တ႐ုတ္သမၼတခရီးစဥ္ ဘာေတြ ေမွ်ာ္လင့္ႏိုင္မလဲ

၂၀၁၉ ဧၿပီလတုန္းက ႏိုင္ငံေတာ္အတိုင္ပင္ခံ တရုတ္ႏို္င္ငံခရီးစဥ္အတြင္း သမၼတ Xi Jinping ႏွင့္ေတြ႔ဆံု
(Zawgyi / Unicode)

တ႐ုတ္သမၼတတဦးအေနနဲ႔ ျမန္မာႏိုင္ငံကို ႏွစ္ ၂၀အတြင္း ပထမဆံုးအႀကိမ္အျဖစ္ သမၼတ Xi Jinping ျမန္မာႏိ္ုင္ငံကို မၾကာခင္လာေရာက္ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ သမၼတ Xi Jinping ဟာ ၂၀၀၉ ခုႏွစ္တုန္းကေတာ့ ဒုသမၼတအျဖစ္နဲ႔ ျမန္မာႏိ္ုင္ငံကို လာေရာက္ခဲ့ဖူးသလို၊ ကခ်င္ ျမစ္ဆံုစီမံကိန္းမွာ အဓိက လက္မွတ္ထိုးခဲ့တဲ့ တ႐ုတ္ေခါင္းေဆာင္လည္းျဖစ္ပါတယ္။ ဒီ တေခါက္ သူ႔ခရီးစဥ္အတြင္း အဓိက ဘယ္လို ရည္မွန္းထားႏိုင္သလဲ၊ ျမန္မာႏိုင္ငံအေပၚ ဘယ္လို သက္ေရာက္လာႏိုင္သလဲ ဆိုတာေတြကို တ႐ုတ္ ျမန္မာဆက္ဆံေရး ကြ်မ္းက်င္သူ ေဒါက္တာလွေက်ာ္ေဇာကို ကို၀င္မင္း ဆက္သြယ္ေမးျမန္းထားပါတယ္။

ကို၀င္မင္း။ ။ ဒီႏွစ္ဆန္း မၾကာခင္မွာ တရုတ္ႏိုင္ငံ သမၼတ တေယာက္အေနနဲ႔ ႏွစ္ေပါင္းမ်ားစြာအတြင္းမွာ ျမန္မာႏိုင္ငံကို ပထမဦးဆံုးသြားမွာျဖစ္တဲ့အတြက္ ဒီခရီးစဥ္ရဲ႕ အဓိက ထူးျခားမႈက ဘာေတြရွိေနမလဲလို႔ ထင္ပါသလဲ။

ေဒါက္တာလွေက်ာ္ေဇာ။ ။ သမၼတ Xi Jinping က အာဆီယံႏိုင္ငံေတြနဲ႔ ပတ္သက္လို႔ ေတာ္ေတာ္ကို ဂရုတစိုက္ စနစ္တက် သြားဖို႔ အိမ္နီးခ်င္းေပၚလစီဆိုၿပီးေတာ့ အေတာ္ကို ႀကိဳးစားပမ္းစား တည္ေဆာက္ေနတာရွိတယ္။ အထူးသျဖင့္ အာဆီယံႏိုင္ငံေတြမွာ ဖြံ႔ၿဖိဳးမႈ အနိမ့္ဆံုးျဖစ္တဲ့ လာအို၊ Cambodia ၊ ျမန္မာရယ္ကို သူေတာ္ေတာ္ ဂရုစိုက္ပါတယ္။ ဒီအထဲမွာ သူမသြားရေသးတာက ျမန္မာျပည္ပဲ ရွိတာကို ဒါေၾကာင့္ ျမန္မာျပည္ကို သြားတယ္ထင္ပါတယ္။ အခ်ိန္အရ ၾကည့္ရတာေတာ့ အခ်ိန္ေရြးခ်ယ္မႈကေတာ့ ျမန္မာျပည္အတြက္က အေတာ္ ႏိုင္ငံတကာ ဖိအားနဲ႔ အေတာ္ဒုကၡေရာက္ေနတဲ့ အခ်ိန္ျဖစ္ေတာ့ ဒါကို သူကသြားၿပီးေတာ့ အားေပးတဲ့ သေဘာလည္းျဖစ္ႏိုင္တယ္။

