တာခ်ီလိတ္ၿမိဳ႕နယ္ေျမစာရင္းက တာဝန္ရွိသူေတြ အဂတိလိုက္စားမႈ ျပဴလုပ္ေန

(Zawgyi)⤵⤵⤵
တာခ်ီလိတ္၊ ဇန္နဝါရီ ၂၅

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳနယ္ေျမစာရင္းဦးစီး႐ုံးမွ တာဝန္ရွိသူတစ္ဦးက သတၱဴလုပ္ငန္းရွင္တစ္ဦးထံကေန ေျမရာဇဝင္စစ္ခဟုဆိုကာ ထိုင္းဘတ္ေငြ သုံးေသာင္းေတာင္းယူခဲ့တယ္လို႔ သိရပါတယ္။

"ကြ်န္ေတာ့္ရဲ႕ မိုင္းကိုးက သတၱဳလုပ္ကြက္ကို ေျမရာဇဝင္စစ္ေပးခဆိုၿပီး ဘတ္သုံးေသာင္းလာေတာင္းသြားတာၾကာၿပီ။ ဒါေပမယ့္ အခုထိ အလုပ္ကို ၿပီးျပတ္ေအာင္မလုပ္ေပးတဲ့အျပင္ သတၱဳလုပ္ငန္းရွင္အခ်င္းခ်င္း ျပႆနာျဖစ္ေအာင္ထပ္လုပ္လို႔ မေက်နပ္တဲ့အတြက္ တိုင္တာပါ"လို႔ မိုင္းကိုးေက်းရြာအုပ္စုမွာ သတၱဳတြင္းလုပ္ငန္းလုပ္ကိုင္ေနတဲ့ လုပ္ငန္းရွင္တစ္ဦးက ေရႊႀတိဂံေဒသ သတင္းဌာနကိုေျပာပါတယ္။

ေျမရာဇဝင္စစ္ခဟုဆိုၿပီး ဘတ္သုံးေသာင္းေတာင္းယူသြားသူမွာ တာခ်ီလိတ္ၿမိဳ႕နယ္ေျမစာရင္း႐ုံးက လက္ေထာက္ဦးစီးမွဴး ဦးသက္ေငြျဖစ္ေၾကာင္း၊ဘတ္ေငြသုံးေသာင္းကို ေတာင္းယူသြားခဲ့ေပမယ့္ ယခုအခ်ိန္ အလုပ္ကိုၿပီးစီးေအာင္မလုပ္ေပးဘဲ၊ သတၱဳလုပ္ငန္းရွင္အခ်င္းခ်င္း ျပႆနာျဖစ္ေအာင္ ရန္တိုက္ေပးေနတဲ့အတြက္ တာခ်ီလိတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးကို တိုင္ၾကားထားေၾကာင္း သူကဆိုပါတယ္။

တာခ်ီလိတ္ၿမိဳ႕နယ္ေျမစာရင္း႐ုံးက တာဝန္ရွိသူေတြဟာ သတၱဳနဲ႔ေရႊလုပ္ကြက္ေတြမွာ ေျမရာဇဝင္စစ္ေဆးမႈျပဳလုပ္တိုင္ အဆင့္အလိုက္ လာဘ္ေငြေပးေနရၿပီး၊ေနာက္ဆုံးလက္မွတ္ထိုးတဲ့ ေျမစာရင္းဦးစီးမွဴးကိုေတာ့ ဘတ္ေငြ ၅ေထာင္ေပးရေၾကာင္း အဆိုပါလုပ္ငန္းရွင္ရဲ႕ မန္ေနဂ်ာျဖစ္သူက ေျပာပါတယ္။

"ကြ်န္ေတာ္တ္ို႔က ပိုက္ဆံသာ သြားေပးရတာ ေပးတာေတာင္ မ်က္ႏွာငယ္ငယ္နဲ႔ေပးရတာ။ သူ႔႐ုံးခန္းထဲဝင္ရင္ မတူမတန္သလိုလုပ္ၿပီး သူ႔တပည့္ေတြကတဆင့္ပဲ စကားေျပာတယ္။ ကြ်န္ေတာ္တို႔ကို တည့္တည့္မေျပာဘူး။ အဲဒီၿမိဳ႕နယ္ေျမစာရင္းဦးစီးမွဴးဟာ အေတာ္ေမာက္မာတယ္"လို႔ ကိုယ္တိုင္သြားေရာက္ခဲ့သူ သတၱဳကုမၼဏီမန္ေနဂ်ာက ဆိုပါတယ္။

ၿပီးခဲ့တဲ့ရက္အနည္းငယ္ကလည္း တာခ်ီလိတ္ၿမိဳ႕နယ္ေျမစာရင္း႐ုံးက တာဝန္ရွိသူတစ္ဦးက လိေမၼာ္ျခံပိုင္ရွင္တစ္ဦးပိုင္ဆိုင္တဲ့ ေျမကြက္ကို ပုံစံ-၁၀၅ေရးဆြဲဖို႔ ထိုင္ဘတ္ေငြ တသိန္းခြဲေတာင္းခံခဲ့ၿပီး၊ ေရႊႀတိဂံေဒသ သတင္းဌာနကသိရွိခဲ့ၿပီး သတင္းအတည္ျပဳခ်က္ရယူေနစဥ္မွာပဲ လိေမၼာ္ျခံပိုင္ရွင္နဲ႔ ေျပလည္မႈရခဲ့တယ္လို႔ သိရပါတယ္။

