အေျမာက္ၾကီးမ်ားပစ္ခတ္ရာမွ ေျမၾကီးတုန္ခါမႈျဖစ္၍ ေျမာက္ဦးရွိ သမိုင္းဝင္ကိုးေသာင္းဘုရား ၿပိဳက် ပ်က္စီးမႈမ်ားျဖစ္ေပၚေန

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ဇန္နဝါရီ ၂၇ / ၂၀၂၀

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕ရွိ သမိုင္းဝင္ ကိုးေသာင္းဘုရား ပုထိုးေတာ္ၾကီး၏ အစိတ္အပိုင္း အခ်ိဳ႕မွာ အေျမာက္ၾကီးမ်ား ပစ္ခတ္ရာမွ ေျမၾကီးတုန္ခါမႈ ျဖစ္ျပီး ၿပိဳက်ပ်က္စီးမႈမ်ား ျဖစ္ေပၚေနေၾကာင္း သတင္းရရွိသည္။

ေ႐ွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (ေျမာက္ဦးဌာနခြဲ)မွ ဦးစီးအရာ႐ွိ ဦးသိန္းထြန္းက "အဲဒါကို ကြၽန္ေတာ္တို႔လည္း အဲဒီဘက္ကို သြားၾကည့္လို႔မရေသးဘူးဗ်။ နည္းနည္းလံုျခံဳမႈ မ႐ွိလို႔ေပါ့ေနာ္။ သတင္းကေတာ့ အဲလိုမ်ိဳး ကြၽန္ေတာ္တို႔လည္း ၾကားပါတယ္။ ေလာေလာဆယ္ကေတာ့ ကြၽန္ေတာ္တို႔ ကြင္းဆင္းလို႔မရေသးပါဘူး။ ကြင္းဆင္းၿပီးမွ ဘာဆက္လုပ္ရမလဲ အေသခ်ာေျပာႏိုင္မယ္"ဟု နိရဥၥရာ သတင္းဌာနသို႕ ေျပာသည္။

ကိုးေသာင္းဘုရား အတြင္း လိူင္ဂူ ေျမာက္ဘက္ႏွင့္ အေနာက္ေျမာက္ဘက္ ေနရာ တစ္ေလွ်ာက္လံုးတြင္ ေခါင္မိုးႏွင့္ နံရံတို႔မွာ အက္ကြဲေနကာ တျဖည္းျဖည္း ၿပိဳက်ေနၿပီး အလြန္ ဆိုးရြားေသာ အေျခေနတြင္ ေရာက္ရွိေနေၾကာင္း ေျမာက္ဦးေဒသ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ ထိန္းသိမ္း ေစာင့္ေရွာက္ေရး ေကာ္မတီ ဥကၠ႒ ေဒၚခင္သန္းက ေျပာသည္။

“အရင္တုန္းက လက္နက္ႀကီး ပစ္ခတ္လို႔ အက္ကြဲေနတဲ့ အပိုင္းေတြ ၿပိဳက်ေနတယ္။ ေနာက္ထပ္ ဒါကို ထပ္ၿပီး မထိန္းရင္ ဒီထက္ ထပ္ၿပီး ၿပိဳဖို႔ပဲ ရွိပါတယ္။ ကိုးေသာင္းရဲ႕ ပတ္ပတ္လည္ အေျမာက္ေတြနဲ႔ ပစ္တယ္ေနတဲ့ အတြက္ ကိုးေသာင္းဘုရားရဲ႕ အေျခေနက လံုးဝမေကာင္းဘူး။ ၿပိဳက်ေတာ့မယ္ေပါ့ေနာ္။ အခု ဆက္တိုက္ ၿပိဳက်ေနပါတယ္”ဟု ေဒၚခင္သန္းက နိရဥၥရာသုိ႔ ေျပာသည္။

ရခိုင္ျပည္နယ္တြင္ ၂၀၁၉ ခုႏွစ္အတြင္းမွစ၍ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ အၾကားတြင္ တိုက္ပြဲ အျပန္အလွန္ ျဖစ္ပြားလ်က္ရွိေနျပီး ေျမာက္ဦးၿမိဳ႕ေပၚရွိ တပ္ရင္းမ်ားမွ အေျမာက္ၾကီးမ်ားျဖင့္ ေန႕စဥ္ ရက္ဆက္ပစ္ခတ္မႈမ်ား ရွိေနခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

၎တပ္ရင္းမ်ားမွ ပစ္ခတ္ေသာ အေျမာက္ၾကီးမ်ားမွာ မည္သည့္ အမ်ိဳးအစား လက္နက္ၾကီးမ်ား ျဖစ္သည္ကို မသိရွိေသာ္လည္း အတြဲလိုက္ဒံုးမ်ား တစ္လံုး တစ္လံုး ပစ္ခတ္လွ်င္ ျမိဳ႕တစ္ခုလံုး ထိန္႕ပါသြားျပီး ေျမၾကီးမ်ားပါ တုန္ခါသြားသည္ဟု ေဒသခံမ်ားက ဆိုသည္။