ကို၀င္မင္း။ ။ ေနာက္ထပ္ ထူးျခားမႈေတြ ရွိဦးမယ္လို႔ ထင္ပါသလား။

ေဒါက္တာလွေက်ာ္ေဇာ။ ။ ေနာက္တခုက ႏိုင္ငံတကာက ျမန္မာျပည္အေပၚမွာ ဒီေလာက္ဖိအားေတြ မ်ားလာတာကို အထူးသျဖင့္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းေၾကာင့္လို႔ တြက္တယ္၊ သူ႔ကို ျပစ္မွတ္ထားလာတာလို႔ တြက္ပါတယ္။ ဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔ NLD အစိုးရဘက္က ရပ္တည္ေပးဖို႔ လိုတယ္လို႔လည္း တြက္ပံုရတယ္။ ဒါေၾကာင့္မို႔လို႔ ႏုိင္ငံျခားေရး၀န္ႀကီး ၀မ္ယီလည္း သြားတာ ၂ ခါ၊ ၃ ခါေလာက္ရွိၿပီ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဆက္ဆံေရးေကာင္းေအာင္ တည္ေထာင္ထားတာျဖစ္ေတာ့ အဲဒီအေၾကာင္းအခ်က္ေတြ အကုန္ပါမယ္ထင္ပါတယ္။

ကို၀င္မင္း။ ။ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုစိုးရိမ္မႈရွိတာလဲ။

ေဒါက္တာလွေက်ာ္ေဇာ။ ။ ဒီလိုပါ တရုတ္ျပည္ရဲ႕ ပိုးလမ္းမ စီမံကိန္းေတြက အေတာ္ေအာင္ျမင္လာေတာ့ ၊ ေက်ာက္ျဖဴဆိပ္ကမ္းက ပထ၀ီ ႏိုင္ငံေရး အရ ၾကည့္ရင္ အခ်က္အခ်ာက်တဲ့ ေနရာလည္း ပါတယ္။ အဲဒီေနရာမွာ တရုတ္အေျခခ်သြားမွာကို အေနာက္ႏိုင္ငံက သိပ္မႀကိဳက္ဘူးထင္တယ္၊ ၾကည့္ရတာ ။ အိႏိၵယ သမုဒၵရာ ထြက္ေပါက္လည္းျဖစ္တာကို။ ဆိုေတာ့ အဲဒါကို ျမန္မာအစိုးရက သိပ္လိုက္ေလ်ာလိုက္မွာကိုလည္း အေနာက္ႏိုင္ငံေတြက စိုးရိမ္ပံုရတယ္။ ဒါေၾကာင့္မို႔လို႔ ဒီ ရခိုင္ကိစၥ၊ ဘဂၤါလီကိစၥ ဒါေတြမွာ တအား ဖိအားေပးလာတယ္လို႔ တရုတ္တြက္ပံုရတယ္။ ဒါေၾကာင့္မို႔လို႔ ဒီကိစၥေတြမွာ သူက ၀င္ၿပီးေတာ့ ေျဖရွင္းတဲ့သေဘာ ၊ အားေပးတဲ့ သေဘာ၊ ေထာက္ခံတဲ့သေဘာ ျပတာလို႔လည္း ထင္ပါတယ္။

ကို၀င္မင္း။ ။ ဒီပိုးလမ္းမနဲ႔ ပတ္သက္ၿပီးေတာ့ တရုတ္ဘက္က စိုးရိမ္မႈေပါ့ေနာ္ အဓိက ဘာရွိမယ္လို႔ ထင္ပါသလဲ။

