ဝူဟန္ ဗုိင္းရပ္စ္ ေၾကာင့္ မူဆယ္လာလည္မည့္ တရုတ္ႏုိင္ငံသား ေထာင္ခ်ီ ခရီးစဥ္ဖ်က္

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၂၇၊၂၀၂၀

တရုတ္- ျမန္မာ နယ္စပ္ မူဆယ္ၿမိဳ႕ သို႔ လာေရာက္လည္ပတ္မည့္ တရုတ္ႏုိင္ငံသား ေထာင္ခ်ီ သည္ ခရီးစဥ္ဖ်က္သိမ္းလိုက္ေၾကာင္း သတင္းရရွိသည္။

ယခုႏွစ္ တရုတ္ႏွစ္သစ္ကူးကာလ အတြင္း တရုတ္ႏုိင္ငံတြင္ ျဖစ္ပြားေနသည့္ ဝူဟန္ ဗုိင္းရပ္(စ္) ေရာဂါေၾကာင့္ တရုတ္ ျမန္မာ နယ္စပ္ မူဆယ္သို႔ လာေရာက္လည္ပတ္မည့္ တရုတ္ႏုိင္ငံသာမ်ား ခရီးစဥ္ ဖ်က္သိမ္းမႈ ရွိသည္ ဟု မူဆယ္ၿမိဳ႕ခရီးသြားလုပ္ငန္းလုပ္ေဆာင္ေနသည့္သူမ်ားထံ သိရသည္။

“ ဒီလို အခ်ိန္မွာ မူဆယ္၊ နမ့္ခမ္း ကို လည္ပတ္မယ့္ တရုတ္ႏိုင္ငံသားေတြ ၇ေထာင္၊ ၈ေထာင္ေလာက္ရွိတယ္။ ဒီႏွစ္ အတြက္လည္း ၄ေထာင္ လာဖုိ႔ ေျပာထားတယ္။ ဒါေပမယ့္ ခရီးစဥ္က ဖ်က္သိမ္းလိုက္ရတယ္” ဟု ခရီးသြားလုပ္ငန္းလုပ္ေနသူ စိုင္းလွ က ျပန္ေျပာျပသည္။

ယခင္ႏွစ္ တရုတ္ႏွစ္သစ္ကူးကာလတြင္ မူဆယ္ၿမိဳ႕နယ္ အတြင္းလာေရာက္လည္ပတ္သည့္ တရုတ္လူမ်ိဳး တရက္လွ်င္ တေသာင္းနီးပါး ရွိသည္ ဟု သိရသည္။

အသက္ရွဴလမ္းေၾကာင္း ၾကပ္မႈ ႏွင့္ အဆုပ္ေရာင္ (ဝူဟန္ ဗုိင္းရပ္စ္) ထိန္းခ်ဳပ္ရန္ အတြက္ ဇန္နဝါရီ ၂၆ရက္ေန႔မွ စတင္ကာ တရုတ္ႏိုင္ငံ ယူနန္ျပည္နယ္ ေရႊလီၿမိဳ႕ တြင္ ပန္းၿခံ၊ ဟုိတယ္ ႏွင့္ ခန္းထုိက္ ကစားဝိုင္းမ်ားအားလံုးကို ယာယီ ပိတ္ထားေၾကာင္းလည္း တရုတ္ အစိုးရ က ေၾကညာခ်က္ထုတ္ခဲ့သည္။

“ တရုတ္ဘက္က လည္စရာေတြ၊ အားလံုးမေန႔က စပိတ္တယ္။ ႏွစ္ျပည္ တရြာ လည္တဲ့ေနရာလည္း ပိတ္လိုက္ၿပီ။ မႏွစ္က ဒီလုိအခ်ိန္ဆို တရက္တည္း တေသာင္းေက်ာ္ထိ လာလည္ၾကတယ္” ဟု စိုင္းလွ က ထပ္ေလာင္းေျပာျပသည္။

တရုတ္- ျမန္မာ မူဆယ္ၿမိဳ႕နယ္ အတြင္း ရွိ နယ္စပ္ဂိတ္မ်ားျဖစ္သည့္ ဆင္ျဖဴဂိတ္၊ ေရႊနန္းေတာ္ ဂိတ္၊ မန္႔ဝိန္းဂိတ္ ႏွင့္ ပန္ဆုိင္း (ဝမ္တိန္ဂိတ္) တုိ႔ကို ယေန႔ အခ်ိန္ထိ ဖြင့္လွစ္ထားေၾကာင္းလည္း မူဆယ္ၿမိဳ႕ေဒသခံမ်ားက ဆုိသည္။

“ ဂိတ္ေတြကေတာ့ ဖြင့္ေနေသးတယ္။ ဝင္၊ထြက္သြားလာတာကေတာ့ နည္းသြားတယ္။ ဂိတ္ေတြမွာေတာ့ က်န္းမာေရ စစ္ေဆးတာေတြ ရွိတယ္” ဟု မူဆယ္ၿမိဳ႕ေတာင္ရပ္ကြက္ ေဒသခံ စိုင္းအြမ္ေခး က ေျပာသည္။

