အေမရိကန္ႏိုင္ငံ အျမန္လမ္း၌ အစုလိုက္အၿပဳံလိုက္ကားတိုက္မႈျဖစ္ပြား ၅ ဦးေသဆုံး ၊ အေျမာက္အမ်ားဒဏ္ရာရ

အေမရိကန္ႏိုင္ငံ ပင္ဆူေဗးနီးယားျပည္နယ္ အျမန္လမ္းမတြင္ ဇန္နဝါရီ ၅ ရက္နံနက္ပိုင္းက ျဖစ္ပြားေသာ ကားတိုက္မႈျမင္ကြင္းအားေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
 ဝါရွင္တန္ ၊ ဇန္နဝါရီ ၆ ရက္(ဆင္ဟြာ)

အေမရိကန္ႏိုင္ငံ ပင္ဆူေဗးနီးယားျပည္နယ္အတြင္းရွိ အျမန္လမ္းမတစ္ခု၌ ဇန္နဝါရီ ၅ ရက္ နံနက္ပိုင္းက အစုလိုက္အၿပဳံလိုက္ ကားတိုက္မႈတစ္ခု ျဖစ္ပြားရာ အနည္းဆုံး လူ ၅ဦးေသဆုံးၿပီး အေျမာက္အမ်ားထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

အဆိုပါ ကားတိုက္မႈသည္ ပင္ဆူေဗးနီးယားျပည္နယ္ Mount Pleasant ၿမိဳ႕နယ္အတြင္း ေဒသစံေတာ္ခ်ိန္ နံနက္ ၃ နာရီ ၃၄ မိနစ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း Westmoreland ၿမိဳ႕ ျပည္သူလုံၿခဳံေရးဌာနက ဆိုသည္။ေနာက္တြဲယာဥ္ ႏွစ္စီး ၊ ကမာၻလွည့္ခရီးသည္မ်ားလိုက္ပါလာေသာဘတ္စ္ကားတစ္စီး ႏွင့္ ႐ိုး႐ိုးခရီးသည္တင္ယာဥ္တစ္စီးတို႔ ဆင့္ကဲတိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ပင္ဆူေဗးနီးယားျပည္နယ္အေဝးေျပးလမ္းဌာနမွ ေျပာေရးဆိုခြင့္ရွိသူ Carl Defebo ကတြစ္တာလူမႈကြန္ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။

“ ဒဏ္ရာရတဲ့ လူေပါင္း ၆၀ ေက်ာ္ကို Westmoreland ၿမိဳ႕အတြင္းက ေဆး႐ုံသုံး႐ုံကို ခြဲၿပီး ပို႔ေဆာင္ေပးထားပါတယ္။ လူ ငါးေယာက္ ေသဆုံးသြားတယ္လို႔ တရားဝင္အတည္ျပဳခ်က္ရပါတယ္ ” ဟုတြစ္တာတြင္ ဆက္လက္ေဖာ္ျပခဲ့သည္။ယာဥ္မေတာ္တဆမႈ ျဖစ္ပြားရျခင္းႏွင့္ပတ္သက္၍ လတ္တေလာ ရွင္းရွင္းလင္းလင္းမသိရေသးေပ။ ပင္ဆူေဗးနီးယားျပည္နယ္အတြင္းရွိ အေဝးေျပးလမ္းမသည္ အရွည္ ၃၆၀ မိုင္(၅၇၉ ကီလိုမီတာ) ရွိေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
အမေရိကန်နိုင်ငံ အမြန်လမ်း၌ အစုလိုက်အပြုံလိုက်ကားတိုက်မှုဖြစ်ပွား ၅ ဦးသေဆုံး ၊ အမြောက်အများဒဏ်ရာရ

အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယားပြည်နယ် အမြန်လမ်းမတွင် ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက ဖြစ်ပွားသော ကားတိုက်မှုမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယားပြည်နယ်အတွင်းရှိ အမြန်လမ်းမတစ်ခု၌ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက အစုလိုက်အပြုံလိုက် ကားတိုက်မှုတစ်ခု ဖြစ်ပွားရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အမြောက်အများထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ ကားတိုက်မှုသည် ပင်ဆူဗေးနီးယားပြည်နယ် Mount Pleasant မြို့နယ်အတွင်း ဒေသစံတော်ချိန် နံနက် ၃ နာရီ ၃၄ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း Westmoreland မြို့ ပြည်သူလုံခြုံရေးဌာနက ဆိုသည်။နောက်တွဲယာဉ် နှစ်စီး ၊ ကမ္ဘာလှည့်ခရီးသည်များလိုက်ပါလာသောဘတ်စ်ကားတစ်စီး နှင့် ရိုးရိုးခရီးသည်တင်ယာဉ်တစ်စီးတို့ ဆင့်ကဲတိုက်မှုဖြစ်ပွားခဲ့ကြောင်း ပင်ဆူဗေးနီးယားပြည်နယ်အဝေးပြေးလမ်းဌာနမှ ပြောရေးဆိုခွင့်ရှိသူ Carl Defebo ကတွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

“ ဒဏ်ရာရတဲ့ လူပေါင်း ၆၀ ကျော်ကို Westmoreland မြို့အတွင်းက ဆေးရုံသုံးရုံကို ခွဲပြီး ပို့ဆောင်ပေးထားပါတယ်။ လူ ငါးယောက် သေဆုံးသွားတယ်လို့ တရားဝင်အတည်ပြုချက်ရပါတယ် ” ဟုတွစ်တာတွင် ဆက်လက်ဖော်ပြခဲ့သည်။ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ လတ်တလော ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ပင်ဆူဗေးနီးယားပြည်နယ်အတွင်းရှိ အဝေးပြေးလမ်းမသည် အရှည် ၃၆၀ မိုင်(၅၇၉ ကီလိုမီတာ) ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အေမရိကန္ႏိုင္ငံ အျမန္လမ္း၌ အစုလိုက္အၿပဳံလိုက္ကားတိုက္မႈျဖစ္ပြား ၅ ဦးေသဆုံး ၊ အေျမာက္အမ်ားဒဏ္ရာရ အေမရိကန္ႏိုင္ငံ အျမန္လမ္း၌ အစုလိုက္အၿပဳံလိုက္ကားတိုက္မႈျဖစ္ပြား ၅ ဦးေသဆုံး ၊ အေျမာက္အမ်ားဒဏ္ရာရ Reviewed by THITHTOOLWIN on 02:42 Rating: 5
Powered by Blogger.