မင္းျပားက ေပ်ာက္သြားသူအခ်ိဳ႕ကို ေသဆုံးလ်က္ျပန္ေတြ႕၊ ႐ြာသား ၃ဦးကို ေတာ့၂ပတ္ေက်ာ္ၾကာတဲ့အထိ ရွာမေတြ႕

မင္းျပားကေပ်ာက္ဆုံးေနသူအခ်ိဳ႕ကို ေသဆုံးလ်က္ျပန္ေတြ႕
(Zawgyi)⤵⤵⤵
ဇန္နဝါရီ ပထမပတ္ထဲ မင္းျပားၿမိဳ႕နယ္နဲ႔ ေျမပုံၿမိဳ႕နယ္အၾကား ရန္ကုန္-စစ္ေတြအေဝးေျပးကား လမ္းမ တစ္ေလွ်ာက္မွာ တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားခဲ့ခ်ိန္ သင္းပုန္းေခ်ာင္းေက်း႐ြာသားႏွစ္ဦးနဲ႔ ဖားေပ်ာ္ ေက်း႐ြာနဲ႔ ကမ္းနီေက်း႐ြာအၾကား ေဈးဆိုင္ေရာင္းခ်ေန သူ ဦးခက္ေမာင္တို႔ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။

သင္းပုန္းေခ်ာင္းေက်း႐ြာသားႏွစ္ဦးျဖစ္တဲ့ ဦးေမာင္သန္းျမင့္ အသက္ (၄၃) ႏွစ္နဲ႔ ဦးဝင္းေမာင္ အသက္ (၃၂)ႏွစ္ တို႔ႏွစ္ဦးဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၇ ရက္ေန႔ ညဥ့္ ၂ နာရီေက်ာ္ေလာက္မွာ လူတစ္ဦးကဖုန္းဆက္ၿပီး ႐ြာျပင္ကိုထြက္ခဲ့ဖို႔ ေခၚတဲ့အတြက္ ထြက္သြားခဲ့တဲ့ အခ်ိန္ကေန ျပန္မေရာက္ေတာ့ဘဲ ေပ်ာက္ဆုံးသြားခဲ့ တာျဖစ္တယ္လို႔ မိသားစုေတြကေျပာပါတယ္။

" ၇ ရက္ေန႔မိုးလင္း အ႐ုဏ္ ၂ နာရီေက်ာ္ေလာက္က ထြက္သြားတာ။ အဲ့ဒီအခ်ိန္ကေန အဆက္အသြယ္မရ ဘဲ ျဖစ္ေနတာပါ။ ဘယ္လိုကိစၥနဲ႔ထြက္သြားလဲဆိုတာကို အိမ္ကလူေတြကိုလည္းမေျပာခဲ့ဘူး။ သူတို႔ ႏွစ္ေယာက္က နီးနီးကပ္ကပ္ေနတာဆိုေတာ့ သူတို႔ႏွစ္ေယာက္ထြက္သြားတာ။ ဖုန္းဆက္လို႔ေခၚတယ္လို႔ပဲ ေျပာခဲ့တယ္။ ဘယ္သူေခၚလဲဆိုတာ ေျပာမသြားဘူး။"လို႔ ေပ်ာက္ဆုံးေနသူဦးဝင္းေမာင္ရဲ႕ဇနီးျဖစ္သူ ေဒၚနီနီဝင္းကေျပာျပပါတယ္။

 ဘူးသီးေတာင္ၿမိဳ႕မွာလည္း ေပါက္ကြဲမႈေၾကာင့္ကေလးငယ္ေတြ ဒဏ္ရာရ၊ ေသဆုံးတာေတြရွိခဲ့
သူတို႔ေပ်ာက္ဆုံးၿပီး ရက္ပိုင္းအတြင္းမွာလည္း မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီးနဲ႔ ဖားေပ်ာ္ ေက်း႐ြာအနီး ဝန္းက်င္ေတြမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား တိုက္ပြဲေတြအျပင္း အထန္ျဖစ္ပြားခဲ့ၾကသလို တပ္မေတာ္ စစ္ေၾကာင္းေတြကို မိုင္းဆြဲတိုက္ခိုက္မႈေတြရွိခဲ့တဲ့အတြက္ တပ္မေတာ္သား အရာရွိေတြလည္း က်ဆုံးခဲ့ၾကရပါတယ္။