ယခုကာလသည္ တရုတ္ႏွစ္သစ္ကူး ကာလျဖစ္သည့္ အတြက္ နယ္စပ္ကုန္သြယ္မႈ ထိခုိက္မႈ သိပ္မရွိေသးေသာ္လည္း တႏိုင္တပိုင္း ေစ်းသည္မ်ားအတြက္ အနည္းငယ္ ထိခုိက္မႈရွိေၾကာင္း လည္း စိုင္းအြမ္ေခး က ဆုိသည္။

လက္ရွိ နယ္စပ္ ေဒသ မူဆယ္၊ နမ့္ခမ္း တေလ်ာက္ ဝူဟန္ ဗိုင္းရပ္(စ္) ကာကြယ္ေရး အတြက္ သက္ဆုိင္ရာ က်န္းမာေရး ဌာန က ပညာေပးမႈ အားနည္းအတြက္ ေဒသခံမ်ား စိုးရိမ္မႈ မ်ားရွိေနေၾကာင္းလည္း သိရသည္။

ဝူဟန္ဗုိင္းရပ္(စ္) ေရာဂါမ်ား ကာကြယ္ရန္ အတြက္ သွ်မ္းျပည္ အေရ႕ွပိုင္း အထူးေဒသ (၄) မုိင္းလား ကလည္း ကစားေပ်ာ္ရႊင္သည့္ ေနရာမ်ား ကို ယာယီရပ္နားထားေၾကာင္း၊ အကပေဒသာေဖ်ာ္ေျဖျခင္း၊ ေပ်ာ္ပြဲ ရႊင္ပြဲ က်င္းပျခင္းႏွင့္ ဘာသာေရး ဆုိင္ရာ လုပ္ငန္းမ်ား က်င္းပျခင္း တို႔ကို ဖ်က္သိမ္းရန္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

ထုိ႔ျပင္ ၿမိဳ႕ မေစ်းႏွင့္ စားေသာက္ဆိုင္ မ်ားတြင္ ေတာရုိင္းတိရိစၦာန္ ေရာင္းခ်ျခင္းမ်ား မျပဳလုပ္ရန္လည္း ဇန္နဝါရီ ၂၆ရက္ ထုတ္ျပန္သည့္ ေၾကညာခ်က္တြင္ေရးသားထားသည္။

ယေန႔အခ်ိန္ထိ တရုတ္ႏုိင္ငံ တြင္ ဝူဟန္ေရာဂါကူးစက္သည့္ သူ ၂၇၄၄ဦး ရွိၿပီး၊ ေသဆံုးသူ ၈၀ ဦး ရွိေၾကာင္း တရုတ္ အစိုးရ ထုတ္ျပန္ခ်က္ အရ သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
----------
(Unicode)⤵⤵⤵
ဝူဟန် ဗိုင်းရပ်စ် ကြောင့် မူဆယ်လာလည်မည့် တရုတ်နိုင်ငံသား ထောင်ချီ ခရီးစဉ်ဖျက်

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၂၇၊၂၀၂၀

တရုတ်- မြန်မာ နယ်စပ် မူဆယ်မြို့ သို့ လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသား ထောင်ချီ သည် ခရီးစဉ်ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ယခုနှစ် တရုတ်နှစ်သစ်ကူးကာလ အတွင်း တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဝူဟန် ဗိုင်းရပ်(စ်) ရောဂါကြောင့် တရုတ် မြန်မာ နယ်စပ် မူဆယ်သို့ လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသာများ ခရီးစဉ် ဖျက်သိမ်းမှု ရှိသည် ဟု မူဆယ်မြို့ခရီးသွားလုပ်ငန်းလုပ်ဆောင်နေသည့်သူများထံ သိရသည်။

“ ဒီလို အချိန်မှာ မူဆယ်၊ နမ့်ခမ်း ကို လည်ပတ်မယ့် တရုတ်နိုင်ငံသားတွေ ၇ထောင်၊ ၈ထောင်လောက်ရှိတယ်။ ဒီနှစ် အတွက်လည်း ၄ထောင် လာဖို့ ပြောထားတယ်။ ဒါပေမယ့် ခရီးစဉ်က ဖျက်သိမ်းလိုက်ရတယ်” ဟု ခရီးသွားလုပ်ငန်းလုပ်နေသူ စိုင်းလှ က ပြန်ပြောပြသည်။

ယခင်နှစ် တရုတ်နှစ်သစ်ကူးကာလတွင် မူဆယ်မြို့နယ် အတွင်းလာရောက်လည်ပတ်သည့် တရုတ်လူမျိုး တရက်လျှင် တသောင်းနီးပါး ရှိသည် ဟု သိရသည်။

