တူရကီႏိုင္ငံ အေရွ႕ပိုင္းတြင္ ပမာဏ ၆.၈ ရွိေသာ အင္အားျပင္းငလ်င္လႈပ္ခတ္၊ လူ ၁၈ ဦးထက္မနည္းေသဆုံး

တူရကီႏိုင္ငံ အေရွ႕ပိုင္းတြင္ ဇန္နဝါရီ ၂၄ ရက္က လႈပ္ခတ္ခဲ့သည့္ ငလ်င္ေၾကာင့္ ပ်က္စီးေနသည့္ အေဆာက္အဦမ်ားအၾကား ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည္ကို ေတြ႕ရစဥ္ (ဓာတ္ပုံ-အင္တာနက္)
(Zawgyi)⤵⤵⤵
အစၥတန္ဘူလ္၊ ဇန္နဝါရီ ၂၅ ရက္ (ဆင္ဟြာ)

တူရကီႏိုင္ငံ အေရွ႕ပိုင္းတြင္ ပမာဏ ၆.၈ အဆင့္ရွိေသာ အင္အားျပင္းငလ်င္တစ္ခု ဇန္နဝါရီ ၂၄ ရက္က လႈပ္ခတ္ခဲ့ရာ လူ ၁၈ ဦးထက္မနည္း ေသဆုံးၿပီး ၅၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ငလ်င္သည္ ၿမိဳ႕ေတာ္ အန္ကာရာ၏အေရွ႕ဘက္ ၇၅၀ ကီလိုမီတာခန႔္အကြာ အယ္လာဇစ္ျပည္နယ္ ဆစ္႐ြိဳက္စ္ၿမိဳ႕ကို ဗဟိုျပဳကာ ေဒသစံေတာ္ခ်ိန္ ည ၈:၅၅ နာရီခန႔္က လႈပ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဘိုဂါဇီစီတကၠသိုလ္ ကန္ဒီလ္လီ ငလ်င္ေစာင့္ၾကည့္ေလ့လာေရးႏွင့္ သုေတသနအဖြဲ႕၏ ေဖာ္ျပခ်က္အရ သိရသည္။ငလ်င္လႈပ္ခတ္မႈေၾကာင့္ လူ ၅၀၀ ေက်ာ္ဒဏ္ရာရရွိခဲ့ေၾကာင္း၊ အေဆာက္အဦ အပ်က္အစီးမ်ားေအာက္မွ လူ ၃၀ ခန႔္ကို ရွာေဖြရန္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း တူရကီႏိုင္ငံ ျပည္ထဲေရးဝန္ႀကီး ဆူေလမန္ ဆိုလု (Suleyman Soylu) က ေျပာခဲ့သည္။၎ငလ်င္လႈပ္ခတ္မႈ ၾကာျမင့္ခ်ိန္မွာ ၁၀ စကၠန႔္မွ ၁၂ စကၠန႔္အထိ ရွိကာ အလြန္အင္အားျပင္းေၾကာင္း ေဒသခံ မ်က္ျမင္သက္ေသမ်ားက NTV အသံလႊင့္ဌာနသို႔ ေျပာၾကားခဲ့သည္။ အဆိုပါ အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ေနာက္ဆက္တြဲငလ်င္မ်ားစြာ လႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ပမာဏ ၆.၈ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်၊ လူ ၁၈ ဦးထက်မနည်းသေဆုံး

တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ဇန်နဝါရီ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးနေသည့် အဆောက်အဦများအကြား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ပမာဏ ၆.၈ အဆင့်ရှိသော အင်အားပြင်းငလျင်တစ်ခု ဇန်နဝါရီ ၂၄ ရက်က လှုပ်ခတ်ခဲ့ရာ လူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်သည် မြို့တော် အန်ကာရာ၏အရှေ့ဘက် ၇၅၀ ကီလိုမီတာခန့်အကွာ အယ်လာဇစ်ပြည်နယ် ဆစ်ရွိုက်စ်မြို့ကို ဗဟိုပြုကာ ဒေသစံတော်ချိန် ည ၈:၅၅ နာရီခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဘိုဂါဇီစီတက္ကသိုလ် ကန်ဒီလ်လီ ငလျင်စောင့်ကြည့်လေ့လာရေးနှင့် သုတေသနအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။ငလျင်လှုပ်ခတ်မှုကြောင့် လူ ၅၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆောက်အဦ အပျက်အစီးများအောက်မှ လူ ၃၀ ခန့်ကို ရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း တူရကီနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဆူလေမန် ဆိုလု (Suleyman Soylu) က ပြောခဲ့သည်။၎င်းငလျင်လှုပ်ခတ်မှု ကြာမြင့်ချိန်မှာ ၁၀ စက္ကန့်မှ ၁၂ စက္ကန့်အထိ ရှိကာ အလွန်အင်အားပြင်းကြောင်း ဒေသခံ မျက်မြင်သက်သေများက NTV အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်များစွာ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တူရကီႏိုင္ငံ အေရွ႕ပိုင္းတြင္ ပမာဏ ၆.၈ ရွိေသာ အင္အားျပင္းငလ်င္လႈပ္ခတ္၊ လူ ၁၈ ဦးထက္မနည္းေသဆုံး တူရကီႏိုင္ငံ အေရွ႕ပိုင္းတြင္ ပမာဏ ၆.၈ ရွိေသာ အင္အားျပင္းငလ်င္လႈပ္ခတ္၊ လူ ၁၈ ဦးထက္မနည္းေသဆုံး Reviewed by THITHTOOLWIN on 02:14 Rating: 5
Powered by Blogger.