အဲ့ဒီေက်း႐ြာႏွစ္႐ြာဟာ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ရဲ႕ ေလ့က်င့္ေရးစခန္းတစ္ခုျဖစ္တဲ့ (တိုင္းဗဟို ၉) နဲ႔ အနီးဝန္းက်င္က ေက်း႐ြာေတြျဖစ္ၿပီး တိုက္ပြဲေတြျဖစ္ပြားေနတဲ့ကာလေတြမွာ ေက်း႐ြာသားေတြ ေပ်ာက္ဆုံးတာေတြရွိခဲ့ၿပီး တခ်ိဳ႕ကိုေတာ့ ဒီရက္ပိုင္းအတြင္းမွာ ေသဆုံးလွ်က္နဲ႔ အေလာင္းေတြျပန္ေတြ႕ခဲ့ တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ေက်း႐ြာသားေတြေပ်ာက္ဆုံးေနတာနဲ႔ပတ္သက္လို႔ တပ္မေတာ္စစ္ေၾကာင္းေတြက ဖမ္းဆီးသြားတာရွိမရွိ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္နဲ႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕တို႔ကို ဘီဘီစီက အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

ေပ်ာက္ဆုံးေနသူ ေနာက္ထပ္တစ္ဦးျဖစ္တဲ့ ဦးခက္ေမာင္ အသက္ (၅၄)ႏွစ္ဟာ မင္းျပားၿမိဳ႕နယ္ ဖားေပ်ာ္ေက်း႐ြာနဲ႔ ကမ္းနီေက်း႐ြာအၾကား ေဇာက္ေခ်ာင္း႐ြာေဟာင္းေနရာမွာ ေဈးဆိုင္ေရာင္းေနသူျဖစ္ၿပီး ဇန္နဝါရီလ ၁၁ ရက္ေန႔ ေန႔လည္ ၂ နာရီေလာက္က အဲ့ဒီေနရာအနီး တိုက္ပြဲျဖစ္ပြားၿပီးတဲ့ေနာက္ပိုင္းမွာ ေပ်ာက္ဆုံးသြားခဲ့တာျဖစ္တယ္လို႔ ဇနီးသည္ ေဒၚမသန္းႏုက ေျပာပါတယ္။

ဦးခက္ေမာင္တို႔မိသားစုဟာ အထက္ငေပ်ာေခ်ာင္းေက်း႐ြာသားေတြျဖစ္ၾကၿပီး အဲ့ဒီေဇာက္ေခ်ာင္းမွာ ေဈးဆိုင္ေရာင္းခ်ၿပီး ေနထိုင္ေနၾကတာ ငါးႏွစ္ေလာက္ရွိေနၿပီျဖစ္တယ္လို႔ဆိုပါတယ္။
 တပ္ဘက္က ဖမ္းမိထားသူေတြကို ဓာတ္ပုံနဲ႔ ေအေအ ထုတ္ျပန္၊ သုံ႔ပန္း လဲေရး ေအေအကမ္းလွမ္း
လက္ရွိမွာ သတင္းစုံစမ္းမႈေတြအရ ဦးခက္ေမာင္ဟာ ကမ္းနီေက်း႐ြာအနီးက တပ္မေတာ္ေလ့က်င့္ေရး သတင္တန္းေက်ာင္း တိုင္းဗဟို ၉ မွာ ဖမ္းဆီးခံရၿပီး ရွိေနတယ္လို႔ သိရေၾကာင္း ေဒၚမသန္းႏုက ေျပာပါ တယ္။

"အဲ့ဒီေန႔က တိုက္ပြဲျဖစ္မွာကိုလည္းမသိဘူး။ သိရင္လည္းထြက္ေျပးမွာေပါ့။ တိုက္ပြဲျဖစ္ၿပီးတာနဲ႔ကို ဆက္သြယ္လို႔မရေတာ့ ဘူး။ အဲ့ဒီမွာဆိုင္ေရာင္းေနတာ။ ကြၽန္မလဲ ရန္ကုန္မွာ သမီးဆီကိုအလည္ ေရာက္ေနတာ။ အခုသူ႔ကို တိုင္းဗဟို ၉ မွာရွိတယ္လို႔ေျပာၾကပါတယ္။ ကြၽန္မေယာက္်ားနဲ႔ ေနာက္တစ္႐ြာက ႏွစ္ေယာက္ေပ်ာက္ေနတယ္။ တိုင္းဗဟို ၉ မွာ သုံံးေယာက္ဖမ္းထားတယ္လို႔ ေျပာၾကတယ္။"လို႔ ေဒၚမသန္းႏုက ေျပာပါတယ္။