ေဒါက္တာလွေက်ာ္ေဇာ။ ။ ပိုးလမ္းမေပါ့ေနာ္ဒီစီမံကိန္းက Xi Jinping ရဲ႕ brainchild ျဖစ္တာကို ။ ေတာ္ေတာ္ေအာင္ျမင္ေနတဲ့ ဥပမာအားျဖင့္ Eurasia တို႔ဘာတို႔ေပ့ါ့ေနာ္ တရုတ္ျပည္ရဲ႕ အေနာက္ေျမာက္ဘက္က ထြက္သြားၿပီးရင္ ဥေရာပအထိ ေရာက္တဲ့ လမ္းေတြက ေတာ္ေတာ္ၿပီးေနၿပီ။ ေနာက္တခါ ပါကစၥတန္ဘက္ကလည္း ေတာ္ေတာ္ၿပီးေနၿပီ။ အဓိက ၄ ႏိုင္ငံျဖတ္တဲ့ တရုတ္ရယ္ ဘဂၤလားေဒ့ရွ္ရယ္၊ ျမန္မာရယ္ ၊ အိႏိၵယရယ္ အဲဒီ ၄ ႏိုင္ငံ ျဖတ္တဲ့ဟာမွာ အဖုအထစ္ေတြ ရွိပံုရတယ္။ အဲဒီေတာ့ အိႏိၵယဘက္ကလည္း သိပ္ၿပီးေတာ့ လိုလိုလားလား သိပ္ၿပီးေတာ့ မရွိေသးဘူးထင္တာကို။ အဲဒါေၾကာင့္ ျမန္မာျပည္ကိုလည္း ဆြဲဖို႔အတြက္ အဲဒါသြားပံုရတယ္။ ျမန္မာျပည္ စၾကၤန္လမ္းကို သူတို႔ ေတာ္ေတာ္ျမန္ျမန္ဆန္ဆန္ျဖစ္ေစခ်င္တယ္ေပါ့ေနာ္။

ကို၀င္မင္း။ ။ ျမန္မာအစိုးရအေနနဲ႔ေရာ ဘယ္လိုမ်ိဳး တံု႔ျပန္သင့္တယ္လို႔ ထင္ပါသလဲ။

ေဒါက္တာလွေက်ာ္ေဇာ။ ။ တျခားႏိုင္ငံေတြက ဒီေလာက္စိတ္ပါလက္ပါ ျမဳွပ္ႏွံမႈ မရွိဘူး။ အဲဒီေတာ့ ေလာေလာဆည္ ေျခသြက္လက္သြယ္နဲ႔ စိတ္ပါလက္ပါ ျမွဳပ္ႏွံေနတာ တရုတ္ပဲ ျဖစ္တာကို ။ အဲဒီေတာ့ ျမန္မာအစိုးရအေနနဲ႔ က်မတို႔မွာ တျခားေရြးခ်ယ္စရာ လမ္းမရွိဘူးေလ။ သူမ်ားလာၿပီး ရင္းႏွီးျမွဳပ္ႏွံရင္ ကိုယ့္ႏိုင္ငံအတြက္ ဘယ္ေလာက္က်န္မလဲ ၊ ကိုယ္က အက်ိဳးအျမတ္ရေအာင္ လုပ္ႏိုင္မလဲ ၾကည့္ၿပီး လက္ခံရမွာပဲ။

ကို၀င္မင္း။ ။ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ေရာ သက္ေရာက္မႈ ဘာေတြရွိလာႏိုင္မလဲအခု။

ေဒါက္တာလွေက်ာ္ေဇာ။ ။ ဒါက တရုတ္က အေစာႀကီးကတည္းက ေျပာၿပီးသား ျမန္မာျပည္မွာ ၿငိမ္းခ်မ္းေရးမရလို႔ကေတာ့ က်ဆံုးႏိုင္ငံႀကီးျဖစ္မွာ ။ ဒါအျပင္ သူတႏိုင္ငံတည္းျဖစ္မွာမဟုတ္ဘူး က်န္တဲ့ ႏိုင္ငံေတြကိုပါ ဆြဲခ်သြားမွာေျပာေတာ့ ျမန္မာျပည္ရဲ႕ ၿငိမ္းခ်မ္းေရး ကိစၥမွာလည္း သူကိုယ္တိုင္ပါ၀င္ေနမွာပဲ၊ သူလည္း ဒီကိစၥကို ထဲထဲ၀င္၀င္ ကူမယ္လို႔ ထင္ပါတယ္။

