RCSS အဖြဲ႔ဝင္ ၂ဦး ယေန႔တုိင္ မလႊတ္ေသး

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၂၀၊၂၀၂၀

သွ်မ္းျပည္ ေတာင္ပိုင္း နမ့္စန္ၿမိဳ႕နယ္ အတြင္း ျမန္မာ့ တပ္မေတာ္ မွ ဖမ္းဆီးသြားသည့္ သွ်မ္းျပည္ ျပန္လည္ ထူးေထာင္ေရး ေကာင္စီ (RCSS/SSA) အဖြဲ႔ဝင္ ၂ဦး ယေန႔ ထိတိုင္ မလႊတ္ေသးေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာ ၁၉ ရက္ တြင္ နမ့္စန္ၿမီဳ႕နယ္ နားပြဲေက်းရြာ ၌ ျပဳလုပ္သည့္ လူထု အစည္းအေဝး ပြဲ သို႔ RCSS မွ အဖြဲ႔ဝင္ ၂ဦးသည္ အရပ္ဝတ္ျဖင့္ တက္ေရာက္လာစဥ္ ဖမ္းဆီးလိုက္ရျခင္း ျဖစ္သည္ ဟု RCSS မွ ဒုတိယ ဗုိလ္မွဴးႀကီး စိုင္းဦး က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ အခုထိေတာ့ မလႊတ္ေသးဘူး။ သူတုိ႔ကို ရဲစခန္း အပ္ထားတယ္။ တရားစြဲဆိုသြားမယ္လို႔ ၾကားရတယ္” ဟု ဒုတိယ ဗိုလ္မွဴးႀကီး စိုင္းဦး က ဆိုသည္။

အဆုိပါ ဖမ္းဆီးခံရသည့္ RCSS အဖြဲ႔ဝင္ ၂ဦးသည္ လက္နက္မပါဘဲ အရပ္ဝတ္ျဖင့္ လူထု အစည္းအေဝး ပြဲသို႔ သြားနားေထာင္ၾကၿပီး၊ ျမန္မာ့တပ္မေတာ္ က ထုိ သူ ၂ဦး ၏ လက္ကိုင္ဖုန္းကို ယူၿပီးစစ္ေဆးသည့္အခါ စစ္ဝတ္စံုျဖင့္ ဝတ္ထားသည္ကို ေတြ႔ျမင္သြားသျဖင့္ ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္း လည္း ဒုတိယ ဗိုလ္မွဴးႀကီး စိုင္းဦး က ေျပာသည္။

“ စစ္ဝတ္စံု ဝတ္ထားတဲ့ပံုျမင္ေတာ့ သူတုိ႔ကို ကားေပၚေခၚတင္ၿပီး ရြာထဲကို ေခၚသြားေသးတယ္။ သတုိ႔ သြားဖူးတဲ့အိမ္၊ အိပ္ဖူးတ့ဲအိမ္ေတြကိုလည္း စစ္ေဆးေသးတယ္” ဟု ဒုတိယ ဗိုလ္မွဴးႀကီး စုိင္းဦး က ဆုိသည္။

လက္ရွိမွာ ျမန္မာ့တပ္မေတာ္ မွ ဖမ္းဆီးထားသည့္ RCSSတပ္ဖြဲ႔ဝင္ ၂ဦး ျပန္လႊတ္ရန္ အတြက္ တပ္မေတာ္ ထံ တင္ေတာင္းဆုိထားၿပီး၊ တပ္မေတာ္ ႏွင့္ ေတြ႔ဆံုရန္ လည္း ေတာင္ဆုိထားေၾကာင္းလည္း ဒုတိယ ဗိုလ္မွဴးႀကီး စိုင္းဦး က ဆုိသည္။

ဇန္နဝါရီ ၈ ရက္တြင္ ေနျပည္ေတာ္တြင္ က်င္းပ သည့္ JICM အစည္းအေဝး ကို တက္ေရာက္သည့္ RCSS ဗိုလ္ခ်ဳလ္ႀကီး ယြက္စစ္ သည္ ျမန္မာ့ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ သီးသန္႔ ေတြ႔ဆံုရန္ ႀကိဳးစားခဲ့ေသာ္လည္းမရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

