တာခ်ီလိတ္ယာယီရဲမႉး ကိုင္ေဆာင္တဲ့ ေသနတ္က်ည္ထြက္မႈေၾကာင့္ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒအရ အေရးယူထား

(Zawgyi)⤵⤵⤵
တာခ်ီလိတ္၊ ဇန္နဝါရီ ၁၉

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕မွာ ဇန္နဝါရီလ(၁၉)ရက္ေန႕ နံနက္ေစာေစာပိုင္းက တာခ်ီလိတ္ၿမိဳ႕မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ယာယီရဲမႉး ကိုင္ေဆာင္တဲ့ ေသနတ္က်ည္ထြက္မႈေၾကာင့္ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒအရ အေရးယူထားတယ္လို႔ သိရပါတယ္။

အဆိုပါျဖစ္စဥ္မွာ ယာယီရဲမႉး က ရာဇသတ္ႀကီးပုဒ္မ တရာခံကိုစုံစမ္းရန္ ဇန္နဝါရီလ (၁၈)ရက္ေန႕ မြန္းလြဲ (၂)နာရီက ေမာ္ေတာ္ယာဥ္တစ္စီးကို က်ိဳင္းတုံ-တာခ်ီလိတ္ဘက္ကို အဖြဲ႕ဝင္ေတြနဲ႕အတူ ကိုယ္တိုင္ေမာင္းႏွင္လာစဥ္ ဗ်ဴဟာကုန္းေရွ႕မွာ ေရွ႕ကကားကို ေက်ာ္တတ္စဥ္ တစ္ဖက္ယာဥ္ေၾကာကို ေရာက္ရွိသြားၿပီး မ်က္ႏွာခ်င္းဆိုင္ေမာင္းႏွင္လာတဲ့ အမ်ိဳးသား(၃)ေယာက္ စီးနင္းလာတဲ့ ေမာ္ေတာ္ဆိုင္ကယ္ကို တိုက္မိကာ ဆိုင္ကယ္တိမ္းေမွာက္ခဲ့ၿပီး ဒဏ္ရာရရွိခဲ့သည္ကို ဂ႐ုမစိုက္ပဲ ရပ္တန့္ပဲ ေမာင္းႏွင္သြားခဲ့ၿပီး ဇန္နဝါရီလ (၁၉)ရက္ေန႕ နံနက္ေစာေစာ (၂)နာရီခြဲမွာ ဆန္ဆိုင္း(ခ)ရပ္ကြက္ရွိ ကာရာအိုေကဆိုင္ကို ေရာက္ရွိကာ သီးခ်င္းမ်ားသီဆိုခဲ့ၿပီး ဆိုင္မွအမ်ိဳးသမီးတစ္ဦးကို " ငါ့မွာေသနတ္ပါတယ္ " ျပသရာ ခါးမွေသနတ္စြဲထုတ္စဥ္ အက္်ီၾကယ္သီးညိုကာ က်ည္(၁)ေထာင့္ထြက္ခဲ့သျဖင့္ လူ/ပစၥည္းထိခိုက္မႈမရွိခဲ့ဘူးလို႔ သိရပါတယ္။

အခု ယာယီရဲမႉး မွာ အရက္ေသစာေသာက္စားတတ္သူျဖစ္ၿပီး ျဖစ္စဥ္နဲ႕ပတ္သက္ကာ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒအရ အေရးယူထားတယ္လို႔ သိရပါတယ္။

Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
တာချီလိတ်ယာယီရဲမှူး ကိုင်ဆောင်တဲ့ သေနတ်ကျည်ထွက်မှုကြောင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူထား

တာချီလိတ်၊ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက်စောစောပိုင်းက တာချီလိတ်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာယီရဲမှူး ကိုင်ဆောင်တဲ့ သေနတ်ကျည်ထွက်မှုကြောင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ယာယီရဲမှူး က ရာဇသတ်ကြီးပုဒ်မ တရာခံကိုစုံစမ်းရန် ဇန်နဝါရီလ (၁၈)ရက်နေ့ မွန်းလွဲ (၂)နာရီက မော်တော်ယာဉ်တစ်စီးကို ကျိုင်းတုံ-တာချီလိတ်ဘက်ကို အဖွဲ့ဝင်တွေနဲ့အတူ ကိုယ်တိုင်မောင်းနှင်လာစဉ် ဗျူဟာကုန်းရှေ့မှာ ရှေ့ကကားကို ကျော်တတ်စဉ် တစ်ဖက်ယာဉ်ကြောကို ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မောင်းနှင်လာတဲ့ အမျိုးသား(၃)ယောက် စီးနင်းလာတဲ့ မော်တော်ဆိုင်ကယ်ကို တိုက်မိကာ ဆိုင်ကယ်တိမ်းမှောက်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည်ကို ဂရုမစိုက်ပဲ ရပ်တန့်ပဲ မောင်းနှင်သွားခဲ့ပြီး ဇန်နဝါရီလ (၁၉)ရက်နေ့ နံနက်စောစော (၂)နာရီခွဲမှာ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ကာရာအိုကေဆိုင်ကို ရောက်ရှိကာ သီးချင်းများသီဆိုခဲ့ပြီး ဆိုင်မှအမျိုးသမီးတစ်ဦးကို " ငါ့မှာသေနတ်ပါတယ် " ပြသရာ ခါးမှသေနတ်စွဲထုတ်စဉ် အက်ျီကြယ်သီးညိုကာ ကျည်(၁)ထောင့်ထွက်ခဲ့သဖြင့် လူ/ပစ္စည်းထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

အခု ယာယီရဲမှူး မှာ အရက်သေစာသောက်စားတတ်သူဖြစ်ပြီး ဖြစ်စဉ်နဲ့ပတ်သက်ကာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာခ်ီလိတ္ယာယီရဲမႉး ကိုင္ေဆာင္တဲ့ ေသနတ္က်ည္ထြက္မႈေၾကာင့္ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒအရ အေရးယူထား တာခ်ီလိတ္ယာယီရဲမႉး ကိုင္ေဆာင္တဲ့ ေသနတ္က်ည္ထြက္မႈေၾကာင့္ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒအရ အေရးယူထား Reviewed by THITHTOOLWIN on 23:30 Rating: 5
Powered by Blogger.