တ႐ုတ္ သမၼတ Xi Jinping ခရီးစဥ္ရက္ အေသးစိတ္နဲ႔ ပတ္သက္လို႔ေတာ့ ျမန္မာေရာ ၊ တ႐ုတ္ အစိုးရဘက္ကေရာ ထုတ္ျပန္ေၾကညာတာမရွိေသးပါဘူး။ ဒါေပမယ့္ အခု ဇန္နဝါရီလအတြင္းမွာပဲ ခရီးစဥ္ျဖစ္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

.............................

တရုတ်သမ္မတခရီးစဉ် ဘာတွေ မျှော်လင့်နိုင်မလဲ

(Unicode)

တရုတ်သမ္မတတဦးအနေနဲ့ မြန်မာနိုင်ငံကို နှစ် ၂၀အတွင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတ Xi Jinping မြန်မာနိုင်ငံကို မကြာခင်လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ သမ္မတ Xi Jinping ဟာ ၂၀၀၉ ခုနှစ်တုန်းကတော့ ဒုသမ္မတအဖြစ်နဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးသလို၊ ကချင် မြစ်ဆုံစီမံကိန်းမှာ အဓိက လက်မှတ်ထိုးခဲ့တဲ့ တရုတ်ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ဒီ တခေါက် သူ့ခရီးစဉ်အတွင်း အဓိက ဘယ်လို ရည်မှန်းထားနိုင်သလဲ၊ မြန်မာနိုင်ငံအပေါ် ဘယ်လို သက်ရောက်လာနိုင်သလဲ ဆိုတာတွေကို တရုတ် မြန်မာဆက်ဆံရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကို ကိုဝင်မင်း ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဝင်မင်း။ ။ ဒီနှစ်ဆန်း မကြာခင်မှာ တရုတ်နိုင်ငံ သမ္မတ တယောက်အနေနဲ့ နှစ်ပေါင်းများစွာအတွင်းမှာ မြန်မာနိုင်ငံကို ပထမဦးဆုံးသွားမှာဖြစ်တဲ့အတွက် ဒီခရီးစဉ်ရဲ့ အဓိက ထူးခြားမှုက ဘာတွေရှိနေမလဲလို့ ထင်ပါသလဲ။

ဒေါက်တာလှကျော်ဇော။ ။ သမ္မတ Xi Jinping က အာဆီယံနိုင်ငံတွေနဲ့ ပတ်သက်လို့ တော်တော်ကို ဂရုတစိုက် စနစ်တကျ သွားဖို့ အိမ်နီးချင်းပေါ်လစီဆိုပြီးတော့ အတော်ကို ကြိုးစားပမ်းစား တည်ဆောက်နေတာရှိတယ်။ အထူးသဖြင့် အာဆီယံနိုင်ငံတွေမှာ ဖွံ့ဖြိုးမှု အနိမ့်ဆုံးဖြစ်တဲ့ လာအို၊ Cambodia ၊ မြန်မာရယ်ကို သူတော်တော် ဂရုစိုက်ပါတယ်။ ဒီအထဲမှာ သူမသွားရသေးတာက မြန်မာပြည်ပဲ ရှိတာကို ဒါကြောင့် မြန်မာပြည်ကို သွားတယ်ထင်ပါတယ်။ အချိန်အရ ကြည့်ရတာတော့ အချိန်ရွေးချယ်မှုကတော့ မြန်မာပြည်အတွက်က အတော် နိုင်ငံတကာ ဖိအားနဲ့ အတော်ဒုက္ခရောက်နေတဲ့ အချိန်ဖြစ်တော့ ဒါကို သူကသွားပြီးတော့ အားပေးတဲ့ သဘောလည်းဖြစ်နိုင်တယ်။