RCSSတပ္ဖြဲ႔ဝင္ ၂ဦး ကိစၥ ႏွင့္ ပတ္သက္ၿပီး သွ်မ္းသံေတာ္ဆင့္ က တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး အဖြဲ႔ ေျပာေရးဆိုခြင့္ ရွိသူ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကို ဖုန္းဆက္ေမးျမန္းရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း မရရွိခဲ့ေပ။

RCSS သည္ တႏုိင္ငံလံုး အပစ္ခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ ( NCA) လက္မွတ္ေရးထုိးထားသည့္ တုိင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႔ျဖစ္သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
----------
(Unicode)⤵⤵⤵
RCSS အဖွဲ့ဝင် ၂ဦး ယနေ့တိုင် မလွှတ်သေး

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၂၀၊၂၀၂၀

သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် အတွင်း မြန်မာ့ တပ်မတော် မှ ဖမ်းဆီးသွားသည့် သျှမ်းပြည် ပြန်လည် ထူးထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့ဝင် ၂ဦး ယနေ့ ထိတိုင် မလွှတ်သေးကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၉ ရက် တွင် နမ့်စန်မြီု့နယ် နားပွဲကျေးရွာ ၌ ပြုလုပ်သည့် လူထု အစည်းအဝေး ပွဲ သို့ RCSS မှ အဖွဲ့ဝင် ၂ဦးသည် အရပ်ဝတ်ဖြင့် တက်ရောက်လာစဉ် ဖမ်းဆီးလိုက်ရခြင်း ဖြစ်သည် ဟု RCSS မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အခုထိတော့ မလွှတ်သေးဘူး။ သူတို့ကို ရဲစခန်း အပ်ထားတယ်။ တရားစွဲဆိုသွားမယ်လို့ ကြားရတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသည့် RCSS အဖွဲ့ဝင် ၂ဦးသည် လက်နက်မပါဘဲ အရပ်ဝတ်ဖြင့် လူထု အစည်းအဝေး ပွဲသို့ သွားနားထောင်ကြပြီး၊ မြန်မာ့တပ်မတော် က ထို သူ ၂ဦး ၏ လက်ကိုင်ဖုန်းကို ယူပြီးစစ်ဆေးသည့်အခါ စစ်ဝတ်စုံဖြင့် ဝတ်ထားသည်ကို တွေ့မြင်သွားသဖြင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း လည်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က ပြောသည်။

“ စစ်ဝတ်စုံ ဝတ်ထားတဲ့ပုံမြင်တော့ သူတို့ကို ကားပေါ်ခေါ်တင်ပြီး ရွာထဲကို ခေါ်သွားသေးတယ်။ သတို့ သွားဖူးတဲ့အိမ်၊ အိပ်ဖူးတဲ့အိမ်တွေကိုလည်း စစ်ဆေးသေးတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က ဆိုသည်။

လက်ရှိမှာ မြန်မာ့တပ်မတော် မှ ဖမ်းဆီးထားသည့် RCSSတပ်ဖွဲ့ဝင် ၂ဦး ပြန်လွှတ်ရန် အတွက် တပ်မတော် ထံ တင်တောင်းဆိုထားပြီး၊ တပ်မတော် နှင့် တွေ့ဆုံရန် လည်း တောင်ဆိုထားကြောင်းလည်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က ဆိုသည်။

ဇန်နဝါရီ ၈ ရက်တွင် နေပြည်တော်တွင် ကျင်းပ သည့် JICM အစည်းအဝေး ကို တက်ရောက်သည့် RCSS ဗိုလ်ချုလ်ကြီး ယွက်စစ် သည် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် သီးသန့် တွေ့ဆုံရန် ကြိုးစားခဲ့သော်လည်းမရရှိခဲ့ကြောင်း သတင်းရရှိသည်။

RCSSတပ်ဖွဲ့ဝင် ၂ဦး ကိစ္စ နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် က တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းဆက်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့ပေ။

RCSS သည် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ( NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
RCSS အဖြဲ႔ဝင္ ၂ဦး ယေန႔တုိင္ မလႊတ္ေသး RCSS အဖြဲ႔ဝင္ ၂ဦး ယေန႔တုိင္ မလႊတ္ေသး Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.