့ ဆောက်ပေးတဲ့အဆောက်အဦတွေမှာ နေလိုခြင်းဆန္ဒရှိ /မရှိကို ကျနော်တို့ ဆန္ဒ သဘောထား ကောက်ခံပါတယ်။ အခုကမြို့ပေါ်ရပ်ကွက်မှာ ၄ ခုရှိတယ်။ အဲဒီမြို့ပေါ်ရပ်ကွက်က လူတွေကပဲနေမယ်။ ကျန်တဲ့နေရာကလူတွေက မနေဆိုပြီးတော့ ဆန္ဒပြုကြတယ်”ဟု ပြောသည်။

စညင်းစစ်ဘေးရှောင်စခန်းအား ထိုနေရာတွင် မချဖို့ စစ်တပ်က ညဉ့် အချိန် ဝင်ရောက် ခြိမ်းခြောက်မှုများအား မီဒီယာကနေတဆင့် သိခဲ့ရကြောင်း၊ ထိုသို့ဟိုးလဲတကျော် လုပ်သည့် ကိစ္စ ပြည်သူတွေအပေါ်မှာ မတရား အနိုင်ကျင့်သည့်ကိစ္စ အပေါ် ရခိုင်ပြည်နယ်ဆိုင်ရာ အစိုးရအဖွဲ့က ထိုသို့မပြုလုပ်ရန် တာဝန်ယူပြီး ဖြေရှင်းပေးသင့်သည်ဟု ထင်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

“ဒီပြည်နယ်အစိုးရက ဘာကြောင့်နေပြီးတော့ ဒီလိုဆောင်ရွက်တယ်ဆိုတာမျိုး လေ့လာပြီးတော့မှ ဒါကို နောင်မှာ ဒီလိုမဖြစ်ဖို့ ပြည်နယ်အစိုးရအနေနဲ့တာဝန်ရှိပါတယ်။ ဒါကိုနေပြီးတော့ သက်ဆိုင်ရာ သူ့ရဲ့မြို့နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်နယ်အစိုးရကို တင်ဖို့လိုသလို သက်ဆိုင်ရာ အဖွဲ့အစည်းကိုလည်းပဲ ဒီလိုဆောင်ရွက်ရတဲ့အကြောင်းအရင်းနဲ့ တကယ်လို့ နောင်မှာဒီလိုမျိုး မဖြစ်အောင်နေပြီးတော့ တားဆီးရမယ်။ ကာကွယ်ရမဲ့ တာဝန်ရှိတယ်။ ဝတ္တရားရှိတယ်။ အနီးစပ်ဆုံးကတော့ ဒါပြည်နယ်အစိုးရမှာ လုံးဝတာဝန်ရှိပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ ဒီစစ်ဘေးရှောင်တွေကို ထားဖို့နေရာပေးကတည်းက ဒါကိုပြည်နယ်အစိုးရက အတည်ပြုပြီးသား ဖြစ်ပါတယ်။”ဟု ဒေါ်ထုမေက ပြောသည်။

စညင်းစစ်ဘေးရှောင်စခန်းမှ ယာယီတဲအချို့နှင့် ဗီနိုင်းများကို ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်ဖျက်ဆီးသွားသည်ဟု ရွာသားများက ပြောဆိုသည့် အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်မေးကြည့်ရာ “ ကျနော်လည်း ဒီအနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုဘဲ လှမ်းမေးကြည့်ပါတယ်။ အဲဒီမှာတော့ ဖျက်သိမ်းတာတော့မရှိဘူးခင်ဗျာ။ လုံခြုံရေးအရ ကျနော်တို့ သွားရောက်ခဲ့တာတော့ရှိတယ်။ လုံခြုံရေးအရ စိစစ်ခဲ့တယ်လို့ သိရပါတယ်။ အဲလောက်ဘဲ ပြောနိုင်ပါမယ်။ အဓိက ကျနော်တို့လုံခြုံရေးအရ ကျနော်တို့ စိစစ်ထားတာဘဲရှိတယ်။ ကျနော်တို့ ပြောင်းခိုင်းဖို့လည်း မရှိဘူးဆိုတာ ကျနော်တို့သိရပါဗျ” ဟု ပြောဆိုသည်။

(ဓာတ်ပုံ- သဘာဝနဒီပို့စ်)
သန္႔ျမတ္ခိုင္
Narinjara
https://www.facebook.com/narinjara.info/posts
ေျမပံုၿမိဳ႕နယ္ စညင္းရြာတြင္ စစ္ေဘးေရွာင္စခန္းမခ်ရန္ နယ္လံုဝန္ၾကီးက အမိန္႔ထုတ္ထားဟု တပ္မေတာ္တံု႕ျပန္ ေျမပံုၿမိဳ႕နယ္ စညင္းရြာတြင္ စစ္ေဘးေရွာင္စခန္းမခ်ရန္ နယ္လံုဝန္ၾကီးက အမိန္႔ထုတ္ထားဟု တပ္မေတာ္တံု႕ျပန္ Reviewed by THITHTOOLWIN on 00:29 Rating: 5
Powered by Blogger.