၎ျပင္ ေရွးေဟာင္းသမိုင္းဝင္ ဘုရားေစတီ၊ ပုထုိးေတာ္၊ က်ံဳး၊ စသည္ေနရာတို႕တြင္လည္း တုိက္ပြဲျဖစ္ပြားရာမွ လက္နက္ႀကီး၊ လက္နက္ငယ္ က်ည္မ်ား က်ေရာက္ ေပါက္ကြဲမႈမ်ား ရွိေနေၾကာင္းလည္း သိရသည္။

“ဒီတုိက္ပြဲေတြကေနၿပီးေတာ့ လက္နက္ႀကီးေတြ ပစ္ခတ္မႈေတြေၾကာင့္ေပါ့ေနာ္။ ေရွးေဟာင္း ယဥ္ေက်းမႈ အေမြအႏွစ္ေတြ ထိခိုက္ပ်က္စီးတာဟာ ကြ်န္မတို႔အတြက္ အစားထိုးမရတဲ့ ဆံုးရႈံးမႈပါပဲ။ အရမ္းကို ဝမ္းနည္းဖို႔ ေကာင္းလြန္းပါတယ္။ ဒီကိုးေသာင္းဘုရား ၿပိဳက်ေနတာဟာ တိုုက္ပြဲေတြ စျဖစ္ကတည္းက အခ်ိန္ကတည္းကပါ” ဟု ေဒၚခင္သန္းက ေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္ၿပီး ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန (ေျမာက္ဦးဌာနခြဲ) မွ ညႊန္ၾကားေရးမွဴး ေဒါက္တာသန္းထိုက္က “ကြ်န္ေတာ္တို႔က ထိန္းသိန္းေရး အလုပ္ေတြကို လုပ္မွာပါ။ ေရွးေဟာင္းဘုရားေတြကို ႏွစ္အလိုက္ ဦးစားေပးၿပီး ျပဳျပင္ ထိန္းသိမ္းမႈေတြ ကြ်န္ေတာ္တို႔ ရွိပါတယ္။” ဟု နိရဥၥရာသုိ႔ ေျပာသည္။

ကုိးေသာင္းပုထိုးေတာ္ႀကီးကုိ ေအဒီ ၁၅၅၃-၁၅၅၆ ခုႏွစ္တြင္ ရခိုင္ဘုရင္ မင္းတိကၡာက တည္ထားခဲ့သည့္ ေရွးေဟာင္းသမုိ္င္းဝင္ ပုထုိးေတာ္ႀကီးျဖစ္သည္ဟု သမုိင္း မွတ္တမ္းမ်ား အရ သိရသည္။

ေျမာက္ဦးယဥ္ေက်းမႈနယ္ေျမအတြင္း တုိက္ပြဲမ်ားမေဖာ္ေဆာင္ၾကရန္ႏွင့္ ပစ္ခတ္ တုိက္ခိုက္္မႈမ်ား မျပဳလုပ္ၾကရန္ ႏွစ္ဘက္လက္နက္ကုိင္အဖြဲ႕အစည္းမ်ားအား ရခိုင္ျပည္နယ္ အစုိးရအေနျဖင့္ တုိက္တြန္းေပးရန္ေတာင္းဆုိသည့္အဆိုတစ္ခုကုိ ၂ဝ၁၉ ခုႏွစ္၊ ေမလ ၈ ရက္ေန႔ကက်င္းပသည့္ ရခိုင္ျပည္နယ္လႊတ္ေတာ္အစည္းအေဝးတြင္ အတည္ ျပဳႏိုင္ခဲ့ေသာ္လည္း လက္နက္ၾကီး ပစ္ခတ္မႈမ်ားမွာ ဆက္လက္ရွိေနဆဲဟု သိရသည္။

ေျမာက္ဦးေဒသကို ကမၻာ့ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ (UNESCO) စာရင္းဝင္ေရး အဆိုျပဳလႊာမူၾကမ္းအား ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၂၅ ရက္ေန႔က ျပင္သစ္ႏိုင္ငံ ကမၻာ့အေမြအႏွစ္ရံုးသို႔ တင္သြင္းထားၿပီျဖစ္ၿပီး ယခုႏွစ္ လာမည့္ ၾသဂုတ္လတြင္ UNESCO မွ တာဝန္ရွိသူမ်ားသည္ ေျမာက္ဦးသို႔ လာေရာက္ေလ့လာၾကေတာ့မည္ဟုလည္း သိရသည္။