ဦးခက္ေမာင္ဟာ အသက္႐ြယ္လည္းႀကီးေနၿပီျဖစ္ကာ သမာအာဇီဝလုပ္ကိုင္စားေသာက္ေနတာ ျဖစ္ေၾကာင္းနဲ႔ ဘယ္သူနဲ႔မွအဆက္အသြယ္မရွိသူျဖစ္တဲ့အတြက္ ဖမ္းဆီးထားလို႔ရွိရင္လည္း ျပန္လည္လႊတ္ ေပးဖို႔ ဇနီးသည္ကေတာင္းဆိုပါတယ္။

ဒါ့အျပင္ ဇန္နဝါရီ ၁၁ ရက္ေန႔ တိုက္ပြဲအတြင္းမွာ မင္းျပားၿမိဳ႕ကေနေဈးဝယ္ၿပီး ဆိုင္ကယ္နဲ႔႐ြာကိုျပန္လာရာ က တိုက္ပြဲျဖစ္ပြားတဲ့ေနရာမွာ ေပ်ာက္ဆုံးသြားခဲ့တဲ့ကမ္းနီေက်း႐ြာက ကိုေဇာ္ဝင္းသိန္း ကို ဇန္နဝါရီ ၁၈ ရက္ေန႔မွာ ေက်း႐ြာသားေတြက အေလာင္းကို ရွာေဖြေတြ႕ရွိခဲ့တယ္လို႔လည္း ေမလြမ္းေက်း႐ြာသားတစ္ဦး က ေျပာပါတယ္။

ကိုေဇာ္ဝင္းသိန္းဟာ မင္းျပားၿမိဳ႕ကထြက္လာခဲ့တဲ့အခ်ိန္ မိသားစုကိုအေၾကာင္းၾကားခဲ့ၿပီး တိုက္ပြဲျဖစ္ပြားတဲ့ ေနရာကို အေရာက္မွာ အဆက္အသြယ္ျပတ္သြားတာျဖစ္ႏိုင္ေၾကင္းနဲ႔ သူ႔ရဲ႕အေလာင္းကို ေက်း႐ြာသား တစ္ဦးက လြန္ခဲ့တဲ့ ၄ ရက္ေလာက္ကေန ေတြ႕ရွိခဲ့ေပမယ့္ တပ္မေတာ္စစ္ေၾကာင္းေတြ စခန္းခ်ထားတာ ေၾကာင့္ ၁၈ ရက္ေန႔မွ အနီးဝန္းက်င္က ႐ြာသားေတြသြားယူၿပီး ညေနပိုင္း ၄ နာရီေလာက္မွာ သၿဂိဳဟ္ေပး လိုက္ရတယ္လို႔ ဆိုပါတယ္။

ကိုေဇာ္ဝင္းသိန္းစီးလာတဲ့ဆိုင္ကယ္ကို ေပ်ာက္ဆုံးေနသူ ဦးခက္ေမာင္ရဲ႕ေဈးဆိုင္ရွိတဲ့ တဲအိမ္ၿခံဝင္းအတြင္း မွာ ေနာက္ဘီးမပါဘဲ ျပန္ေတြ႕ခဲ့ရၿပီး အေလာင္းကိုေတာ့ အဲဒီေဈးဆိုင္ရဲ႕အေနာက္ဘက္ ေပ ၁၅၀ ခန႔္အကြာ ေခ်ာင္းထဲမွာ ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။

