
(Zawgyi)⤵⤵⤵
ရမ်းဗြဲ ၂၀ ဇန်နဝါရီ




Myanmar Digital News
-----------
(Unicode)⤵⤵⤵
ကျောက်ဖြူ-ရန်ကုန်ကားလမ်း တွင် ယနေ့နံနက်စောစောက ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ လေးဉီးသေဆုံးပြီး ငါးဉီးဒဏ်ရာရ

ရမ်းဗြဲ ၂၀ ဇန်နဝါရီ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဖြူ-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ် (၇၅/၃)အနီး၊ ပိန္နဲတောအဆင်းလမ်းတွင် ယနေ့ နံနက် ၄ နာရီ မိနစ် ၄၀ ရန်ကုန်မှကျောက်ဖြူမြို့နယ်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်သည် လမ်းယာဘက်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကျောက်ဖြူမြို့နယ်မီးသတ်စခန်း၊ ရမ်းဗြဲမြို့နယ်မီးသတ်စခန်း၊ စနဲနယ်မြေမီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၁၇) ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ (၂၂)ဦးအနက် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး(သေဆုံး)၊ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား စနဲမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဉီးစီးဌာနမှ သိရသည်။

Photo-Myanmar Fire Service
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကျောက်ဖြူ-ရန်ကုန်ကားလမ်း တွင် ယနေ့နံနက်စောစောက ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ လေးဉီးသေဆုံးပြီး ငါးဉီးဒဏ်ရာရ ကျောက်ဖြူ-ရန်ကုန်ကားလမ်း တွင် ယနေ့နံနက်စောစောက ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ လေးဉီးသေဆုံးပြီး ငါးဉီးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.