ေျမာက္ဦးယဥ္ေက်းမႈ ေဒသရွိ ယဥ္ေက်းမႈ အေမြအႏွစ္ေတြ မေပ်ာက္ဆုံး၊ မပ်က္စီးေစေရး ေရွးရႈၿပီး နိုင္ငံတကာ သေဘာတူညီခ်က္ပါ ျပ႒ာန္းခ်က္မ်ားကို ႏွစ္ဘက္အဖြဲ႕အစည္းမ်ားက ေလးစားလိုက္နာၿပီး စစ္မဲ့ဇုန္အျဖစ္ ႏွစ္ဖက္အဖြဲ႕အစည္းေတြက သေဘာတူညီခ်က္ ထားရွိေပးၾကရန္လည္း ျမန္မာနိုင္ငံ ေရွးေဟာင္း သုေတသနပညာ အသင္းက ၂ဝ၁၉ ခုႏွစ္ မတ္လ ၁၈ ရက္ေန႔တြင္ ေၾကညာခ်က္ထုတ္ျပန္ေတာင္းဆုိထားသည္။

------------------------

Unicode:

အမြောက်ကြီးများပစ်ခတ်ရာမှ မြေကြီးတုန်ခါမှုဖြစ်၍ မြောက်ဦးရှိ သမိုင်းဝင်ကိုးသောင်းဘုရား ပြိုကျ ပျက်စီးမှုများဖြစ်ပေါ်နေ

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇ / ၂၀၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ သမိုင်းဝင် ကိုးသောင်းဘုရား ပုထိုးတော်ကြီး၏ အစိတ်အပိုင်း အချို့မှာ အမြောက်ကြီးများ ပစ်ခတ်ရာမှ မြေကြီးတုန်ခါမှု ဖြစ်ပြီး ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ဦးစီးအရာရှိ ဦးသိန်းထွန်းက "အဲဒါကို ကျွန်တော်တို့လည်း အဲဒီဘက်ကို သွားကြည့်လို့မရသေးဘူးဗျ။ နည်းနည်းလုံခြုံမှု မရှိလို့ပေါ့နော်။ သတင်းကတော့ အဲလိုမျိုး ကျွန်တော်တို့လည်း ကြားပါတယ်။ လောလောဆယ်ကတော့ ကျွန်တော်တို့ ကွင်းဆင်းလို့မရသေးပါဘူး။ ကွင်းဆင်းပြီးမှ ဘာဆက်လုပ်ရမလဲ အသေချာပြောနိုင်မယ်"ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကိုးသောင်းဘုရား အတွင်း လိူင်ဂူ မြောက်ဘက်နှင့် အနောက်မြောက်ဘက် နေရာ တစ်လျှောက်လုံးတွင် ခေါင်မိုးနှင့် နံရံတို့မှာ အက်ကွဲနေကာ တဖြည်းဖြည်း ပြိုကျနေပြီး အလွန် ဆိုးရွားသော အခြေနေတွင် ရောက်ရှိနေကြောင်း မြောက်ဦးဒေသ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

“အရင်တုန်းက လက်နက်ကြီး ပစ်ခတ်လို့ အက်ကွဲနေတဲ့ အပိုင်းတွေ ပြိုကျနေတယ်။ နောက်ထပ် ဒါကို ထပ်ပြီး မထိန်းရင် ဒီထက် ထပ်ပြီး ပြိုဖို့ပဲ ရှိပါတယ်။ ကိုးသောင်းရဲ့ ပတ်ပတ်လည် အမြောက်တွေနဲ့ ပစ်တယ်နေတဲ့ အတွက် ကိုးသောင်းဘုရားရဲ့ အခြေနေက လုံးဝမကောင်းဘူး။ ပြိုကျတော့မယ်ပေါ့နော်။ အခု ဆက်တိုက် ပြိုကျနေပါတယ်”ဟု ဒေါ်ခင်သန်းက နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်းမှစ၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြားတွင် တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားလျက်ရှိနေပြီး မြောက်ဦးမြို့ပေါ်ရှိ တပ်ရင်းများမှ အမြောက်ကြီးများဖြင့် နေ့စဉ် ရက်ဆက်ပစ်ခတ်မှုများ ရှိနေခဲ့သည်ဟု ဒေသခံများက ပြောသည်။

၎င်းတပ်ရင်းများမှ ပစ်ခတ်သော အမြောက်ကြီးများမှာ မည်သည့် အမျိုးအစား လက်နက်ကြီးများ ဖြစ်သည်ကို မသိရှိသော်လည်း အတွဲလိုက်ဒုံးများ တစ်လုံး တစ်လုံး ပစ်ခတ်လျှင် မြို့တစ်ခုလုံး ထိန့်ပါသွားပြီး မြေကြီးများပါ တုန်ခါသွားသည်ဟု ဒေသခံများက ဆိုသည်။