သင္းပုန္းေခ်ာင္းေက်း႐ြာက ဦးေမာင္သန္းျမင့္နဲ႔ ဦးဝင္းေမာင္တို႔ႏွစ္ဦးကို ဘယ္သူေတြဖမ္းဆီးသြားလဲ ဆိုတာကို ခန႔္မွန္းဖို႔ခက္ခဲၿပီး သူတို႔ႏွစ္ေယာက္ဟာ တစ္ေနရာကိုခရီးလြန္ေနသလား ဒါမွမဟုတ္ တစ္စုံတစ္ဦးက ထိန္းသိမ္းထားတာလားဆိုတာကို ခန႔္မွန္းလို႔မရျဖစ္ေနတယ္လို႔ မိသားစုေတြက ေျပာပါ တယ္။

"သူတို႔က ဘာတစ္ခုမွလည္းမလုပ္ထားဘူး။ အျပစ္မရွိတဲ့အတြက္ တကယ္လို႔ ဖမ္းဆီးထားတယ္ဆိုရင္လဲ သူတို႔အခ်ိန္နည္းနည္းပါးပါးလြန္သြားတဲ့အတြက္ လႊတ္ေပးေစခ်င္တယ္။ သူတို႔နဲ႔အဆက္အသြယ္ရဖို႔ အတြက္ကိုလည္း ေတာင္းဆိုခ်င္ပါတယ္။"လို႔ ဦးဝင္းေမာင္ရဲ႕ဇနီးသည္ ေဒၚနီနီဝင္းကေျပာပါတယ္။

သင္းပုန္းေခ်ာင္းေက်း႐ြာသား ဦးေမာင္သန္းျမင့္မွာ ပန္းရံလုပ္ငန္းလုပ္ကိုင္ၿပီး ဦးဝင္းေမာင္မွာ လယ္ယာ လုပ္ငန္းနဲ႔ ကားေမာင္းတဲ့အလုပ္ေတြကို လုပ္ကိုင္ေနၾကသူေတြျဖစ္ၿပီး ဘယ္အဖြဲ႕အစည္းနဲ႔မွ် ဆက္စပ္မႈ မရွိၾကဘူးလို႔ မိသားစုေတြကေျပာပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက တပ္မေတာ္နဲ႔ ေအေအတို႔အၾကားျဖစ္ပြားေနၾကတဲ့တိုက္ပြဲေတြဟာ တစ္ႏွစ္ေက်ာ္လာခဲ့ၿပီျဖစ္ကာ ရခိုင္ျပည္နယ္အလယ္ပိုင္းကိုထိ က်ယ္ျပန႔္လာေနၿပီး တိုက္ပြဲေတြအတြင္း ဖမ္းဆီးသတ္ျဖတ္ခဲ့ရတဲ့ အရပ္သားေတြလည္း တေျဖးေျဖးျမင့္တက္လာေနပါတယ္။

အခုလိုမ်ိဳး သြားလာေနရင္း ေပ်ာက္ဆုံးသြားခဲ့ၾကသူေတြလည္းအမ်ားအျပားရွိေနၿပီး တပ္မေတာ္က ဖမ္းဆီးတရားစြဲဆိုခံေနရသူ ၁၅၀ ေက်ာ္၊ ေအေအဘက္က ဖမ္းဆီးထားသူေတြလည္း အမ်ားအျပားရွိေန တယ္လို႔ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
မင်းပြားက ပျောက်သွားသူအချို့ကို သေဆုံးလျက်ပြန်တွေ့၊ ရွာသား ၃ဦးကို တော့၂ပတ်ကျော်ကြာတဲ့အထိ ရှာမတွေ့

ဓာတ်ပုံ မူပိုင် Khine Min Nyo
Image caption မင်းပြားကပျောက်ဆုံးနေသူအချို့ကို သေဆုံးလျက်ပြန်တွေ့

ဇန်နဝါရီ ပထမပတ်ထဲ မင်းပြားမြို့နယ်နဲ့ မြေပုံမြို့နယ်အကြား ရန်ကုန်-စစ်တွေအဝေးပြေးကား လမ်းမ တစ်လျှောက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ချိန် သင်းပုန်းချောင်းကျေးရွာသားနှစ်ဦးနဲ့ ဖားပျော် ကျေးရွာနဲ့ ကမ်းနီကျေးရွာအကြား ဈေးဆိုင်ရောင်းချနေ သူ ဦးခက်မောင်တို့ ပျောက်ဆုံးသွားခဲ့ပါတယ်။