ကိုဝင်မင်း။ ။ နောက်ထပ် ထူးခြားမှုတွေ ရှိဦးမယ်လို့ ထင်ပါသလား။

ဒေါက်တာလှကျော်ဇော။ ။ နောက်တခုက နိုင်ငံတကာက မြန်မာပြည်အပေါ်မှာ ဒီလောက်ဖိအားတွေ များလာတာကို အထူးသဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကြောင့်လို့ တွက်တယ်၊ သူ့ကို ပြစ်မှတ်ထားလာတာလို့ တွက်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့ NLD အစိုးရဘက်က ရပ်တည်ပေးဖို့ လိုတယ်လို့လည်း တွက်ပုံရတယ်။ ဒါကြောင့်မို့လို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီလည်း သွားတာ ၂ ခါ၊ ၃ ခါလောက်ရှိပြီ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကောင်းအောင် တည်ထောင်ထားတာဖြစ်တော့ အဲဒီအကြောင်းအချက်တွေ အကုန်ပါမယ်ထင်ပါတယ်။

ကိုဝင်မင်း။ ။ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုစိုးရိမ်မှုရှိတာလဲ။

ဒေါက်တာလှကျော်ဇော။ ။ ဒီလိုပါ တရုတ်ပြည်ရဲ့ ပိုးလမ်းမ စီမံကိန်းတွေက အတော်အောင်မြင်လာတော့ ၊ ကျောက်ဖြူဆိပ်ကမ်းက ပထဝီ နိုင်ငံရေး အရ ကြည့်ရင် အချက်အချာကျတဲ့ နေရာလည်း ပါတယ်။ အဲဒီနေရာမှာ တရုတ်အခြေချသွားမှာကို အနောက်နိုင်ငံက သိပ်မကြိုက်ဘူးထင်တယ်၊ ကြည့်ရတာ ။ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်လည်းဖြစ်တာကို။ ဆိုတော့ အဲဒါကို မြန်မာအစိုးရက သိပ်လိုက်လျောလိုက်မှာကိုလည်း အနောက်နိုင်ငံတွေက စိုးရိမ်ပုံရတယ်။ ဒါကြောင့်မို့လို့ ဒီ ရခိုင်ကိစ္စ၊ ဘင်္ဂါလီကိစ္စ ဒါတွေမှာ တအား ဖိအားပေးလာတယ်လို့ တရုတ်တွက်ပုံရတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စတွေမှာ သူက ဝင်ပြီးတော့ ဖြေရှင်းတဲ့သဘော ၊ အားပေးတဲ့ သဘော၊ ထောက်ခံတဲ့သဘော ပြတာလို့လည်း ထင်ပါတယ်။

ကိုဝင်မင်း။ ။ ဒီပိုးလမ်းမနဲ့ ပတ်သက်ပြီးတော့ တရုတ်ဘက်က စိုးရိမ်မှုပေါ့နော် အဓိက ဘာရှိမယ်လို့ ထင်ပါသလဲ။