၎င်းပြင် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီ၊ ပုထိုးတော်၊ ကျုံး၊ စသည်နေရာတို့တွင်လည်း တိုက်ပွဲဖြစ်ပွားရာမှ လက်နက်ကြီး၊ လက်နက်ငယ် ကျည်များ ကျရောက် ပေါက်ကွဲမှုများ ရှိနေကြောင်းလည်း သိရသည်။

“ဒီတိုက်ပွဲတွေကနေပြီးတော့ လက်နက်ကြီးတွေ ပစ်ခတ်မှုတွေကြောင့်ပေါ့နော်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ထိခိုက်ပျက်စီးတာဟာ ကျွန်မတို့အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုပါပဲ။ အရမ်းကို ဝမ်းနည်းဖို့ ကောင်းလွန်းပါတယ်။ ဒီကိုးသောင်းဘုရား ပြိုကျနေတာဟာ တိုုက်ပွဲတွေ စဖြစ်ကတည်းက အချိန်ကတည်းကပါ” ဟု ဒေါ်ခင်သန်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က “ကျွန်တော်တို့က ထိန်းသိန်းရေး အလုပ်တွေကို လုပ်မှာပါ။ ရှေးဟောင်းဘုရားတွေကို နှစ်အလိုက် ဦးစားပေးပြီး ပြုပြင် ထိန်းသိမ်းမှုတွေ ကျွန်တော်တို့ ရှိပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

ကိုးသောင်းပုထိုးတော်ကြီးကို အေဒီ ၁၅၅၃-၁၅၅၆ ခုနှစ်တွင် ရခိုင်ဘုရင် မင်းတိက္ခာက တည်ထားခဲ့သည့် ရှေးဟောင်းသမို်င်းဝင် ပုထိုးတော်ကြီးဖြစ်သည်ဟု သမိုင်း မှတ်တမ်းများ အရ သိရသည်။

မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်း တိုက်ပွဲများမဖော်ဆောင်ကြရန်နှင့် ပစ်ခတ် တိုက်ခိုက််မှုများ မပြုလုပ်ကြရန် နှစ်ဘက်လက်နက်ကိုင်အဖွဲ့အစည်းများအား ရခိုင်ပြည်နယ် အစိုးရအနေဖြင့် တိုက်တွန်းပေးရန်တောင်းဆိုသည့်အဆိုတစ်ခုကို ၂ဝ၁၉ ခုနှစ်၊ မေလ ၈ ရက်နေ့ကကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည် ပြုနိုင်ခဲ့သော်လည်း လက်နက်ကြီး ပစ်ခတ်မှုများမှာ ဆက်လက်ရှိနေဆဲဟု သိရသည်။

မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်ရေး အဆိုပြုလွှာမူကြမ်းအား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့က ပြင်သစ်နိုင်ငံ ကမ္ဘာ့အမွေအနှစ်ရုံးသို့ တင်သွင်းထားပြီဖြစ်ပြီး ယခုနှစ် လာမည့် သြဂုတ်လတွင် UNESCO မှ တာဝန်ရှိသူများသည် မြောက်ဦးသို့ လာရောက်လေ့လာကြတော့မည်ဟုလည်း သိရသည်။

မြောက်ဦးယဉ်ကျေးမှု ဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်တွေ မပျောက်ဆုံး၊ မပျက်စီးစေရေး ရှေးရှုပြီး နိုင်ငံတကာ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များကို နှစ်ဘက်အဖွဲ့အစည်းများက လေးစားလိုက်နာပြီး စစ်မဲ့ဇုန်အဖြစ် နှစ်ဖက်အဖွဲ့အစည်းတွေက သဘောတူညီချက် ထားရှိပေးကြရန်လည်း မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာ အသင်းက ၂ဝ၁၉ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုထားသည်။

ေဆာင္းဇာျခည္
Narinjara
https://www.facebook.com/narinjara.info
အေျမာက္ၾကီးမ်ားပစ္ခတ္ရာမွ ေျမၾကီးတုန္ခါမႈျဖစ္၍ ေျမာက္ဦးရွိ သမိုင္းဝင္ကိုးေသာင္းဘုရား ၿပိဳက် ပ်က္စီးမႈမ်ားျဖစ္ေပၚေန အေျမာက္ၾကီးမ်ားပစ္ခတ္ရာမွ ေျမၾကီးတုန္ခါမႈျဖစ္၍ ေျမာက္ဦးရွိ သမိုင္းဝင္ကိုးေသာင္းဘုရား ၿပိဳက် ပ်က္စီးမႈမ်ားျဖစ္ေပၚေန Reviewed by THITHTOOLWIN on 00:27 Rating: 5
Powered by Blogger.