သင်းပုန်းချောင်းကျေးရွာသားနှစ်ဦးဖြစ်တဲ့ ဦးမောင်သန်းမြင့် အသက် (၄၃) နှစ်နဲ့ ဦးဝင်းမောင် အသက် (၃၂)နှစ် တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ ညဉ့် ၂ နာရီကျော်လောက်မှာ လူတစ်ဦးကဖုန်းဆက်ပြီး ရွာပြင်ကိုထွက်ခဲ့ဖို့ ခေါ်တဲ့အတွက် ထွက်သွားခဲ့တဲ့ အချိန်ကနေ ပြန်မရောက်တော့ဘဲ ပျောက်ဆုံးသွားခဲ့ တာဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။

" ၇ ရက်နေ့မိုးလင်း အရုဏ် ၂ နာရီကျော်လောက်က ထွက်သွားတာ။ အဲ့ဒီအချိန်ကနေ အဆက်အသွယ်မရ ဘဲ ဖြစ်နေတာပါ။ ဘယ်လိုကိစ္စနဲ့ထွက်သွားလဲဆိုတာကို အိမ်ကလူတွေကိုလည်းမပြောခဲ့ဘူး။ သူတို့ နှစ်ယောက်က နီးနီးကပ်ကပ်နေတာဆိုတော့ သူတို့နှစ်ယောက်ထွက်သွားတာ။ ဖုန်းဆက်လို့ခေါ်တယ်လို့ပဲ ပြောခဲ့တယ်။ ဘယ်သူခေါ်လဲဆိုတာ ပြောမသွားဘူး။"လို့ ပျောက်ဆုံးနေသူဦးဝင်းမောင်ရဲ့ဇနီးဖြစ်သူ ဒေါ်နီနီဝင်းကပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် CJ
Image caption ဘူးသီးတောင်မြို့မှာလည်း ပေါက်ကွဲမှုကြောင့်ကလေးငယ်တွေ ဒဏ်ရာရ၊ သေဆုံးတာတွေရှိခဲ့

သူတို့ပျောက်ဆုံးပြီး ရက်ပိုင်းအတွင်းမှာလည်း မင်းပြားမြို့နယ် ရာမောင်တံတားအနီးနဲ့ ဖားပျော် ကျေးရွာအနီး ဝန်းကျင်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေအပြင်း အထန်ဖြစ်ပွားခဲ့ကြသလို တပ်မတော် စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်မှုတွေရှိခဲ့တဲ့အတွက် တပ်မတော်သား အရာရှိတွေလည်း ကျဆုံးခဲ့ကြရပါတယ်။

အဲ့ဒီကျေးရွာနှစ်ရွာဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လေ့ကျင့်ရေးစခန်းတစ်ခုဖြစ်တဲ့ (တိုင်းဗဟို ၉) နဲ့ အနီးဝန်းကျင်က ကျေးရွာတွေဖြစ်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကာလတွေမှာ ကျေးရွာသားတွေ ပျောက်ဆုံးတာတွေရှိခဲ့ပြီး တချို့ကိုတော့ ဒီရက်ပိုင်းအတွင်းမှာ သေဆုံးလျှက်နဲ့ အလောင်းတွေပြန်တွေ့ခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျေးရွာသားတွေပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ တပ်မတော်စစ်ကြောင်းတွေက ဖမ်းဆီးသွားတာရှိမရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့တို့ကို ဘီဘီစီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ပျောက်ဆုံးနေသူ နောက်ထပ်တစ်ဦးဖြစ်တဲ့ ဦးခက်မောင် အသက် (၅၄)နှစ်ဟာ မင်းပြားမြို့နယ် ဖားပျော်ကျေးရွာနဲ့ ကမ်းနီကျေးရွာအကြား ဇောက်ချောင်းရွာဟောင်းနေရာမှာ ဈေးဆိုင်ရောင်းနေသူဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့လည် ၂ နာရီလောက်က အဲ့ဒီနေရာအနီး တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ ဇနီးသည် ဒေါ်မသန်းနုက ပြောပါတယ်။