သတင္း-ေရႊႀတိဂံေဒသ သတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
တာချီလိတ်မြို့နယ်မြေစာရင်းက တာဝန်ရှိသူတွေ အဂတိလိုက်စားမှု ပြူလုပ်နေ

တာချီလိတ်၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြိုနယ်မြေစာရင်းဦးစီးရုံးမှ တာဝန်ရှိသူတစ်ဦးက သတ္တူလုပ်ငန်းရှင်တစ်ဦးထံကနေ မြေရာဇဝင်စစ်ခဟုဆိုကာ ထိုင်းဘတ်ငွေ သုံးသောင်းတောင်းယူခဲ့တယ်လို့ သိရပါတယ်။

"ကျွန်တော့်ရဲ့ မိုင်းကိုးက သတ္တုလုပ်ကွက်ကို မြေရာဇဝင်စစ်ပေးခဆိုပြီး ဘတ်သုံးသောင်းလာတောင်းသွားတာကြာပြီ။ ဒါပေမယ့် အခုထိ အလုပ်ကို ပြီးပြတ်အောင်မလုပ်ပေးတဲ့အပြင် သတ္တုလုပ်ငန်းရှင်အချင်းချင်း ပြဿနာဖြစ်အောင်ထပ်လုပ်လို့ မကျေနပ်တဲ့အတွက် တိုင်တာပါ"လို့ မိုင်းကိုးကျေးရွာအုပ်စုမှာ သတ္တုတွင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကိုပြောပါတယ်။

မြေရာဇဝင်စစ်ခဟုဆိုပြီး ဘတ်သုံးသောင်းတောင်းယူသွားသူမှာ တာချီလိတ်မြို့နယ်မြေစာရင်းရုံးက လက်ထောက်ဦးစီးမှူး ဦးသက်ငွေဖြစ်ကြောင်း၊ဘတ်ငွေသုံးသောင်းကို တောင်းယူသွားခဲ့ပေမယ့် ယခုအချိန် အလုပ်ကိုပြီးစီးအောင်မလုပ်ပေးဘဲ၊ သတ္တုလုပ်ငန်းရှင်အချင်းချင်း ပြဿနာဖြစ်အောင် ရန်တိုက်ပေးနေတဲ့အတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားကြောင်း သူကဆိုပါတယ်။

တာချီလိတ်မြို့နယ်မြေစာရင်းရုံးက တာဝန်ရှိသူတွေဟာ သတ္တုနဲ့ရွှေလုပ်ကွက်တွေမှာ မြေရာဇဝင်စစ်ဆေးမှုပြုလုပ်တိုင် အဆင့်အလိုက် လာဘ်ငွေပေးနေရပြီး၊နောက်ဆုံးလက်မှတ်ထိုးတဲ့ မြေစာရင်းဦးစီးမှူးကိုတော့ ဘတ်ငွေ ၅ထောင်ပေးရကြောင်း အဆိုပါလုပ်ငန်းရှင်ရဲ့ မန်နေဂျာဖြစ်သူက ပြောပါတယ်။

"ကျွန်တော်တို့က ပိုက်ဆံသာ သွားပေးရတာ ပေးတာတောင် မျက်နှာငယ်ငယ်နဲ့ပေးရတာ။ သူ့ရုံးခန်းထဲဝင်ရင် မတူမတန်သလိုလုပ်ပြီး သူ့တပည့်တွေကတဆင့်ပဲ စကားပြောတယ်။ ကျွန်တော်တို့ကို တည့်တည့်မပြောဘူး။ အဲဒီမြို့နယ်မြေစာရင်းဦးစီးမှူးဟာ အတော်မောက်မာတယ်"လို့ ကိုယ်တိုင်သွားရောက်ခဲ့သူ သတ္တုကုမ္မဏီမန်နေဂျာက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်ကလည်း တာချီလိတ်မြို့နယ်မြေစာရင်းရုံးက တာဝန်ရှိသူတစ်ဦးက လိမ္မော်ခြံပိုင်ရှင်တစ်ဦးပိုင်ဆိုင်တဲ့ မြေကွက်ကို ပုံစံ-၁၀၅ရေးဆွဲဖို့ ထိုင်ဘတ်ငွေ တသိန်းခွဲတောင်းခံခဲ့ပြီး၊ ရွှေတြိဂံဒေသ သတင်းဌာနကသိရှိခဲ့ပြီး သတင်းအတည်ပြုချက်ရယူနေစဉ်မှာပဲ လိမ္မော်ခြံပိုင်ရှင်နဲ့ ပြေလည်မှုရခဲ့တယ်လို့ သိရပါတယ်။

သတင်း-ရွှေတြိဂံဒေသ သတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာခ်ီလိတ္ၿမိဳ႕နယ္ေျမစာရင္းက တာဝန္ရွိသူေတြ အဂတိလိုက္စားမႈ ျပဴလုပ္ေန တာခ်ီလိတ္ၿမိဳ႕နယ္ေျမစာရင္းက တာဝန္ရွိသူေတြ အဂတိလိုက္စားမႈ ျပဴလုပ္ေန Reviewed by THITHTOOLWIN on 02:10 Rating: 5
Powered by Blogger.