ဇီး႐ိုးဘတ္ဂ်က္လို႔ လူေျပာမ်ားလာတဲ့ တ႐ုတ္ခရီးသြားေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံနဲ႔ ပူးေပါင္းေျဖရွင္းေန

တ႐ုတ္ခရီးသြားအေနနဲ႔ သြားေရာက္လည္ပတ္တဲ့ေနရာမွာ စည္းကမ္းမရွိတာေတြ၊ ပတ္ဝန္းက်င္ကိုအေႏွာင့္အယွက္ျဖစ္ေစတာေတြ ရွိလာ
(Zawgyi)⤵⤵⤵
ခရီးသြားလုပ္ငန္းမွာ ဇီး႐ိုးဘတ္ဂ်က္လို႔ လူေျပာမ်ားလာတဲ့ တ႐ုတ္ခရီးသြားေတြနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံ နဲ႔ဆက္သြယ္ၿပီး ေျဖရွင္းေဆာင္႐ြက္ေနတယ္လို႔ ဟိုတယ္နဲ႔ခရီးသြားလာေရးၫႊန္ၾကားမႈဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေအးဟန္က ဘီဘီစီကိုေျပာပါတယ္။

အဓိကကေတာ့ တ႐ုတ္ခရီးသြားအေနနဲ႔ သြားေရာက္လည္ပတ္တဲ့ေနရာမွာ စည္းကမ္းမရွိတာေတြ၊ ပတ္ဝန္းက်င္ကိုအေႏွာင့္အယွက္ျဖစ္ေစတာေတြ ရွိလာတာေတြကို ျပန္ၾကားရတယ္လို႔လည္း ဦးေအာင္ေအး ဟန္ကေျပာပါတယ္။

' 'ဒါနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံဘက္ကို ဆက္သြယ္ၿပီး ေျပာေတာ့ အဓိက တ႐ုတ္ကေတာနယ္ေတြ ဘက္က သူေတြကို သူတို႔ ျပည္တြင္း ခရီးသြားလုပ္ငန္းေတြက ယြမ္နည္းနည္းနဲ႔ ျမန္မာကိုသြားလည္ လို႔ရမယ္ဆိုၿပီး ေၾကညာတာ ခရီးစဥ္ေတြကိုေရာင္းခ်တာေတြေၾကာင့္လို႔သိရတယ္။ ဒါေၾကာင့္ ဒီလိုမ်ိဳး ခရီးစဥ္ေတြကို ေဈးေပါေပါနဲ႔ ေရာင္းခ်တာမ်ိဳးေတြကို စိစစ္ဖို႔ ေျပာထားတယ္''လို႔ သူကေျပာျပပါတယ္။

ျမန္မာ- တ႐ုတ္ အၾကားသံတမန္ဆက္သြယ္ေရး ႏွစ္ ၇၀ ျပည့္သြားၿပီျဖစ္တဲ့အတြက္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ဟာ ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္ခဲ့သလို ႏွစ္ႏိုင္ငံအၾကား ကူးလူးဆက္ဆံေရးကို ဒီထက္ပို တိုးျမႇင့္သြားဖို႔ရွိတယ္လို႔လည္း သူ႔ရဲ႕ခရီးစဥ္အတြင္းမွာေျပာဆိုခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵

Image caption တရုတ်ခရီးသွားအနေနဲ့ သွားရောက်လည်ပတ်တဲ့နေရာမှာ စည်းကမ်းမရှိတာတွေ၊ ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ဖြစ်စေတာတွေ ရှိလာ
ဇီးရိုးဘတ်ဂျက်လို့ လူပြောများလာတဲ့ တရုတ်ခရီးသွားတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းဖြေရှင်းနေ

ခရီးသွားလုပ်ငန်းမှာ ဇီးရိုးဘတ်ဂျက်လို့ လူပြောများလာတဲ့ တရုတ်ခရီးသွားတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ နဲ့ဆက်သွယ်ပြီး ဖြေရှင်းဆောင်ရွက်နေတယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ဘီဘီစီကိုပြောပါတယ်။

အဓိကကတော့ တရုတ်ခရီးသွားအနေနဲ့ သွားရောက်လည်ပတ်တဲ့နေရာမှာ စည်းကမ်းမရှိတာတွေ၊ ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ဖြစ်စေတာတွေ ရှိလာတာတွေကို ပြန်ကြားရတယ်လို့လည်း ဦးအောင်အေး ဟန်ကပြောပါတယ်။

' 'ဒါနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်ကို ဆက်သွယ်ပြီး ပြောတော့ အဓိက တရုတ်ကတောနယ်တွေ ဘက်က သူတွေကို သူတို့ ပြည်တွင်း ခရီးသွားလုပ်ငန်းတွေက ယွမ်နည်းနည်းနဲ့ မြန်မာကိုသွားလည် လို့ရမယ်ဆိုပြီး ကြေညာတာ ခရီးစဉ်တွေကိုရောင်းချတာတွေကြောင့်လို့သိရတယ်။ ဒါကြောင့် ဒီလိုမျိုး ခရီးစဉ်တွေကို ဈေးပေါပေါနဲ့ ရောင်းချတာမျိုးတွေကို စိစစ်ဖို့ ပြောထားတယ်''လို့ သူကပြောပြပါတယ်။

မြန်မာ- တရုတ် အကြားသံတမန်ဆက်သွယ်ရေး နှစ် ၇၀ ပြည့်သွားပြီဖြစ်တဲ့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့သလို နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံရေးကို ဒီထက်ပို တိုးမြှင့်သွားဖို့ရှိတယ်လို့လည်း သူ့ရဲ့ခရီးစဉ်အတွင်းမှာပြောဆိုခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ဇီး႐ိုးဘတ္ဂ်က္လို႔ လူေျပာမ်ားလာတဲ့ တ႐ုတ္ခရီးသြားေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံနဲ႔ ပူးေပါင္းေျဖရွင္းေန ဇီး႐ိုးဘတ္ဂ်က္လို႔ လူေျပာမ်ားလာတဲ့ တ႐ုတ္ခရီးသြားေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံနဲ႔ ပူးေပါင္းေျဖရွင္းေန Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.