ဦးခက်မောင်တို့မိသားစုဟာ အထက်ငပျောချောင်းကျေးရွာသားတွေဖြစ်ကြပြီး အဲ့ဒီဇောက်ချောင်းမှာ ဈေးဆိုင်ရောင်းချပြီး နေထိုင်နေကြတာ ငါးနှစ်လောက်ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AA
Image caption တပ်ဘက်က ဖမ်းမိထားသူတွေကို ဓာတ်ပုံနဲ့ အေအေ ထုတ်ပြန်၊ သုံ့ပန်း လဲရေး အေအေကမ်းလှမ်း

လက်ရှိမှာ သတင်းစုံစမ်းမှုတွေအရ ဦးခက်မောင်ဟာ ကမ်းနီကျေးရွာအနီးက တပ်မတော်လေ့ကျင့်ရေး သတင်တန်းကျောင်း တိုင်းဗဟို ၉ မှာ ဖမ်းဆီးခံရပြီး ရှိနေတယ်လို့ သိရကြောင်း ဒေါ်မသန်းနုက ပြောပါ တယ်။

"အဲ့ဒီနေ့က တိုက်ပွဲဖြစ်မှာကိုလည်းမသိဘူး။ သိရင်လည်းထွက်ပြေးမှာပေါ့။ တိုက်ပွဲဖြစ်ပြီးတာနဲ့ကို ဆက်သွယ်လို့မရတော့ ဘူး။ အဲ့ဒီမှာဆိုင်ရောင်းနေတာ။ ကျွန်မလဲ ရန်ကုန်မှာ သမီးဆီကိုအလည် ရောက်နေတာ။ အခုသူ့ကို တိုင်းဗဟို ၉ မှာရှိတယ်လို့ပြောကြပါတယ်။ ကျွန်မယောက်ျားနဲ့ နောက်တစ်ရွာက နှစ်ယောက်ပျောက်နေတယ်။ တိုင်းဗဟို ၉ မှာ သုံံးယောက်ဖမ်းထားတယ်လို့ ပြောကြတယ်။"လို့ ဒေါ်မသန်းနုက ပြောပါတယ်။

ဦးခက်မောင်ဟာ အသက်ရွယ်လည်းကြီးနေပြီဖြစ်ကာ သမာအာဇီဝလုပ်ကိုင်စားသောက်နေတာ ဖြစ်ကြောင်းနဲ့ ဘယ်သူနဲ့မှအဆက်အသွယ်မရှိသူဖြစ်တဲ့အတွက် ဖမ်းဆီးထားလို့ရှိရင်လည်း ပြန်လည်လွှတ် ပေးဖို့ ဇနီးသည်ကတောင်းဆိုပါတယ်။
ပျောက်ဆုံးသူအချို့ကို သေဆုံးလျက်ပြန်တွေ့တာတွေလည်းရှိ

ဒါ့အပြင် ဇန်နဝါရီ ၁၁ ရက်နေ့ တိုက်ပွဲအတွင်းမှာ မင်းပြားမြို့ကနေဈေးဝယ်ပြီး ဆိုင်ကယ်နဲ့ရွာကိုပြန်လာရာ က တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ ပျောက်ဆုံးသွားခဲ့တဲ့ကမ်းနီကျေးရွာက ကိုဇော်ဝင်းသိန်း ကို ဇန်နဝါရီ ၁၈ ရက်နေ့မှာ ကျေးရွာသားတွေက အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း မေလွမ်းကျေးရွာသားတစ်ဦး က ပြောပါတယ်။

ကိုဇော်ဝင်းသိန်းဟာ မင်းပြားမြို့ကထွက်လာခဲ့တဲ့အချိန် မိသားစုကိုအကြောင်းကြားခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့ နေရာကို အရောက်မှာ အဆက်အသွယ်ပြတ်သွားတာဖြစ်နိုင်ကြေင်းနဲ့ သူ့ရဲ့အလောင်းကို ကျေးရွာသား တစ်ဦးက လွန်ခဲ့တဲ့ ၄ ရက်လောက်ကနေ တွေ့ရှိခဲ့ပေမယ့် တပ်မတော်စစ်ကြောင်းတွေ စခန်းချထားတာ ကြောင့် ၁၈ ရက်နေ့မှ အနီးဝန်းကျင်က ရွာသားတွေသွားယူပြီး ညနေပိုင်း ၄ နာရီလောက်မှာ သဂြိုဟ်ပေး လိုက်ရတယ်လို့ ဆိုပါတယ်။