အသက်ရှူလမ်းကြောင်း ကြပ်မှု နှင့် အဆုပ်ရောင် (ဝူဟန် ဗိုင်းရပ်စ်) ထိန်းချုပ်ရန် အတွက် ဇန်နဝါရီ ၂၆ရက်နေ့မှ စတင်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ တွင် ပန်းခြံ၊ ဟိုတယ် နှင့် ခန်းထိုက် ကစားဝိုင်းများအားလုံးကို ယာယီ ပိတ်ထားကြောင်းလည်း တရုတ် အစိုးရ က ကြေညာချက်ထုတ်ခဲ့သည်။

“ တရုတ်ဘက်က လည်စရာတွေ၊ အားလုံးမနေ့က စပိတ်တယ်။ နှစ်ပြည် တရွာ လည်တဲ့နေရာလည်း ပိတ်လိုက်ပြီ။ မနှစ်က ဒီလိုအချိန်ဆို တရက်တည်း တသောင်းကျော်ထိ လာလည်ကြတယ်” ဟု စိုင်းလှ က ထပ်လောင်းပြောပြသည်။

တရုတ်- မြန်မာ မူဆယ်မြို့နယ် အတွင်း ရှိ နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်၊ ရွှေနန်းတော် ဂိတ်၊ မန့်ဝိန်းဂိတ် နှင့် ပန်ဆိုင်း (ဝမ်တိန်ဂိတ်) တို့ကို ယနေ့ အချိန်ထိ ဖွင့်လှစ်ထားကြောင်းလည်း မူဆယ်မြို့ဒေသခံများက ဆိုသည်။

“ ဂိတ်တွေကတော့ ဖွင့်နေသေးတယ်။ ဝင်၊ထွက်သွားလာတာကတော့ နည်းသွားတယ်။ ဂိတ်တွေမှာတော့ ကျန်းမာရေ စစ်ဆေးတာတွေ ရှိတယ်” ဟု မူဆယ်မြို့တောင်ရပ်ကွက် ဒေသခံ စိုင်းအွမ်ခေး က ပြောသည်။

ယခုကာလသည် တရုတ်နှစ်သစ်ကူး ကာလဖြစ်သည့် အတွက် နယ်စပ်ကုန်သွယ်မှု ထိခိုက်မှု သိပ်မရှိသေးသော်လည်း တနိုင်တပိုင်း ဈေးသည်များအတွက် အနည်းငယ် ထိခိုက်မှုရှိကြောင်း လည်း စိုင်းအွမ်ခေး က ဆိုသည်။

လက်ရှိ နယ်စပ် ဒေသ မူဆယ်၊ နမ့်ခမ်း တလျောက် ဝူဟန် ဗိုင်းရပ်(စ်) ကာကွယ်ရေး အတွက် သက်ဆိုင်ရာ ကျန်းမာရေး ဌာန က ပညာပေးမှု အားနည်းအတွက် ဒေသခံများ စိုးရိမ်မှု များရှိနေကြောင်းလည်း သိရသည်။

ဝူဟန်ဗိုင်းရပ်(စ်) ရောဂါများ ကာကွယ်ရန် အတွက် သျှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလား ကလည်း ကစားပျော်ရွှင်သည့် နေရာများ ကို ယာယီရပ်နားထားကြောင်း၊ အကပဒေသာဖျော်ဖြေခြင်း၊ ပျော်ပွဲ ရွှင်ပွဲ ကျင်းပခြင်းနှင့် ဘာသာရေး ဆိုင်ရာ လုပ်ငန်းများ ကျင်းပခြင်း တို့ကို ဖျက်သိမ်းရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြို့ မဈေးနှင့် စားသောက်ဆိုင် များတွင် တောရိုင်းတိရိစ္ဆာန် ရောင်းချခြင်းများ မပြုလုပ်ရန်လည်း ဇန်နဝါရီ ၂၆ရက် ထုတ်ပြန်သည့် ကြေညာချက်တွင်ရေးသားထားသည်။

ယနေ့အချိန်ထိ တရုတ်နိုင်ငံ တွင် ဝူဟန်ရောဂါကူးစက်သည့် သူ ၂၇၄၄ဦး ရှိပြီး၊ သေဆုံးသူ ၈၀ ဦး ရှိကြောင်း တရုတ် အစိုးရ ထုတ်ပြန်ချက် အရ သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ဝူဟန္ ဗုိင္းရပ္စ္ ေၾကာင့္ မူဆယ္လာလည္မည့္ တရုတ္ႏုိင္ငံသား ေထာင္ခ်ီ ခရီးစဥ္ဖ်က္ ဝူဟန္ ဗုိင္းရပ္စ္ ေၾကာင့္ မူဆယ္လာလည္မည့္ တရုတ္ႏုိင္ငံသား ေထာင္ခ်ီ ခရီးစဥ္ဖ်က္ Reviewed by THITHTOOLWIN on 00:31 Rating: 5
Powered by Blogger.