မူဆယ္တြင္ တ႐ုတ္ႏိုင္ငံသား ၄၀ ဖမ္းဆီးရမိ

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၂၀၊၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ ဆင္ျဖဴေဈးတြင္ ေလာင္းကစား႐ုံလာေရာက္ေထာင္သည့္ တ႐ုတ္ ႏိုင္ငံသား ၄၀ ဦး ဖမ္းဆီးရမိေၾကာင္း သတင္းရရွိသည္။

အဆိုပါ ဖမ္းဆီးရမႈသည္ ယမန္ေန႔ (ဇန္နဝါရီ ၁၉ ) ညေန ၆နာရီ တြင္ ဆင္ျဖဴေဈးအနီးရွိ ေငြဆင္ အိမ္ယာ တြင္ ယခင္ ေလာင္းကစား႐ုံ ဖြင့္သည့္ တ႐ုတ္ ႏိုင္ငံသား ၄၀ ဦးကို ဖမ္းဆီးရမိေၾကာင္း ေကာင္းမူးတုံ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး စိုင္းယီလူး က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ အရင္က သူတို႔ ေလာင္းကစားဖြင့္တယ္။ အခုေတာ့ နားတယ္။နားတဲ့အခ်ိန္မွာ ဝင္ဖမ္းတာ။ တကယ္ေတာ့ အေယာက္ ၇၀ေက်ာ္တယ္။ ႏိုင္ငံကူးလက္မွတ္ရွိတဲ့သူကို ျပန္လႊတ္ၿပီး၊ လက္မွတ္မရွိတဲ့ သူ ၄၀ ဦးကို ေတာ့ ဖမ္းထားတယ္” ဟု စိုင္းယီလူးက ဆိုသည္။

အဆိုပါ ဖမ္းမိသည့္ တ႐ုတ္ႏိုင္ငံသား အေယာက္ ၄၀ ကို လဝက အမႈျဖင့္သာ ဖြင့္ထားေၾကာင္း၊ ေလာင္းကစား အမႈျဖင့္ မဖြင့္ထားေၾကာင္း လည္း စိုင္းယီလူး က ေျပာသည္။

ဇန္နဝါရီ ၁၈ရက္ေန႔တြင္ ျမန္မာ့တပ္မေတာ္ မွ မူဆယ္ၿမိဳ႕နယ္ အတြင္းရွိ ေလာင္းကစား႐ုံမ်ား ပိတ္ေပးရန္ အမိန႔္ စာလာသည္ ဟု မူဆယ္ၿမိဳ႕ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ အမွတ္ (၁) စိုင္းေက်ာ္သိန္း က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“တပ္ကေန ၿပီး ေလာင္းကစား႐ုံကို ပိတ္ခိုင္းတယ္လို႔ေျပာတယ္။ က်ေနာ္တို႔ကလည္း ႐ုံထဲကို ဝင္ခြင့္မရွိေတာ့ မသိဘူး။ သတင္းၾကားတာေျပာတာ” ဟု စိုင္းေက်ာ္သိန္း က ဆိုသည္

မူဆယ္ၿမိဳ႕ နယ္အတြင္းရွိသည့္ ေလာင္းကစား႐ုံမ်ားသည္ လက္နက္ကိုင္ တပ္ဖြဲ႕ ျဖစ္သည့္ ျပည္သူ႔စစ္မ်ားပိုင္ဆိုင္သည့္ ႐ုံမ်ားျဖစ္ေၾကာင္းလည္း ေဒသခံမ်ား ေျပာျပခ်က္ အရသိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
(Unicode)⤵⤵⤵
မူဆယ်တွင် တရုတ်နိုင်ငံသား ၄၀ ဖမ်းဆီးရမိ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၂၀၊၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ဆင်ဖြူဈေးတွင် လောင်းကစားရုံလာရောက်ထောင်သည့် တရုတ် နိုင်ငံသား ၄၀ ဦး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါ ဖမ်းဆီးရမှုသည် ယမန်နေ့ (ဇန်နဝါရီ ၁၉ ) ညနေ ၆နာရီ တွင် ဆင်ဖြူဈေးအနီးရှိ ငွေဆင် အိမ်ယာ တွင် ယခင် လောင်းကစားရုံ ဖွင့်သည့် တရုတ် နိုင်ငံသား ၄၀ ဦးကို ဖမ်းဆီးရမိကြောင်း ကောင်းမူးတုံ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုင်းယီလူး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အရင်က သူတို့ လောင်းကစားဖွင့်တယ်။ အခုတော့ နားတယ်။နားတဲ့အချိန်မှာ ဝင်ဖမ်းတာ။ တကယ်တော့ အယောက် ၇၀ကျော်တယ်။ နိုင်ငံကူးလက်မှတ်ရှိတဲ့သူကို ပြန်လွှတ်ပြီး၊ လက်မှတ်မရှိတဲ့ သူ ၄၀ ဦးကို တော့ ဖမ်းထားတယ်” ဟု စိုင်းယီလူးက ဆိုသည်။

အဆိုပါ ဖမ်းမိသည့် တရုတ်နိုင်ငံသား အယောက် ၄၀ ကို လဝက အမှုဖြင့်သာ ဖွင့်ထားကြောင်း၊ လောင်းကစား အမှုဖြင့် မဖွင့်ထားကြောင်း လည်း စိုင်းယီလူး က ပြောသည်။

ဇန်နဝါရီ ၁၈ရက်နေ့တွင် မြန်မာ့တပ်မတော် မှ မူဆယ်မြို့နယ် အတွင်းရှိ လောင်းကစားရုံများ ပိတ်ပေးရန် အမိန့် စာလာသည် ဟု မူဆယ်မြို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“တပ်ကနေ ပြီး လောင်းကစားရုံကို ပိတ်ခိုင်းတယ်လို့ပြောတယ်။ ကျနော်တို့ကလည်း ရုံထဲကို ဝင်ခွင့်မရှိတော့ မသိဘူး။ သတင်းကြားတာပြောတာ” ဟု စိုင်းကျော်သိန်း က ဆိုသည်

မူဆယ်မြို့ နယ်အတွင်းရှိသည့် လောင်းကစားရုံများသည် လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည့် ပြည်သူ့စစ်များပိုင်ဆိုင်သည့် ရုံများဖြစ်ကြောင်းလည်း ဒေသခံများ ပြောပြချက် အရသိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
မူဆယ္တြင္ တ႐ုတ္ႏိုင္ငံသား ၄၀ ဖမ္းဆီးရမိ မူဆယ္တြင္ တ႐ုတ္ႏိုင္ငံသား ၄၀ ဖမ္းဆီးရမိ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.