ကိုဇော်ဝင်းသိန်းစီးလာတဲ့ဆိုင်ကယ်ကို ပျောက်ဆုံးနေသူ ဦးခက်မောင်ရဲ့ဈေးဆိုင်ရှိတဲ့ တဲအိမ်ခြံဝင်းအတွင်း မှာ နောက်ဘီးမပါဘဲ ပြန်တွေ့ခဲ့ရပြီး အလောင်းကိုတော့ အဲဒီဈေးဆိုင်ရဲ့အနောက်ဘက် ပေ ၁၅၀ ခန့်အကွာ ချောင်းထဲမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

သင်းပုန်းချောင်းကျေးရွာက ဦးမောင်သန်းမြင့်နဲ့ ဦးဝင်းမောင်တို့နှစ်ဦးကို ဘယ်သူတွေဖမ်းဆီးသွားလဲ ဆိုတာကို ခန့်မှန်းဖို့ခက်ခဲပြီး သူတို့နှစ်ယောက်ဟာ တစ်နေရာကိုခရီးလွန်နေသလား ဒါမှမဟုတ် တစ်စုံတစ်ဦးက ထိန်းသိမ်းထားတာလားဆိုတာကို ခန့်မှန်းလို့မရဖြစ်နေတယ်လို့ မိသားစုတွေက ပြောပါ တယ်။

"သူတို့က ဘာတစ်ခုမှလည်းမလုပ်ထားဘူး။ အပြစ်မရှိတဲ့အတွက် တကယ်လို့ ဖမ်းဆီးထားတယ်ဆိုရင်လဲ သူတို့အချိန်နည်းနည်းပါးပါးလွန်သွားတဲ့အတွက် လွှတ်ပေးစေချင်တယ်။ သူတို့နဲ့အဆက်အသွယ်ရဖို့ အတွက်ကိုလည်း တောင်းဆိုချင်ပါတယ်။"လို့ ဦးဝင်းမောင်ရဲ့ဇနီးသည် ဒေါ်နီနီဝင်းကပြောပါတယ်။

သင်းပုန်းချောင်းကျေးရွာသား ဦးမောင်သန်းမြင့်မှာ ပန်းရံလုပ်ငန်းလုပ်ကိုင်ပြီး ဦးဝင်းမောင်မှာ လယ်ယာ လုပ်ငန်းနဲ့ ကားမောင်းတဲ့အလုပ်တွေကို လုပ်ကိုင်နေကြသူတွေဖြစ်ပြီး ဘယ်အဖွဲ့အစည်းနဲ့မျှ ဆက်စပ်မှု မရှိကြဘူးလို့ မိသားစုတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားနေကြတဲ့တိုက်ပွဲတွေဟာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ကာ ရခိုင်ပြည်နယ်အလယ်ပိုင်းကိုထိ ကျယ်ပြန့်လာနေပြီး တိုက်ပွဲတွေအတွင်း ဖမ်းဆီးသတ်ဖြတ်ခဲ့ရတဲ့ အရပ်သားတွေလည်း တဖြေးဖြေးမြင့်တက်လာနေပါတယ်။

အခုလိုမျိုး သွားလာနေရင်း ပျောက်ဆုံးသွားခဲ့ကြသူတွေလည်းအများအပြားရှိနေပြီး တပ်မတော်က ဖမ်းဆီးတရားစွဲဆိုခံနေရသူ ၁၅၀ ကျော်၊ အေအေဘက်က ဖမ်းဆီးထားသူတွေလည်း အများအပြားရှိနေ တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

BBC Burmese
https://www.bbc.com
မင္းျပားက ေပ်ာက္သြားသူအခ်ိဳ႕ကို ေသဆုံးလ်က္ျပန္ေတြ႕၊ ႐ြာသား ၃ဦးကို ေတာ့၂ပတ္ေက်ာ္ၾကာတဲ့အထိ ရွာမေတြ႕ မင္းျပားက ေပ်ာက္သြားသူအခ်ိဳ႕ကို ေသဆုံးလ်က္ျပန္ေတြ႕၊ ႐ြာသား ၃ဦးကို ေတာ့၂ပတ္ေက်ာ္ၾကာတဲ့အထိ ရွာမေတြ႕ Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.