ရွမ္းျပည္နယ္၌ ၁၂ ဘီးယာဥ္တစ္စီး ဘရိတ္ေပါက္၍ ေတာင္ေအာက္သို႔ ျပဳတ္က် တိမ္းေမွာက္ ၊ လူသုံးဦး ေသဆုံး

ေတာင္ေအာက္သို႔ ျပဳတ္က် တိမ္းေမွာက္သြားသည့္ ယာဥ္အား မီးသတ္ တပ္ဖြဲ႕ဝင္မ်ား ရွာေဖြ ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္စဥ္(ဓာတ္ပုံ - Myanmar Fire Services Department)
(Zawgyi)⤵⤵⤵
ရန္ကုန္ ၊ ဇန္နဝါရီ ၆ ရက္(ဆင္ဟြာ)

ရွမ္းျပည္နယ္ လြိဳင္လင္ ၿမိဳ႕နယ္၌ ၁၂ ဘီးယာဥ္ တစ္စီးသည္ ဇန္နဝါရီ ၅ ရက္ ညေနပိုင္းတြင္ ဘရိတ္ေပါက္ကာ ေတာင္ေအာက္သို႔ ျပဳတ္က် တိမ္းေမွာက္ခဲ့သျဖင္ ယာဥ္ေပၚပါ လူသုံးဦး ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ ဦးစီးဌာနမွ ယေန႔ သတင္း ထုတ္ျပန္ခဲ့သည္။

လြိဳင္လင္-မိုင္းပြန္ကားလမ္းမေပၚရွိ မိုင္တိုင္အမွတ္ (၁၆၅/၃) ႏွင့္ (၁၆၅/၄)အၾကားတြင္ Nissan (၁၂)ဘီး(အျပာေရာင္) ယာဥ္သည္ ဘရိတ္ေပါက္၍ ေတာင္ေအာက္သို႔ ျပဳတ္က်တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ရာ လြိဳင္လင္ခ႐ိုင္မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးယာဥ္(၁)စီး၊ သူနာတင္ယာဥ္(၁)စီး၊ သေႏၶ(၂၀)ဦးတို႔ျဖင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား သြားေရာက္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါ ခရီးသည္ က်ား(၇)ဦးအနက္ (၃)ဦး ေသဆုံးခဲ့ၿပီး (၄)ဦး ထိခိုက္ ဒဏ္ရာ(မစိုးရိမ္ရ) ရတို႔အား ေမတၱာၿခဳံလႊာလူမႈကူညီေရးအသင္း ႏွင့္ အျဖဴေရာင္လူငယ္ပရဟိတအသင္းတို႔မွ လြိဳင္လင္ ျပည္သူ႔ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
------------
(Unicode)⤵⤵⤵
ရှမ်းပြည်နယ်၌ ၁၂ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ တောင်အောက်သို့ ပြုတ်ကျ တိမ်းမှောက် ၊ လူသုံးဦး သေဆုံး

တောင်အောက်သို့ ပြုတ်ကျ တိမ်းမှောက်သွားသည့် ယာဉ်အား မီးသတ် တပ်ဖွဲ့ဝင်များ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ်(ဓာတ်ပုံ - Myanmar Fire Services Department)

ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် လွိုင်လင် မြို့နယ်၌ ၁၂ ဘီးယာဉ် တစ်စီးသည် ဇန်နဝါရီ ၅ ရက် ညနေပိုင်းတွင် ဘရိတ်ပေါက်ကာ တောင်အောက်သို့ ပြုတ်ကျ တိမ်းမှောက်ခဲ့သဖြင် ယာဉ်ပေါ်ပါ လူသုံးဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

လွိုင်လင်-မိုင်းပွန်ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် (၁၆၅/၃) နှင့် (၁၆၅/၄)အကြားတွင် Nissan (၁၂)ဘီး(အပြာရောင်) ယာဉ်သည် ဘရိတ်ပေါက်၍ တောင်အောက်သို့ ပြုတ်ကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လွိုင်လင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေ(၂၀)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ကျား(၇)ဦးအနက် (၃)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက် ဒဏ်ရာ(မစိုးရိမ်ရ) ရတို့အား မေတ္တာခြုံလွှာလူမှုကူညီရေးအသင်း နှင့် အဖြူရောင်လူငယ်ပရဟိတအသင်းတို့မှ လွိုင်လင် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရွမ္းျပည္နယ္၌ ၁၂ ဘီးယာဥ္တစ္စီး ဘရိတ္ေပါက္၍ ေတာင္ေအာက္သို႔ ျပဳတ္က် တိမ္းေမွာက္ ၊ လူသုံးဦး ေသဆုံး ရွမ္းျပည္နယ္၌ ၁၂ ဘီးယာဥ္တစ္စီး ဘရိတ္ေပါက္၍ ေတာင္ေအာက္သို႔ ျပဳတ္က် တိမ္းေမွာက္ ၊ လူသုံးဦး ေသဆုံး Reviewed by THITHTOOLWIN on 02:39 Rating: 5
Powered by Blogger.