ဒေါက်တာလှကျော်ဇော။ ။ ပိုးလမ်းမပေါ့နော်ဒီစီမံကိန်းက Xi Jinping ရဲ့ brainchild ဖြစ်တာကို ။ တော်တော်အောင်မြင်နေတဲ့ ဥပမာအားဖြင့် Eurasia တို့ဘာတို့ပေ့ါ့နော် တရုတ်ပြည်ရဲ့ အနောက်မြောက်ဘက်က ထွက်သွားပြီးရင် ဥရောပအထိ ရောက်တဲ့ လမ်းတွေက တော်တော်ပြီးနေပြီ။ နောက်တခါ ပါကစ္စတန်ဘက်ကလည်း တော်တော်ပြီးနေပြီ။ အဓိက ၄ နိုင်ငံဖြတ်တဲ့ တရုတ်ရယ် ဘင်္ဂလားဒေ့ရှ်ရယ်၊ မြန်မာရယ် ၊ အိန္ဒိယရယ် အဲဒီ ၄ နိုင်ငံ ဖြတ်တဲ့ဟာမှာ အဖုအထစ်တွေ ရှိပုံရတယ်။ အဲဒီတော့ အိန္ဒိယဘက်ကလည်း သိပ်ပြီးတော့ လိုလိုလားလား သိပ်ပြီးတော့ မရှိသေးဘူးထင်တာကို။ အဲဒါကြောင့် မြန်မာပြည်ကိုလည်း ဆွဲဖို့အတွက် အဲဒါသွားပုံရတယ်။ မြန်မာပြည် စင်္ကြန်လမ်းကို သူတို့ တော်တော်မြန်မြန်ဆန်ဆန်ဖြစ်စေချင်တယ်ပေါ့နော်။

ကိုဝင်မင်း။ ။ မြန်မာအစိုးရအနေနဲ့ရော ဘယ်လိုမျိုး တုံ့ပြန်သင့်တယ်လို့ ထင်ပါသလဲ။

ဒေါက်တာလှကျော်ဇော။ ။ တခြားနိုင်ငံတွေက ဒီလောက်စိတ်ပါလက်ပါ မြုှပ်နှံမှု မရှိဘူး။ အဲဒီတော့ လောလောဆည် ခြေသွက်လက်သွယ်နဲ့ စိတ်ပါလက်ပါ မြှုပ်နှံနေတာ တရုတ်ပဲ ဖြစ်တာကို ။ အဲဒီတော့ မြန်မာအစိုးရအနေနဲ့ ကျမတို့မှာ တခြားရွေးချယ်စရာ လမ်းမရှိဘူးလေ။ သူများလာပြီး ရင်းနှီးမြှုပ်နှံရင် ကိုယ့်နိုင်ငံအတွက် ဘယ်လောက်ကျန်မလဲ ၊ ကိုယ်က အကျိုးအမြတ်ရအောင် လုပ်နိုင်မလဲ ကြည့်ပြီး လက်ခံရမှာပဲ။

ကိုဝင်မင်း။ ။ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရော သက်ရောက်မှု ဘာတွေရှိလာနိုင်မလဲအခု။

ဒေါက်တာလှကျော်ဇော။ ။ ဒါက တရုတ်က အစောကြီးကတည်းက ပြောပြီးသား မြန်မာပြည်မှာ ငြိမ်းချမ်းရေးမရလို့ကတော့ ကျဆုံးနိုင်ငံကြီးဖြစ်မှာ ။ ဒါအပြင် သူတနိုင်ငံတည်းဖြစ်မှာမဟုတ်ဘူး ကျန်တဲ့ နိုင်ငံတွေကိုပါ ဆွဲချသွားမှာပြောတော့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး ကိစ္စမှာလည်း သူကိုယ်တိုင်ပါဝင်နေမှာပဲ၊ သူလည်း ဒီကိစ္စကို ထဲထဲဝင်ဝင် ကူမယ်လို့ ထင်ပါတယ်။

တရုတ် သမ္မတ Xi Jinping ခရီးစဉ်ရက် အသေးစိတ်နဲ့ ပတ်သက်လို့တော့ မြန်မာရော ၊ တရုတ် အစိုးရဘက်ကရော ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။ ဒါပေမယ့် အခု ဇန်နဝါရီလအတွင်းမှာပဲ ခရီးစဉ်ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

၀င္းမင္း/VOA Burmese
https://burmese.voanews.com
တ႐ုတ္သမၼတခရီးစဥ္ ဘာေတြ ေမွ်ာ္လင့္ႏိုင္မလဲ တ႐ုတ္သမၼတခရီးစဥ္ ဘာေတြ ေမွ်ာ္လင့္ႏိုင္မလဲ Reviewed by THITHTOOLWIN on 02:32 Rating: 5
Powered by Blogger.